Menu Close

ကင်ဆာရောဂါကုသရာတွင် အထောက်အကူပြုသောကြက်ဟင်းခါးသီး

ကင်ဆာရောဂါကုသရာတွင် အထောက်အကူပြုသောကြက်ဟင်းခါးသီး

 

တစ်လောက အင်တာနက် သတင်းတစ်ပုဒ်ဖတ်ရာတွင် ကြက်ဟင်းခါးသီး (Bitter Melon or Bitter Gourd) တွင်ပါဝင်သော သတ္ထုရည်သည် ကင်ဆာဆဲလ်ပွားမှုကို တားဆီးပေးခြင်းကြောင့် ရင်သား ကင် ဆာ၊ သားအိမ်ခောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာများကို သက်သာစေနိုင်သည်ဟုဆို သည်။

ထို့အပြင် လတ်ဆတ်သော ကြက်ဟင်းခါးသီးမှ အရည်ကို (သတ္ထုရည်ကို )ဦးခေါင်းတွင် လိမ်းပေး မည်ဆိုလျှင် ဆံပင်ကျွတ်ခြင်း၊ အရောင်မွဲခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဗောက်ထ၍ ယားယံခြင်းတို့ကို ပျောက် ကင်းစေနိုင်သည်ဟု ဖတ်ရှုရသည်။

အနောက်တိုင်းသုတေသနအရ ကြက်ဟင်းခါးသီးတွင် မကောင်းသောအဆီကို လျှော့ချပေးစေနိုင် သော ဓာတ်များပါဝင်ပြီး ဆီးချိုရောဂါကိုလည်း ကောင်းစွာ သက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။ ကြက်ဟင်းခါးသီးစားခြင်းဖြင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသောကြောင့် အဝလွန်ခြင်းကို ကာကွယ် သည်ဟု ဆိုသည်။ ဝက်ခြံ၊ နှင်းခူနှင့် ဆီးချိုအနာများကိုပါ ပျောက်ကင်းစေနိုင်သည်။

ကြက်ဟင်းခါးသီးစားသုံးပေးခြင်းဖြင့် တုတ်ကွေးဖြစ်သောရာသီတွင် ဖျားနာခြင်း၊နာတာရှည်ချောင်း ဆိုးခြင်း၊ မျက်နှာနှင့်ကိုယ်ရောင်ရမ်းခြင်း၊ ဝမ်းချုပ်ခြင်းများကိုပါ သက်သာစေနိုင်သည်။ စမ်းသပ်ချက်များပြု လုပ်နေရာ HIVပိုးကိုကုသရာမှာပင် အထောက်အကူဖြစ်ကြောင်း တွေ့ရသည်ဟု သုတေသနက ဆိုသည်။

သို့သော် ကြက်ဟင်းခါးသီးတွင် အကျိုးမပြုသော ဓာတ်ပစ္စည်းအချို့ ပါဝင်ခြင်းကြောင့် မတည့် သောသူများတွင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ လေအောင့်ခြင်း၊ တံတွေးအများအပြား ထွက်ခြင်းများ ဖြစ်နိုင်သည်။ သေချာစွာကျက်အောင် ချက်ပြုပ်မစားသုံးလျှင် ပို၍ ဖြစ်နိုင်သည်။ အစား များလျှင်၊ ကြိုက်၍ အလွန်အကဲစားလျှင် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖြစ်စေနိုင်သဖြင့် အသီးနှစ်လုံး ထက် ပိုမစားရဟု ရေးသားထားသည်။

အိန္ဒိယဆေးကျမ်းအဆို

ကြက်ဟင်းခါးသီးသည် အားဆေး၊ ဗိုက်နာပျောက်ဆေး၊ လှုံ့ဆော်ဆေး၊ အန်ဆေး၊ ဝမ်းပျော့ဆေး အဖြစ်သုံးရ၏။

အသား၊ အရွက် သတ္ထုရည်နှင့် အစေ့များသည် သံပိုးကျစေ၏။ အရွက်များသည် နို့ရည်ကို ပွားစေ၏။

အမြစ်သည် ဝမ်းချုပ်စေ၏။

 

shweu

 

အသီးနှင့်အရွက် သတ္ထုရည်ကို ကုဌနူနာ၊ မြင်းသရိုက်နာ၊ အသားဝါ ရောဂါများ၌ ပေးရ၏။ ဝါတရက်နာ၊ အသည်းရောဂါနှင့် ဘေလုံးရောဂါများတွင် အသီးကိုကျွေးရ၏။ (ဗိန္ဒော+ သိပ္ပံ အာဟာရ စွယ်စုံအဘိဓာန်၊ ၁၉၇၇ ခုနှစ်ထုတ် စာ- ၁၉၈)

ကြက်ဟင်းခါးသီးဖြင့် ရောဂါကြီး အတော်များများကို ဆေးအဖြစ် သတ္ထုရည်ပြုလုပ်ပြီး တိုက်ကျွေး သည်ကို အိန္ဒိယနိုင်ငံတွင် များစွာတွေ့ရှိရသည်။

ခါးသဖြင့် ဟင်းစားဇွန်း (၂) ဇွန်းခန့် သောက်သုံးလျှင်ပင် ထိရောက်သည်။

ပျောက်ကင်းနိုင်သော ရောဂါများတွင် ဘေလုံးရောဂါ ပါဝင်သည်ကို တွေ့ရသည်။ ဘေလုံးရောဂါ သည် အလုံးအကျိတ်ဖြင့်ဖြစ်သော ရောဂါဖြစ်ပြီး ကင်ဆာရောဂါနှင့် အလွန်နီးစပ်သည်။

အလုံးအကျိတ်မှ အမြစ်တွယ်ပြီး အနှံ့အပြားသို့ ပြန့်ပွားသွားနိုင်သော ရောဂါမှာ ကင်ဆာရောဂါဖြစ်သည်။ ရောဂါဖြစ်လျှင် ကုသမှုမှာ ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

ကြက်ဟင်းခါးသီးသတ္ထုရည်သည် ထိုသို့ ထိန်းချုပ် ရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟု ယူဆရသည်။

ဓာတ်သဘော

တိုင်းရင်းဆေးဆရာကြီးများ အယူအဆအရ

ကြက်ဟင်းခါးသီးသည် သည်းခြေကြိုက်အစာဖြစ်ပြီး သီတ တေဇော၊ သီတဝါယော ဓာတ်စာ၊ လေသက်သွေးတက်ဖြစ်သည်။ မလွန်ကဲအောင် အစာအတွဲမမှား အောင် သတိထားစားရမည်။ တန်ဆေး လွန်ဘေး ဖြစ်သည်။

ကြက်ဟင်းခါးသီးနှင့် မသင့်သောအစာမှာ မှိုဖြစ်သည်။ မှိုဟင်းနှင့် ကြက်ဟင်းခါးသီးဟင်း တစ်ကြိမ် တည်း ရောစပ်၍စားသုံးလျှင် အဆိပ်ဖြစ်စေနိုင်သည်။

အရသာနှင့် ဂုဏ်သတ္တိ

မြန်မာဆေးကျမ်းများ အလိုကိုလည်း သိထားသင့်သည်။

ဆေးကျမ်းများအလိုအရ ကြက်ဟင်းခါး သီးသည် ခါး၏။

ဆိမ့်၏။ အေး၏။ သွေးကိုတက်စေ၏။ သလိပ်၊ သည်းခြေကို နိုင်၏။

(များလျှင်) လေကို ပျက်စေ၏။

ဖျားနာ၊ ပဏ္ဍုနာ(သွေးအားနည်းရောဂါ)၊ မေဟနာ၊ ပိုးနာတို့ကိုနိုင်၏။ ဝမ်းမီးကိုတောက်စေ၏။ မီးယပ်ဝမ်းပျက်ရောဂါနှင့်သင့်၏။ ပထဝီဓာတ် အခိုးရောက်တတ်၏။

ဝါယောဓာတ်ဆောင်သဖြင့် ဝါယော ဓာတ်ပျက်သည်ကိုနိုင်၏။ များလျှင်ဝါယောလွန်တတ်၏။

အပုပ်ကိုနိုင်၏။ အပုပ်ကြေ၏။ လေပျက်ဝမ်းကျ နာကို နိုင်၏။

အပူလွန်ကဲ၍ လူးလဲဖြစ်သည်ကို ငြိမ်းစေ၏။ ဝါယော ပထဝီလွန်ကဲပြီး မပူလွန်း မအေးလွန် သော တေဇောရှိ၏။ ဝမ်းလေကို ချုပ်စေ၍ တောင့်တင်းညောင်းညာစေတတ်၏။

နို့စို့ကလေး၌ ဝမ်းစိမ်းများ သွားနေလျှင် နို့တိုက်မိခင်က ချက်စားရ၏။

ကြက်ဟင်းခါးရွက်၏ အရသာနှင့် ဂုဏ်သတ္တိမှာ ခါး၏။

အေး၏။ ကြေကျက်ပြီးနောက်စပ်၏။ ကြေ ကျက်လွယ်၏။

လေတို့ကို ဖြိုခွဲတတ်၏။ လေကို အနည်းငယ်ဖြစ်စေတတ်၏။ ဝမ်းကို သက်စေ၏။ ပိုးကို နိုင်၏။

သလိပ် သည်းခြေကို နိုင်၏။ စာလောင်ခြင်းကို ဖြစ်စေတတ်၏။

မျက်စိရောဂါ၊ ဝစ္စမဂ်ရောဂါ (မက် ကလောင်နာ)၊ ယောနိနာ၊ အဖျားရောဂါ၊ ပိုးရောဂါ၊ သွေးဖောက်ပြန်၊ သွေးအားနည်းရောဂါ၊ ဆီးရောဂါ များ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်ရောင်ရောဂါတို့ကို ပျောက်စေသည်။

ဝမ်းပြည့်ရင်ကယ်၊ အော့အန် ချောင်းဆိုး၊ အဆိပ်သင့် အညှော်အသင်းတို့ကို နိုင်၏။

ဝမ်းသက်ခြင်း၊ ဦးခောင်းခဲခြင်း၊ လေကြောင့် ခြေ လက်လိမ်ကွေးခြင်းတို့ကို ငြိမ်းစေ၏။ အစာကို ကြေစေ၏။

ကြက်ဟင်းခါးရွက်သည် ဓာတ်သဘောအရ အအေးဝါယော အသက်( သီတ တေဇော၊ သီတ ဝါ ယော) ဓာတ်သက်၊ လေသက် စေသောအစာဖြစ်သည်။

ကြက်ဟင်းခါးရွက်ကို စားသုံးရာတွင် ရေနွေးဖျော၊ တို့စား၊ ပြုပ်တို့၊ မီးမြိုက်တို့စား ရသည်။ ဆေးအဖြစ် အရွက်ကို အရည်ညှစ်ပြီး သတ္ထုရည် ဟင်းစားဇွန်း နှစ် ဇွန်းအထိ သုံးဆောင်နိုင်သည်။

အခါးမကြိုက်သူများအတွက်

ကင်ဆာရောဂါဖြစ်သူ အများစုကို လေ့လာကြည့်သောအခါ အချိုကြိုက်သူများဖြစ်သည်ကို တွေ့ရ သည်။ ချို၊ ဆိမ့်၊ အီ အရသာများ အလွန်ကြိုက်ပြီး နှစ်ရှည်လများ စားသုံးခဲ့သူများဖြစ်သည်ကို လေ့လာ တွေ့ရှိရသည်။ ပုံသေပြောမရသော်လည်း ယေဘုံယျအားဖြင့်မှန်ကန်သည်။

အနောက်တိုင်းသုတေသန တွေ့ရှိချက်များအရ ကင်ဆာဆဲလ်တွေ့ပြီဆိုလျှင် ထိုဆဲလ်များ၏ အာ ဟာရဖြစ်သော သကြားဓာတ်ကိုဖြတ်လိုက်လျှင် ပြန့်ပွားမှုမှာ ရပ်တန့်သွားသည်ဟုဆိုသည်။

သကြားဓာတ် သည် ကင်ဆာဆဲလ်ပြန့်ပွားမှု၏ အဓိကတရားခံဖြစ်ကြောင်း  သုတေသီတို့က အတိအလင်းသတိပေး ထုတ် ပြန်ကြေငြာထားသည်။

တိုင်းရင်းဆေးပညာအရ ရသာ(၆) ပါး ချို၊ ချဉ်၊ အငန်၊ စပ်၊ ခါး၊ ဖန်တို့်ကို စုံလင်အောင် မျှတ အောင် စားသုံးရမည်ဟု ဆိုသည်။ မမျှမတ စားသုံးလျှင် အချို့ကို စားသုံးပြီး အချို့ကို လုံးဝမစားသုံးမိလျှင် ရောဂါတစ်မျိုးမျိုး ဝင်ရောက်လာနိုင်သည်။

လူအတော်များများမှာ အချိုအချဉ် ကြိုက်ကြသည်။ အစပ်၊ အဖန်၊ အခါးကို မကြိုက်ကြ။ စားသုံးမှုအလွန်နည်းသည်ကို တွေ့ရသည်။

အချိုကြိုက်သူများသည် အခါးဓာတ်ပါဝင်သော  မြန်မာ့အစားအစာများဖြစ်သည့်ဂွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး စသည်တို့်ကိုလည်း စားသုံးသင့်သည်။

အနည်းဆုံး အခါးအရသာကို တစ်ပတ်လျှင် နှစ်ရက်ခန့် စားသုံးသင့်သည်။

ထိုသို့ စားသုံးခြင်းဖြင့် သွေးတွင်းသို့ အခါးဓာတ်များရောက်ပြီး အချိုဓာတ်၊  အဆိမ့်ဓာတ် လွန်ကဲခြင်းကြောင့် ပိတ်ဆို့ ခြင်းများကို ချေဖျက်ပေးနိုင်သည်။

တစ်ခုသတိထားရမည်မှာ “အခါးဟူသမျှ လေဓာတ်ကြွ” ဟု ဆိုခြင်းကြောင့် လေလွန်ကဲပြီး လေပွ၊ လေအထက်ဆန်၊ သွေးတိုးခြင်းမဖြစ်အောင် ဂရုစိုက်ရန်လိုသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တစ် နေ့တည်း တစ်ကြိမ်တည်း လေစာနှစ်မျိုး (ဥပမာ- ဝက်သားဟင်းနှင့်

ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ဂွေးတောက်ရွက်) တွဲဖက်ပြီးမစားမိရန် သတိပြုသင့်သည်။

ဤသို့စားမိသဖြင့် လေအထက်ဆောင်ပြီး ဦး နှောက်သွေးကြောပြက် လေဖြတ်ခြင်း ဖြစ်နိုင်သည်ကို အထူးသတိပြုပါ။

အစားအသောက်များတွင် ချို၊ ချဉ်၊ အငန်အုပ်စုနှင့် စပ်၊ ဖန်၊ အခါး အုပ်စု ဟူ၍ နှစ်စုရှိရာ အစားအ သောက်အရသာကြိုက်သူများမှာလည်း ထိုသို့ပင် အုပ်စုနှစ်စုရှိနိုင်သည်။ ထိုနှစ်စုတွင် ချို၊ ချဉ်၊ အငန်ကြိုက် သော အုပ်စု ချို၊ချဉ်၊အငန် အစားများသောအုပ်စုတွင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာစသောရောဂါကြီး များ ပို၍အဖြစ်များသည်ကို တွေ့ရသည်။

ယခုခေတ်တွင် ဆေးရုံကြီးများတွင် နာတာရှည်ကုသမှုခံယူနေကြ ရသူအတော်များများမှာ ထိုရောဂါကြီးများကြောင့်ပင် ဖြစ်သည်။ ဆီးချိုရောဂါကဲ့သို့ အချိုဓာတ်လွန်ကဲသော ရောဂါဖြစ်သူများသည် အစပ်နှင့်အခါးကို မကြိုက်သူများဖြစ်သည်ကို ယေဘုံယျအားဖြင့်တွေ့ရှိရ သည်။

မြစ်ပွားနာခေါ် ကင်ဆာရောဂါသည် ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါမဟုတ်။

အစားအသောက် အပေါ်မူတည်၍ ခန္ဓာကိုယ်တွင်း ဓာတ်ကြီးလေးပါးဖောက်ပြန်ရာမှ ပထဝီဓာတ်လွန်ကဲပြီး အစိုင်အခဲ၊ အကျိတ်ဖြစ်ပေါ်ရာမှ စတင်သော ရောဂါမျိုးဖြစ်သည်။ ထိုရောဂါကိုမဖြစ်မီက ကြိုတင်ကာကွယ်လိုလျှင် အချိုကြိုက်ခြင်း လွန်ကဲမှုကို ရှောင်သင့်သည်။

အခါးမစားခြင်း၊ အစပ်မစားခြင်း အပြုအမူကိုပြုပြင်ပြီး ထိုက် သင့်သလောက် စားသုံးပေးရမည်။

အခါးမျိုးအရသာရှိသော အသီးအနှံများစွာရှိသည့်အနက်မှ မြန်မာနိုင်ငံ တွင် ပေါပေါများများ ရရှိနိုင်သော

ကြက်ဟင်းခါးသီးနှင့် ကြက်ဟင်းခါးရွက်၏ စားသုံးသင့်ပုံနှင့် အကျိုး ရှိပုံများကို ဆေးပညာ ဗဟုသုတအဖြစ် ထောင့်စုံမှ လေ့လာပြီး  တင်ပြလိုက်ရပါသည်။

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

 

Zawgyi

 

ကင္ဆာေရာဂါကုသရာတြင္ အေထာက္အကူျပဳေသာၾကက္ဟင္းခါးသီး

 

တစ္ေလာက အင္တာနက္ သတင္းတစ္ပုဒ္ဖတ္ရာတြင္ ၾကက္ဟင္းခါးသီး (Bitter Melon or Bitter Gourd) တြင္ပါဝင္ေသာ သတၳဳရည္သည္ ကင္ဆာဆဲလ္ပြားမႈကို တားဆီးေပးျခင္းေၾကာင့္ ရင္သား ကင္ ဆာ၊ သားအိမ္ေခာင္းကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ ပန္ကရိယကင္ဆာမ်ားကို သက္သာေစနိုင္သည္ဟုဆို သည္။ ထို႔အျပင္ လတ္ဆတ္ေသာ ၾကက္ဟင္းခါးသီးမွ အရည္ကို (သတၳဳရည္ကို )ဦးေခါင္းတြင္ လိမ္းေပး မည္ဆိုလွ်င္ ဆံပင္ကြၽတ္ျခင္း၊ အေရာင္မြဲျခင္း၊ ဆံပင္ႏွစ္ခြျဖစ္ျခင္း၊ ေဗာက္ထ၍ ယားယံျခင္းတို႔ကို ေပ်ာက္ ကင္းေစနိုင္သည္ဟု ဖတ္ရႈရသည္။

အေနာက္တိုင္းသုေတသနအရ ၾကက္ဟင္းခါးသီးတြင္ မေကာင္းေသာအဆီကို ေလွ်ာ့ခ်ေပးေစနိုင္ ေသာ ဓာတ္မ်ားပါဝင္ၿပီး ဆီးခ်ိဳေရာဂါကိုလည္း ေကာင္းစြာ သက္သာေပ်ာက္ကင္းေစနိုင္သည္ဟု ဆိုသည္။ ၾကက္ဟင္းခါးသီးစားျခင္းျဖင့္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးေသာေၾကာင့္ အဝလြန္ျခင္းကို ကာကြယ္ သည္ဟု ဆိုသည္။ ဝက္ၿခံ၊ ႏွင္းခူႏွင့္ ဆီးခ်ိဳအနာမ်ားကိုပါ ေပ်ာက္ကင္းေစနိုင္သည္။

ၾကက္ဟင္းခါးသီးစားသုံးေပးျခင္းျဖင့္ တုတ္ေကြးျဖစ္ေသာရာသီတြင္ ဖ်ားနာျခင္း၊နာတာရွည္ေခ်ာင္း ဆိုးျခင္း၊ မ်က္ႏွာႏွင့္ကိုယ္ေရာင္ရမ္းျခင္း၊ ဝမ္းခ်ဳပ္ျခင္းမ်ားကိုပါ သက္သာေစနိုင္သည္။ စမ္းသပ္ခ်က္မ်ားျပဳ လုပ္ေနရာ HIVပိုးကိုကုသရာမွာပင္ အေထာက္အကူျဖစ္ေၾကာင္း ေတြ႕ရသည္ဟု သုေတသနက ဆိုသည္။

သို႔ေသာ္ ၾကက္ဟင္းခါးသီးတြင္ အက်ိဳးမျပဳေသာ ဓာတ္ပစၥည္းအခ်ိဳ႕ ပါဝင္ျခင္းေၾကာင့္ မတည့္ ေသာသူမ်ားတြင္ ဝမ္းေလွ်ာျခင္း၊ ဗိုက္နာျခင္း၊ ေအာ့အန္ျခင္း၊ ေလေအာင့္ျခင္း၊ တံေတြးအမ်ားအျပား ထြက္ျခင္းမ်ား ျဖစ္နိုင္သည္။ ေသခ်ာစြာက်က္ေအာင္ ခ်က္ျပဳပ္မစားသုံးလွ်င္ ပို၍ ျဖစ္နိုင္သည္။ အစား မ်ားလွ်င္၊ ႀကိဳက္၍ အလြန္အကဲစားလွ်င္ ဝမ္းေလွ်ာျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ျဖစ္ေစနိုင္သျဖင့္ အသီးႏွစ္လုံး ထက္ ပိုမစားရဟု ေရးသားထားသည္။

 

shweu

 

အိႏၵိယေဆးက်မ္းအဆို

ၾကက္ဟင္းခါးသီးသည္ အားေဆး၊ ဗိုက္နာေပ်ာက္ေဆး၊ လႈံ႕ေဆာ္ေဆး၊ အန္ေဆး၊ ဝမ္းေပ်ာ့ေဆး အျဖစ္သုံးရ၏။

အသား၊ အ႐ြက္ သတၳဳရည္ႏွင့္ အေစ့မ်ားသည္ သံပိုးက်ေစ၏။ အ႐ြက္မ်ားသည္ နို႔ရည္ကို ပြားေစ၏။

အျမစ္သည္ ဝမ္းခ်ဳပ္ေစ၏။

အသီးႏွင့္အ႐ြက္ သတၳဳရည္ကို ကုဌႏူနာ၊ ျမင္းသရိုက္နာ၊ အသားဝါ ေရာဂါမ်ား၌ ေပးရ၏။ ဝါတရက္နာ၊ အသည္းေရာဂါႏွင့္ ေဘလုံးေရာဂါမ်ားတြင္ အသီးကိုေကြၽးရ၏။ (ဗိေႏၵာ+ သိပၸံ အာဟာရ စြယ္စုံအဘိဓာန္၊ ၁၉၇၇ ခုႏွစ္ထုတ္ စာ- ၁၉၈)

ၾကက္ဟင္းခါးသီးျဖင့္ ေရာဂါႀကီး အေတာ္မ်ားမ်ားကို ေဆးအျဖစ္ သတၳဳရည္ျပဳလုပ္ၿပီး တိုက္ေကြၽး သည္ကို အိႏၵိယနိုင္ငံတြင္ မ်ားစြာေတြ႕ရွိရသည္။

ခါးသျဖင့္ ဟင္းစားဇြန္း (၂) ဇြန္းခန့္ ေသာက္သုံးလွ်င္ပင္ ထိေရာက္သည္။

ေပ်ာက္ကင္းနိုင္ေသာ ေရာဂါမ်ားတြင္ ေဘလုံးေရာဂါ ပါဝင္သည္ကို ေတြ႕ရသည္။ ေဘလုံးေရာဂါ သည္ အလုံးအက်ိတ္ျဖင့္ျဖစ္ေသာ ေရာဂါျဖစ္ၿပီး ကင္ဆာေရာဂါႏွင့္ အလြန္နီးစပ္သည္။ အလုံးအက်ိတ္မွ အျမစ္တြယ္ၿပီး အႏွံ႕အျပားသို႔ ျပန့္ပြားသြားနိုင္ေသာ ေရာဂါမွာ ကင္ဆာေရာဂါျဖစ္သည္။ ေရာဂါျဖစ္လွ်င္ ကုသမႈမွာ ျပန့္ပြားျခင္းကို ထိန္းခ်ဳပ္နိုင္ျခင္းျဖစ္သည္။

ၾကက္ဟင္းခါးသီးသတၳဳရည္သည္ ထိုသို႔ ထိန္းခ်ဳပ္ ရာတြင္ အေထာက္အကူျဖစ္ေစနိုင္သည္ဟု ယူဆရသည္။

ဓာတ္သေဘာ

တိုင္းရင္းေဆးဆရာႀကီးမ်ား အယူအဆအရ ၾကက္ဟင္းခါးသီးသည္ သည္းေျခႀကိဳက္အစာျဖစ္ၿပီး သီတ ေတေဇာ၊ သီတဝါေယာ ဓာတ္စာ၊ ေလသက္ေသြးတက္ျဖစ္သည္။ မလြန္ကဲေအာင္ အစာအတြဲမမွား ေအာင္ သတိထားစားရမည္။ တန္ေဆး လြန္ေဘး ျဖစ္သည္။

ၾကက္ဟင္းခါးသီးႏွင့္ မသင့္ေသာအစာမွာ မွိုျဖစ္သည္။ မွိုဟင္းႏွင့္ ၾကက္ဟင္းခါးသီးဟင္း တစ္ႀကိမ္ တည္း ေရာစပ္၍စားသုံးလွ်င္ အဆိပ္ျဖစ္ေစနိုင္သည္။

အရသာႏွင့္ ဂုဏ္သတၱိ

ျမန္မာေဆးက်မ္းမ်ား အလိုကိုလည္း သိထားသင့္သည္။ ေဆးက်မ္းမ်ားအလိုအရ ၾကက္ဟင္းခါး သီးသည္ ခါး၏။ ဆိမ့္၏။ ေအး၏။ ေသြးကိုတက္ေစ၏။ သလိပ္၊ သည္းေျခကို နိုင္၏။

(မ်ားလွ်င္) ေလကို ပ်က္ေစ၏။

ဖ်ားနာ၊ ပ႑ဳနာ(ေသြးအားနည္းေရာဂါ)၊ ေမဟနာ၊ ပိုးနာတို႔ကိုနိုင္၏။ ဝမ္းမီးကိုေတာက္ေစ၏။ မီးယပ္ဝမ္းပ်က္ေရာဂါႏွင့္သင့္၏။ ပထဝီဓာတ္ အခိုးေရာက္တတ္၏။

ဝါေယာဓာတ္ေဆာင္သျဖင့္ ဝါေယာ ဓာတ္ပ်က္သည္ကိုနိုင္၏။ မ်ားလွ်င္ဝါေယာလြန္တတ္၏။

အပုပ္ကိုနိုင္၏။ အပုပ္ေၾက၏။ ေလပ်က္ဝမ္းက် နာကို နိုင္၏။ အပူလြန္ကဲ၍ လူးလဲျဖစ္သည္ကို ၿငိမ္းေစ၏။ ဝါေယာ ပထဝီလြန္ကဲၿပီး မပူလြန္း မေအးလြန္ ေသာ ေတေဇာရွိ၏။ ဝမ္းေလကို ခ်ဳပ္ေစ၍ ေတာင့္တင္းေညာင္းညာေစတတ္၏။

နို႔စို႔ကေလး၌ ဝမ္းစိမ္းမ်ား သြားေနလွ်င္ နို႔တိုက္မိခင္က ခ်က္စားရ၏။

ၾကက္ဟင္းခါး႐ြက္၏ အရသာႏွင့္ ဂုဏ္သတၱိမွာ ခါး၏။

ေအး၏။ ေၾကက်က္ၿပီးေနာက္စပ္၏။ ေၾက က်က္လြယ္၏။ ေလတို႔ကို ၿဖိဳခြဲတတ္၏။ ေလကို အနည္းငယ္ျဖစ္ေစတတ္၏။ ဝမ္းကို သက္ေစ၏။ ပိုးကို နိုင္၏။

သလိပ္ သည္းေျခကို နိုင္၏။ စာေလာင္ျခင္းကို ျဖစ္ေစတတ္၏။

မ်က္စိေရာဂါ၊ ဝစၥမဂ္ေရာဂါ (မက္ ကေလာင္နာ)၊ ေယာနိနာ၊ အဖ်ားေရာဂါ၊ ပိုးေရာဂါ၊ ေသြးေဖာက္ျပန္၊ ေသြးအားနည္းေရာဂါ၊ ဆီးေရာဂါ မ်ား၊ ပန္းနာ၊ အနာေပါက္၊ ေလႁပြန္ေရာင္ေရာဂါတို႔ကို ေပ်ာက္ေစသည္။

ဝမ္းျပည့္ရင္ကယ္၊ ေအာ့အန္ ေခ်ာင္းဆိုး၊ အဆိပ္သင့္ အေညွာ္အသင္းတို႔ကို နိုင္၏။

ဝမ္းသက္ျခင္း၊ ဦးေခာင္းခဲျခင္း၊ ေလေၾကာင့္ ေျခ လက္လိမ္ေကြးျခင္းတို႔ကို ၿငိမ္းေစ၏။ အစာကို ေၾကေစ၏။

ၾကက္ဟင္းခါး႐ြက္သည္ ဓာတ္သေဘာအရ အေအးဝါေယာ အသက္( သီတ ေတေဇာ၊ သီတ ဝါ ေယာ) ဓာတ္သက္၊ ေလသက္ ေစေသာအစာျဖစ္သည္။

ၾကက္ဟင္းခါး႐ြက္ကို စားသုံးရာတြင္ ေရေႏြးေဖ်ာ၊ တို႔စား၊ ျပဳပ္တို႔၊ မီးၿမိဳက္တို႔စား ရသည္။ ေဆးအျဖစ္ အ႐ြက္ကို အရည္ညွစ္ၿပီး သတၳဳရည္ ဟင္းစားဇြန္း ႏွစ္ ဇြန္းအထိ သုံးေဆာင္နိုင္သည္။

အခါးမႀကိဳက္သူမ်ားအတြက္

ကင္ဆာေရာဂါျဖစ္သူ အမ်ားစုကို ေလ့လာၾကည့္ေသာအခါ အခ်ိဳႀကိဳက္သူမ်ားျဖစ္သည္ကို ေတြ႕ရ သည္။ ခ်ိဳ၊ ဆိမ့္၊ အီ အရသာမ်ား အလြန္ႀကိဳက္ၿပီး ႏွစ္ရွည္လမ်ား စားသုံးခဲ့သူမ်ားျဖစ္သည္ကို ေလ့လာ ေတြ႕ရွိရသည္။ ပုံေသေျပာမရေသာ္လည္း ေယဘုံယ်အားျဖင့္မွန္ကန္သည္။

အေနာက္တိုင္းသုေတသန ေတြ႕ရွိခ်က္မ်ားအရ ကင္ဆာဆဲလ္ေတြ႕ၿပီဆိုလွ်င္ ထိုဆဲလ္မ်ား၏ အာ ဟာရျဖစ္ေသာ သၾကားဓာတ္ကိုျဖတ္လိုက္လွ်င္ ျပန့္ပြားမႈမွာ ရပ္တန့္သြားသည္ဟုဆိုသည္။

သၾကားဓာတ္ သည္ ကင္ဆာဆဲလ္ျပန့္ပြားမႈ၏ အဓိကတရားခံျဖစ္ေၾကာင္း  သုေတသီတို႔က အတိအလင္းသတိေပး ထုတ္ ျပန္ေၾကျငာထားသည္။

တိုင္းရင္းေဆးပညာအရ ရသာ(၆) ပါး ခ်ိဳ၊ ခ်ဥ္၊ အငန္၊ စပ္၊ ခါး၊ ဖန္တို႔္ကို စုံလင္ေအာင္ မွ်တ ေအာင္ စားသုံးရမည္ဟု ဆိုသည္။ မမွ်မတ စားသုံးလွ်င္ အခ်ိဳ႕ကို စားသုံးၿပီး အခ်ိဳ႕ကို လုံးဝမစားသုံးမိလွ်င္ ေရာဂါတစ္မ်ိဳးမ်ိဳး ဝင္ေရာက္လာနိုင္သည္။

လူအေတာ္မ်ားမ်ားမွာ အခ်ိဳအခ်ဥ္ ႀကိဳက္ၾကသည္။ အစပ္၊ အဖန္၊ အခါးကို မႀကိဳက္ၾက။ စားသုံးမႈအလြန္နည္းသည္ကို ေတြ႕ရသည္။

အခ်ိဳႀကိဳက္သူမ်ားသည္ အခါးဓာတ္ပါဝင္ေသာ  ျမန္မာ့အစားအစာမ်ားျဖစ္သည့္ေဂြးေတာက္၊ တမာ၊ ေၾကာင္လွ်ာ၊ ၾကက္ဟင္းခါး စသည္တို႔္ကိုလည္း စားသုံးသင့္သည္။

အနည္းဆုံး အခါးအရသာကို တစ္ပတ္လွ်င္ ႏွစ္ရက္ခန့္ စားသုံးသင့္သည္။

ထိုသို႔ စားသုံးျခင္းျဖင့္ ေသြးတြင္းသို႔ အခါးဓာတ္မ်ားေရာက္ၿပီး အခ်ိဳဓာတ္၊  အဆိမ့္ဓာတ္ လြန္ကဲျခင္းေၾကာင့္ ပိတ္ဆို႔ ျခင္းမ်ားကို ေခ်ဖ်က္ေပးနိုင္သည္။

တစ္ခုသတိထားရမည္မွာ “အခါးဟူသမွ် ေလဓာတ္ႂကြ” ဟု ဆိုျခင္းေၾကာင့္ ေလလြန္ကဲၿပီး ေလပြ၊ ေလအထက္ဆန္၊ ေသြးတိုးျခင္းမျဖစ္ေအာင္ ဂ႐ုစိုက္ရန္လိုသည္။

အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း တစ္ ေန႕တည္း တစ္ႀကိမ္တည္း ေလစာႏွစ္မ်ိဳး (ဥပမာ- ဝက္သားဟင္းႏွင့္ ၾကက္ဟင္းခါးသီး၊ ေၾကာင္လွ်ာသီးႏွင့္ ေဂြးေတာက္႐ြက္) တြဲဖက္ၿပီးမစားမိရန္ သတိျပဳသင့္သည္။

ဤသို႔စားမိသျဖင့္ ေလအထက္ေဆာင္ၿပီး ဦး ေႏွာက္ေသြးေၾကာျပက္ ေလျဖတ္ျခင္း ျဖစ္နိုင္သည္ကို အထူးသတိျပဳပါ။

အစားအေသာက္မ်ားတြင္ ခ်ိဳ၊ ခ်ဥ္၊ အငန္အုပ္စုႏွင့္ စပ္၊ ဖန္၊ အခါး အုပ္စု ဟူ၍ ႏွစ္စုရွိရာ အစားအ ေသာက္အရသာႀကိဳက္သူမ်ားမွာလည္း ထိုသို႔ပင္ အုပ္စုႏွစ္စုရွိနိုင္သည္။ ထိုႏွစ္စုတြင္ ခ်ိဳ၊ ခ်ဥ္၊ အငန္ႀကိဳက္ ေသာ အုပ္စု ခ်ိဳ၊ခ်ဥ္၊အငန္ အစားမ်ားေသာအုပ္စုတြင္ ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ၊ ကင္ဆာစေသာေရာဂါႀကီး မ်ား ပို၍အျဖစ္မ်ားသည္ကို ေတြ႕ရသည္။

ယခုေခတ္တြင္ ေဆး႐ုံႀကီးမ်ားတြင္ နာတာရွည္ကုသမႈခံယူေနၾက ရသူအေတာ္မ်ားမ်ားမွာ ထိုေရာဂါႀကီးမ်ားေၾကာင့္ပင္ ျဖစ္သည္။ ဆီးခ်ိဳေရာဂါကဲ့သို႔ အခ်ိဳဓာတ္လြန္ကဲေသာ ေရာဂါျဖစ္သူမ်ားသည္ အစပ္ႏွင့္အခါးကို မႀကိဳက္သူမ်ားျဖစ္သည္ကို ေယဘုံယ်အားျဖင့္ေတြ႕ရွိရ သည္။

ျမစ္ပြားနာေခၚ ကင္ဆာေရာဂါသည္ ပိုးေၾကာင့္ျဖစ္ေသာ ကူးစက္ေရာဂါမဟုတ္။

အစားအေသာက္ အေပၚမူတည္၍ ခႏၶာကိုယ္တြင္း ဓာတ္ႀကီးေလးပါးေဖာက္ျပန္ရာမွ ပထဝီဓာတ္လြန္ကဲၿပီး အစိုင္အခဲ၊ အက်ိတ္ျဖစ္ေပၚရာမွ စတင္ေသာ ေရာဂါမ်ိဳးျဖစ္သည္။ ထိုေရာဂါကိုမျဖစ္မီက ႀကိဳတင္ကာကြယ္လိုလွ်င္ အခ်ိဳႀကိဳက္ျခင္း လြန္ကဲမႈကို ေရွာင္သင့္သည္။

အခါးမစားျခင္း၊ အစပ္မစားျခင္း အျပဳအမူကိုျပဳျပင္ၿပီး ထိုက္ သင့္သေလာက္ စားသုံးေပးရမည္။

အခါးမ်ိဳးအရသာရွိေသာ အသီးအႏွံမ်ားစြာရွိသည့္အနက္မွ ျမန္မာနိုင္ငံ တြင္ ေပါေပါမ်ားမ်ား ရရွိနိုင္ေသာ ၾကက္ဟင္းခါးသီးႏွင့္ ၾကက္ဟင္းခါး႐ြက္၏ စားသုံးသင့္ပုံႏွင့္ အက်ိဳး ရွိပုံမ်ားကို ေဆးပညာ ဗဟုသုတအျဖစ္ ေထာင့္စုံမွ ေလ့လာၿပီး  တင္ျပလိုက္ရပါသည္။

credit:မူရင္းေရးသားသူကို ေလးစားစြာျဖင့္

Leave a Reply

Your email address will not be published. Required fields are marked *