ဆေးဖက်ဝင် သပြုသီး
သပြုသီးမှာလုံးဝန်းသော ပုံသဏ္ဍာန်ရှိပြီး အခွံအဖတ်အထပ်ထပ်အုပ်ထားသော အသီးမျိုးဖြစ်၏။ အင်္ဂလိပ်လို (Elephant Apple) ဟုလည်းခေါ်ကြသည်။ သပြုသီးကို မွန်၊ ရခိုင်နှင့် ဧရာဝတီဒေသတို့တွင် အများဆုံးစားသုံးကြသည်။
သပြုသီးမှာရာသီပေါ်သီးနှံဖြစ်ပြီး မိုးဦးကျစတည်းက တွေ့ရှိနေရပြီဖြစ်သည်။
ရခိုင်နှင့်ဧရာဝတီဘက်တွင် သပြုသီးကို ငါးဖြင့်ချဉ်ရည်ဟင်းချက်လေ့ရှိပြီး သပြုသီးပေါ်ချိန်၌ငါးရံ့ကိုကွင်း၍ သပြုသီးနှင့် ချက်သည့် ‘သပြုသီး ငါးရံ့ချဉ်ရည်ဟင်း’ မှာ လူကြိုက်များလှပါသည်။ တစ်ချို့ဒေသများတွင် ငါးကြင်း၊ ငါးခူတို့နှင့်လည်း တွဲဖက်ချက်စားကြပါသည်။
မွန်ပြည်နယ်ဘက်တွင် သပြုသီးကို အချဉ်ဟင်းချက်ရုံသာမက ငါးပိချက်လည်းချက်ကြသည်။ သပြုသီး၏အချဉ်အရသာသည် မရမ်း၊ သရက်၊ မန်ကျည်းသီးကဲ့သို့ အချဉ်မစူးပဲ အချဉ်ပြေပြေ အရသာရှိကြသည်။
ဟင်းချက်မည်ဆိုပါက သပြုသီး၏ အသီးအညှာဘက်မှ ဓားထက်ထက်ဖြင့် (၂) ခြမ်းခြမ်းကာ (၄) စိတ် စိတ်ရပါမည်။
သို့မှ အခွံအဖတ်များကို အလွယ်တကူခွာနိုင်မည်ဖြစ်သည်။
အပေါ်ယံအခွံမာကိုဖယ်ပြီး နုသောအခွံဖတ်များကို ရေအနည်းငယ်ဖြင့် ပြုတ်ပါ။ အခွံဖတ်များမှာ နူးလွယ်၍သင့်ရုံပြုတ်ပြီးပါက အနေတော်အစိတ်လေးများ စိတ်၍ ချက်ပြုတ်ကြပါသည်။
သပြုသီးဆေးဖက်ဝင်ပုံများ
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို သပြုသီးနဲ့ငါးခူငါးကိုချက်စားပါက ကျောက်ကပ်၊ နှလုံးရောဂါများအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။
သပြုသီးကို ဟင်းချိုချက်စားပါက ဆီးချိုရောဂါကို သက်သာစေကြောင်း သိရပါသည်။
သပြုသီးကိုပြုတ်ပြီး ငပိရည်နှင့်တို့စားပါက နှလုံးအားကောင်းလာပြီး ဆီးရွှင်စေပါသည်။
ဆီးကျောက်တည်သူများအတွက် သပြုသီးအရွက်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါက ကျောက်
တဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းစေပါသည်။
သပြုသီးအခေါက်ကို ကျောက်ပျဉ်မှာသွေးပြီး ဆားနှင့်ရောကာသောက်ပါက ဝမ်းကိုက်၊ လိပ်ခေါင်းရောဂါများအတွက်ကောင်းကျိုးပြုသည်ဟုသိရပါသည်။
လေးဖက်နာသမားများအတွက် သပြုသီးနှင့်ဆားကို အချိုးတူပြုတ်ပြီး အငွေ့ခံကာချွေးအောင်းပေးရပါသည်။ တစ်ကိုယ်လုံးမှာရှိတဲ့အပူအပုပ်၊ ချွေးတွေထွက်လာပါက ရေချိုးပေးရပါမည်။ အစားရှောင်စရာမလိုအောင် သက်သာလာပြီး ခြေဆစ်၊ လက်ဆစ်တွေလည်း မကိုက်တော့ကြောင်း ဖတ်မှတ်ရဖူးပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်။
Zawgyi
ေဆးဖက္ဝင္ သျပဳသီး
သျပဳသီးမွာလုံးဝန္းေသာ ပုံသ႑ာန္ရွိၿပီး အခြံအဖတ္အထပ္ထပ္အုပ္ထားေသာ အသီးမ်ိဳးျဖစ္၏။ အဂၤလိပ္လို (Elephant Apple) ဟုလည္းေခၚၾကသည္။ သျပဳသီးကို မြန္၊ ရခိုင္ႏွင့္ ဧရာဝတီေဒသတို႔တြင္ အမ်ားဆုံးစားသုံးၾကသည္။ သျပဳသီးမွာရာသီေပၚသီးႏွံျဖစ္ၿပီး မိုးဦးက်စတည္းက ေတြ႕ရွိေနရၿပီျဖစ္သည္။
ရခိုင္ႏွင့္ဧရာဝတီဘက္တြင္ သျပဳသီးကို ငါးျဖင့္ခ်ဥ္ရည္ဟင္းခ်က္ေလ့ရွိၿပီး သျပဳသီးေပၚခ်ိန္၌ငါးရံ႕ကိုကြင္း၍ သျပဳသီးႏွင့္ ခ်က္သည့္ ‘သျပဳသီး ငါးရံ႕ခ်ဥ္ရည္ဟင္း’ မွာ လူႀကိဳက္မ်ားလွပါသည္။ တစ္ခ်ိဳ႕ေဒသမ်ားတြင္ ငါးၾကင္း၊ ငါးခူတို႔ႏွင့္လည္း တြဲဖက္ခ်က္စားၾကပါသည္။
မြန္ျပည္နယ္ဘက္တြင္ သျပဳသီးကို အခ်ဥ္ဟင္းခ်က္႐ုံသာမက ငါးပိခ်က္လည္းခ်က္ၾကသည္။ သျပဳသီး၏အခ်ဥ္အရသာသည္ မရမ္း၊ သရက္၊ မန္က်ည္းသီးကဲ့သို႔ အခ်ဥ္မစူးပဲ အခ်ဥ္ေျပေျပ အရသာရွိၾကသည္။
ဟင္းခ်က္မည္ဆိုပါက သျပဳသီး၏ အသီးအညွာဘက္မွ ဓားထက္ထက္ျဖင့္ (၂) ျခမ္းျခမ္းကာ (၄) စိတ္ စိတ္ရပါမည္။ သို႔မွ အခြံအဖတ္မ်ားကို အလြယ္တကူခြာနိုင္မည္ျဖစ္သည္။ အေပၚယံအခြံမာကိုဖယ္ၿပီး ႏုေသာအခြံဖတ္မ်ားကို ေရအနည္းငယ္ျဖင့္ ျပဳတ္ပါ။ အခြံဖတ္မ်ားမွာ ႏူးလြယ္၍သင့္႐ုံျပဳတ္ၿပီးပါက အေနေတာ္အစိတ္ေလးမ်ား စိတ္၍ ခ်က္ျပဳတ္ၾကပါသည္။
သျပဳသီးေဆးဖက္ဝင္ပုံမ်ား
အစာလည္းေဆး၊ ေဆးလည္းအစာ ဆိုသလို သျပဳသီးနဲ႕ငါးခူငါးကိုခ်က္စားပါက ေက်ာက္ကပ္၊ ႏွလုံးေရာဂါမ်ားအတြက္ ေကာင္းက်ိဳးျပဳသည္ဟု မွတ္ရဖူးပါသည္။
သျပဳသီးကို ဟင္းခ်ိဳခ်က္စားပါက ဆီးခ်ိဳေရာဂါကို သက္သာေစေၾကာင္း သိရပါသည္။
သျပဳသီးကိုျပဳတ္ၿပီး ငပိရည္ႏွင့္တို႔စားပါက ႏွလုံးအားေကာင္းလာၿပီး ဆီး႐ႊင္ေစပါသည္။
ဆီးေက်ာက္တည္သူမ်ားအတြက္ သျပဳသီးအ႐ြက္ကိုျပဳတ္ၿပီး သုံးခြက္တစ္ခြက္တင္ျပဳတ္ေသာက္ပါက ေက်ာက္တျဖည္းျဖည္းေႂကြက်ၿပီး သက္သာေပ်ာက္ကင္းေစပါသည္။
သျပဳသီးအေခါက္ကို ေက်ာက္ပ်ဥ္မွာေသြးၿပီး ဆားႏွင့္ေရာကာေသာက္ပါက ဝမ္းကိုက္၊ လိပ္ေခါင္းေရာဂါမ်ားအတြက္ေကာင္းက်ိဳးျပဳသည္ဟုသိရပါသည္။
ေလးဖက္နာသမားမ်ားအတြက္ သျပဳသီးႏွင့္ဆားကို အခ်ိဳးတူျပဳတ္ၿပီး အေငြ႕ခံကာေခြၽးေအာင္းေပးရပါသည္။ တစ္ကိုယ္လုံးမွာရွိတဲ့အပူအပုပ္၊ ေခြၽးေတြထြက္လာပါက ေရခ်ိဳးေပးရပါမည္။ အစားေရွာင္စရာမလိုေအာင္ သက္သာလာၿပီး ေျခဆစ္၊ လက္ဆစ္ေတြလည္း မကိုက္ေတာ့ေၾကာင္း ဖတ္မွတ္ရဖူးပါသည္။
မူရင္းေရးသားသူအားေလးစားစြာျဖင့္creditေပးပါသည္။