Menu Close

“လက်တွေ့ ဒူးနာပျောက်ဆေး”

“လက်တွေ့ ဒူးနာပျောက်ဆေး”

 

အမျိုးသမီးများ အသက် လေးဆယ်ကျော်၊ ငါးဆယ် ဆိုလျှင် ဒူးနာရောဂါက ပေါ်လာတတ်ပါသည်။ တစ်ချို့ကတော့ အသက် ခြောက်ဆယ်၊ ခုနှစ်ဆယ် ဝန်းကျင်မှာ ဖြစ်တတ်ပါသည်။

ဝ သော အမျိုးသမီးများဖို့ ပိုဆိုးပါသည်။ အပေါ်ပိုင်း ဝိတ်က ကြီးသည့်အတွက် ဒူးက ခံနိုင်ရည် မရှိပါ။ အသက်အရွယ် ကြီးရင့်လာသောအခါ ဒူးက အဆီခမ်းသည် ဟူ၍လည်း ပြောကြပါသည်။

ကျွန်မကတော့ သိပ်မဝသော်ငြားလည်း အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ကတည်းက ဒူး နာလာပါသည်။ အင်္ဂလိပ်ဆေးများ အမျိုးမျိုး သောက်ကြည့်သော်လည်း သက်သာလာခြင်း မရှိပေ။ သမားတော်က ပေးသည့် ဆေးများသည်လည်း သက်သာရုံသာရှိသည်။ အရှင်းမပျောက်။

ကျွန်မက ဗမာ လိမ္မော်သီး အခွံကို ဒူးမှာ အရည် ညှစ်ချခြင်းဖြင့် လက်တွေ့ ရောဂါ ပျောက်ခဲ့ပါသည်။ လိမ္မော်သီး၏ အသားကို ဆိုလိုခြင်း မဟုတ်။ လိမ္မော်သီး အသားကိုတော့ဖြင့် စားချင်လိုသူတိုင်း စားပါစေလေ။ လိမ္မော်ခွံကို လက်ဖြင့် နာနာ ညှစ်ချလိုက်ပါက အရည်လေးတွေ ပန်းထွက်လာပါသည်။ ဒူးပေါ်ကို အမှေးလေးတွေသာ ညှစ်ချပါ။ တစ်နေ့ ၂ခါ၊ ၃ခါ ညှစ်ချလိုက်ပါ။ ၃၊ ၄ ရက်ဆို သိသာလာပါလိမ့်မည်။

ကျွန်မ ထိုနည်းလမ်းကို  အမျိုးသမီးတစ်ဦးအား ပြောပြလေရာ သူက တကယ် လိုက်လုပ်သဖြင့် လုံးဝ သက်သာ ပျောက်ကင်းသွားလေသည်။ သူက ကျွန်မကို ကျေးဇူးတင်သောကြောင့် ဘုရားရှိခိုးသည့် အခါတွင်ပင် ကျွန်မအတွက် ထည့်ပြီး ဆုတောင်းပေးသည်အထိပင်။ သို့ရာတွင် ကျွန်မ အဒေါ် တစ်ယောက်အား ဤနည်းလမ်းကို ပြောပြလေရာ ကျွန်မအား လှောင်ပြောင်လေသည်။

“ညည်းဆေးကလည်း ကြေးမစားတာ” ဟူ၍ ရယ်မောကာ ပြောလျက် ရယ်စရာ လုပ်ပစ်လိုက်ပါသည်။

“ကျွန်မ စာဖတ်ပရိသတ်များ ဒီနည်းလမ်းကို လက်တွေ့ စမ်းကြည့်ကြပါ။ ဆိုပေမဲ့ လိမ္မော်သီးက ဗမာ လိမ္မော်သီးမှ ရတာနော်။ ပျားလိမ္မော်တို့ ဘာတို့ဆိုရင် အခွံညှစ်လည်း ဘာအရည်မှ ရမှာ မဟုတ်လို့ မပျောက်ပါဘူးနော်။ အားလုံးပဲ ကျန်းမာကြပါစေ”

credit ရွှေဘိုသီရိမာလာ

 

Zawgyi

 

“လက္ေတြ႕ ဒူးနာေပ်ာက္ေဆး”

 

shweu

 

အမ်ိဳးသမီးမ်ား အသက္ ေလးဆယ္ေက်ာ္၊ ငါးဆယ္ ဆိုလွ်င္ ဒူးနာေရာဂါက ေပၚလာတတ္ပါသည္။ တစ္ခ်ိဳ႕ကေတာ့ အသက္ ေျခာက္ဆယ္၊ ခုႏွစ္ဆယ္ ဝန္းက်င္မွာ ျဖစ္တတ္ပါသည္။ ဝ ေသာ အမ်ိဳးသမီးမ်ားဖို႔ ပိုဆိုးပါသည္။ အေပၚပိုင္း ဝိတ္က ႀကီးသည့္အတြက္ ဒူးက ခံနိုင္ရည္ မရွိပါ။ အသက္အ႐ြယ္ ႀကီးရင့္လာေသာအခါ ဒူးက အဆီခမ္းသည္ ဟူ၍လည္း ေျပာၾကပါသည္။

ကြၽန္မကေတာ့ သိပ္မဝေသာ္ျငားလည္း အသက္ ေျခာက္ဆယ္ဝန္းက်င္အ႐ြယ္ကတည္းက ဒူး နာလာပါသည္။ အဂၤလိပ္ေဆးမ်ား အမ်ိဳးမ်ိဳး ေသာက္ၾကည့္ေသာ္လည္း သက္သာလာျခင္း မရွိေပ။ သမားေတာ္က ေပးသည့္ ေဆးမ်ားသည္လည္း သက္သာ႐ုံသာရွိသည္။ အရွင္းမေပ်ာက္။

ကြၽန္မက ဗမာ လိေမၼာ္သီး အခြံကို ဒူးမွာ အရည္ ညွစ္ခ်ျခင္းျဖင့္ လက္ေတြ႕ ေရာဂါ ေပ်ာက္ခဲ့ပါသည္။ လိေမၼာ္သီး၏ အသားကို ဆိုလိုျခင္း မဟုတ္။ လိေမၼာ္သီး အသားကိုေတာ့ျဖင့္ စားခ်င္လိုသူတိုင္း စားပါေစေလ။ လိေမၼာ္ခြံကို လက္ျဖင့္ နာနာ ညွစ္ခ်လိဳက္ပါက အရည္ေလးေတြ ပန္းထြက္လာပါသည္။ ဒူးေပၚကို အေမွးေလးေတြသာ ညွစ္ခ်ပါ။ တစ္ေန႕ ၂ခါ၊ ၃ခါ ညွစ္ခ်လိဳက္ပါ။ ၃၊ ၄ ရက္ဆို သိသာလာပါလိမ့္မည္။

ကြၽန္မ ထိုနည္းလမ္းကို  အမ်ိဳးသမီးတစ္ဦးအား ေျပာျပေလရာ သူက တကယ္ လိုက္လုပ္သျဖင့္ လုံးဝ သက္သာ ေပ်ာက္ကင္းသြားေလသည္။ သူက ကြၽန္မကို ေက်းဇူးတင္ေသာေၾကာင့္ ဘုရားရွိခိုးသည့္ အခါတြင္ပင္ ကြၽန္မအတြက္ ထည့္ၿပီး ဆုေတာင္းေပးသည္အထိပင္။ သို႔ရာတြင္ ကြၽန္မ အေဒၚ တစ္ေယာက္အား ဤနည္းလမ္းကို ေျပာျပေလရာ ကြၽန္မအား ေလွာင္ေျပာင္ေလသည္။

“ညည္းေဆးကလည္း ေၾကးမစားတာ” ဟူ၍ ရယ္ေမာကာ ေျပာလ်က္ ရယ္စရာ လုပ္ပစ္လိုက္ပါသည္။

“ကြၽန္မ စာဖတ္ပရိသတ္မ်ား ဒီနည္းလမ္းကို လက္ေတြ႕ စမ္းၾကည့္ၾကပါ။ ဆိုေပမဲ့ လိေမၼာ္သီးက ဗမာ လိေမၼာ္သီးမွ ရတာေနာ္။ ပ်ားလိေမၼာ္တို႔ ဘာတို႔ဆိုရင္ အခြံညွစ္လည္း ဘာအရည္မွ ရမွာ မဟုတ္လို႔ မေပ်ာက္ပါဘူးေနာ္။ အားလုံးပဲ က်န္းမာၾကပါေစ”

credit ေ႐ႊဘိုသီရိမာလာ

Leave a Reply

Your email address will not be published. Required fields are marked *