ကင်ဆာ အဖုအကျိတ်အတွက် ဆေးအိုးပုတ်ပင် အစွမ်း
အပင်ပုံသဏ္ဌာန် အရွက်ရှည်ရှည် ငရုပ်ကောင်းရွက် ပုံသဏ္ဌာန်နဲ့ ခပ်ဆင်ဆင်တူသည် ။
အပွင့်မှာ ခရမ်းရောင်ဖြစ်ပြီး သစ်ခွပန်းအပွင့်နဲ့ဆင်၏ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍန် အိုးပုတ်ငယ် ပုံသဏ္ဌာန်အဆင်းရှိ၏အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။
ဆေးအိုးပုတ်ပင်၏ ဆေးအစွမ်းအာနိသင်
လျှာကင်ဆာ
လည်ပင်းကင်ဆာ
ခံတွင်းအတွင်း သွေးယိုစီးမှု
ခံတွင်းအဖုအကျိတ်အနာများ
ပါးစပ်အတွင်းအပူနာ
ပါးစပ်အတွင်းရေယုံ
သွားပိုးစား သွားကိုက် သွားနာခြင်း မဲ့ခရု စသည့် ခံတွင်းဆိုင်ရာ ရောဂါများပျောက်ကင်းစေသည့်အပြင်
ဆေးအိုးပုတ် မြစ်စုံထုတ်အား သုံးစွဲခြင်းဖြင့်
(1)အကြောအဆစ်အမြစ်နှင့် အာရုံကြောအားနည်းခြင်းသွေးကြောပုံမှန်မဖြစ်ခြင်း၊ဆီးလမ်းကြောင်းရောဂါ
(2)နှလုံးရောဂါ၊ဝက်ရူးပြန်ရောဂါ၊ကိုယ်လက်ထုံကျင်ကိုက်ခဲခြင်း၊ချောင်းဆိုးရင်ကြပ်ပန်းနာ၊အဆုပ်ရောဂါ၊
(3)လေးဘက်နာရောဂါများ သက်သာပျောက်ကင်းစေပါသည်။
နွယ်မြက် သစ်ပင်ဆးဖက်ဝင်ဆိုသော ရှေးလူကြီးများ၏ဆိုရိုးအတိုင်း ဆေးအိုးပုတ်ပင်သည် ရှေးယခင်ကတည်းက ရောဂါဝေဒနာများအတွက် ပျောက်ကင်းခဲ့သည့် ဆေးဘက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြပါသည်
အသုံးပြုပုံကတော့
၁ – ဆေးအိုးပုတ်ပင်၏အရွက် လက်တစ်ဆုပ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့်ပြုလုပ်ပေးပါ ။
၂ – ဆေအိုးပုတ်ရွက်အားအနည်းငယ် ခူးပြီးနောက် အရွက်များနှင့် ပဉ္စငါးပါးကိုရေဖြင့် ၃ ခွက် ၁ ခွက်တင်ကျိုပါ။ကျိုပြီးလျှင် သောက်ပါ။ငုံခြင်း ပလုပ်ကျင်းခြင်းကိုလည်းအချိန်ရသလို ပြုလုပ်ပါကထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့ဩစွာ တွေ့ရှိရမည် ဖြစ်ပါသည်။
၃ – ဆေးအိုးပုတ်ပင် ၏ အရွက်မှ ပင်စည် အမြစ် အားလုံး နေရိပ်တွင် အခြောက်လှမ်းပြီး ရေနွေးဆူထဲတွင်ထည့်ကာ တစ်နေ့ ၃ ကြိမ် သောက်ပေးနိုင်ပါသည်။
credit:မူရင်း
Zawgyi
လျှာကင်ဆာ
လည်ပင်းကင်ဆာ
ပါးစပ်အတွင်းအပူနာ
ပါးစပ်အတွင်းရေယုံ
ရောဂါ၊
အသုံးပြုပုံကတော့
credit:မူရင်း