သားအိမ်ထဲက အလုံး၊ ရေအိတ်နှင့် အကျိတ် ဖယ်ရှားပေးနိုင်တဲ့ တောင်လုံးကျော်ပင်
အသုံးချပုံ။
စွမ်းထက်သုံးဝင် တောင်လုံးကျော်ပင်
ဆေးပင်အမည်မှာ တောင်လုံးကျော်ဟု သိရသည်။
အချို့အမည်အရင်းကို မသိ။ ကင်ဆာရောဂါကို လက်တွေ့ပျောက်ကင်းခဲ့သောကြောင့် ကင်ဆာဆေးပင်ဟု ခေါ်ကြသည်။
အချို့အရပ်ဒေသအခေါ် အကျိတ်ကြေပင်ဟု ခေါ်ကြသည်။
စာရေးသူ လေ့လာစူးစမ်း၍ သိရသလောက် ရင်သားအကျိတ်များကို နုလျှင် မခွဲစိတ်ရဘဲ ကြိတ်ထောင်း၍ အုံပေးရခြင်း၊အနည်းငယ်ထောင်း၍ တိုက်ကျွေးပေးခြင်းများ ပြုလုပ်ပေးလျှင် အတွင်းအကျိတ်နာများ သိသိသာသာ လျော့ကျပျောက်ကင်းခြင်းများကို သုံးစွဲသူကိုယ်တိုင် ပြောကြား၍ သိခဲ့သည်။ ထို့ပြင် အဆိပ်ရှိသော အကောင်ကိုက်၍ ပွတ်ခြေပြီး အုံပေးရာ အဆိပ်ကျဆင်းကြောင်းကိုလည်း ကြုံတွေ့ရဖူးသည်။
ထို့ကြောင့် အများအားဖြင့် အဆိပ်ပြေပင်ဟုလည်း ခေါ်ဝေါ်သုံးစွဲကြသည်။
ဆေးပင်၏ပုံသဏ္ဌာန်မှာ ရိုးတံမာ၍အကြောများဖြင့် တည်ဆောက်ထားသော ပင်ပျော့မျိုးဖြစ်၏။ အပင်၏အမြင့်မှာ အများအားဖြင့် ငါးပေခွဲ ခြောက်ပေခန့်အထိ မြင့်တက်ပြီး နွဲ့နှောင်းကိုင်းညွတ်သော အပင်ဖြစ်သည်။ အရွက်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီး အနည်းငယ်ဝိုင်း၍ ထိပ်ပိုင်းတွင် ချွန်သည်။
အနားသတ်အထစ်ထစ် အတွန့်ကလေးများပါရှိ၍ ခေါင်ရန်းပင် အသေးစားအရွက်နှင့်ဆင်တူသည်။ ရေသုံးသော နေရာများတွင် တစ်တောင်ခန့် အရိုးရင့်ရင့်ကို ထိုးစိုက်ရုံ မျှဖြင့်ရှင်သန်နိုင်သော အပင်ဖြစ်သည်။ အရွက်မှာအလွန်ကြွေခဲ၍ စိမ်းရွှေရွှေနှင့် အနံ့ပြင်းပြသောအပင်ဖြစ်သည်။ အရွက်မှာ ရွက်ဆိုင်ထွက်သည်။ အပွင့်မှာပွင့်ခဲလှသည်။
ပွင့်လျှင်အဖြူရောင်အဆုပ်လေးများပွင့်ပြီး အသီးမှာ စာရေးသူတို့ ငယ်စဉ်က ဝါးပြွတ်တန် ကလေးထဲထည့်၍ ဖောက်ကစားသော ဘောင်ဘောင်သီးနှင့် ဆင်တူ၏။ ဆေးပင်၏ ဂုဏ်သတ္တိကို ကြည့်လျှင် စပ်ဖျဉ်းဖျဉ်းရှိ၏။ လက်နှင့်ပွတ်ခြေလျှင် စေးချွဲ၏။ သလိပ်နှင့်လေကို နိုင်၏။ ကြေညက်လွယ်၏။ အပူနာများကို နိုင်နင်း၏။ ဆီးအောင့် နာ၊ သည်းခြေနာ၊ ဝမ်းတွင်းကလီစာနှင့်သက်ဆိုင်သော အနာများကို အကျိုးပြု၏။
ခန္ဓာကိုယ်တွင်း အကျိတ်အခဲများကို ရေအနည်းငယ်နှင့် ကြိတ်ထောင်း၍ စတီးဇွန်း နှစ်ဇွန်းခန့် တိုက်ကျွေး၍ ဆီးနှင့်သက်ဆိုင်သော အဖောအရောင် ရောဂါများကို လက်တွင်းတစ်ဆုပ်ခန့် သုံးခွက်တစ်ခွက်တင် ကျိုတိုက်ခြင်းဖြင့် ဆီးပေါပေါသွား၍ အဖောအရောင် လျော့ကျစေသည်။
စာရေးသူ၏ ကိုယ်တွေ့ကို တင်ပြရလျှင် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စာရေးသူတို့ တာဝန်ကျရာ ကွမ်းခြံကုန်းမြို့လေးသို့ မိသားစု ပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်တွင် သမီးငယ်မှာ ကိုးတန်းကျောင်းသူမျှသာ ရှိသေးသော်လည်း အချိန်ရှိသရွေ့ ကျန်းမာရေး မကောင်းပေ။မိန်းကလေးတို့ သဘာဝ လစဉ်ပုံမှန် ရှိရမည့်အစား လာလိုက် ပျောက်လိုက် နှစ်လခန့်ကျော်သွားလိုက်ဖြင့် ပုံမှန် ကျန်းမာရေးကို မရရှိပါ။
စာရေးသူလည်း သမီးငယ်သေး၍ မမှန်သေးတာဖြစ်မည်။ ဖြစ်တတ် သည့်သဘာဝ ရှိခြင်းကြောင့်ဟုဆိုကာ သာမန်တိုင်းရင်းသွေးညှိဆေးနှင့် ရှားစောင်းလက်ပပ်ဆေးတို့ကိုသာ တိုက်ကျွေးခဲ့သည်။ သို့သော်အခြေအနေမှာ မထူးခြားလာပါ။ နောက်ပိုင်းတွင် ဓမ္မတာထိန်ကျန်ခြင်းများ မရှိတော့ဘဲ များများလာ၍ တော်ရုံဖြင့် မပြီးတတ်တော့ပေ။ တစ်လနှင့် တစ်လ ရာသီသွေးမှာ တရစပ်ဖြစ်ပြီး ရက်ခြားလျှင် သုံးရက်ခန့်သာရှိသည်။
ရန်ကုန်မြို့သို့ခေါ်လာ၍ မီးယပ်အထူးကုနှင့် ပြသသောအခါ (အာထရာဆောင်း) ရိုက်ကြည့်ရာမှ သားအိမ်တွင် ရေအိတ်နှင့် အကျိတ်ရှိနေကြောင်းသိလိုက်ရသည်။ ဆရာဝန်ကြီးအား ဆယ်တန်းစာမေးပွဲ မဖြေခင် ခွဲ၍ရလျှင် ခွဲထုတ်ပေးပါရန် ဆွေးနွေးကြည့်သောအခါ ယခုလိုသေးကြောင်း လိုအပ်လျှင် ခွဲပေးမည်ဖြစ်ကြောင်း ယခုပေးသည့် သွေးအားဖြည့်ဆေးခေါ် ( တော့ဟီးမား) ကိုသာ တစ်နေ့ တစ်ပုလင်းတိုက်ရမည့် အကြောင်းပြောပြီး ၁၅ ရက် တစ်ခါပြန်ပြရန် ပြောသည်။ ထိုအခါ သမီးငယ်မှာ ဆင်းသမျှသွေးကို အားထပ်ဖြည့်ရုံမှလွဲ၍ အိပ်ရာထဲတွင် တစ်ချိန်လုံး နေနေရသည်။ ထိုသို့နေရင်းနှင့်ပင် သမီးမှာ ဆယ်တန်း စာမေးပွဲကြီး တစ်နှစ် လက်လွတ်ဆုံးရှုံးခံလိုက်ရသည်။
တစ်နေ့တွင် စာရေးသူတို့ နေထိုင်သော ကွမ်းခြံကုန်းမြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌ ဆရာမဒေါ်သောင်းရီမှ အဖွဲ့၏ရုံးခန်းနောက်တွင် စိုက်ပျိုးထားသော တောင်လုံးကျော်ပင်မှ အရွက်ကို ထောင်း၍ တိုက်ရန် အကြံပြုလာသည်။ ၎င်းရုံးရှေ့ရှိ ကွမ်းယာဆိုင်မှ ညီမတစ်ဦးသည်လည်း ထိုကဲ့သို့ သားအိမ်အလုံးဖြစ်ရာ ဆရာဝန်မှာ တစ်လအနားယူ အားမွေးပါ။ တစ်လပြည့်လျှင် ပြန်ပြ။ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး ခွဲရမည်ဟုပြောလိုက်သည်။ ထိုညီမငယ်မှာ ငွေရေးကြေးရေးကလည်း အခက်အခဲရှိနေပြန်။ ဆိုင်ပိတ်ထားရလျှင်လည်း စားဝတ်နေရေး အဆင်မပြေလှသောကြောင့် အင်မတန်စိတ်ညစ်ရသည့်အချိန် ဖြစ်ချင်ရာဖြစ် စမ်းသောက်ကြည့်မည်ဟု ဆိုသည်။
တစ်နေ့နှစ်ကြိမ် ရေနွေးသောက်ပန်းကန်လုံးနှင့် တစ်ဝက်နီးပါး ကျဲကျဲလေးထောင်း၍ သောက်ကြည့်ရာ ၁၅ ရက်ခန့် သောက်ပြီးနေရထိုင်ရသည်မှာ ပေါ့ပါး၍ တစ်လပြည့် ပြန်ပြသောအခါ အလုံးမှာ သေးသေးမျှသာ ရှိသောကြောင့် ဆရာဝန်များမျက်စိလည်ခဲ့ရသည်။ ဆရာဝန်က ဘာဆေးတွေ သုံးသေးလဲဟု မေးရာ လူနာမှ အမှန်အတိုင်း ပြောပြလိုက်သောကြောင့် ခွဲစိတ်ရန် မလိုအပ်တော့ကြောင်း ၎င်းအတိုင်း ဆက်လက်သုံးစေပြီး ရက်ချိန်းမှန်မှန်သာ လာပြရန်ပြောခဲ့သည်။ နောက်ပိုင်း၎င်း ကွမ်းယာရောင်းသော ညီမလေးမှာ လုံးဝပျောက်ကင်းနေကြောင်း သိရသည်။
စာရေးသူမှာလည်း ရှေ့မှာလက်တွေ့သာဓကရှိထားသောကြောင့် သမီးကိုယုံယုံကြည်ကြည်ဖြင့် ဆေးရွက်ကို လက်တစ်ဆုပ်ခူးရေစင်အောင်ဆေးကြော၍ ထောင်းကာမနက်ကို လက်ဖက်ရည် အကြမ်း ပန်းကန်နှင့်တစ်ဝက်နီးနီး ညကိုလည်း ထိုနည်း အတိုင်းပင်ထောင်း၍ အမြန်ပျောက်စေချင်သော ဆန္ဒဖြင့် သရဏဂုံရွတ်ခြင်း၊ သစ္စာပြုခြင်း များပြုလုပ်၍ တိုက်ကျွေးသည်။၎င်းဆေးရွက်ကို ထောင်းရာတွင်ရေအနည်းငယ်ဆွတ်၍ ထောင်းမှသာ အရည်ရနိုင်သည်။
၎င်း၏ ထူးခြားချက်မှာ ထုထောင်းပြီး၍ ပန်းကန်လုံးထဲသို့ ညှစ်ချရာတွင်ချွဲ၍ အပြင်လေနှင့်ထိတွေ့ပြီး ခဲသွားတတ်သည်။ ဝမ်းထဲသို့မျိုချရာတွင် အပူအား များနေသောသူများအဖို့ လည်ချောင်းထဲ၌စပ်ရှားရှားဖြစ်ပြီး ခေတ္တရင်ပူသည့်အတွေ့ကို ခံစားရသည်။ ထိုသို့ ရက်ဆက်သောက်သွားလျှင် ဝမ်းတွင်း အပူငြိမ်း၍ နောက်ပိုင်းသောက်လိုက်သည်နှင့် ရင်ထဲတွင်အေးငြိမ်းသွားသော အသိကိုခံစားရသည်။
ထိုသို့ ရက်၂ဝ နီးပါးခန့် သမီးအားတိုက်ကျွေးပြီး ဆရာဝန်ထံသို့ ရက်ချိန်းပြန်ပြရာ အကျိတ်နှင့်အတူ သားအိမ်ရေအိတ်မှာ ကျုံ၍ အလွန်သေးငယ်သွားကြောင်း သိရသည်။
ထိုမှ အားဆေးနှင့် အချိန်ခြား၍ ဆက်လက်တိုက်ပေးရာ ယခုအချိန်တွင် ပုံမှန်ကျန်းမာရေး
ရရှိပြီး ပျောက်ကင်းချမ်းသာနေပြီဖြစ်သည်။ ထို့အတူ စာရေးသူမှာလည်း အသည်းကြီးရောဂါ ခံစားလာရသောကြောင့် ထိုကဲ့သို့ပင် သောက်သုံးရာမှ သိသိ သာသာ ပျောက်ကင်းခဲ့ကြောင်း မေတ္တာလောင်း၍ တင်ပြလိုက်ရပါသည်။
စိန်မေရီ လွင်မိုး
Zawgyi
သားအိမ္ထဲက အလုံး၊ ေရအိတ္ႏွင့္ အက်ိတ္ ဖယ္ရွားေပးနိုင္တဲ့ ေတာင္လုံးေက်ာ္ပင္
အသုံးခ်ပဳံ။
စြမ္းထက္သုံးဝင္ ေတာင္လုံးေက်ာ္ပင္
ေဆးပင္အမည္မွာ ေတာင္လုံးေက်ာ္ဟု သိရသည္။ အခ်ိဳ႕အမည္အရင္းကို မသိ။ ကင္ဆာေရာဂါကို လက္ေတြ႕ေပ်ာက္ကင္းခဲ့ေသာေၾကာင့္ ကင္ဆာေဆးပင္ဟု ေခၚၾကသည္။
အခ်ိဳ႕အရပ္ေဒသအေခၚ အက်ိတ္ေၾကပင္ဟု ေခၚၾကသည္။ စာေရးသူ ေလ့လာစူးစမ္း၍ သိရသေလာက္ ရင္သားအက်ိတ္မ်ားကို ႏုလွ်င္ မခြဲစိတ္ရဘဲ ႀကိတ္ေထာင္း၍ အုံေပးရျခင္း၊အနည္းငယ္ေထာင္း၍ တိုက္ေကြၽးေပးျခင္းမ်ား ျပဳလုပ္ေပးလွ်င္ အတြင္းအက်ိတ္နာမ်ား သိသိသာသာ ေလ်ာ့က်ေပ်ာက္ကင္းျခင္းမ်ားကို သုံးစြဲသူကိုယ္တိုင္ ေျပာၾကား၍ သိခဲ့သည္။ ထို႔ျပင္ အဆိပ္ရွိေသာ အေကာင္ကိုက္၍ ပြတ္ေျခၿပီး အုံေပးရာ အဆိပ္က်ဆင္းေၾကာင္းကိုလည္း ႀကဳံေတြ႕ရဖူးသည္။
ထို႔ေၾကာင့္ အမ်ားအားျဖင့္ အဆိပ္ေျပပင္ဟုလည္း ေခၚေဝၚသုံးစြဲၾကသည္။
ေဆးပင္၏ပုံသဏၭာန္မွာ ရိုးတံမာ၍အေၾကာမ်ားျဖင့္ တည္ေဆာက္ထားေသာ ပင္ေပ်ာ့မ်ိဳးျဖစ္၏။ အပင္၏အျမင့္မွာ အမ်ားအားျဖင့္ ငါးေပခြဲ ေျခာက္ေပခန႔္အထိ ျမင့္တက္ၿပီး ႏြဲ႕ေႏွာင္းကိုင္းၫြတ္ေသာ အပင္ျဖစ္သည္။ အ႐ြက္မွာ အစိမ္းရင့္ေရာင္ျဖစ္ၿပီး အနည္းငယ္ဝိုင္း၍ ထိပ္ပိုင္းတြင္ ခြၽန္သည္။
အနားသတ္အထစ္ထစ္ အတြန႔္ကေလးမ်ားပါရွိ၍ ေခါင္ရန္းပင္ အေသးစားအ႐ြက္ႏွင့္ဆင္တူသည္။ ေရသုံးေသာ ေနရာမ်ားတြင္ တစ္ေတာင္ခန႔္ အရိုးရင့္ရင့္ကို ထိုးစိုက္႐ုံ မွ်ျဖင့္ရွင္သန္နိုင္ေသာ အပင္ျဖစ္သည္။ အ႐ြက္မွာအလြန္ေႂကြခဲ၍ စိမ္းေ႐ႊေ႐ႊႏွင့္ အနံ႕ျပင္းျပေသာအပင္ျဖစ္သည္။ အ႐ြက္မွာ ႐ြက္ဆိုင္ထြက္သည္။ အပြင့္မွာပြင့္ခဲလွသည္။
ပြင့္လွ်င္အျဖဴေရာင္အဆုပ္ေလးမ်ားပြင့္ၿပီး အသီးမွာ စာေရးသူတို႔ ငယ္စဥ္က ဝါးႁပြတ္တန္ ကေလးထဲထည့္၍ ေဖာက္ကစားေသာ ေဘာင္ေဘာင္သီးႏွင့္ ဆင္တူ၏။ ေဆးပင္၏ ဂုဏ္သတၱိကို ၾကည့္လွ်င္ စပ္ဖ်ဥ္းဖ်ဥ္းရွိ၏။ လက္ႏွင့္ပြတ္ေျခလွ်င္ ေစးခြၽဲ၏။ သလိပ္ႏွင့္ေလကို နိုင္၏။ ေၾကညက္လြယ္၏။ အပူနာမ်ားကို နိုင္နင္း၏။ ဆီးေအာင့္ နာ၊ သည္းေျခနာ၊ ဝမ္းတြင္းကလီစာႏွင့္သက္ဆိုင္ေသာ အနာမ်ားကို အက်ိဳးျပဳ၏။ ခႏၶာကိုယ္တြင္း အက်ိတ္အခဲမ်ားကို ေရအနည္းငယ္ႏွင့္ ႀကိတ္ေထာင္း၍ စတီးဇြန္း ႏွစ္ဇြန္းခန႔္ တိုက္ေကြၽး၍ ဆီးႏွင့္သက္ဆိုင္ေသာ အေဖာအေရာင္ ေရာဂါမ်ားကို လက္တြင္းတစ္ဆုပ္ခန႔္ သုံးခြက္တစ္ခြက္တင္ က်ိဳတိုက္ျခင္းျဖင့္ ဆီးေပါေပါသြား၍ အေဖာအေရာင္ ေလ်ာ့က်ေစသည္။
စာေရးသူ၏ ကိုယ္ေတြ႕ကို တင္ျပရလွ်င္ လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ခန႔္က စာေရးသူတို႔ တာဝန္က်ရာ ကြမ္းၿခံကုန္းၿမိဳ႕ေလးသို႔ မိသားစု ေျပာင္းေ႐ႊ႕ခဲ့ရသည္။ ထိုအခ်ိန္တြင္ သမီးငယ္မွာ ကိုးတန္းေက်ာင္းသူမွ်သာ ရွိေသးေသာ္လည္း အခ်ိန္ရွိသေ႐ြ႕ က်န္းမာေရး မေကာင္းေပ။မိန္းကေလးတို႔ သဘာဝ လစဥ္ပုံမွန္ ရွိရမည့္အစား လာလိုက္ ေပ်ာက္လိုက္ ႏွစ္လခန႔္ေက်ာ္သြားလိုက္ျဖင့္ ပုံမွန္ က်န္းမာေရးကို မရရွိပါ။
စာေရးသူလည္း သမီးငယ္ေသး၍ မမွန္ေသးတာျဖစ္မည္။ ျဖစ္တတ္ သည့္သဘာဝ ရွိျခင္းေၾကာင့္ဟုဆိုကာ သာမန္တိုင္းရင္းေသြးညွိေဆးႏွင့္ ရွားေစာင္းလက္ပပ္ေဆးတို႔ကိုသာ တိုက္ေကြၽးခဲ့သည္။ သို႔ေသာ္အေျခအေနမွာ မထူးျခားလာပါ။ ေနာက္ပိုင္းတြင္ ဓမၼတာထိန္က်န္ျခင္းမ်ား မရွိေတာ့ဘဲ မ်ားမ်ားလာ၍ ေတာ္႐ုံျဖင့္ မၿပီးတတ္ေတာ့ေပ။ တစ္လႏွင့္ တစ္လ ရာသီေသြးမွာ တရစပ္ျဖစ္ၿပီး ရက္ျခားလွ်င္ သုံးရက္ခန႔္သာရွိသည္။
ရန္ကုန္ၿမိဳ႕သို႔ေခၚလာ၍ မီးယပ္အထူးကုႏွင့္ ျပသေသာအခါ (အာထရာေဆာင္း) ရိုက္ၾကည့္ရာမွ သားအိမ္တြင္ ေရအိတ္ႏွင့္ အက်ိတ္ရွိေနေၾကာင္းသိလိုက္ရသည္။ ဆရာဝန္ႀကီးအား ဆယ္တန္းစာေမးပြဲ မေျဖခင္ ခြဲ၍ရလွ်င္ ခြဲထုတ္ေပးပါရန္ ေဆြးေႏြးၾကည့္ေသာအခါ ယခုလိုေသးေၾကာင္း လိုအပ္လွ်င္ ခြဲေပးမည္ျဖစ္ေၾကာင္း ယခုေပးသည့္ ေသြးအားျဖည့္ေဆးေခၚ ( ေတာ့ဟီးမား) ကိုသာ တစ္ေန႕ တစ္ပုလင္းတိုက္ရမည့္ အေၾကာင္းေျပာၿပီး ၁၅ ရက္ တစ္ခါျပန္ျပရန္ ေျပာသည္။ ထိုအခါ သမီးငယ္မွာ ဆင္းသမွ်ေသြးကို အားထပ္ျဖည့္႐ုံမွလြဲ၍ အိပ္ရာထဲတြင္ တစ္ခ်ိန္လုံး ေနေနရသည္။ ထိုသို႔ေနရင္းႏွင့္ပင္ သမီးမွာ ဆယ္တန္း စာေမးပြဲႀကီး တစ္ႏွစ္ လက္လြတ္ဆုံးရႈံးခံလိုက္ရသည္။
တစ္ေန႕တြင္ စာေရးသူတို႔ ေနထိုင္ေသာ ကြမ္းၿခံကုန္းၿမိဳ႕နယ္ မိခင္ႏွင့္ကေလးဥကၠ႒ ဆရာမေဒၚေသာင္းရီမွ အဖြဲ႕၏႐ုံးခန္းေနာက္တြင္ စိုက္ပ်ိဳးထားေသာ ေတာင္လုံးေက်ာ္ပင္မွ အ႐ြက္ကို ေထာင္း၍ တိုက္ရန္ အႀကံျပဳလာသည္။ ၎႐ုံးေရွ႕ရွိ ကြမ္းယာဆိုင္မွ ညီမတစ္ဦးသည္လည္း ထိုကဲ့သို႔ သားအိမ္အလုံးျဖစ္ရာ ဆရာဝန္မွာ တစ္လအနားယူ အားေမြးပါ။ တစ္လျပည့္လွ်င္ ျပန္ျပ။ လိုအပ္ေသာ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ခြဲရမည္ဟုေျပာလိုက္သည္။ ထိုညီမငယ္မွာ ေငြေရးေၾကးေရးကလည္း အခက္အခဲရွိေနျပန္။ ဆိုင္ပိတ္ထားရလွ်င္လည္း စားဝတ္ေနေရး အဆင္မေျပလွေသာေၾကာင့္ အင္မတန္စိတ္ညစ္ရသည့္အခ်ိန္ ျဖစ္ခ်င္ရာျဖစ္ စမ္းေသာက္ၾကည့္မည္ဟု ဆိုသည္။ တစ္ေန႕ႏွစ္ႀကိမ္ ေရေႏြးေသာက္ပန္းကန္လုံးႏွင့္ တစ္ဝက္နီးပါး က်ဲက်ဲေလးေထာင္း၍ ေသာက္ၾကည့္ရာ ၁၅ ရက္ခန႔္ ေသာက္ၿပီးေနရထိုင္ရသည္မွာ ေပါ့ပါး၍ တစ္လျပည့္ ျပန္ျပေသာအခါ အလုံးမွာ ေသးေသးမွ်သာ ရွိေသာေၾကာင့္ ဆရာဝန္မ်ားမ်က္စိလည္ခဲ့ရသည္။ ဆရာဝန္က ဘာေဆးေတြ သုံးေသးလဲဟု ေမးရာ လူနာမွ အမွန္အတိုင္း ေျပာျပလိုက္ေသာေၾကာင့္ ခြဲစိတ္ရန္ မလိုအပ္ေတာ့ေၾကာင္း ၎အတိုင္း ဆက္လက္သုံးေစၿပီး ရက္ခ်ိန္းမွန္မွန္သာ လာျပရန္ေျပာခဲ့သည္။ ေနာက္ပိုင္း၎ ကြမ္းယာေရာင္းေသာ ညီမေလးမွာ လုံးဝေပ်ာက္ကင္းေနေၾကာင္း သိရသည္။
စာေရးသူမွာလည္း ေရွ႕မွာလက္ေတြ႕သာဓကရွိထားေသာေၾကာင့္ သမီးကိုယုံယုံၾကည္ၾကည္ျဖင့္ ေဆး႐ြက္ကို လက္တစ္ဆုပ္ခူးေရစင္ေအာင္ေဆးေၾကာ၍ ေထာင္းကာမနက္ကို လက္ဖက္ရည္ အၾကမ္း ပန္းကန္ႏွင့္တစ္ဝက္နီးနီး ညကိုလည္း ထိုနည္း အတိုင္းပင္ေထာင္း၍ အျမန္ေပ်ာက္ေစခ်င္ေသာ ဆႏၵျဖင့္ သရဏဂုံ႐ြတ္ျခင္း၊ သစၥာျပဳျခင္း မ်ားျပဳလုပ္၍ တိုက္ေကြၽးသည္။၎ေဆး႐ြက္ကို ေထာင္းရာတြင္ေရအနည္းငယ္ဆြတ္၍ ေထာင္းမွသာ အရည္ရနိုင္သည္။၎၏ ထူးျခားခ်က္မွာ ထုေထာင္းၿပီး၍ ပန္းကန္လုံးထဲသို႔ ညွစ္ခ်ရာတြင္ခြၽဲ၍ အျပင္ေလႏွင့္ထိေတြ႕ၿပီး ခဲသြားတတ္သည္။ ဝမ္းထဲသို႔မ်ိဳခ်ရာတြင္ အပူအား မ်ားေနေသာသူမ်ားအဖို႔ လည္ေခ်ာင္းထဲ၌စပ္ရွားရွားျဖစ္ၿပီး ေခတၱရင္ပူသည့္အေတြ႕ကို ခံစားရသည္။ ထိုသို႔ ရက္ဆက္ေသာက္သြားလွ်င္ ဝမ္းတြင္း အပူၿငိမ္း၍ ေနာက္ပိုင္းေသာက္လိုက္သည္ႏွင့္ ရင္ထဲတြင္ေအးၿငိမ္းသြားေသာ အသိကိုခံစားရသည္။
ထိုသို႔ ရက္၂ဝ နီးပါးခန႔္ သမီးအားတိုက္ေကြၽးၿပီး ဆရာဝန္ထံသို႔ ရက္ခ်ိန္းျပန္ျပရာ အက်ိတ္ႏွင့္အတူ သားအိမ္ေရအိတ္မွာ က်ဳံ၍ အလြန္ေသးငယ္သြားေၾကာင္း သိရသည္။ ထိုမွ အားေဆးႏွင့္ အခ်ိန္ျခား၍ ဆက္လက္တိုက္ေပးရာ ယခုအခ်ိန္တြင္ ပုံမွန္က်န္းမာေရး
ရရွိၿပီး ေပ်ာက္ကင္းခ်မ္းသာေနၿပီျဖစ္သည္။ ထို႔အတူ စာေရးသူမွာလည္း အသည္းႀကီးေရာဂါ ခံစားလာရေသာေၾကာင့္ ထိုကဲ့သို႔ပင္ ေသာက္သုံးရာမွ သိသိ သာသာ ေပ်ာက္ကင္းခဲ့ေၾကာင္း ေမတၱာေလာင္း၍ တင္ျပလိုက္ရပါသည္။
စိန္ေမရီ လြင္မိုး
Credit Myawady Health