ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက် ရောဂါဆယ်မျိုးပျောက်
တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက်မျဥ်းခြင်းကို ပယ်ပျောက်စေနိုင်ပြီး စိတ်ကိုကြည်နူးစေသောဆေးပွင့်။ သွေးဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။
ဆိပ်ဖလူးပင်၏ ပဉ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။ ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။မီးယပ် သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်။
-ဆိပ်ဖလူးပွင့်ကိုစုဆောင်း အမှုန့်ကြိတ်၍ သကြားနှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေသည်။
-ဆိပ်ဖလူးပွင့်ကို သကြားနှင့်ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံးဆိုသည့်အတိုင်း အမျိုးသမီးများ ဆံပင်ကောင်းစေ သန်စေသည်။
-ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့်ကြော်စားလျင် ကိုယ်ဝန်ကိုကြီးထွားစေသည်။သန်မာထွားကျိုင်းသော သားသမီးရတနာ၏ မိခင်ဖြစ်မည်။
-ဆိပ်ဖလူးပွင့် သတ္တရည်ကို ဆန်ဆေးရည်နှင့် သကြားအနည်းငယ်ခပ်သောက်ပါက အပုပ်ဆန်သောရောဂါပျောက်သည်။
-ဆိပ်ဖလူးပွင့်နုနုလက်တစ်ဆုပ်နှင့် ငရုတ်ကောင်း (၇)စေ့ ကြိတ်၍ သောက်လျှင် အမျိုးသမီး များမီးယပ်သွေးလွန် ပျောက်၏။
-ဆိပ်ဖလူးပွင့်အခြောက်ကို လဖက်ခြောက်သဖွယ်သောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။(မှတ်ချက် ဓာတ်ဘူးထဲက ညသိပ်ရေနွေးမသောက်ပါနှင့်)
-အရေပြားပေါ်မှာဖြစ်သော ယားနာအမျိုးမျိုးတို့အတွက် ဆိပ်ဖလူးပွင့်ကို နို့(သို့)နို့မှုန့်နှင့် ကြိတ်၍ လိမ်းပေးပါက ပျောက်သည်။
-ဦးခေါင်း၌ဖြစ်သော ဒက်ကို ဆိပ်ဖလူးပွင့်ခြောက် အုန်းဆီနှင့်ချက်၍ လိမ်းပေးလျှင်သက်သာပျောက်ကင်းသည်။
-ဆိပ်ဖလူးရွက်သတ္တုရည်တွင် ဆားခပ်၍ လဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ပါက သန်ကောင်များ အထွေးလိုက် ကျဆင်းစေပါသည်။
-ဆိပ်ဖလူးရွက် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ဆီးခဏခဏသွားရသော ဆီးလွန်ရောဂါဝေဒ နာကို သက်သာပျောက်ကင်းစေပါသည်။
Credit-သမားတော်ကြီးဦးသောင်းရွှေ၊ MyMc
Zawgyi
ဆိပ္ဖလူးပင္၊ အပြင့္၊ အေခါက္ ေရာဂါဆယ္မ်ိဳးေပ်ာက္
တန္ဖိုးႀကီးေသာေဆးပြင့္ မူးေဝငိုက္မ်ဥ္းျခင္းကို ပယ္ေပ်ာက္ေစနိုင္ၿပီး စိတ္ကိုၾကည္ႏူးေစေသာေဆးပြင့္။ ေသြးေဆးေဖာ္စပ္ရာတြင္ အသုံးျပဳေသာ ေဆးပြင့္ျဖစ္သည္။
ဆိပ္ဖလူးပင္၏ ပၪၥငါးပါးသည္ ဆံပင္ကို အက်ိဳးျပဳသည္။ ဆံပင္ကြၽတ္ေသာေရာဂါကို ေကာင္း၏။မီးယပ္ ေသြးလြန္၊ ျမင္းသရိုက္ေရာဂါ၊ အဆစ္ေရာင္၊ သုတ္အားနည္းျခင္း၊ ဆီးလြန္ေရာဂါ၊ ကေလးသန္ထိုးေသာေရာဂါ၊ တိရိစာၦန္မ်ား အဆိပ္သင့္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။ ကိုယ္ဝန္ကို ႀကီးထြားေစသည္။
-ဆိပ္ဖလူးပြင့္ကိုစုေဆာင္း အမႈန့္ႀကိတ္၍ သၾကားႏွင့္ ေရာစပ္၍ ေန႕လယ္ လဖက္စားဇြန္း တစ္ဇြန္းမွန္မွန္ေသာက္ပါက အမ်ိဳးသားမ်ား သုတ္ေသြးအားေကာင္းေစသည္။
-ဆိပ္ဖလူးပြင့္ကို သၾကားႏွင့္ေၾကာ္စားလွ်င္ မိန္းမတို႔ ဘုန္းဆံထုံးဆိုသည့္အတိုင္း အမ်ိဳးသမီးမ်ား ဆံပင္ေကာင္းေစ သန္ေစသည္။
-ဆိပ္ဖလူးပြင့္ကို ၾကက္သားႏွင့္ေၾကာ္စားလ်င္ ကိုယ္ဝန္ကိုႀကီးထြားေစသည္။ သန္မာထြားက်ိဳင္းေသာ သားသမီးရတနာ၏ မိခင္ျဖစ္မည္။
-ဆိပ္ဖလူးပြင့္ သတၱရည္ကို ဆန္ေဆးရည္ႏွင့္ သၾကားအနည္းငယ္ခပ္ေသာက္ပါက အပုပ္ဆန္ေသာေရာဂါေပ်ာက္သည္။
-ဆိပ္ဖလူးပြင့္ႏုႏုလက္တစ္ဆုပ္ႏွင့္ င႐ုတ္ေကာင္း (၇)ေစ့ ႀကိတ္၍ ေသာက္လွ်င္ အမ်ိဳးသမီး မ်ားမီးယပ္ေသြးလြန္ ေပ်ာက္၏။
-ဆိပ္ဖလူးပြင့္အေျခာက္ကို လဖက္ေျခာက္သဖြယ္ေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။(မွတ္ခ်က္ ဓာတ္ဘူးထဲက ညသိပ္ေရေႏြးမေသာက္ပါႏွင့္)
-အေရျပားေပၚမွာျဖစ္ေသာ ယားနာအမ်ိဳးမ်ိဳးတို႔အတြက္ ဆိပ္ဖလူးပြင့္ကို နို႔(သို႔)နို႔မႈန့္ႏွင့္ ႀကိတ္၍ လိမ္းေပးပါက ေပ်ာက္သည္။
-ဦးေခါင္း၌ျဖစ္ေသာ ဒက္ကို ဆိပ္ဖလူးပြင့္ေျခာက္ အုန္းဆီႏွင့္ခ်က္၍ လိမ္းေပးလွ်င္သက္သာေပ်ာက္ကင္းသည္။
-ဆိပ္ဖလူး႐ြက္သတၱဳရည္တြင္ ဆားခပ္၍ လဖက္ရည္ဇြန္းတစ္ဇြန္း တိုက္ပါက သန္ေကာင္မ်ား အေထြးလိုက္ က်ဆင္းေစပါသည္။
-ဆိပ္ဖလူး႐ြက္ သုံးခြက္တစ္ခြက္တင္ က်ိဳေသာက္ပါက ဆီးခဏခဏသြားရေသာ ဆီးလြန္ေရာဂါေဝဒ နာကို သက္သာေပ်ာက္ကင္းေစပါသည္။
Credit-သမားေတာ္ႀကီးဦးေသာင္းေ႐ႊ၊ MyMc