Menu Close
Author: Admin A
ကျောက်ကပ်ရောင်လျင် ဒရင်ကောက်ပင်
ကျောက်ကပ်ရောင်လျင် ဒရင်ကောက်ပင်   မိတ်ဆွေတစ်ဦး ခါးနာနေတာ ဆေးစစ်တော့ ကျောက်ကပ်ရောင်လို့ ခါးနာတာသိရလို့ ဆေးနည်းတောင်းလာပါတယ်။အဲဒါနဲ့ ဒရင်ကောက်ပင်တစ်ခက်ကို ညက်နေအောင် ထောင်းပြီး ကျောက်ကပ်နာနေတဲ့အပေါ် ကပ်ထားပေးပါပြောပြီး အပင်ပုံရော ဆေးနည်းပါ ပေးလိုက်ပါတယ်။ ပုံတွေ့မှ သူတို့ဒေသမှာ ဒဂေါက်ညွန့်လို့ ခေါ်ပြီး ဘေးခြင်းကပ်ရွာမှာ ကောက်ကောက်ညွန့်လို့ ခေါ်တဲ့အကြောင်း ပြန်ပြောပါတယ်။…
ဗိုက်ခေါက်ထူနေသူများ၊လေငန်းသမားများအတွက် ဆေးနည်းကောင်း
ဗိုက်ခေါက်ထူနေသူများ၊လေငန်းသမားများအတွက် ဆေးနည်းကောင်း   ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့်ရပါမည်။ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက်စီ ထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ…
တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်
တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်   ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့်ရှင်းစေလို့ အကောင်းဆုံးအဖော်မွန်ပါဘဲ။ (က)ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက်များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုးတည်းကိုသာ စိတ်ချလက်ချ လိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။…
သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး
သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး   ပုန်းရည်ကြီးဟာ ရှေးယခင်ကနေ ခုချိန်ထိ အချိန်အတော်အကြာ တည်ရှိနေတဲ့ မြန်မာ့ရိုးရာ အစားအစာတမျိုးဖြစ်ပါတယ်။ ပုန်းရည်ကြီးဟာ အချဉ်ဖောက်ထားတဲ့ ပဲအနှစ်တမျိုးဖြစ်ပြီး လူကြီးကလေးအားလုံးနီးပါး ကြိုက်နှစ်သက်ကြပါတယ်။ ပုန်းရည်ကြီးကို ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေနဲ့ သုပ်စားကြသလို ဝက်သား၊ ငါးကြီးသား…
ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်သည့်ဟင်းနုနွယ်
ဟင်းနုနွယ်က ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်   ကျီးပေါင်းအတွက် ဆေးကောင်း ကျွန်တော့်ဘကြီး သူငယ်ချင်းက ခါးကျီးပေါင်း ဖြစ်နေတာ 201 5 ခုနှစ်ကပါ။ MRI ရိုက်တော့ ကျီးပေါင်းဖြစ်နေပြီ လူက ကောင်းကောင်း မထနိုင်တော့ပါ။ ဆရာတော် တစ်ပါးက ဆေးနည်း ပေးလှူသဖြင့် ယုံကြည်စွာ လုပ်ဆောင်ခဲ့ပြီး…
ပေါက်ပန်းဖြူတစ်ခက် ကျည်းပေါင်းအတွက်
အသံဝင်၊အသံမထွက်သူများအတွက်အံ့ဖွယ်ဆေး
အသံဖြင့်ဘဝရပ်တည် အသက်မွေးဝမ်းကြောင်းပြုရသူတို့ အတွက် ဝမ်းမြောက်ဖွယ်သဘာဝဆေးနည်းလေးဖြစ်ပါသည်။ ဘဝတစ်လျှောက်ဖြတ်သန်းစဉ် အသံထုတ်ပြီး အလုပ်လုပ်ရသောသူများအသံဝင်၊ အသံနာ၊ အသံမထွက်ဖြစ်တိုင်း တင်ပြပါနည်းလမ်းလေးကို ပေးခဲ့ရာ ပျောက်ကင်းသည်ဆိုသော အဖြေတစ် ခုကျေနပ်ဖွယ်ရလဒ်ကြောင့် ဝမ်းသာကြည်နူး မိသည်ကအမှန်ပင်ဖြစ်လေသည်။ မကြာသေးမီကပင် ကထိန်ပွဲအတွက်သံချပ်ထိုး သူတို့ အလေ့အကျင့်လွန်၍အသံမထွက်တော့ချေ။အောက်ဖေါ်ပြပါနည်းလေးဖြင့်မူလအသံပြန်ရပါသည်။ ပြု လုပ်ပုံနည်းလမ်းနှင့်သောက်သုံးနည်း (၁) မုန်လာဥဖြူစိမ်း(၂)လုံးကို ပါးပါးလှီးပြီးထုချေ၍…
ရင်ကြပ်၊ ထိပ်ကပ်နာ၊ လည်ချောင်းနာအတွက် ဒန့်သလွန်
ဒန့်သလွန်မှာအရိုးနီနဲ့အရိုးဖြူ(၂)မျိုးရှိပြီးရှေးဆရာများကအနီမျိုးကသြဇာအာနိသင်ပိုကောင်းတယ်လို့ဆိုပါတယ်။ အင်္ဂလိပ်လိုHorse-raddish/Drumstick Treeလို့ခေါ်ပါတယ်။ ရုက္ခဗေဒလိုတော့Moringa Oleifera ဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ဖိလစ်ပိုင်၊ အာဖရိကနိုင်ငံတွေနဲ့ တောင်အမေရိကဒေသတွေမှာ အနှံ့အပြားပေါက်ရောက်ပါတယ် အာဖရိကတိုက်မှာတော့ ဒန့်သလွန်ဆီကို စားသုံးတဲ့အပြင် အလှကုန်ထဲမှာလည်းထဲ့သွင်းအသုံးချကြပါတယ်။ဒန့်သလွန်ရွက်ကအဆီထုတ်ယူလို့ရသလို အစေ့ကနေလည်း အဆီနှစ်ထုတ်ယူလို့ရပါတယ်။ဒန့်သလွန်ဆီကိုအလှအပ၊အရေပြား၊ဆံပင်၊စားသောက်ကုန်အဖြစ်သုံးပါတယ် ထိုင်းနိုင်ငံရဲ့သုတေသနတွေအရဒန့်သလွန်သီးတွေဟာ သွေးထဲကအဆီတွေကျဆင်းစေနိုင်တဲ့ Antioxidants တွေ များစွာပါဝင်နေပါတယ်။ဒါကြောင့်သွေးတွင်းအဆီကျစေဖို့ဒန့်သလွန်အရွက်ကို စားသုံးနိုင်ပါတယ် ဒန့်သလွန်ကိုတိုင်းရင်းဆေးကျမ်းများမှာ ဒန့်သလွန်…
ကြက်သွန်ဖြူ စားသုံးခြင်း၏ ကျန်းမာရေးကောင်းကျိုး
ကြက်သွန်ဖြူသည် သွေးကို သန့်စေသည်။ ပိုးမွှားများကို သေစေသည်။ အဖျားပိုးကိုလဲ လွယ်ကူစွာကျစေသည်။ ချွေးစေးများ ထွက်ခြင်းကို အားပေးသည်။ ဆီးနှင့် ဝမ်းကို ရွှင်စေသည်။ ကာမ အားကောင်းစေရန် အထောက်အပံ့ပေးသည်။ မျက်စိကိုလည်း လွန်စွာ အကျိုးပြုသည်။ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ‌ေပျာက်ကင်းသက်သာသည်ဟု သိထားရပါသည်။ ကြက်သွန်ဖြူကို…
ပန်းနာ ရင်ကြပ် နဲ့ ဆီးချို အတွက် အစာလည်းဆေး ဆေးလည်းအစာဖြစ်တဲ့ ရုံးပတီသီး
ပန်းနာရင်ကျပ်သမားတွေအတွက်မိတ်ဆွေကောင်း ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။ ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း ရုံးပတီပင်ကအပွင့်နဲ့သစ်ရွက်တွေကိုပြုတ် ပြီး…