အဆီပြန်တာ သက်သာစေပြီး အစက်အပျောက်ကင်းစင်စေမယ့် အာလူး
အာလူးကတော့ အရသာလည်းရှိလို့ မြန်မာတို့ အမျိုးမျိုးချက်စားကြပါတယ်။ အိမ်မှာစားဖို့အတွက် အာလူးကိုဝယ်ရင် အလှအပအတွက်လည်း တစ်လုံးလောက်ကို အသုံးပြုလိုက်ရင် ဘယ်လိုလဲ။ စားလည်းစားလို့ရတယ် လှလည်းလှသွားမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။
၁။အာလူးနဲ့ သံပုယိုသီး
အာလူး ၁ လုံး၊ သံပုယိုသီး တစ်ဝက်
ပြင်ဆင်ခြင်း
အာလူးကို Blender (ဖျော်စက်) နဲ့ဖျော်ပြီး သံပုယိုသီးညှစ်ထည့်ပါ။ ပြီးရင် သေချာမွှေပေးပါ။ ရောထားတဲ့ဟာကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။
၂။အာလူးနဲ့ သခွားသီး
ပါဝင်ပစ္စည်း
အာလူး ၁ လုံး၊ သခွားသီး တစ်ခြမ်း
ပြင်ဆင်ခြင်း
အာလူးနဲ့သခွားသီးကို ဖျော်စက်ထဲထည့်ပြီး မွှေပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။
Source: healthylifecenter. net
Credit-MyFood Myanmar
Zawgyi
၁။အာလူးနဲ့ သံပုယိုသီး
ပြင်ဆင်ခြင်း
၂။အာလူးနဲ့ သခွားသီး
ပါဝင်ပစ္စည်း
ပြင်ဆင်ခြင်း