အဆုတ်မှာအနာပေါက်ပြီး ပြည်တည်သော ရောဂါကို သက်သာစေတဲ့ ဘိစပ်ရွက်
ရောဂါလက္ခဏာမှာ ချောင်းဆိုးလိုက်ပါက လည်ချောင်းအတွင်းမှ ပြည်များ ထွက်ကျလာတတ်ပါတယ်။အချိန်ကြာကြာ ရေချိုးရာမှ အဆုတ်အအေးပတ်ပြီးဖြစ်သော ရောဂါ ဖြစ်ပါတယ်။
ဆေးနည်းကတော့ လွယ်ပါတယ်။လွယ်တယ်ဆိုပြီး အထင်မသေးစေချင်ပါဘူး။လက်တွေ့ ပျောက်သွားတဲ့သူတွေရဲ့ ဆေးနည်းဖြစ်ပါတယ်။
ဘိစပ်ရွက်ကြိတ်ရည် အကြမ်းပုဂံ ၁ လုံးခန့် မနက်အိပ်ရာထ ၁ ကြိမ်၊ ညအိပ်ရာဝင် ၁ ကြိမ်၊အစားနဲ့ဝေးဝေး သောက်ပေးပါ။
နေ့စဉ် ပုံမှန် သောက်ပေးပါ။သောက်နေရင်းနဲ့ ထူးခြားလာပါလိမ့်မယ်။သက်သာတဲ့အထိ သောက်ပေးပါ။အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။
Credit–Original Uploader
Zawgyi