Menu Close

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်သည့် ချဉ်ပေါင်ဖူး

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်သည့် ချဉ်ပေါင်ဖူး

 

ချဉ်ပေါင်ဖူး၏ အကျိုးကျေးဇူးများ

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း

လေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေးပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့ အစွမ်းရှိလို့ပါ။တခြားလေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်က ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ် ဟန့်တားနိုင်ကြောင်း သိရပါတယ်။

 

 

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်တဲ့ အဆင့်ကို တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။တချို့ တိုင်းပြည်တွေမှာ ချဉ်ပေါင်ဖူးကို သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့လိုမျိုး ကောင်းကျိုးတွေ ရရှိဖို့အတွက် အသုံးပြုလာကြပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း

ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။

ဗီတာမင်စီကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အနာကျက်စေပါတယ်၊ ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ သွားဖုံးကို ကျန်းမာစေပါတယ်၊ သွားတွေကိုကျန်းမာစေပါတယ်၊ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်စေပါတယ်၊ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်၊ အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးပါတယ်၊ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်၊ အဆုတ်ကို ကျန်းမာစေပါတယ်၊ မကြာခဏ အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကယ်လ်စီယမ်ကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်၊ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်၊ကြွက်သားလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ သွေးခဲအောင် လှုံ့ဆော်ပေးပါတယ်၊ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်၊ အရိုးပုံပျက်နိုင်ခြေ သက်သာစေပါတယ်၊ သွားတွေကို ကျန်းမာစေပါတယ်အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ချဉ်ပေါင်ဖူးမှာ သြဂဲနစ် အက်စစ်ပမာဏ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီး သုံးနေကြောင်း ဆိုပါတယ်။

ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။

Credit-DATA Doctor

 

Zawgyi

 

ကင္ဆာႏွင့္ ေသြးတိုးေရာဂါကို ဟန႔္တားနိုင္သည့္ ခ်ဥ္ေပါင္ဖူး

 

ခ်ဥ္ေပါင္ဖူး၏ အက်ိဳးေက်းဇူးမ်ား

ကင္ဆာႏွင့္ ေသြးတိုးေရာဂါကို ဟန႔္တားနိုင္ျခင္း

 

 

ေလ့လာမႈ တစ္ရပ္အရ ခ်ဥ္ေပါင္ဖူးဟာ ေသြးတိုးတာကို ေလ်ာ့က်ေစနိုင္ေၾကာင္း သိရပါတယ္။ ခ်ဥ္ေပါင္ဖူးဟာ ေသြးေၾကာေတြကို က်ယ္ေစၿပီး ေသြးေစးပ်စ္မႈ ေလ်ာ့က်ေစကာ ဆီးသြားမ်ားေစတဲ့ အစြမ္းရွိလို႔ပါ။ တျခားေလ့လာမႈ တစ္ရပ္အရ ခ်ဥ္ေပါင္ဖူးမွာပါတဲ့ အန္သိုဆိုင္ယာနင္က ကင္ဆာဆဲလ္ေတြကို ေသေစနိုင္တာေၾကာင့္ ကင္ဆာေရာဂါကို ကာကြယ္ ဟန႔္တားနိုင္ေၾကာင္း သိရပါတယ္။

ေရာဂါေဝဒနာကို ခုခံနိုင္စြမ္းရွိျခင္း

ခ်ဥ္ေပါင္ဖူးမွာ ဗီတာမင္စီနဲ႕ အင္သိုဆိုင္ယာနင္ဆိုတဲ့ အင္တီေအာက္ဆီးဒင့္ ပါဝင္မႈ ျမင့္မားတာေၾကာင့္ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ရဲ႕ ေရာဂါေဝဒနာေတြကို တြန္းလွန္နိုင္တဲ့ အဆင့္ကို တိုးတက္ ေကာင္းမြန္ေစနိုင္ပါတယ္။

တခ်ိဳ႕ တိုင္းျပည္ေတြမွာ ခ်ဥ္ေပါင္ဖူးကို ေသြးတိုးတာကို ထိန္းခ်ဳပ္နိုင္ဖို႔လိုမ်ိဳး ေကာင္းက်ိဳးေတြ ရရွိဖို႔အတြက္ အသုံးျပဳလာၾကပါတယ္။

ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားစြာ ပါဝင္ျခင္း

ခ်ဥ္ေပါင္ဖူးမွာ ဗီတာမင္ေအ၊ ဗီတာမင္ B2၊ ဗီတာမင္ B3၊ ဗီတာမင္စီ၊ ပရိုတင္းဓာတ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ မဂၢနီဆီယမ္၊ ေဖာ့စ္ဖရပ္စ္၊ ပိုတက္စီယမ္၊ ဆိုဒီယမ္၊ သဘာဝအဆီ၊ ကာဗိုဟိုက္ဒရိတ္တို႔ ပါဝင္ပါတယ္။

ဗီတာမင္စီေၾကာင့္ ေကာင္းက်ိဳးမ်ားစြာ ရရွိျခင္း

ခ်ဥ္ေပါင္ဖူးမွာ ပါဝင္တဲ့ ဗီတာမင္စီေၾကာင့္ အနာက်က္ေစပါတယ္၊ ဆဲလ္ေတြ ထိခိုက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္၊ သြားဖုံးကို က်န္းမာေစပါတယ္၊ သြားေတြကိုက်န္းမာေစပါတယ္၊ ကိုယ္ခံစြမ္းအား စနစ္ကို တိုးတက္ေစပါတယ္၊ မေကာင္းတဲ့ ဖရီးရယ္ဒီကယ္ေတြကေန ကာကြယ္ေပးပါတယ္၊ အိုမင္းမႈျဖစ္ႏႈန္းကို ေလွ်ာ့ခ်ေပးပါတယ္၊ ကင္ဆာေရာဂါတခ်ိဳ႕ ျဖစ္နိုင္ေျခကို ေလ်ာ့က်ေစပါတယ္၊ သံဓာတ္စုပ္ယူမႈ အားေကာင္းေစပါတယ္၊ အဆုတ္ကို က်န္းမာေစပါတယ္၊ မၾကာခဏ အေအးမိေဝဒနာ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္၊ မၾကာခဏ ကူးစက္ပိုးဝင္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္.. အစရွိတဲ့ ေကာင္းက်ိဳးေတြကို ရရွိေစပါတယ္။

ကယ္လ္စီယမ္ေၾကာင့္ ေကာင္းက်ိဳးမ်ားစြာ ရရွိျခင္း

ခ်ဥ္ေပါင္ဖူးမွာ ပါဝင္တဲ့ ကယ္လ္စီယမ္ေၾကာင့္ အရိုးေတြကို သန္စြမ္း က်န္းမာေစပါတယ္၊ နာ့ဗ္ေၾကာရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္၊ ႂကြက္သားလုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္၊ ေသြးခဲေအာင္ လႈံ႕ေဆာ္ေပးပါတယ္၊ေျခေထာက္နဲ႕ လက္ထုံက်ဥ္မႈ ေလ်ာ့ပါးေစပါတယ္၊ အရိုးပုံပ်က္နိုင္ေျခ သက္သာေစပါတယ္၊ သြားေတြကို က်န္းမာေစပါတယ္.. အစရွိတဲ့ ေကာင္းက်ိဳးေတြကို ရရွိေစပါတယ္။

ကိုယ္အေလးခ်ိန္ကို ထိန္းေပးျခင္း

ခ်ဥ္ေပါင္ဖူးမွာ ၾသဂဲနစ္ အက္စစ္ပမာဏ မ်ားစြာ ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေရး ျဖည့္စြက္ေဆးထဲမွာ လတ္တေလာ ထည့္သြင္းၿပီး သုံးေနေၾကာင္း ဆိုပါတယ္။

ဒါ့အျပင္ ခ်ဥ္ေပါင္ဖူးမွာ ဗီတာမင္စီနဲ႕ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ အန္သိုဆိုင္ယာနင္ ႏွစ္မ်ိဳးစလုံး မ်ားစြာ ပါဝင္ပါတယ္။

Credit-DATA Doctor

Leave a Reply

Your email address will not be published. Required fields are marked *