Menu Close

ကဆစ်ပင်ဆေးဖက်ဝင်ပုံများ

ကဆစ်ပင်ဆေးဖက်ဝင်ပုံများ

 

ကဆစ်ပင်သည် ဆေးဘက်ဝင်အပင်မျိုးဖြစ်ကာအသီးတွင် အခါးမျိုးနှင့် အချဉ်မျိုးဟုနှစ်မျိုးတွေ့ရပြီး၊ လေပြွခင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောင်အသားဝါ၊ သွေးအားနည်းရောဂါ၊ဆီးဆေးနှင့် အကိုက်အခဲပျောက်ဆေးများဖော်စပ်ရာတွင် သုံးသည်ဟုဆိုပါသည်။

အိန္ဒိယနိုင်ငံ ဒေသတချို့တွင် ကဆစ်သီးကိုနံနက်စာတွင် ထည့်စားခြင်းဖြင့်အစာချေဖျက်အားကောင်းစေပြီး၊ အဆာခံကာ အလုပ်ကို ပိုမိုလုပ်နိုင်သည်ဟု ယုံကြည်ကြသည်။

အညာမှာတော့ ယာခင်းထွက် ကဆစ်သီးကိုအမျိုးမျိုးပြုလုပ် စားသုံးကြပါတယ်။ ကဆစ်သီး အမှည့်ကိုစားလို့ရပါတယ်။

သခွားမွှေးသီးနဲ့ အရသာဆင်ပါတယ်။ ကဆစ်သီးကိုတော့ မီးဖုတ်ပြီး ထောင်းစားကြသလို၊ ကဆစ်သီးငပိချက်ဟာလည်းလူကြိုက်များပါတယ်။

ကဆစ်သီးကိုချဉ်ပေါင်ရွက်နဲ့အတူချဉ်ရည်ဟင်းချက်စားကြသလို၊ အမဲ၊ ဝက်၊ ကြက်စတဲ့ အသားများနဲ့လည်းရောချက်စားကြပါတယ်။ (သမားတော်တိုင်းရင်းဆေး) ကိုယ်တိုင် စားဘူးသူများမှ သွေးတိုး နှလုံး ဆီးချို ကျောက်ကပ်ရောဂါများအတွက် အထူးကောင်းသည်ဟုပြောပါသည်။

Crd, ဦးမြကြိုင်

 

Zawgyi

 

ကဆစ္ပင္ေဆးဖက္ဝင္ပုံမ်ား

 

shweu

 

ကဆစ္ပင္သည္ ေဆးဘက္ဝင္အပင္မ်ိဳးျဖစ္ကာအသီးတြင္ အခါးမ်ိဳးႏွင့္ အခ်ဥ္မ်ိဳးဟုႏွစ္မ်ိဳးေတြ႕ရၿပီး၊ ေလႁပြခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသည္းေရာင္အသားဝါ၊ ေသြးအားနည္းေရာဂါ၊ဆီးေဆးႏွင့္ အကိုက္အခဲေပ်ာက္ေဆးမ်ားေဖာ္စပ္ရာတြင္ သုံးသည္ဟုဆိုပါသည္။

အိႏၵိယနိုင္ငံ ေဒသတခ်ိဳ႕တြင္ ကဆစ္သီးကိုနံနက္စာတြင္ ထည့္စားျခင္းျဖင့္အစာေခ်ဖ်က္အားေကာင္းေစၿပီး၊ အဆာခံကာ အလုပ္ကို ပိုမိုလုပ္နိုင္သည္ဟု ယုံၾကည္ၾကသည္။

အညာမွာေတာ့ ယာခင္းထြက္ ကဆစ္သီးကိုအမ်ိဳးမ်ိဳးျပဳလုပ္ စားသုံးၾကပါတယ္။ ကဆစ္သီး အမွည့္ကိုစားလို႔ရပါတယ္။

သခြားေမႊးသီးနဲ႕ အရသာဆင္ပါတယ္။ ကဆစ္သီးကိုေတာ့ မီးဖုတ္ၿပီး ေထာင္းစားၾကသလို၊ ကဆစ္သီးငပိခ်က္ဟာလည္းလူႀကိဳက္မ်ားပါတယ္။

ကဆစ္သီးကိုခ်ဥ္ေပါင္႐ြက္နဲ႕အတူခ်ဥ္ရည္ဟင္းခ်က္စားၾကသလို၊ အမဲ၊ ဝက္၊ ၾကက္စတဲ့ အသားမ်ားနဲ႕လည္းေရာခ်က္စားၾကပါတယ္။ (သမားေတာ္တိုင္းရင္းေဆး) ကိုယ္တိုင္ စားဘူးသူမ်ားမွ ေသြးတိုး ႏွလုံး ဆီးခ်ိဳ ေက်ာက္ကပ္ေရာဂါမ်ားအတြက္ အထူးေကာင္းသည္ဟုေျပာပါသည္။

Crd, ဦးျမႀကိဳင္

Leave a Reply

Your email address will not be published. Required fields are marked *