Menu Close

ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ ဆေးအဖြစ်အသုံးဝင်တဲ့ ရွှေဖရုံသီးအညှာ

ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ ဆေးအဖြစ်အသုံးဝင်တဲ့ ရွှေဖရုံသီးအညှာ

 

ရွှေဖရုံသီး၏ အညှာကို ကလေးသူငယ်များအတွက် ဆေးဝါးတစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။

ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ သုံးပေးလို့ရပါတယ်။

 

 

ဒီဆေးနည်းလေးဖြင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်တဲ့အခါများမှာကုသပေးလို့ရပါတယ်။

ငယ်ရွယ်တဲ့ကလေးသူငယ်များမှာနှာစေးနှာပိတ်ဖြစ်သော်လည်းမပြောတတ်မသိတတ်သေးပါ။

ကလေးများ အသက်ရှုမဝြပီးပါးစပ်ကလေး ဟ-ဟပြီး အသက်ရှုနေတာကိုတွေ့လျှင် လူကြီးမိဘများက ကလေးနှာစေး နှာပိတ် ဖြစ်နေပြီဆိုတာကိုသိနားလည်ပေးရပါမယ်။

အဲဒီလို နှာစေးရင် ရွှေဖရုံသီးအညှာကို ကျောက်ပျဉ်မှာ ရေနဲ့သွေးပြီးကလေး၏နှာတံပေါ်ကို အထက်မှအောက်သို့ဆွဲလိမ်းချပေးလိုက်ပါ။(၃)(၄)ကြိမ်လိမ်းပေးရပါမယ်။

အဲဒီလို လိမ်းပေးပြီး နာရီဝက် မှတစ်နာရီအတွင်းမှာကလေးများနှာစေး နှာပိတ်တာချက်ခြင်းပျောက်ပြီးအသက်ရှုကောင်းလာတာကိုမြင်တွေ့ရပါမယ်။

ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်နေလျှင် ယခုနည်းဖြင့် လက်တွေ့ကုသပေးနိုင်ပါတယ်။

credit:မူရင်း

 

Zawgyi


 




 

 






credit:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *