Menu Close

ကိုယ်ဝန်ဆောင်ကာလမှာ ခရမ်းသီးစားရင်ရမယ့်အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့်အချက်တွေ

ကိုယ်ဝန်ဆောင်ကာလမှာ ခရမ်းသီးစားရင်ရမယ့်

အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့်အချက်တွေ

 

ခရမ်းသီးမှာ ထက်မြက်တဲ့အာနိသင်တွေရှိတာကြောင့်

ကိုယ်ဝန်ဆောင်မိခင်တွေ အသင့်အတင့်စားသုံးပေးမယ်ဆိုရင် သိသာတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှ ခရမ်းသီးစားရင်ရမယ့်အကျိုးကျေးဇူး (၇) မျိုးကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

 

shweu

 

(၁)ခရမ်းသီးမှာကြွယ်ဝစွာပါဝင်တဲ့ ဖော်လစ်အက်ဆစ်ဟာ သန္ဓေသားမွေးဖွားလာတဲ့အခါ ကိုယ်အင်္ဂါချို့ယွင်းမှုဖြစ်ပွားနိုင်မယ့် ရာခိုင်နှုန်းကိုလျော့ချပေးပြီး သွေးနီဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်။

(၂)သူ့မှာ ဗီတာမင် စီ၊ နိုင်ယာစင်၊ ဘီကွန်ပလက်စ် ၊ ဗီတာမင် အေ နဲ့ ဗီတာမင် အီး တွေ အများကြီးပါဝင်တာကြောင့် သန္ဓေသားကို ဖွံ့ဖြိုးကြီးထွားစေပြီး ကျန်းမာစေပါတယ်။

(၃)မိခင်လောင်းရဲ့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ အစာအိမ်အချဉ်ပေါက်တာ ၊ အစာမကြေတာတွေကို သက်သာစေပြီး အစာကိုပိုမိုကြေညက်စေပါတယ်။

(၄)မိခင်လောင်းရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ဖျားနာတာနဲ့ ရောဂါကူးစက်မှုတွေကို လျှော့ချနိုင်မှာဖြစ်သလို သန္ဓေသားကိုလည်း စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းမှုတွေ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

(၅)မိခင်လောင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စ်ထရောတွေကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စ်ထရောတွေကို မြှင့်တင်ပေးတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာတွေ နဲ့ လေမဖြန်းအောင် ကာကွယ်ပေးပါတယ်။

(၆)သွေးအတက်အကျများတဲ့ မိခင်လောင်းတွေအတွက် အကောင်းဆုံးဆေးတစ်ပါးပါ။သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

(၇)ကိုယ်ဝန်ဆောင်ကာလဆီးချိုရောဂါခံစားရတဲ့ မိခင်လောင်းတွေအနေနဲ့ ခရမ်းသီးစားပေးခြင်းဖြင့် သွေးတွင်းသိကြားဓါတ် အတက်၊အကျဖြစ်ခြင်း၊ မတည်ငြိမ်ခြင်းမဖြစ်အောင် ကာကွယ်ထိန်းညှိပေးနိုင်ပါတယ်။

တစ်ဖက်မှာလည်း တန်ဆေးလွန်ဘေးဆိုသလို အများအပြားစားမိရင် ဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် အလွန်အကျွံမစားမိအောင် သတိပြုဖို့တော့လိုပါလိမ့်မယ်။ခရမ်းသီးဟာ အအေးစာဖြစ်တဲ့အတွက် အစာမကြေတာ၊ လေထိုးလေအောင့်တာမျိုးတွေနဲ့ အက်ဆစ်ဓါတ်များတဲ့အတွက် ကိုယ်ဝန်နဲ့ပတ်သက်လို့ သက်သောင့်သက်သာမရှိတာမျိုးတွေ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

Credit-Little one Magazine (burmesebaby)

 

Zawgyi

 

ကိုယ္ဝန္ေဆာင္ကာလမွာ ခရမ္းသီးစားရင္ရမယ့္ အက်ိဳးေက်းဇူး ၇ မ်ိဳးနဲ႕ သတိထားရမယ့္အခ်က္ေတြ

 

ခရမ္းသီးမွာ ထက္ျမက္တဲ့အာနိသင္ေတြရွိတာေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြ အသင့္အတင့္စားသုံးေပးမယ္ဆိုရင္ သိသာတဲ့အက်ိဳးေက်းဇူးေတြ ရရွိမွာျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္ကာလမွ ခရမ္းသီးစားရင္ရမယ့္ အက်ိဳးေက်းဇူး (၇) မ်ိဳးကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

 

 

(၁)ခရမ္းသီးမွာႂကြယ္ဝစြာပါဝင္တဲ့ ေဖာ္လစ္အက္ဆစ္ဟာ သေႏၶသားေမြးဖြားလာတဲ့အခါ ကိုယ္အဂၤါခ်ိဳ႕ယြင္းမႈျဖစ္ပြားနိုင္မယ့္ ရာခိုင္ႏႈန္းကိုေလ်ာ့ခ်ေပးၿပီး ေသြးနီဆဲလ္ေတြရဲ႕ ဖြံ႕ၿဖိဳးမႈကိုအေထာက္အကူျပဳပါတယ္။

(၂)သူ႕မွာ ဗီတာမင္ စီ၊ နိုင္ယာစင္၊ ဘီကြန္ပလက္စ္ ၊ ဗီတာမင္ ေအ နဲ႕ ဗီတာမင္ အီး ေတြ အမ်ားႀကီးပါဝင္တာေၾကာင့္ သေႏၶသားကို ဖြံ႕ၿဖိဳးႀကီးထြားေစၿပီး က်န္းမာေစပါတယ္။

(၃)မိခင္ေလာင္းရဲ႕ အစာေခ်စနစ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။ အစာအိမ္အခ်ဥ္ေပါက္တာ ၊ အစာမေၾကတာေတြကို သက္သာေစၿပီး အစာကိုပိုမိုေၾကညက္ေစပါတယ္။

(၄)မိခင္ေလာင္းရဲ႕ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးတဲ့အတြက္ ဖ်ားနာတာနဲ႕ ေရာဂါကူးစက္မႈေတြကို ေလွ်ာ့ခ်နိဳင္မွာျဖစ္သလို သေႏၶသားကိုလည္း စိတ္ပိုင္းဆိုင္ရာခြၽတ္ယြင္းမႈေတြ မျဖစ္ပြားေအာင္ ကာကြယ္ေပးပါတယ္။

(၅)မိခင္ေလာင္းမွာရွိတဲ့ မေကာင္းတဲ့ ကိုလက္စ္ထေရာေတြကို ေလွ်ာ့ခ်ေပးၿပီး ေကာင္းတဲ့ ကိုလက္စ္ထေရာေတြကို ျမႇင့္တင္ေပးတာေၾကာင့္ ႏွလုံးနဲ႕ပတ္သက္တဲ့ ေဝဒနာေတြ နဲ႕ ေလမျဖန္းေအာင္ ကာကြယ္ေပးပါတယ္။

(၆)ေသြးအတက္အက်မ်ားတဲ့ မိခင္ေလာင္းေတြအတြက္ အေကာင္းဆုံးေဆးတစ္ပါးပါ။ ေသြးေပါင္ခ်ိန္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းညွိေပးပါတယ္။

(၇)ကိုယ္ဝန္ေဆာင္ကာလဆီးခ်ိဳေရာဂါခံစားရတဲ့ မိခင္ေလာင္းေတြအေနနဲ႕ ခရမ္းသီးစားေပးျခင္းျဖင့္ ေသြးတြင္းသိၾကားဓါတ္ အတက္၊အက်ျဖစ္ျခင္း၊ မတည္ၿငိမ္ျခင္းမျဖစ္ေအာင္ ကာကြယ္ထိန္းညွိေပးနိုင္ပါတယ္။

တစ္ဖက္မွာလည္း တန္ေဆးလြန္ေဘးဆိုသလို အမ်ားအျပားစားမိရင္ ဆိုးက်ိဳးေတြျဖစ္ေပၚနိုင္တာေၾကာင့္ အလြန္အကြၽံမစားမိေအာင္ သတိျပဳဖို႔ေတာ့လိုပါလိမ့္မယ္။ခရမ္းသီးဟာ အေအးစာျဖစ္တဲ့အတြက္ အစာမေၾကတာ၊ ေလထိုးေလေအာင့္တာမ်ိဳးေတြနဲ႕ အက္ဆစ္ဓါတ္မ်ားတဲ့အတြက္ ကိုယ္ဝန္နဲ႕ပတ္သက္လို႔ သက္ေသာင့္သက္သာမရွိတာမ်ိဳးေတြ စတဲ့ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရနိုင္ပါတယ္။

Credit-Little one Magazine (burmesebaby)

Leave a Reply

Your email address will not be published. Required fields are marked *