Menu Close

ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ

ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေ

 

ကော်ဖီမှာ ကဖင်းဓာတ်အပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant ဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ရောင်ရမ်းတာကို သက်သာစေတဲ့အရာတွေလည်း ပါဝင်ပါတယ်။ ကော်ဖီရဲ့ထူးခြားချက်တစ်ခုက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးရောဂါအချို့ကို ကာကွယ်ပေး နိုင်တယ်လို့ ဆိုပါတယ်။

 

shweu

 

ကော်ဖီသောက်ခြင်းက နှလုံးအားနညျးတဲ့ရောဂါတှေဖွဈခွငျးကို လျော့ကျစေပါတယ်။ နှလုံးအားနည်းပြီး သွေးလုံလောက်အောင်မညှစ်ပေးနိုင်လို့ ရုတ်တရက် နှလုံးရပ်သေဆုံးတဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါမှာ နေ့စဉ် ကော်ဖီ ၁ ခွက်/ ၂ ခွက် သောက်တဲ့ သူတွေမှာဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ တွေ့ရှိရပါတယ်။

အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်ပွားနှုန်းကိုနည်းစေပြီး အသက်ပိုရှည်စေပါတယ်။ လေ့လာချက်တွေအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါများကြောင့် သေဆုံးနှုန်းဟာ ကော်ဖီသောက်သုံးတဲ့ အမျိုးသမီးအများစုမှာ ပိုနည်းတာကို တွေ့ရပါတယ်။

ကော်ဖီခါးခါးသောက်လေ့ရှိတဲ့ သူတွေမှာဆို ဆဲလ်တွေ ပျက်ဆီးတာကို လျော့ကျစေပြီး ကင်ဆာနဲ့ အချို့အလုံး အကျိတ်တွေ ဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။

ဒါ့အပြင် အူမကြီးကင်ဆာဖြစ်တာကိုလည်း လျော့ကျစေပါတယ်။ ပုံမှန်အားဖြင့် လူ ၂၃ ယောက်မှာ ၁ ယောက်နှုန်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိပြီး ကော်ဖီသောက်သုံးတဲ့သူတွေမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၂၆% အထိလျှော့ချပေးနိုင်တယ်လို့ လေ့လာသုံးသပ်ချက်တွေမှာ တင်ပြထားတာတွေ့ရပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကိုလည်း နည်းစေပါတယ်။

အသက် ၆၅ နှစ်နဲ့ အထက် အမျိုးသမီးတွေမှာ တစ်နေ့ကို ကော်ဖီ ၂-၃ ခွက်သောက်သုံးခြင်းဟာ စိတ်ကစဉ့်ကလျားဖြစ်နှုန်း နည်းစေတာတွေ့ရပါတယ်။

ကော်ဖီသောက်ခြင်းက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကော်ဖီကို သင့်တော်တဲ့ပမာဏ ပုံမှန်သောက်သုံးသူတွေမှာ ဆီးချိုရောဂါအမျိုးအစား ၂ (Type 2 Diabetes) ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အချိုဓာတ်လွန်ကဲထားတဲ့ကော်ဖီတွေ မသောက်မိဖို့တော့ လိုအပ်ပါတယ်။

ဒါ့အပြင် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပြီး ပါကစ်ဆန်ရောဂါ ( Parkinsons disease ) ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ Parkinsons disease ဖြစ်သူတွေမှာလည်း လှုပ်ရှားမှုတိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။

ကော်ဖီသောက်ခြင်းက အသည်းအင်ဇိုင်းကို ပုံမှန်အတွင်းထိန်းပေးထားပြီး အသည်းကိုလည်း ကျန်းမာစေ ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးရင် လေဖြတ်တာကို ကာကွယ်ပေးနိုင်တယ်လို့ လည်းဆိုကြပါတယ်။

ဒါပေမယ့် ပညာရှင်တွေက တစ်နေ့ကို ကော်ဖီ ၃ ခွက် ကနေ ၅ ခွက်အထိသာ သောက်သုံးနိုင်ပြီး ကဖင်းဓာတ်အားဖြင့် ၄၀၀ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။

ကော်ဖီအလွန်အကျွံသောက်သုံးတဲ့အခါမှာ နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားမြင့်လာတာ၊ စိတ်လှုပ်ရှားတာနဲ့ အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကော်ဖီကိုသောက်သုံးသင့်ပါတယ်။

credit:မူရင်းရေးသားသူ

 

Zawgyi

 

ေကာ္ဖီေသာက္ျခင္းရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြ

 

shweu

 

ေကာ္ဖီမွာ ကဖင္းဓာတ္အျပင္ အ႐ြယ္တင္ႏုပ်ိဳေစတဲ့ antioxidant ဓာတ္ေတြနဲ႕ ခႏၶာကိုယ္အတြင္းပိုင္း ေရာင္ရမ္းတာကို သက္သာေစတဲ့အရာေတြလည္း ပါဝင္ပါတယ္။ ေကာ္ဖီရဲ႕ထူးျခားခ်က္တစ္ခုက အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ေရာဂါအခ်ိဳ႕ကို ကာကြယ္ေပးနိုင္တဲ့အျပင္ အယ္လ္ဇိုင္းမားေရာဂါနဲ႕ ႏွလုံးေရာဂါအခ်ိဳ႕ကို ကာကြယ္ေပး နိုင္တယ္လို႔ ဆိုပါတယ္။

ေကာ္ဖီေသာက္ျခင္းက ႏွလုံးအားနည်းတဲ့ေရာဂါေတွဖြဈခြင်းကို ေလ်ာ့က်ေစပါတယ္။ ႏွလုံးအားနည္းၿပီး ေသြးလုံေလာက္ေအာင္မညွစ္ေပးနိုင္လို႔ ႐ုတ္တရက္ ႏွလုံးရပ္ေသဆုံးတဲ့ျဖစ္စဥ္ကို ေလ့လာၾကည့္တဲ့အခါမွာ ေန႕စဥ္ ေကာ္ဖီ ၁ ခြက္/ ၂ ခြက္ ေသာက္တဲ့ သူေတြမွာဆိုရင္ ျဖစ္နိုင္ေျခနည္းတယ္လို႔ ေတြ႕ရွိရပါတယ္။

အသက္အႏၲရာယ္ရွိတဲ့ ေရာဂါေတြရဲ႕ျဖစ္ပြားႏႈန္းကိုနည္းေစၿပီး အသက္ပိုရွည္ေစပါတယ္။ ေလ့လာခ်က္ေတြအရ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္ျခင္း၊ ဆီးခ်ိဳေသြးခ်ိဳနဲ႕ ေက်ာက္ကပ္ေရာဂါမ်ားေၾကာင့္ ေသဆုံးႏႈန္းဟာ ေကာ္ဖီေသာက္သုံးတဲ့ အမ်ိဳးသမီးအမ်ားစုမွာ ပိုနည္းတာကို ေတြ႕ရပါတယ္။

ေကာ္ဖီခါးခါးေသာက္ေလ့ရွိတဲ့ သူေတြမွာဆို ဆဲလ္ေတြ ပ်က္ဆီးတာကို ေလ်ာ့က်ေစၿပီး ကင္ဆာနဲ႕ အခ်ိဳ႕အလုံး အက်ိတ္ေတြ ျဖစ္ပြားျခင္းကို ေလ်ာ့နည္းေစပါတယ္။

ဒါ့အျပင္ အူမႀကီးကင္ဆာျဖစ္တာကိုလည္း ေလ်ာ့က်ေစပါတယ္။ ပုံမွန္အားျဖင့္ လူ ၂၃ ေယာက္မွာ ၁ ေယာက္ႏႈန္းဟာ အူမႀကီးကင္ဆာျဖစ္နိုင္ေျခရွိၿပီး ေကာ္ဖီေသာက္သုံးတဲ့သူေတြမွာေတာ့ အူမႀကီးကင္ဆာျဖစ္နိုင္ေျခကို ၂၆% အထိေလွ်ာ့ခ်ေပးနိုင္တယ္လို႔ ေလ့လာသုံးသပ္ခ်က္ေတြမွာ တင္ျပထားတာေတြ႕ရပါတယ္။

အယ္လ္ဇိုင္းမားေရာဂါျဖစ္ျခင္းကိုလည္း နည္းေစပါတယ္။ အသက္ ၆၅ ႏွစ္နဲ႕ အထက္ အမ်ိဳးသမီးေတြမွာ တစ္ေန႕ကို ေကာ္ဖီ ၂-၃ ခြက္ေသာက္သုံးျခင္းဟာ စိတ္ကစဥ့္ကလ်ားျဖစ္ႏႈန္း နည္းေစတာေတြ႕ရပါတယ္။

ေကာ္ဖီေသာက္ျခင္းက ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းညွိေပးနိုင္ပါတယ္။ ေကာ္ဖီကို သင့္ေတာ္တဲ့ပမာဏ ပုံမွန္ေသာက္သုံးသူေတြမွာ ဆီးခ်ိဳေရာဂါအမ်ိဳးအစား ၂ (Type 2 Diabetes) ျဖစ္နိုင္ေျခကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ ဒါေပမယ့္ အခ်ိဳဓာတ္လြန္ကဲထားတဲ့ေကာ္ဖီေတြ မေသာက္မိဖို႔ေတာ့ လိုအပ္ပါတယ္။

ဒါ့အျပင္ ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျပဳေစနိုင္ၿပီး ပါကစ္ဆန္ေရာဂါ ( Parkinsons disease ) ျဖစ္တာကေန ကာကြယ္ေပးနိုင္ပါတယ္။ Parkinsons disease ျဖစ္သူေတြမွာလည္း လႈပ္ရွားမႈတိုးတက္ဖို႔အတြက္ အေထာက္အကူျပဳပါတယ္။

ေကာ္ဖီေသာက္ျခင္းက အသည္းအင္ဇိုင္းကို ပုံမွန္အတြင္းထိန္းေပးထားၿပီး အသည္းကိုလည္း က်န္းမာေစ ပါတယ္။ တစ္ေန႕ ေကာ္ဖီတစ္ခြက္ ပုံမွန္ေသာက္သုံးရင္ ေလျဖတ္တာကို ကာကြယ္ေပးနိုင္တယ္လို႔ လည္းဆိုၾကပါတယ္။

ဒါေပမယ့္ ပညာရွင္ေတြက တစ္ေန႕ကို ေကာ္ဖီ ၃ ခြက္ ကေန ၅ ခြက္အထိသာ ေသာက္သုံးနိုင္ၿပီး ကဖင္းဓာတ္အားျဖင့္ ၄၀၀ မီလီဂရမ္ခန့္ ေသာက္သုံးနိုင္ပါတယ္လို႔ အႀကံျပဳထားပါတယ္။ ေကာ္ဖီအလြန္အကြၽံေသာက္သုံးတဲ့အခါမွာ ႏွလုံးခုန္ႏႈန္းျမန္တာ၊ ေသြးဖိအားျမင့္လာတာ၊ စိတ္လႈပ္ရွားတာနဲ႕ အိပ္မေပ်ာ္တာမ်ိဳးေတြ ခံစားရနိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ေတြနဲ႕ နို႔တိုက္မိခင္ေတြမွာဆိုရင္ေတာ့ ဆရာဝန္နဲ႕ တိုင္ပင္ၿပီးမွသာ ေကာ္ဖီကိုေသာက္သုံးသင့္ပါတယ္။

credit:မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *