Menu Close

ကျန်းမာစေမယ့် ကျောက်ဖရုံသီးချက်ဆေး

ကျန်းမာစေမယ့် ကျောက်ဖရုံသီးချက်ဆေး

 

ကျောက်ဖရုံသီးဟာ လူနဲ့ တည့်စေတဲ့ အသီးတစ်မျိုးဖြစ်ပြီး သူ့ကို မြန်မာတိုင်းရင်းဆေး အဖြစ် စားပါက ပိုပြီး အကျိုးများစေပါတယ်။

ချက်ဆေးဆိုတာကတော့ ပိုပြီးတာရှည်ခံအောင် ဆေးဖက်ဝင် အခြား အမယ်တွေနဲ့ ရောစပ်ပြီး ချက်ထားတဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။ အရသာ ရှိပြီး လူတွေကို အကျိုးများစေပါတယ်။

ကျောက်ဖရုံသီး ချက်ဆေးလုပ်ဖို့ အတွက် ကောင်းကောင်းမှည့်နေတဲ့ ကျောက်ဖရုံသီးတစ်လုံး လိုပါတယ်။ ကျောက်ဖရုံသီးကို အခွံတွေ ခွာပြီး အူတိုင်နဲ့ အစေ့တွေကို ဖယ်လိုက်ပါ။

အသားတွေကို အတုံးလေးတွေ တုံးပြီး ၃ပိဿာ ချိန်လိုက်ပါ။

ရေကို သူ့နှစ်ဆထည့်ပါ။ ကျိုပေးပါ။ ရေတစ်ဝက်ခန်းရင် မီးဖိုကနေ ခဏ ချပြီး အအေးခံပါ။ ကျော်ဖရုံတုံးတွေကို မပြဲသွားအောင် အဝတ်စထဲမှာ ထည့်ပြီး ရေစစ်ပါ။

စစ်ထားတဲ့ ကျောက်ဖရုံသီး အဖတ်တွေကို အနည်းငယ် ပူအောင် အိုးကင်းတိုက်ပြီး လှော်ပေးပါ။ လှော်နေရင်းနဲ့ အဖတ်တွေကို ကြိတ်ချေလိုက်ပါ။ ထောပတ် ၂၇ကျပ်သား ထည့်ပြီး အတုံးတွေကို ကြော်ပေးပါ။ စစ်ထားတဲ့ ကျောက်ဖရုံသီးပြုတ်ရည်ထဲ ကြောထားတဲ့ ကျောက်ဖရုံသီးတွေကို ထည့်ပြီး သကြား ၃ပိဿာနဲ့ ရောစပ်ပါ။ ပြီးရင် ကျိုပေးပါ။

ထပ်ထည့်ရမယ့် ဆေးဖက် အမယ်တွေကတော့ ပိတ်ချင်း၊ ချင်းခြောက်၊ ဇီယာ တို့ကို ၆ကျပ်သားစီ ယူပါ။

နံနံစေ့၊ ကရဝေး၊ သစ်ဂျပိုး၊ ဖလာငယ်စေ့၊ ငရုတ်ကောင်းတို့ကို ၁ကျပ်၈ပဲသားစီ ယူပါ။အဆိုပါ အမယ်များကို ပရဆေးဆိုင်မှာ ပြောပြီး ဝယ်ယူလို့ ရပါတယ်။ အားလုံးကို အမှုန့်လုပ်ပြီးကျိုထားတဲ့ အနှစ်တွေကို ရောလိုက်ပါ။ ပျားရည် ၁၂ကျပ်သားကို ထပ်ပြီးရောပေးပါ။

ချိုမွှေးနေတဲ့ ကျောက်ဖရုံသီးချက်ဆေးကို ရပါပြီ။ ဒီဆေးဟာ အဖျားရောဂါ၊ ပျို့အန်ချောင်းဆိုး၊ သွေးအားခြောက်ခန်းတဲ့ရောဂါ၊ အားအင်ကုန်ခန်းတဲ့ရောဂါ၊ ပန်းနာရောဂါတေါ၊ မျက်စိရောဂါအမျိုးမျိုးနဲ့ သွေးအန်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဓိကကတော့ကျောက်ကပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကျောက်ကပ်မကောင်းလို့ ဆီးမသွားနိုင်တဲ့ လူတွေ ပုံမှန်စားပေးသင့်ပါတယ်။

Ref: Hein (ဘူမိ)

Credit-MyFood Myanmar

 

Zawgyi

က်န္းမာေစမယ့္ ေက်ာက္ဖ႐ုံသီးခ်က္ေဆး

 

ေက်ာက္ဖ႐ုံသီးဟာ လူနဲ႕ တည့္ေစတဲ့ အသီးတစ္မ်ိဳးျဖစ္ၿပီး သူ႕ကို ျမန္မာတိုင္းရင္းေဆး အျဖစ္ စားပါက ပိုၿပီး အက်ိဳးမ်ားေစပါတယ္။ ခ်က္ေဆးဆိုတာကေတာ့ ပိုၿပီးတာရွည္ခံေအာင္ ေဆးဖက္ဝင္ အျခား အမယ္ေတြနဲ႕ ေရာစပ္ၿပီး ခ်က္ထားတဲ့ တိုင္းရင္းေဆး တစ္မ်ိဳးပါ။ အရသာ ရွိၿပီး လူေတြကို အက်ိဳးမ်ားေစပါတယ္။

 

 

ေက်ာက္ဖ႐ုံသီး ခ်က္ေဆးလုပ္ဖို႔ အတြက္ ေကာင္းေကာင္းမွည့္ေနတဲ့ ေက်ာက္ဖ႐ုံသီးတစ္လုံး လိုပါတယ္။ ေက်ာက္ဖ႐ုံသီးကို အခြံေတြ ခြာၿပီး အူတိုင္နဲ႕ အေစ့ေတြကို ဖယ္လိုက္ပါ။ အသားေတြကို အတုံးေလးေတြ တုံးၿပီး ၃ပိႆာ ခ်ိန္လိုက္ပါ။ ေရကို သူ႕ႏွစ္ဆထည့္ပါ။ က်ိဳေပးပါ။ ေရတစ္ဝက္ခန္းရင္ မီးဖိုကေန ခဏ ခ်ၿပီး အေအးခံပါ။ ေက်ာ္ဖ႐ုံတုံးေတြကို မၿပဲသြားေအာင္ အဝတ္စထဲမွာ ထည့္ၿပီး ေရစစ္ပါ။

စစ္ထားတဲ့ ေက်ာက္ဖ႐ုံသီး အဖတ္ေတြကို အနည္းငယ္ ပူေအာင္ အိုးကင္းတိုက္ၿပီး ေလွာ္ေပးပါ။ ေလွာ္ေနရင္းနဲ႕ အဖတ္ေတြကို ႀကိတ္ေခ်လိဳက္ပါ။ ေထာပတ္ ၂၇က်ပ္သား ထည့္ၿပီး အတုံးေတြကို ေၾကာ္ေပးပါ။ စစ္ထားတဲ့ ေက်ာက္ဖ႐ုံသီးျပဳတ္ရည္ထဲ ေၾကာထားတဲ့ ေက်ာက္ဖ႐ုံသီးေတြကို ထည့္ၿပီး သၾကား ၃ပိႆာနဲ႕ ေရာစပ္ပါ။ ၿပီးရင္ က်ိဳေပးပါ။

ထပ္ထည့္ရမယ့္ ေဆးဖက္ အမယ္ေတြကေတာ့ ပိတ္ခ်င္း၊ ခ်င္းေျခာက္၊ ဇီယာ တို႔ကို ၆က်ပ္သားစီ ယူပါ။ နံနံေစ့၊ ကရေဝး၊ သစ္ဂ်ပိဳး၊ ဖလာငယ္ေစ့၊ င႐ုတ္ေကာင္းတို႔ကို ၁က်ပ္၈ပဲသားစီ ယူပါ။အဆိုပါ အမယ္မ်ားကို ပရေဆးဆိုင္မွာ ေျပာၿပီး ဝယ္ယူလို႔ ရပါတယ္။ အားလုံးကို အမႈန႔္လုပ္ၿပီးက်ိဳထားတဲ့ အႏွစ္ေတြကို ေရာလိုက္ပါ။ ပ်ားရည္ ၁၂က်ပ္သားကို ထပ္ၿပီးေရာေပးပါ။

ခ်ိဳေမႊးေနတဲ့ ေက်ာက္ဖ႐ုံသီးခ်က္ေဆးကို ရပါၿပီ။ ဒီေဆးဟာ အဖ်ားေရာဂါ၊ ပ်ိဳ႕အန္ေခ်ာင္းဆိုး၊ ေသြးအားေျခာက္ခန္းတဲ့ေရာဂါ၊ အားအင္ကုန္ခန္းတဲ့ေရာဂါ၊ ပန္းနာေရာဂါေတါ၊ မ်က္စိေရာဂါအမ်ိဳးမ်ိဳးနဲ႕ ေသြးအန္တာေတြကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။ အဓိကကေတာ့ေက်ာက္ကပ္ေရာဂါကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။ ေက်ာက္ကပ္မေကာင္းလို႔ ဆီးမသြားနိုင္တဲ့ လူေတြ ပုံမွန္စားေပးသင့္ပါတယ္။

Ref: Hein (ဘူမိ)

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *