Menu Close

ကျောက်ကပ်ကို နံနံပင်နဲ့သဘာဝအတိုင်းဆေးကြောမယ်

ကျောက်ကပ်ကို နံနံပင်နဲ့ပြုလုပ်ထားတဲ့ သဘာဝဆေးနဲ့ဆေးကြောမယ်

 

ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပြုံလာပါတယ်။

ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့လိုအပ်လာပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊အဆိပ်အတောက်တွေများလာရင် ကျောက်ကပ်ပစ္စည်းတာတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်။

နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။

နံနံပင်

နံနံပင်မှာ ဗီတာမင် K, C ,A နဲ့ ဖောလစ် အက်ဆစ်၊ သံဓာတ် စတာတွေပါဝင်တာကြောင့် ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကို အစွမ်းထက်ထက်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

နံနံပင်က ဆီးရွှင်စေပြီး ဆီးသွားတဲ့ နှုန်းကို များအောင် လုပ်ပေးနိုင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ဆားတွေ အနယ်ထိုင်ပြီး ကျောက်မတည်အောင်လည်း ကူညီပေးပါတယ်။

အဲ့ဒီအပြင် စိတ်တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ကျောက်ကပ်အတွက် နံနံပင် ရေနွေးကြမ်း

ဒီနံနံပင် ရေနွေးကြမ်းအတွက် တတ်နိုင်ရင် နံနံပင် အရွက်အစိမ်းကို သုံးပါ။ မရှိမှသာ အခြောက်ခံထားတဲ့ နံနံ့ပင် ကိုသုံးပါ။

ပါဝင်ပစ္စည်းများ

နံနံပင် တစ်စည်း

ရေ ၈ ခွက်

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုရာသီး တစ်ဝက်

ပြုလုပ်နည်း

နံနံပင်ကို စင်အောင် ဆေးကြောပြီး အပိုင်းကြီးကြီး လှီးပါ။

ဇလုံတစ်ခုထဲထည့်ပြီး ရေလောင်းချပါ။ မီးဖိုပေါ်တင်ကာ ၁၀ မိနစ်လောက်ဆူပွက်စေပါ။အရည်ကိုဘဲယူထားပြီး အအေးခံလိုက်ပါ။ သံပုရာသီးနဲ့ ပျားရည်ကိုထည့်ပါ။ တစ်နေ့ကို ၁ ခွက် သို့မဟုတ် ၂ ခွက်သောက်ပါ။ ကျန်ရှိနေတဲ့ အရည်တွေကို ရေခဲသေတ္တာထဲမှာ ၁ ပတ်လောက် သိမ်းထားနိုင်ပါတယ်။

နံနံပင်မှာ ဘေးထွက်ဆိုးကျိုးမရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဓမ္မတာလာပြီး ကိုယ်ဝန်ပျက်ကျနိုင်တတ်တာကြောင့် မသောက်သုံးသင့်ပါဘူး။သွေးတိုးကျတဲ့ ဆေးဝါးတွေ သောက်သုံးနေသူတွေကလည်း မသောက်သင့်ပါဘူး။

credit:ဇော်ဂျီ

 

Zawgyi

 

ေက်ာက္ကပ္ကို နံနံပင္နဲ႕ျပဳလုပ္ထားတဲ့ သဘာဝေဆးနဲ႕ေဆးေၾကာမယ္

 

ေက်ာက္ကပ္က ေသြးထဲရွိ အဆိပ္အေတာက္ေတြ အားလုံးကို ဖယ္ရွားေပးပါတယ္။ တိုးတက္ဖြံ႕ၿဖိဳးလာတဲ့အမွ် က်န္းမာေရးနဲ႕ မညီၫြတ္တဲ့ ေနထိုင္မႈပုံစံေတြ က်င့္သုံးလာတဲ့အတြက္ေၾကာင့္ လူ႕ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြစုၿပဳံလာပါတယ္။

ဒါေၾကာင့္ ဒီခႏၶာကိုယ္ထဲရွိ အဆိပ္အေတာက္ေတြကို ဖယ္ရွားဖို႔လိုအပ္လာပါတယ္။

ေက်ာက္ကပ္မွာ ေက်ာက္တည္တာေတြ၊ အဆိပ္အေတာက္ေတြမ်ားလာရင္ ေက်ာက္ကပ္ပစၥည္းတာေတြျဖစ္လာနိုင္ပါတယ္။

ဒါေၾကာင့္ သဘာဝနည္းျဖင့္ ေက်ာက္ကပ္ကို ေဆးေပးဖို႔လိုအပ္ပါတယ္။

နံနံပင္ကေတာ့ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားဖို႔ အေကာင္းဆုံးဘဲ ျဖစ္ပါတယ္။

 

 

နံနံပင္

နံနံပင္မွာ ဗီတာမင္ K, C ,A နဲ႕ ေဖာလစ္ အက္ဆစ္၊ သံဓာတ္ စတာေတြပါဝင္တာေၾကာင့္ ေက်ာက္ကပ္ထဲက အဆိပ္အေတာက္ေတြကို အစြမ္းထက္ထက္နဲ႕ ဖယ္ရွားေပးနိုင္ပါတယ္။

အဲ့ဒီအျပင္ ေက်ာက္ကပ္ထဲမွာ ေက်ာက္တည္တာေတြကိုလည္း ဖယ္ရွားေပးနိုင္ပါတယ္။

နံနံပင္က ဆီး႐ႊင္ေစၿပီး ဆီးသြားတဲ့ ႏႈန္းကို မ်ားေအာင္ လုပ္ေပးနိုင္တာေၾကာင့္ ေက်ာက္ကပ္ထဲမွာရွိတဲ့ ေက်ာက္ေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ အဲ့ဒီအျပင္ ေက်ာက္ကပ္ထဲမွာ ဆားေတြ အနယ္ထိုင္ၿပီး ေက်ာက္မတည္ေအာင္လည္း ကူညီေပးပါတယ္။

အဲ့ဒီအျပင္ စိတ္တည္ၿငိမ္ေအာင္လည္း ကူညီေပးနိုင္ပါတယ္။

ေက်ာက္ကပ္အတြက္ နံနံပင္ ေရေႏြးၾကမ္း

ဒီနံနံပင္ ေရေႏြးၾကမ္းအတြက္ တတ္နိုင္ရင္ နံနံပင္ အ႐ြက္အစိမ္းကို သုံးပါ။ မရွိမွသာ အေျခာက္ခံထားတဲ့ နံနံ႕ပင္ ကိုသုံးပါ။

ပါဝင္ပစၥည္းမ်ာ

နံနံပင္ တစ္စည္း

ေရ ၈ ခြက္

ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

သံပုရာသီး တစ္ဝက္

ျပဳလုပ္နည္း

နံနံပင္ကို စင္ေအာင္ ေဆးေၾကာၿပီး အပိုင္းႀကီးႀကီး လွီးပါ။ ဇလုံတစ္ခုထဲထည့္ၿပီး ေရေလာင္းခ်ပါ။မီးဖိုေပၚတင္ကာ ၁၀ မိနစ္ေလာက္ဆူပြက္ေစပါ။အရည္ကိုဘဲယူထားၿပီး အေအးခံလိုက္ပါ။ သံပုရာသီးနဲ႕ ပ်ားရည္ကိုထည့္ပါ။ တစ္ေန႕ကို ၁ ခြက္ သို႔မဟုတ္ ၂ ခြက္ေသာက္ပါ။ က်န္ရွိေနတဲ့ အရည္ေတြကို ေရခဲေသတၱာထဲမွာ ၁ ပတ္ေလာက္ သိမ္းထားနိုင္ပါတယ္။

နံနံပင္မွာ ေဘးထြက္ဆိုးက်ိဳးမရွိေပမယ့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာေတာ့ ဓမၼတာလာၿပီး ကိုယ္ဝန္ပ်က္က်နိဳင္တတ္တာေၾကာင့္ မေသာက္သုံးသင့္ပါဘူး။ ေသြးတိုးက်တဲ့ ေဆးဝါးေတြ ေသာက္သုံးေနသူေတြကလည္း မေသာက္သင့္ပါဘူး။

credit:ေဇာ္ဂ်ီ

Leave a Reply

Your email address will not be published. Required fields are marked *