Menu Close

ကျောက်ကပ်မျက်စိနှင့်အစာအိမ်အတွက် သီးသီးအစွမ်း

ကျောက်ကပ်မျက်စိနှင့်အစာအိမ်အတွက် သီးသီးအစွမ်း

 

Wood apple လို့ခေါ်တဲ့ သီးသီး၏ ကျန်းမာရေး

အကျိုးကျေးဇူးများ

သီးသီးမှာ လုံးဝိုင်းပြီးသစ်သားရောင်သန်းနေပါတယ်။သီးသီးကမာကျော်ပြီးအပြင်အရောင်မှိုင်းကာအတွင်းမှာညိုရောင်သန်းနေတဲ့အနှစ်ရှိပါတယ်။သီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး အများအပြားရှိတာကြောင့် တန်ဖိုး အရှိဆုံး ဆေးဖက်ဝင် အပင် အမျိုးအစား တစ်မျိုးအဖြစ် အိန္ဒိယမှာ အသုံးများကြ ပါတယ်။

ဗီတာမင် ပါဝင်မှုများခြင်း

သီးသီးမှာ အောက်ဇဲလ်လစ်၊ မဲလ် လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ်တို့ များစွာ ပါဝင်ပါတယ်။ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင် ယာမင်း၊ ရိုင်ဘိုဖလေဗင်နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။သီးသီးမှာ ပါဝင်တဲ့ ဗီတာမင်ပမာဏဟာ ဆေးဖက်ဝင်အစာအဖြစ် အိန္ဒိယမှာ အသုံးများ ရတဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။

အစာခြေလမ်းကြောင်း ဝေဒနာများကို သက်သာစေခြင်း

သီးသီးမှာ တန်နင်ဓာတ် ပါဝင်တာ ကြောင့် နာတာရှည် ဝမ်းပျက်ဝမ်းလျှော ရောဂါလို အစာခြေစနစ်ဝေဒနာတွေကို သက်သာစေပါတယ်။သီးသီးအနှစ်ကို ပျားရည်နဲ့ ရောစားတာကြောင့်အစာမကြေတာကိုသက်သာစေပါတယ်။

 

shweu

 

အစာအိမ်အနာကို သက်သာစေခြင်း

သီးသီးအပင်ရဲ့ အရွက်ဟာ အစာ အိမ်အနာ (Peptic Ulcer) ကို သက် သာစေနိုင်ပါတယ်။သီးသီးအရွက်ကို တစ်ညလုံးရေထဲစိမ်ထားပြီးနံနက်ခင်းမှာရေကိုစစ်ကာအရွက်ကို စားပေးရမှာဖြစ်ပါတယ်။သီးသီးအနှစ်သားကို စား တာကြောင့် အစာအိမ်အနာကို အနာ ကျက်စေပြီး နာကျင်မှုဝေဒနာကို သက် သာစေပါတယ်။

အပှုဒဏ် ခံရသော ဝေဒနာများကို သက်သာစေပါတယ်သီးသီးဟာ အပူဒဏ်ကြောင့် ဖြစ် တဲ့ ဝေဒနာကိုလည်း သက်သာစေတယ် လို့ အိန္ဒိယမှာ နာမည်ကြီးပါတယ်။သီးသီးဖျော်ရည်ထဲကို သံပရာရည်လေးစက် ခန့်ထည့်ကာ အပူဒဏ်ခံရသူလူနာအား သုံးရက်ဆက်တိုက်တိုက်ကျွေးလေ့ရှိပါတယ်။

အသက်ရှုလမ်းကြောင်းဝေဒနာများကို သက်သာစေခြင်း

သီးသီးအရွက်ဟာ အအေးမိဝေဒ နာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေဒနာကိုရှောင်လွှဲနိုင်စေရုံသာမကမကြာခဏပြန်ဖြစ်တတ်တဲ့ အအေးမိဝေဒနာကိုလည်း သက်သာစေပါတယ်။သီးသီးကိုစားပေးတာက လည်ချောင်းနာတာနဲ့ နာတာရှည်ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။

ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း

သီးသီးကို ပုံမှန်စားပေးတာကြောင့် ကျောက်ကပ်ဝေဒနာတွေကို သက်သာ စေပါတယ်။ ပုံမှန်စားပေးရင် ဆီးကျောက် တည်တာကို သက်သာစေပါတယ်။တစ်နေ့ သီးသီး အနှစ်သား ၁ဝဝ ဂရမ်နဲ့အ ထက် စားရင် ကျောက်ကပ်ဝေဒနာရှိသူတွေကိုသက်သာစေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

မျက်စိကျန်းမာရေးစောင့်ရှောက်မှု

သီးသီးမှာ ကယ်ရိုတင်းပါဝင်တာ ကြောင့် မျက်စိကျန်းမာရေးအတွက် အ ကျိုးရှိပါတယ်။ ကယ်ရိုတင်းဟာ မျက်စိ ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်တာ ကြောင့် သီးသီးကို ပုံမှန်စားပေးတာက မျက်စိအမြင်အာရုံ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။တချို့မျက်စိဝေဒနာရှိ သူတွေကို သီးသီးပုံမှန် စားဖို့ မျက်စိဆရာဝန်တချို့ကအကြံပြုလေ့ရှိပါတယ်။

credit:မူရင်းရေးသားသူ

 

Zawgyi

ေက်ာက္ကပ္မ်က္စိႏွင့္အစာအိမ္အတြက္ သီးသီးအစြမ္း

 

Wood apple လို႔ေခၚတဲ့ သီးသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

သီးသီးမွာ လုံးဝိုင္းၿပီးသစ္သားေရာင္သန္းေနပါတယ္။သီးသီးကမာေက်ာ္ၿပီးအျပင္အေရာင္မွိုင္းကာအတြင္းမွာညိုေရာင္သန္းေနတဲ့အႏွစ္ရွိပါတယ္။သီးသီးမွာ က်န္းမာေရး အက်ိဳးေက်းဇူး အမ်ားအျပားရွိတာေၾကာင့္ တန္ဖိုး အရွိဆုံး ေဆးဖက္ဝင္ အပင္ အမ်ိဳးအစား တစ္မ်ိဳးအျဖစ္ အိႏၵိယမွာ အသုံးမ်ားၾက ပါတယ္။

 

 

ဗီတာမင္ ပါဝင္မႈမ်ားျခင္း

သီးသီးမွာ ေအာက္ဇဲလ္လစ္၊ မဲလ္ လစ္၊ ဆစ္ထရစ္နဲ႕ တန္းနစ္အက္စစ္တို႔ မ်ားစြာ ပါဝင္ပါတယ္။ကယ္လ္စီယမ္၊ သံဓာတ္၊ ေဖာ့စ္ဖရပ္စ္၊ ကာရိုတင္း၊ သိုင္ ယာမင္း၊ ရိုင္ဘိုဖေလဗင္နဲ႕ နိုင္ယာစင္ စတဲ့ ဗီတာမင္နဲ႕ သတၳဳဓာတ္ေတြလည္း အမ်ားအျပား ပါဝင္ေနပါတယ္။သီးသီးမွာ ပါဝင္တဲ့ ဗီတာမင္ပမာဏဟာ ေဆးဖက္ဝင္အစာအျဖစ္ အိႏၵိယမွာ အသုံးမ်ား ရတဲ့အေၾကာင္းရင္းလည္းျဖစ္ပါတယ္။

အစာေျခလမ္းေၾကာင္း ေဝဒနာမ်ားကို သက္သာေစျခင္း

သီးသီးမွာ တန္နင္ဓာတ္ ပါဝင္တာ ေၾကာင့္ နာတာရွည္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါလို အစာေျခစနစ္ေဝဒနာေတြကို သက္သာေစပါတယ္။သီးသီးအႏွစ္ကို ပ်ားရည္နဲ႕ ေရာစားတာေၾကာင့္အစာမေၾကတာကိုသက္သာေစပါတယ္။

အစာအိမ္အနာကို သက္သာေစျခင္း

သီးသီးအပင္ရဲ႕ အ႐ြက္ဟာ အစာ အိမ္အနာ (Peptic Ulcer) ကို သက္ သာေစနိုင္ပါတယ္။သီးသီးအ႐ြက္ကို တစ္ညလုံးေရထဲစိမ္ထားၿပီးနံနက္ခင္းမွာေရကိုစစ္ကာအ႐ြက္ကို စားေပးရမွာျဖစ္ပါတယ္။သီးသီးအႏွစ္သားကို စား တာေၾကာင့္ အစာအိမ္အနာကို အနာ က်က္ေစၿပီး နာက်င္မႈေဝဒနာကို သက္ သာေစပါတယ္။

အပႈဒဏ္ ခံရေသာ ေဝဒနာမ်ားကို သက္သာေစပါတယ္သီးသီးဟာ အပူဒဏ္ေၾကာင့္ ျဖစ္ တဲ့ ေဝဒနာကိုလည္း သက္သာေစတယ္ လို႔ အိႏၵိယမွာ နာမည္ႀကီးပါတယ္။သီးသီးေဖ်ာ္ရည္ထဲကို သံပရာရည္ေလးစက္ ခန့္ထည့္ကာ အပူဒဏ္ခံရသူလူနာအား သုံးရက္ဆက္တိုက္တိုက္ေကြၽးေလ့ရွိပါတယ္။

အသက္ရႈလမ္းေၾကာင္းေဝဒနာမ်ားကို သက္သာေစျခင္း

သီးသီးအ႐ြက္ဟာ အေအးမိေဝဒ နာနဲ႕ တျခားအသက္ရႉလမ္းေၾကာင္း ေဝဒနာကိုေရွာင္လႊဲနိုင္ေစ႐ုံသာမကမၾကာခဏျပန္ျဖစ္တတ္တဲ့ အေအးမိေဝဒနာကိုလည္း သက္သာေစပါတယ္။သီးသီးကိုစားေပးတာက လည္ေခ်ာင္းနာတာနဲ႕ နာတာရွည္ေခ်ာင္းဆိုးေဝဒနာကို သက္သာေစပါတယ္။

ေက်ာက္ကပ္ က်န္းမာေရးကို ေကာင္းမြန္ေစျခင္း

သီးသီးကို ပုံမွန္စားေပးတာေၾကာင့္ ေက်ာက္ကပ္ေဝဒနာေတြကို သက္သာ ေစပါတယ္။ ပုံမွန္စားေပးရင္ ဆီးေက်ာက္ တည္တာကို သက္သာေစပါတယ္။တစ္ေန႕ သီးသီး အႏွစ္သား ၁ဝဝ ဂရမ္နဲ႕အ ထက္ စားရင္ ေက်ာက္ကပ္ေဝဒနာရွိသူေတြကိုသက္သာေစတယ္လို႔ ေလ့လာသူေတြကဆိုပါတယ္။

မ်က္စိက်န္းမာေရးေစာင့္ေရွာက္မႈ

သီးသီးမွာ ကယ္ရိုတင္းပါဝင္တာ ေၾကာင့္ မ်က္စိက်န္းမာေရးအတြက္ အ က်ိဳးရွိပါတယ္။ ကယ္ရိုတင္းဟာ မ်က္စိ ကို က်န္းမာေအာင္ ပံ့ပိုးေပးနိုင္တာ ေၾကာင့္ သီးသီးကို ပုံမွန္စားေပးတာက မ်က္စိအျမင္အာ႐ုံ က်န္းမာေရးကို ေကာင္း မြန္ေစပါတယ္။တခ်ိဳ႕မ်က္စိေဝဒနာရွိ သူေတြကို သီးသီးပုံမွန္ စားဖို႔ မ်က္စိဆရာဝန္တခ်ိဳ႕ကအႀကံျပဳေလ့ရွိပါတယ္။

credit:မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *