Menu Close

ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း

ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း

 

ကျောက်ကပ်ရောဂါဆိုတာ ငွေကုန်ကြေးကျလည်းများသလို၊ ခံစားရတဲ့သူတွေအတွက်လည်း အရမ်းကိုပြင်းထန်တဲ့ ဝေဒနာဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ အရမ်းရောဂါမရင့်ခင်မှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ ခုဖော်ပြပေးမှာကတော့ ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ကျောက်ကပ်ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

ဖရဲသီးစေ့ – ဖရဲသီးစေ့ဟာ ကျောက်ကပ်ကို အရမ်းအကျိုးပြုနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ အစွမ်းရှိတဲ့အပြင် ကျောက်ကပ်ထဲကအညစ် အကြေးတွေကိုလည်းသန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။နောက်ပြီး ကျောက်ကပ်နဲ့ပတ်သက်တဲ့ နာကျင်မှုဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ – ၁။ဖရဲသီးစေ့(အခြောက်) တစ်ဇွန်း။၂။ရေ (၂) ဖန်ခွက်။ပြုလုပ်နည်းး – ရေနွေးကရားထဲကို ရေ(၂)ဖန်ခွက်ထည့်လိုက်ပါ။အဲဒီ့အထဲကို ဖရဲသီးစေ့ခပ်ပြီး မိနစ်အနည်းငယ်စောင့်ပါ။ရေအေးသွားပြီဆိုရင် သောက်သုံးလို့ရပါပြီ။ တစ်နေ့ကို (၂)ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ သက်သာပျောက်ကင်းသွားမှာပါ။

ဒုဓလီရွက် – ဒုဓလီရွက်ဟာ ကျောက်ကပ်ထဲရှိ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးမှန်စေခြင်းအားဖြင့် ဘက်တီးရီးယားတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

ပြုလုပ်နည်း – ဒုဓလီရွက်တွေကို နေပူထဲမှာလှန်းပြီး အခြောက်ခံလိုက်ပါ။ ရရှိလာတဲ့ ဒုဓလီရွက်ခြောက် (၁)ဇွန်းကိုယူပြီး ရေပူ(၁)ခွက်ထဲမှာ ခပ်လိုက်ပါ။

ပြီးရင် ခဏအုပ်ထားပြီး (၁၅) မိနစ်ခန့်နှပ်ထားလိုက်ပါ။ဒီနည်းလမ်းကို တစ်နေ့ (၃)ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေ သက်သာပျောက်ကင်းသွားမှာပါ။

 

 

ဒုဓလီပင် (ခြေင်္သ့သွား) – မေမြို့ပန်းမျိုးနွယ်ဝင် ဒုဓလီပန်းပင်မှာ အပင်ပုမျိုးဖြစ်ပြီး အမေရိက၊ ဂျပန်၊ တရုတ် နှင့် ကိုရီးယားနိုင်ငံများတွင် ဈေးကွက်ဝင် စားသုံး၍ရသော အလှစိုက်ပင်ဖြစ်သည်။ စတင်စိုက်ပျိုးသည့်နှစ်မှစ၍ မျိုးစေ့ချ စိုက်ပျိုးရုံနှင့် အလွယ်တကူမျိုးပွားနိုင်သည့် ဝတ်မှုန်တိုင်လည်း ပါရှိသည်။ကိုရီးယားနိုင်ငံတွင် ဒုဓလီပန်းအား မုန့်နှစ်ကပ်၍ ကြော်ခြင်း၊ ပန်းပွင့်အား ရေနွေးကြမ်းခပ်၍သောက်သုံးခြင်း (အဆီကျဆေးများ)၊ ဒုဓလီအပင်ရဲ့ အပွင့် အရွက် အမြစ်ကိုလည်း ကင်မ်ချီ ဟင်းချိုနှင့် အစိမ်းသုတ်၊ ပြုတ်၍သုတ်ခြင်း စသဖြင့် ဟင်းလျာမျိုးစုံ ချက်ပြုတ်စားသုံးလေ့ရှိပါတယ်။

တချို့က ရေမုန်လာလို့လည်း ခေါ်ပါတယ်။ နေရာဒေသအခေါ် ပြောင်းလဲနိုင်ပါတယ်။ဈေးမှ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှာ မေးမြန်းပါ။ နေရာဒေသ အတော်များမှာပေါက်တတ်ပါတယ်။

Credit – မူရင်း

 

Zawgyi

 

ေက်ာက္ကပ္ေဝဒနာရွင္မ်ားအတြက္ အထူးေကာင္းမြန္တဲ့ ဒုဓလီ႐ြက္ နဲ႕ ဖရဲသီး ေဆးနည္း

 

 

ေက်ာက္ကပ္ေရာဂါဆိုတာ ေငြကုန္ေၾကးက်လည္းမ်ားသလို၊ ခံစားရတဲ့သူေတြအတြက္လည္း အရမ္းကိုျပင္းထန္တဲ့ ေဝဒနာျဖစ္ပါတယ္။ ေက်ာက္ကပ္ေရာဂါ ရွိသူေတြအေနနဲ႕ အရမ္းေရာဂါမရင့္ခင္မွာ အထူးဂ႐ုစိုက္ဖို႔လိုပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ေက်ာက္ကပ္ေဝဒနာရွင္မ်ားအတြက္ အထူးေကာင္းမြန္တဲ့ ေက်ာက္ကပ္ေရာဂါေတြကို သက္သာေပ်ာက္ကင္းေစနိုင္တဲ့ အိမ္တြင္းနည္းလမ္းေလးေတြပဲ ျဖစ္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးလည္း မရွိတာေၾကာင့္ စမ္းသပ္ၾကည့္ဖို႔ တိုက္တြန္းပါရေစေနာ္။

ဖရဲသီးေစ့ – ဖရဲသီးေစ့ဟာ ေက်ာက္ကပ္ကို အရမ္းအက်ိဳးျပဳနိုင္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ အဆိပ္အေတာက္ေတြကို ေျပေစနိုင္တဲ့ အစြမ္းရွိတဲ့အျပင္ ေက်ာက္ကပ္ထဲကအညစ္ အေၾကးေတြကိုလည္းသန႔္စင္ဖယ္ရွား ေပးနိုင္ပါတယ္။ေ

နာက္ၿပီး ေက်ာက္ကပ္နဲ႕ပတ္သက္တဲ့ နာက်င္မႈေဝဒနာေတြကိုလည္း သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

လိုအပ္ေသာပစၥည္းမ်ား – ၁။ဖရဲသီးေစ့(အေျခာက္) တစ္ဇြန္း။၂။ေရ (၂) ဖန္ခြက္။ျပဳလုပ္နည္းး – ေရေႏြးကရားထဲကို ေရ(၂)ဖန္ခြက္ထည့္လိုက္ပါ။ အဲဒီ့အထဲကို ဖရဲသီးေစ့ခပ္ၿပီး မိနစ္အနည္းငယ္ေစာင့္ပါ။ ေရေအးသြားၿပီဆိုရင္ ေသာက္သုံးလို႔ရပါၿပီ။ တစ္ေန႕ကို (၂)ခြက္ ပုံမွန္ေသာက္သုံးေပးျခင္းျဖင့္ ေက်ာက္ကပ္ေရာဂါ သက္သာေပ်ာက္ကင္းသြားမွာပါ။

ဒုဓလီ႐ြက္ – ဒုဓလီ႐ြက္ဟာ ေက်ာက္ကပ္ထဲရွိ အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး ဆီးမွန္ေစျခင္းအားျဖင့္ ဘက္တီးရီးယားေတြကိုလည္း စြန႔္ထုတ္ေပးပါတယ္။

ျပဳလုပ္နည္း – ဒုဓလီ႐ြက္ေတြကို ေနပူထဲမွာလွန္းၿပီး အေျခာက္ခံလိုက္ပါ။ ရရွိလာတဲ့ ဒုဓလီ႐ြက္ေျခာက္ (၁)ဇြန္းကိုယူၿပီး ေရပူ(၁)ခြက္ထဲမွာ ခပ္လိုက္ပါ။ ၿပီးရင္ ခဏအုပ္ထားၿပီး (၁၅) မိနစ္ခန႔္ႏွပ္ထားလိုက္ပါ။ဒီနည္းလမ္းကို တစ္ေန႕ (၃)ႀကိမ္ခန႔္ပုံမွန္ျပဳလုပ္ေပးျခင္းျဖင့္ ေက်ာက္ကပ္နဲ႕ပတ္သက္တဲ့ ေရာဂါေတြ သက္သာေပ်ာက္ကင္းသြားမွာပါ။

ဒုဓလီပင္ (ခေၾသၤ့သြား) – ေမၿမိဳ႕ပန္းမ်ိဳးႏြယ္ဝင္ ဒုဓလီပန္းပင္မွာ အပင္ပုမ်ိဳးျဖစ္ၿပီး အေမရိက၊ ဂ်ပန္၊ တ႐ုတ္ ႏွင့္ ကိုရီးယားနိုင္ငံမ်ားတြင္ ေဈးကြက္ဝင္ စားသုံး၍ရေသာ အလွစိုက္ပင္ျဖစ္သည္။

စတင္စိုက္ပ်ိဳးသည့္ႏွစ္မွစ၍ မ်ိဳးေစ့ခ် စိုက္ပ်ိဳး႐ုံႏွင့္ အလြယ္တကူမ်ိဳးပြားနိုင္သည့္ ဝတ္မႈန္တိုင္လည္း ပါရွိသည္။ကိုရီးယားနိုင္ငံတြင္ ဒုဓလီပန္းအား မုန႔္ႏွစ္ကပ္၍ ေၾကာ္ျခင္း၊ ပန္းပြင့္အား ေရေႏြးၾကမ္းခပ္၍ေသာက္သုံးျခင္း (အဆီက်ေဆးမ်ား)၊ ဒုဓလီအပင္ရဲ႕ အပြင့္ အ႐ြက္ အျမစ္ကိုလည္း ကင္မ္ခ်ီ ဟင္းခ်ိဳႏွင့္ အစိမ္းသုတ္၊ ျပဳတ္၍သုတ္ျခင္း စသျဖင့္ ဟင္းလ်ာမ်ိဳးစုံ ခ်က္ျပဳတ္စားသုံးေလ့ရွိပါတယ္။တခ်ိဳ႕က ေရမုန္လာလို႔လည္း ေခၚပါတယ္။

ေနရာေဒသအေခၚ ေျပာင္းလဲနိုင္ပါတယ္။ေဈးမွ ဟင္းသီးဟင္း႐ြက္ေရာင္းခ်သဴမ်ားထံမွာ ေမးျမန္းပါ။ ေနရာေဒသ အေတာ္မ်ားမွာေပါက္တတ္ပါတယ္။

Credit – မူရင္း

Leave a Reply

Your email address will not be published. Required fields are marked *