Menu Close

ကြက်သွန်ဖြူ စားသုံးခြင်း၏ ကျန်းမာရေးကောင်းကျိုး

ကြက်သွန်ဖြူသည် သွေးကို သန့်စေသည်။ ပိုးမွှားများကို သေစေသည်။ အဖျားပိုးကိုလဲ လွယ်ကူစွာကျစေသည်။ ချွေးစေးများ ထွက်ခြင်းကို အားပေးသည်။ ဆီးနှင့် ဝမ်းကို ရွှင်စေသည်။

ကာမ အားကောင်းစေရန် အထောက်အပံ့ပေးသည်။ မျက်စိကိုလည်း လွန်စွာ အကျိုးပြုသည်။

ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ‌ေပျာက်ကင်းသက်သာသည်ဟု သိထားရပါသည်။

ကြက်သွန်ဖြူကို စားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊၊ အအေးမိခြင်း၊ ကင်ဆာရောဂါ နဲ့ ကိုလက်စထရော များခြင်း များကို ကာကွယ်ပေးပါသည်။

ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲမှာ ရှိတဲ့ အချိုဓာတ် (သကြားဓာတ်) ကိုထိန်းညှိပေးတဲ့အတွက် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်သည်။

အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။

နာတာရှည် ချောင်းဆိုးရောဂါများအတွက်လည်း ကြက်သွန်ဖြူကို အရည်ပြုတ်၍ သောက်သုံးပါ။ သိသာထင်ရှားစွာ ရောဂါသက်သာပါလိမ့်မည်။

လေနှင့် ပတ်သက်သော ရောဂါများအတွက် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ လေရောဂါ၊ နာတာရှည်ရောဂါမှာ ပျောက်ကင်းပါလိမ့်မည်။

ကလေးလေဆန်နာရောဂါများကိုလည်း ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မည်။

ကြက်ညှာချောင်းဆိုးပါက ကြက်သွန်ဖြူကို ထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ၄င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့် နယ်ပြီး ပတ်တီးစည်းထားပြီး နံနက်မိုးလင်းရင် ခွာပါ။ သို့မဟုတ် ကြက်သွန်ဖြူကို အရည်နှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။

လည်ပင်းကြီးရောဂါသည်အနေဖြင့် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တိုက်ကျွေးပါ။ တစ်နေ့ သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင် လိမ်းပေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မည်။

ခေါင်းကိုက်ဝေဒနာများအတွက် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီး သောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။

ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်ပြီး ပြာကို အမှုန့်ပြုလုပ်၍ ကလေးများကို တိုက်ကျွေးပါ။ သက်သာပျောက်ကင်းပါလိမ့်မည်။

 

ပွေး၊ ဝဲ၊ ယားနာများအတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာသောအစေးကို အနာအား မကြာခဏ ပွတ်ပေးပါ။ လျှင်မြန်စွာ ပျောက်ကင်းပါလိမ့်မည်။

အဆုတ်ရောဂါ ဝေဒနာများအတွက် ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ။ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကို လိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း သက်သာစေ ပါသည်။

နားပြည်ယိုခြင်းကို နှမ်းဆီ ငါးကျပ်သား၊ ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်းနှစ်ပွင့်ခန့် တို့အား ထည့်ပြုတ်၍ နားအတွင် ပူနွေးနွေးလေး ထည့်ပေးပါ။ နားပြည်ယို၊ နားကိုက်၊ နားထိုင်း ပျောက်ကင်းစေပါသည်။

နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။

ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။

မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။

ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်သည်။

သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျည်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ
ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်၊၊ ဒီဆိုးကျိုးတွေက များများစားလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်၊၊

နောက်တစ်ချက်က ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်၊၊ ဒါကြောင့် နဂိုသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင်သင့်ပါတယ်၊၊

ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာ ရှိတဲ့သူတွေဆိုရင် မခွဲခင် ၂ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်၊၊

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်
သင့်ပါတယ်။

အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူစားတာကို ရှောင်သင့်ပါတယ်၊၊

credit:မူရင်းရေးသားသူအား လေးစားလျက်

ZawGyi

ၾကက္သြန္ျဖဴ စားသုံးျခင္း၏ က်န္းမာေရးေကာင္းက်ိဳးႏွင့္ ဘယ္လိုလူေတြက မစားသင့္ဘူးလဲ။

 

 

ၾကက္သြန္ျဖဴသည္ ေသြးကို သန႔္ေစသည္။ ပိုးမႊားမ်ားကို ေသေစသည္။ အဖ်ားပိုးကိုလဲ လြယ္ကူစြာက်ေစသည္။ ေခြၽးေစးမ်ား ထြက္ျခင္းကို အားေပးသည္။ ဆီးႏွင့္ ဝမ္းကို ႐ႊင္ေစသည္။ ကာမ အားေကာင္းေစရန္ အေထာက္အပံ့ေပးသည္။ မ်က္စိကိုလည္း လြန္စြာ အက်ိဳးျပဳသည္။

ၾကက္သြန္ျဖဴကို ေန႕စဥ္စားသုံးျခင္းျဖင့္ ေသြးတိုးေရာဂါကို ‌ေပ်ာက္ကင္းသက္သာသည္ဟု သိထားရပါသည္။

ၾကက္သြန္ျဖဴကို စားသုံးပါက ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊၊ အေအးမိျခင္း၊ ကင္ဆာေရာဂါ နဲ႕ ကိုလက္စထေရာ မ်ားျခင္း မ်ားကို ကာကြယ္ေပးပါသည္။

ဒါ့အျပင္ ၾကက္သြန္ျဖဴက ေသြးထဲမွာ ရွိတဲ့ အခ်ိဳဓာတ္ (သၾကားဓာတ္) ကိုထိန္းညွိေပးတဲ့အတြက္ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါမ်ား ျဖစ္ပြားျခင္းကို ေလ်ာ့နည္းေစနိုင္သည္။

အဆီက်ေစသျဖင့္ ေန႕စဥ္မွန္မွန္ စားသုံးပါက ေသြးတိုး ေရာဂါ မျဖစ္ေစရန္ႏွင့္ ျဖစ္ပြားေနေသာ ေသြးတိုး ေရာဂါကို ေပ်ာက္ေစသည္။ အစားစားေနစဥ္ အတူ စားသုံး၍ ျဖစ္ေစ၊ အစာစားၿပီး ေဆးအျဖစ္ အမႈန႔္ျပဳ စားသုံးလွ်င္ အစာေၾက၍ ေလသက္ေစနိုင္သည္။

နာတာရွည္ ေခ်ာင္းဆိုးေရာဂါမ်ားအတြက္လည္း ၾကက္သြန္ျဖဴကို အရည္ျပဳတ္၍ ေသာက္သုံးပါ။ သိသာထင္ရွားစြာ ေရာဂါသက္သာပါလိမ့္မည္။

ေလႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားအတြက္ ၾကက္သြန္ျဖဴကို ႏွမ္းဆီႏွင့္စိမ္၍ ဆားအနည္းငယ္ထည့္ၿပီး ထမင္းမစားမီ စားပါ။ ေလေရာဂါ၊ နာတာရွည္ေရာဂါမွာ ေပ်ာက္ကင္းပါလိမ့္မည္။

ကေလးေလဆန္နာေရာဂါမ်ားကိုလည္း ၾကက္သြန္ျဖဴဥတစ္လုံးကို မီးဖုတ္၍ ေကြၽးပါ။ သက္သာ ေပ်ာက္ကင္းပါလိမ့္မည္။

ၾကက္ညွာေခ်ာင္းဆိုးပါက ၾကက္သြန္ျဖဴကို ထုေထာင္း၍ ႏွမ္းဆီႏွင့္ ေက်ေအာင္နယ္ၿပီး ရင္ဘတ္ႏွင့္ေက်ာကို လိမ္းက်ံေပးပါ။ ေျခဖဝါးကို ၄င္းအတိုင္း ၾကက္သြန္ျဖဴေထာင္း၍ ႏွမ္းဆီႏွင့္ နယ္ၿပီး ပတ္တီးစည္းထားၿပီး နံနက္မိုးလင္းရင္ ခြာပါ။ သို႔မဟုတ္ ၾကက္သြန္ျဖဴကို အရည္ႏွစ္ၿပီး ေရအနည္းငယ္ႏွင့္ သၾကားေရာၿပီး လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန႔္ တိုက္ေပးပါ။

လည္ပင္းႀကီးေရာဂါသည္အေနျဖင့္ ၾကက္သြန္ျဖဴဆီကို တစ္ႀကိမ္လွ်င္ ႏွစ္စက္မွ် တိုက္ေကြၽးပါ။ တစ္ေန႕ သုံးႀကိမ္ တိုက္ေကြၽးပါ။ လည္ပင္းတြင္ လိမ္းေပးပါ။ သက္သာ ေပ်ာက္ကင္းပါလိမ့္မည္။

ေခါင္းကိုက္ေဝဒနာမ်ားအတြက္ ၾကက္သြန္ျဖဴကို ဆားႏွင့္ေရာၿပီး ေသာက္ပါ။ ၾကက္သြန္ျဖဴကို ႀကိတ္ၿပီး နားထင္တြင္ လိမ္းေပးပါ။

ကေလးမ်ား ေခ်ာင္းဆိုးေရာဂါျဖစ္ေသာအခါ ၾကက္သြန္ျဖဴကို အပ္ႏွင့္ထိုး၍ ျပာက်ေအာင္မီးဖုတ္ၿပီး ျပာကို အမႈန႔္ျပဳလုပ္၍ ကေလးမ်ားကို တိုက္ေကြၽးပါ။ သက္သာေပ်ာက္ကင္းပါလိမ့္မည္။

ေပြး၊ ဝဲ၊ ယားနာမ်ားအတြက္ ၾကက္သြန္ျဖဴတစ္လုံးကို ဖင္မွလွီးၿပီး ထြက္လာေသာအေစးကို အနာအား မၾကာခဏ ပြတ္ေပးပါ။ လွ်င္ျမန္စြာ ေပ်ာက္ကင္းပါလိမ့္မည္။

အဆုတ္ေရာဂါ ေဝဒနာမ်ားအတြက္ ၾကက္သြန္ျဖဴတစ္လုံး တစ္ေန႕တစ္ႀကိမ္ အရည္ညွစ္တိုက္ပါ။ စားပါ။ ၾကက္သြန္ျဖဴကို ႀကိတ္၍ ထြက္လာေသာအဆီျဖင့္ ရင္ဘတ္ကို လိမ္းေပးၿပီး အဝတ္ႏွင့္ ရင္ဘတ္ကို ပတ္ထားပါ။

အေၾကာအျခင္ကိုက္ခဲပါက ၾကက္သြန္ျဖဴကို အရည္ထုတ္၍ ပြတ္လိမ္းျခင္းျဖင့္ ေပ်ာက္ကင္း သက္သာေစ ပါသည္။

နားျပည္ယိုျခင္းကို ႏွမ္းဆီ ငါးက်ပ္သား၊ ၾကက္သြန္ျဖဴ အနည္းငယ္၊ ေလးညွင္းႏွစ္ပြင့္ခန႔္ တို႔အား ထည့္ျပဳတ္၍ နားအတြင္ ပူေႏြးေႏြးေလး ထည့္ေပးပါ။ နားျပည္ယို၊ နားကိုက္၊ နားထိုင္း ေပ်ာက္ကင္းေစပါသည္။

ႏွလုံးႏွင့္ ပတ္သက္ေသာ ေရာဂါ ေဝဒနာ ရွင္မ်ားအတြက္ ေဆးအေနနဲ႕ ေသာ္လည္းေကာင္း၊ အစာအဟာရ အျဖစ္ႏွင့္ ေသာ္လည္းေကာင္း မွန္မွန္ စားသုံးပါက ျဖစ္ပြားမႈႏႈန္း ေႏွးေကြးၿပီး တျဖည္းျဖည္း သက္သာ ေစနိုင္သည္။

ၾကာရွည္ စားသုံးလွ်င္ ဆံပင္ကို နက္ေစ၍ သုတ္ကို ပြားေစသည္။

ျမစ္ပြားနာ (ေခၚ) ကင္ဆာ ေရာဂါ ျဖစ္ပြားမႈႏႈန္း နည္းေစရန္ အတြက္ ႀကိဳတင္ ကာကြယ္ စားသုံးနိုင္သည္။

ၾကက္သြန္ျဖဴ ဥတစ္လုံးကို ေၾကးခ်ိတ္ျဖင့္ ေဖာက္၍ ပ်ားရည္တြင္ စိမ္ထားၿပီး စားသုံးပါက အိပ္ေပ်ာ္ စားဝင္ အင္အား ျပည့္ၿဖိဳး ေစနိုင္သည္။

ေသြးတြင္းတြင္ ရွိေသာ cholesterol ကို က်ေစသျဖင့္ ေသြးေၾကာက်ည္း၊ ႏွလုံးေရာဂါ မ်ားအတြက္ လြန္စြာ သင့္ေတာ္သည္။

ၾကက္သြန္ျဖဴက ေဆးဖက္ဝင္တယ္ဆိုေပမယ့္ ပမာဏမ်ားမ်ားစားမိတဲ့အခါခံတြင္းနံ႕ဆိုးတာ၊ ခံတြင္းပူတာ၊ ရင္ပူတာ၊ ပ်ိဳ႕အန္တာ၊ ဝမ္းေလွ်ာတာေတြ ျဖစ္တတ္ပါတယ္၊၊ ဒီဆိုးက်ိဳးေတြက မ်ားမ်ားစားေလေလ ပိုဆိုးေလေလပဲ ျဖစ္ပါတယ္၊၊

ေနာက္တစ္ခ်က္က ၾကက္သြန္ျဖဴက ေသြးက်ဲေစတဲ့ သတၱိရွိပါတယ္၊၊ ဒါေၾကာင့္ နဂိုေသြးမတိတ္ေရာဂါရွိသူေတြ၊ ေသြးက်ဲေဆး ေသာက္ေနသူေတြက ပမာဏမ်ားမ်ားစားတာကို ေရွာင္သင့္ပါတယ္၊၊

ဒီအခ်က္ေၾကာင့္ပဲ ခြဲစိတ္မႈ လုပ္စရာ ရွိတဲ့သူေတြဆိုရင္ မခြဲခင္ ၂ပတ္အလိုတည္းက ၾကက္သြန္ျဖဴစားတာကို ရပ္ထားသင့္ပါတယ္၊၊

ကိုယ္ဝန္ေဆာင္နဲ႕ နို႔တိုက္မိခင္ေတြမွာလည္း ပုံမွန္အတိုင္း ခ်က္ျပဳတ္စားတဲ့ထဲမွာပါတာက ျပႆနာမဟုတ္ေပမယ့္ အလြန္အကြၽံစားတာကို ဆင္ျခင္
သင့္ပါတယ္။

အစာအိမ္ေရာဂါရွိသူေတြအေနနဲ႕လည္း အစာအိမ္နာေနတဲ့အခ်ိန္မွာ ၾကက္သြန္ျဖဴစားတာကို ေရွာင္သင့္ပါတယ္၊၊

credit:မူရင္းေရးသားသူအား ေလးစားလ်က္

Leave a Reply

Your email address will not be published. Required fields are marked *