Menu Close

ကြာစွယ်ကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ကြာစွယ်ကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

 

ကြာစွယ်ဆိုတာကို မာလာဟင်းနဲ့ မြေအိုးမြီးရှည်လို အစားအသောက်တွေထဲမှာ စားဖူးကြမယ်ထင်ပါတယ်။အခုနောက်ပိုင်း ဟော့ပေါ့စားတဲ့ အခါမျိုးမှာလည်း ကြာစွယ်ကြိုက်တယ်ဆိုရင်ထည့်စားလို့ရနေပါပြီ။

ကြာစွယ်ဆိုတာက လှပတဲ့ကြာပန်း လေးတွေ ပွင့်တဲ့ အပင်ရဲ့အမြစ်ပါ။ ရေမှာ ပေါက်တဲ့ အပင်တစ်မျိုးပါ။ကြာစွယ်က အရှေ့အာရှနဲ့ တောင်အာရှဒေသတွေမှာ အပေါက်အရောက်များပါတယ်။လှပမှု၊သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့ ကြာပန်းရဲ့အမြစ်ဖြစ်တဲ့ကြာစွယ်ကလည်းကျန်းမာရေးအတွက်တော်တော်လေးအကျိုးပြုပါတယ်။

 

shweu

 

(၁) အာဟာရဓာတ်ပြည့်ဝခြင်း

ကြာစွယ်မှာအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။

ဗီတာမင်စီ – ကြာစွယ်မှာ နှလုံးကို ကျန်းမာစေသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော LDL ကို လျော့ကျစေ နိုင်တဲ့ ဗီတာမင်စီလည်းကြွယ်ဝစွာပါဝင်နေပါတယ်။

ဗီတာမင်စီက ကိုယ်ခံအား စနစ်ကို တိုးတက်စေသလို ထိခိုက်ဒဏ်ရာရတာကြောင့် ပျက်စီးသွားတဲ့ တစ်သျှူး တွေကိုလည်း ပြန်လည်ကောင်းမွန်စေနိုင်စွမ်းရှိပါတယ်။ ကူးစက်ရောဂါပိုးတွေကူးစက်ခံရမှုကနေလည်း ကာကွယ်ပေးပါတယ်။

အနာကျက်မြန်စေနိုင်သလို အသားအရေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အရိုး၊ ကြွက်သား၊သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။Free radicals တွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်ဘီ – ဗီတာမင်ဘီလည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။အာရုံကြောစနစ်၊ အစာခြေစနစ်နဲ့ နှလုံးသွေးကြောစနစ်တွေကို ကောင်းမွန်စေနိုင်တဲ့ ဗီတာ မင်ဘီတစ်မျိုးဖြစ်တဲ့ pyridoxine ပါဝင် သလို သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေး ပါတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ဖောလိတ်ဓာတ်ပါဝင်ပါသေးတယ်။သွေးနီဥဆဲလ်တွေကို ကျန်းမာစေနိုင်တဲ့ riboflavin လည်း ပါဝင်နေပါတယ်။

သိုင်ရာမင်- ကြာစွယ်မှာမျက်လုံး၊ အစာခြေစနစ်၊ နှလုံးနဲ့ အာရုံကြောတွေကိုကျန်းမာစေနိုင်တဲ့ သိုင်ရာမင် ဓာတ်လည်း ပါဝင် နေပါတယ်။ဒါ့အပြင် ဟီမိုဂလိုဘင်ပမာဏကိုတိုးစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတဲ့အပြင် အသားအရေနဲ့ဆံသားကိုကျန်းမာစေနိုင်တဲ့ pantothenic acid လည်း ပါဝင်နေပါသေးတယ်။

ကြာစွယ်မှာ အရေးပါတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ကြာစွယ်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေသာမက အမျှင်ဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်တာကြောင့် ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးသလိုဝမ်းမချုပ်အောင်လည်းအထောက်အပံ့ပေးပါ သေးတယ်။ကြာစွယ်က ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါသေးတယ်။

(၂) သွေးလည်ပတ်မှုကောင်းမွန်စေနိုင်ခြင်း

ကြာစွယ်က သွေးလည်ပတ်မှုကိုတိုးစေနိုင်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သွေးနဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ လုံလောက်စွာရရှိစေနိုင်ပါတယ်။စွမ်းအင်ကိုလည်း တိုးစေနိုင်ပါတယ်။ကော့ ပါးနဲ့သံဓာတ်တွေ ကြွယ်ဝစွာပါဝင်တာ ကြောင့် သွေးဆဲလ်ထုတ်လုပ်မှုကိုတိုးတက်စေနိုင်ပြီး သွေးအားနည်းရောဂါ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

(၃) သွေးပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း

ကြာစွယ်မှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီ ယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ပိုတက်ဆီယမ်က ကိုယ်တွင်းအရည်ဓာတ်ကိုထိန်းညှိပေးပြီးသွေးဖိအားအပေါ် ဆိုဒီ ယမ်ရဲ့သက်ရောက်မှုကို နည်းစေနိုင်ပါတယ်။ပိုတက်ဆီယမ်က သွေးကြောတွေကိုပြေလျော့စေနိုင်ပြီး နှလုံးဆီကို လုံလောက်တဲ့ သွေးစီးဆင်းမှုရရှိအောင် လုပ်ဆောင်ပေးပါတယ်။

(၄) နှလုံးကျန်းမာစေနိုင်ခြင်း

ကြာစွယ်က သွေးဖိအားကိုထိန်းညှိပေးပြီး သွေးစီးဆင်းမှုကိုတိုးစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ကြာစွယ်မှာအမျှင်ဓာတ်တွေပါဝင်တာကြောင့် LDL ကို လက်စထရောကို ကျဆင်းစေနိုင်ပြီးသွေးကြောပိတ်တာ၊ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးတာ၊လေဖြတ်တာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါ တယ်။

(၅) အစာခြေစနစ်ကို တိုးတက်စေနိုင်ခြင်း

ကြာစွယ်မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူနဲ့ အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ဝမ်းမချုပ် စေနိုင်သလို ဝမ်းလျှောတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အစာခြေရည်ကို ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့်အူနံရံတွေကအာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လုပ်ဆောင် ပေးပါတယ်။

(၆) စိတ်ကျန်းမာစေနိုင်ခြင်း

ကြာစွယ်မှာ ဗီတာမင်ဘီ တစ်မျိုး ဖြစ်တဲ့ pyridoxine ပါဝင်နေပါတယ်။pyridoxine က စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီး စိတ်တည်ငြိမ်မှုအားလည်း ကောင်းစေနိုင်ပါတယ်။စိတ်ဖိစီး တာနဲ့ ခေါင်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

(၇) မျက်လုံးကျန်းမာစေနိုင်ခြင်း

ကြာစွယ်မှာဗီတာမင်အေ ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေနိုင်ပြီး မျက်လုံးအမြင်အာရုံချို့ယွင်းတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) အသားအရေလှပစေနိုင်ခြင်း

ကြာစွယ်မှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ကော်လာဂျင်ဖြစ်ပေါ်မှု ကို လှုံ့ဆော်ပေးပြီး အသက်ကြီးလာလို့အသားအရေမှာအစက်အပြောက်တွေ ဖြစ်တာ၊ နေလောင်ကွက်တွေ ဖြစ်တာကို သက်သာစေနိုင်ပြီး အသားအရေကောင်းမွန်စေပါတယ်။

အသားအရေကိုချောမွေ့ ဝင်းမွတ်စေပြီး ခြောက်သွေ့ညိုမွဲမှုကို ကင်းစင်စေနိုင်ပါတယ်။

သတိထားရမှာတစ်ချက်ကတော့ ကြာစွယ်ကို မစားခင်မှာ သေချာဆေးကြောဖို့ပါ။ရေမှာပေါက်တဲ့အပင်ဖြစ်တာ ကြောင့် ကပ်ပါးပိုးတွေ ပါလာနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

အဆိုပါ ကပ်ပါးပိုးတွေကို စားသုံးမိတဲ့အခါ ဖျားတာ၊ ဗိုက်နာတာ၊ အော့အန်တာ၊ ဝမ်းလျှောတာနဲ့ အူအတွင်းမှာ အစာတွေ ပိတ်ဆို့တာမျိုးကို ဖြစ်စေနိုင်ပါတယ်။

credit:မအေးသီမွန်

 

Zawgyi

ၾကာစြယ္ကေန ရရွိနိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ၾကာစြယ္ဆိုတာကို မာလာဟင္းနဲ႕ ေျမအိုးၿမီးရွည္လို အစားအေသာက္ေတြထဲမွာ စားဖူးၾကမယ္ထင္ပါတယ္။အခုေနာက္ပိုင္း ေဟာ့ေပါ့စားတဲ့ အခါမ်ိဳးမွာလည္း ၾကာစြယ္ႀကိဳက္တယ္ဆိုရင္ထည့္စားလို႔ရေနပါၿပီ။

ၾကာစြယ္ဆိုတာက လွပတဲ့ၾကာပန္း ေလးေတြ ပြင့္တဲ့ အပင္ရဲ႕အျမစ္ပါ။ ေရမွာ ေပါက္တဲ့ အပင္တစ္မ်ိဳးပါ။ၾကာစြယ္က အေရွ႕အာရွနဲ႕ ေတာင္အာရွေဒသေတြမွာ အေပါက္အေရာက္မ်ားပါတယ္။လွပမႈ၊သန႔္ရွင္းမႈကို ကိုယ္စားျပဳတဲ့ ၾကာပန္းရဲ႕အျမစ္ျဖစ္တဲ့ၾကာစြယ္ကလည္းက်န္းမာေရးအတြက္ေတာ္ေတာ္ေလးအက်ိဳးျပဳပါတယ္။

 

 

(၁) အာဟာရဓာတ္ျပည့္ဝျခင္း

ၾကာစြယ္မွာအာဟာရဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ေနပါတယ္။ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ဗီတာမင္နဲ႕သတၱဳဓာတ္ေတြလည္းႂကြယ္ဝစြာပါဝင္ေနပါတယ္။

ဗီတာမင္စီ – ၾကာစြယ္မွာ ႏွလုံးကို က်န္းမာေစသလို ေသြးတြင္းက အက်ိဳးမျပဳတဲ့ ကိုလက္စထေရာ LDL ကို ေလ်ာ့က်ေစ နိုင္တဲ့ ဗီတာမင္စီလည္းႂကြယ္ဝစြာပါဝင္ေနပါတယ္။

ဗီတာမင္စီက ကိုယ္ခံအား စနစ္ကို တိုးတက္ေစသလို ထိခိုက္ဒဏ္ရာရတာေၾကာင့္ ပ်က္စီးသြားတဲ့ တစ္သ်ႉး ေတြကိုလည္း ျပန္လည္ေကာင္းမြန္ေစနိုင္စြမ္းရွိပါတယ္။ ကူးစက္ေရာဂါပိုးေတြကူးစက္ခံရမႈကေနလည္း ကာကြယ္ေပးပါတယ္။

အနာက်က္ျမန္ေစနိုင္သလို အသားအေရကိုလည္း ေကာင္းမြန္ေစနိုင္ပါတယ္။ အရိုး၊ ႂကြက္သား၊ေသြးေၾကာေတြနဲ႕ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြကို လည္း က်န္းမာသန္စြမ္းေစနိုင္ပါတယ္။Free radicals ေတြေၾကာင့္ ခႏၶာကိုယ္ကို ထိခိုက္တာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးနိုင္ပါတယ္။

ဗီတာမင္ဘီ – ဗီတာမင္ဘီလည္း ႂကြယ္ဝစြာပါဝင္ေနပါေသးတယ္။အာ႐ုံေၾကာစနစ္၊ အစာေျခစနစ္နဲ႕ ႏွလုံးေသြးေၾကာစနစ္ေတြကို ေကာင္းမြန္ေစနိုင္တဲ့ ဗီတာ မင္ဘီတစ္မ်ိဳးျဖစ္တဲ့ pyridoxine ပါဝင္ သလို သေႏၶသားဖြံ႕ၿဖိဳးမႈအတြက္ အေရး ပါတဲ့ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ ေဖာလိတ္ဓာတ္ပါဝင္ပါေသးတယ္။ေသြးနီဥဆဲလ္ေတြကို က်န္းမာေစနိုင္တဲ့ riboflavin လည္း ပါဝင္ေနပါတယ္။

သိုင္ရာမင္- ၾကာစြယ္မွာမ်က္လုံး၊ အစာေျခစနစ္၊ ႏွလုံးနဲ႕ အာ႐ုံေၾကာေတြကိုက်န္းမာေစနိုင္တဲ့ သိုင္ရာမင္ ဓာတ္လည္း ပါဝင္ ေနပါတယ္။ဒါ့အျပင္ ဟီမိုဂလိုဘင္ပမာဏကိုတိုးေစနိုင္ၿပီး ကိုယ္ခံအားစနစ္ကိုတိုးျမႇင့္ေပးတဲ့အျပင္ အသားအေရနဲ႕ဆံသားကိုက်န္းမာေစနိုင္တဲ့ pantothenic acid လည္း ပါဝင္ေနပါေသးတယ္။

ၾကာစြယ္မွာ အေရးပါတဲ့ သတၱဳဓာတ္ေတြ ႂကြယ္ဝစြာပါဝင္ေနပါတယ္။

ၾကာစြယ္မွာ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြသာမက အမွ်င္ဓာတ္၊ ဆိုဒီယမ္၊ ပိုတက္ဆီယမ္တို႔ပါဝင္တာေၾကာင့္ ကိုယ္တြင္းေရဓာတ္ကို ထိန္းညွိေပးသလိုဝမ္းမခ်ဳပ္ေအာင္လည္းအေထာက္အပံ့ေပးပါ ေသးတယ္။ၾကာစြယ္က ကိုယ္တြင္းေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းညွိေပးပါေသးတယ္။

(၂) ေသြးလည္ပတ္မႈေကာင္းမြန္ေစနိုင္ျခင္း

ၾကာစြယ္က ေသြးလည္ပတ္မႈကိုတိုးေစနိုင္ၿပီး ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေသြးနဲ႕ ေသြးတြင္းေအာက္ဆီဂ်င္ပမာဏ လုံေလာက္စြာရရွိေစနိုင္ပါတယ္။စြမ္းအင္ကိုလည္း တိုးေစနိုင္ပါတယ္။ေကာ့ ပါးနဲ႕သံဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တာ ေၾကာင့္ ေသြးဆဲလ္ထုတ္လုပ္မႈကိုတိုးတက္ေစနိုင္ၿပီး ေသြးအားနည္းေရာဂါ မျဖစ္ေအာင္လည္းကာကြယ္ေပးပါတယ္။

(၃) ေသြးေပါင္ခ်ိန္ထိန္းညွိေပးနိုင္ျခင္း

ၾကာစြယ္မွာ ဆိုဒီယမ္နဲ႕ ပိုတက္ဆီ ယမ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေသြးဖိအားကို ထိန္းညွိေပးနိုင္ပါတယ္။ပိုတက္ဆီယမ္က ကိုယ္တြင္းအရည္ဓာတ္ကိုထိန္းညွိေပးၿပီးေသြးဖိအားအေပၚ ဆိုဒီ ယမ္ရဲ႕သက္ေရာက္မႈကို နည္းေစနိုင္ပါတယ္။ပိုတက္ဆီယမ္က ေသြးေၾကာေတြကိုေျပေလ်ာ့ေစနိုင္ၿပီး ႏွလုံးဆီကို လုံေလာက္တဲ့ ေသြးစီးဆင္းမႈရရွိေအာင္ လုပ္ေဆာင္ေပးပါတယ္။

(၄) ႏွလုံးက်န္းမာေစနိုင္ျခင္း

ၾကာစြယ္က ေသြးဖိအားကိုထိန္းညွိေပးၿပီး ေသြးစီးဆင္းမႈကိုတိုးေစနိုင္တာေၾကာင့္ ႏွလုံးေသြးေၾကာေတြကို က်န္းမာသန္စြမ္းေစနိုင္ပါတယ္။ၾကာစြယ္မွာအမွ်င္ဓာတ္ေတြပါဝင္တာေၾကာင့္ LDL ကို လက္စထေရာကို က်ဆင္းေစနိုင္ၿပီးေသြးေၾကာပိတ္တာ၊႐ုတ္တရက္ႏွလုံးရပ္ၿပီး ေသဆုံးတာ၊ေလျဖတ္တာနဲ႕ ႏွလုံးေရာဂါေတြ ျဖစ္နိုင္ေျခကို ေလ်ာ့က်ေစနိုင္ပါ တယ္။

(၅) အစာေျခစနစ္ကို တိုးတက္ေစနိုင္ျခင္း

ၾကာစြယ္မွာ အမွ်င္ဓာတ္ပါဝင္တာေၾကာင့္ အူနဲ႕ အူမႀကီးလႈပ္ရွားမႈကို ေကာင္းမြန္ေစနိုင္ပါတယ္။ဝမ္းမခ်ဳပ္ ေစနိုင္သလို ဝမ္းေလွ်ာတာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အစာေျခရည္ကို ထုတ္လႊတ္ဖို႔ လႈံ႕ေဆာ္ေပးနိုင္တာေၾကာင့္အူနံရံေတြကအာဟာရဓာတ္ေတြ စုပ္ယူနိုင္ေအာင္လုပ္ေဆာင္ ေပးပါတယ္။

(၆) စိတ္က်န္းမာေစနိုင္ျခင္း

ၾကာစြယ္မွာ ဗီတာမင္ဘီ တစ္မ်ိဳး ျဖစ္တဲ့ pyridoxine ပါဝင္ေနပါတယ္။pyridoxine က စိတ္ခံစားမႈကို တိုးတက္ေကာင္းမြန္ေစနိုင္ၿပီး စိတ္တည္ၿငိမ္မႈအားလည္း ေကာင္းေစနိုင္ပါတယ္။စိတ္ဖိစီး တာနဲ႕ ေခါင္းကိုက္တာေတြကို သက္သာေစနိုင္ပါတယ္။

(၇) မ်က္လုံးက်န္းမာေစနိုင္ျခင္း

ၾကာစြယ္မွာဗီတာမင္ေအ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ အျမင္အာ႐ုံကို ေကာင္းမြန္ေစနိုင္ၿပီး မ်က္လုံးအျမင္အာ႐ုံခ်ိဳ႕ယြင္းတာကိုလည္း ကာကြယ္ေပးနိုင္ပါတယ္။

(၈) အသားအေရလွပေစနိုင္ျခင္း

ၾကာစြယ္မွာ ဗီတာမင္စီ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေကာ္လာဂ်င္ျဖစ္ေပၚမႈ ကို လႈံ႕ေဆာ္ေပးၿပီး အသက္ႀကီးလာလို႔အသားအေရမွာအစက္အေျပာက္ေတြ ျဖစ္တာ၊ ေနေလာင္ကြက္ေတြ ျဖစ္တာကို သက္သာေစနိုင္ၿပီး အသားအေရေကာင္းမြန္ေစပါတယ္။

အသားအေရကိုေခ်ာေမြ႕ ဝင္းမြတ္ေစၿပီး ေျခာက္ေသြ႕ညိုမြဲမႈကို ကင္းစင္ေစနိုင္ပါတယ္။

သတိထားရမွာတစ္ခ်က္ကေတာ့ ၾကာစြယ္ကို မစားခင္မွာ ေသခ်ာေဆးေၾကာဖို႔ပါ။ေရမွာေပါက္တဲ့အပင္ျဖစ္တာ ေၾကာင့္ ကပ္ပါးပိုးေတြ ပါလာနိုင္တာေၾကာင့္လည္း ျဖစ္ပါတယ္။

အဆိုပါ ကပ္ပါးပိုးေတြကို စားသုံးမိတဲ့အခါ ဖ်ားတာ၊ ဗိုက္နာတာ၊ ေအာ့အန္တာ၊ ဝမ္းေလွ်ာတာနဲ႕ အူအတြင္းမွာ အစာေတြ ပိတ္ဆို႔တာမ်ိဳးကို ျဖစ္ေစနိုင္ပါတယ္။

credit:မေအးသီမြန္

Leave a Reply

Your email address will not be published. Required fields are marked *