Menu Close

ကြောင်ရိုသေပင်ဆေးဖက်ဝင်အသုံး

ကြောင်ရိုသေပင်ဆေးဖက်ဝင်အသုံး

 

လူတိုင်းကြားဖူးသော အပင်တပင်ပါ၊ အိမ်ကမွေးထားတဲ့ ကြောင်ကလေးတွေ နေထိုင်မကောင်းရင် ဒီအပင်လေးတွေကို သူတို့တတွေစာကြတယ်၊ ကြောင်တွေအတွက်အသက်ကယ်ဆေးပင် တပင်ပါဘဲ၊ အပင်အမည်ပေးရာမှာလည်း ကြောင်ကို အစွဲပြုပြီး ကြောင်ရိုသေ လို့ပေးထားတာပါ၊

တမီလူမျိုးများက ဒီအပင်ကို Poonamayakki ခေါ်သလို မလေး မှာတော့ Pokok Kucing Galak (Excited Cat Tree) ခေါ်ပါတယ်၊ ကြောင်နဲ့ ဒီအပင်ဆက်စပ်မှုရှိတာကို အားလုံးက လက်ခံထားကြတယ်၊

အပင်က တနှစ်ခံပင်ပြော့လေးဖြစ်ပြီး ၁ပေသာသာလောက်ဘဲမြင့်ပါတယ်၊ တပင်ထဲလိင်စုံ monoecious အပင်မျိုးပါ၊ အရွက်တွေက ရွက်ထီး ရွက်လွှဲထွက်ကြတယ်၊ အကြွေမြန်သော ရွက်စွယ် stipules ကို ပိုင်ဆိုင်ကြတယ်၊

ကြောင်ရိုသေပင်များဟာ အခြားအပင်တွေနဲ့မတူတဲ့တချက်ရှိပါတယ်၊ အဲဒါကတော့ ရွက်ပြား leaf blade ထက်ပိုမို

ရှည်လျားသော ရွက်ညှာ petioles များပါဘဲ၊ သူတို့ရဲ့ အရွက်ထွက်ပုံကို အခုလို အပေါ်ကနေကြည့်ရင် အလွန်လှပသောအသွင်သဏ္ဏန် ကိုဖြစ်စေပါတယ်။

အရွက်ပုံစံက ovate to rhombic-ovate ပုံစံပါ၊ Inflorescences ပန်းခိုင်က terminal or axillary spikes ဖြစ်ပါတယ် ပန်းခိုင်တခုထဲမှာ လိင်မစုံသောပန်းလေးတွေက နေရာမတူဘဲရှိနေကြတယ်၊ အဖိုပွင့်လေးတွေက ထိပ်ဖြားဖက်မှာ ရှိနေပြီး အမပွင့်လေးတွေက ပန်းခိုင်ရဲ့ အောက်ခြေပိုင်းမှာအစုစုနဲ့ တွေ့နိုင်မှာပါ၊ ပန်းပွင့်လေးတွေက အရမ်းသေးငယ်ပြီး ပွင့်ခံရွက်ရှိပါတယ်၊ အမပွင့်လေးရဲ့ ပွင့်ခံရွက်က အဖိုပွင့်ထက်ကြီးပြီး အသီးတိုင်တည်မြဲပါတယ်၊ အဖို အမပွင့် ၂ ခုစလုံးမှာ ပွင့်ဖတ်အုံ calyx သာ ရှိပြီး ပွင့်ချပ် corolla မရှိပါဘူး၊ stamens ၈ ခုပါပါတယ်၊ အမပွင့်မှာရှိတဲ့ အစေ့အိမ် ovary မှာ အခန်း ၃ခန်းပါပြီး တခန်းမှာအစေ့လောင်း တစေ့စီသာပါပါတယ် ၊ style ၃ ခုပါပြီး ဝတ်မှုံခံ stigma ကတော့ အဖြူရောင် filiform segments or fimbriate ပုံစံပါ၊ အသီးကတော့ အစေ့ ၃ စေ့သာပါသော capsulesအမျိုးအစားပါ၊

မြန့်မာ့ တိုင်းရင်းဆေးမှာတော့

အပင်သည် ပဉ္စငါးပါးလုံး အသုံးဝင်လှသည်၊

အရွက်ကို အန်ဆေးအဖြစ် အသုံးပြုကြတယ်၊ အဆုပ်ကို အကူအညီပေးပါတယ်၊
အဆစ်ရောင် အဆုပ်အအေးပတ်သောရောဂါ၊ အဖျား၊ ပန်းနာ၊ လေပြွန်ချောင်းပွခြင်း၊
မြွေကိုက်ခံရခြင်း၊ အရူးရောဂါ၊ ဦးဏှောက်ရောဂါ၊ ပိုးရောဂါတို့မှာလည်း အသုံးပြုကြပါတယ်။

ကြောင်ရိုသေပင်ကို နိုင်ငံအများစုမှာ တိုင်းရင်းဆေးအဖြစ်သုံးကြတယ် ၊ Madagascar မှာ ကြိတ်ခြေထားသော အပင်ကို အရေပြားပေါ်မှာဖြစ်တတ်သော skin parasites ကပ်ပါးများ အတွက် ကုသရာမှာသုံးတယ်၊

Mauritius မှာဆိုရင် ကြိတ်ခြေထားသော အရွက်နဲ့ ဆားကိုရောပြီး ဝဲနာ နဲ့ အရေပြားရောဂါတွေကိုကုတယ်။

Seychelles & Runion မှာ အမြစ်ပြုတ်ရည် ကို ပန်းနာရင်ကြပ် ရောဂါအတွက်သုံးသလို အသဲနှင့် ကြောက်ကပ် များသန့်စင် စေဖို့ သုံးတယ်၊

အမြစ်ပြုတ်ရည်ကို သံကောင်များနှိမ်နင်းရန် နှင့် အစာအိမ် ရောဂါ ကိုက်ခဲမှုအတွက်သုံးကြတယ်။

အရွက်ကရသော အရည်ကို အန်စေသော ဆေးအနေဖြင့်လည်းသုံးတယ်။

အရွက်ပြုတ်ရည်ကို ဝမ်းနှုတ်ဆေး နှင့် vermifuge အဖြစ် Runion and Madagascar မှာအသုံးပြုကြတယ်၊

East Africa မှာဆိုရင် အရွက်ရသော အရည်ကို eye infections ခေါ်သည် မျက်စေ့ရောဂါများမှာသုံးတယ်၊ အရွက်ထောင်းထားသော အမှုံ့ကို maggot-infested wounds အတွက်သုံးတယ်၊

 

shweu

 

Pharmacopoeia of India မှာ ဒီအပင်ကို expectorant သလိပ်ပျော်ဆေး အဖြစ် သုံးပြီး ပန်းနာရင်ကြပ် ရောဂါနဲ့ နမိုးနီးယား ရောဂါတွေကုသရာမှာ သုံးတယ်။

မြန်မာ့ဆေးကျမ်းအလိုအရ အရွက်ကိုအန်ဆေးအဖြစ်သုံးကအဆုတ်အကူညီပေး၏၊

အဆစ်ရောင် အဆုပ်အအေးပက် အဖျား ၊ပန်းနာ၊လေပြွန်ချောင်းပူခြင်းစသည်နို့သက်သာစေသည်၊

ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက်တမာရွက်ရည်နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ အဆုပ်ရောင်ခြင်း၊မီးယပ်ကြောင့်ဖြစ်သောရောဂါ၊ သွေးတိုးရောဂါတို့ကိုပျောက်၏။

အရွက်ကိုကြိတ်၍အနာပေါ်အုံပေးပါက အနာများပျောက်၏။

ကြက်ဆူဆီနှင့်ရော၍ အဆစ်အမျက်ကိုက်ရာတွင်လိမ်းပေးသော်ပျောက်ကင်းစေ၏၊

၎င်း အရည်ကို နားထဲသို့ထည့်ပေးသော်နားပြည်ယိုခြင်းနားကိုက်ခြင်း၊နားလေထွက်ခြင်း၊နားအူခြင်းပျောက်၏၊

အရွက်ကို ငါးမြွေထိုးခြောက်နှင့်ကြော်စားပါက ဝမ်းထဲတွင်အူအတက် ရောင်စေသောရောဂါကိုကာကွယ်သည်။

ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ဝမ်ထဲ၌ရစ်၍နာခြင်းတို့ကိုလည်းပျောက်ကင်းစေသည်၊

အရွက်ကိုပြုတ်၍ သုတ်စားပါက အဆုတ်ရောဂါဦးနှောက်ရောဂါ နားအူ၊နားကိုက်ရောဂါ၊ဗိုက်အောင့်ဗိုက်နာရောဂါတို့ကိုပျောက်စေသည်၊

အရွက်ကို ပုဇွန်တုပ်နှင့်ကြော်စားပါကနွမ်လျှပင်ပန်းခြင်းပျောက်သည်။

ဆေးဖက်ဝင်လှသော ကြောင်ရိုသေပင်လေးတွေကို အခုလထဲမှာ နေရာအနှံ့ တွေ့လို့နေပါတယ်၊ မိတ်ဆွေတို့ဝန်းကျင်မှာရှိနေတတ်ပါတယ်၊

အပင်ငယ်သော်လည်း ဆေးဝင်ပုံ က များပြားလှသောအပင်လေးပါ၊

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်လှပါတယ်။

သက်နိုင်ဦး(မုံရွာတက္ကသိုလ်)

 

Zawgyi

ေၾကာင္ရိုေသပင္ေဆးဖက္ဝင္အသုံး

 

လူတိုင္းၾကားဖူးေသာ အပင္တပင္ပါ၊ အိမ္ကေမြးထားတဲ့ ေၾကာင္ကေလးေတြ ေနထိုင္မေကာင္းရင္ ဒီအပင္ေလးေတြကို သူတို႔တေတြစာၾကတယ္၊ ေၾကာင္ေတြအတြက္အသက္ကယ္ေဆးပင္ တပင္ပါဘဲ၊ အပင္အမည္ေပးရာမွာလည္း ေၾကာင္ကို အစြဲျပဳၿပီး ေၾကာင္ရိုေသ လို႔ေပးထားတာပါ၊

တမီလူမ်ိဳးမ်ားက ဒီအပင္ကို Poonamayakki ေခၚသလို မေလး မွာေတာ့ Pokok Kucing Galak (Excited Cat Tree) ေခၚပါတယ္၊ ေၾကာင္နဲ႕ ဒီအပင္ဆက္စပ္မႈရွိတာကို အားလုံးက လက္ခံထားၾကတယ္၊

အပင္က တႏွစ္ခံပင္ေျပာ့ေလးျဖစ္ၿပီး ၁ေပသာသာေလာက္ဘဲျမင့္ပါတယ္၊ တပင္ထဲလိင္စုံ monoecious အပင္မ်ိဳးပါ၊ အ႐ြက္ေတြက ႐ြက္ထီး ႐ြက္လႊဲထြက္ၾကတယ္၊ အေႂကြျမန္ေသာ ႐ြက္စြယ္ stipules ကို ပိုင္ဆိုင္ၾကတယ္၊

ေၾကာင္ရိုေသပင္မ်ားဟာ အျခားအပင္ေတြနဲ႕မတူတဲ့တခ်က္ရွိပါတယ္၊ အဲဒါကေတာ့ ႐ြက္ျပား leaf blade ထက္ပိုမို ရွည္လ်ားေသာ ႐ြက္ညွာ petioles မ်ားပါဘဲ၊ သူတို႔ရဲ႕ အ႐ြက္ထြက္ပုံကို အခုလို အေပၚကေနၾကည့္ရင္ အလြန္လွပေသာအသြင္သဏၰန္ ကိုျဖစ္ေစပါတယ္။

 

shweu

 

အ႐ြက္ပုံစံက ovate to rhombic-ovate ပုံစံပါ၊ Inflorescences ပန္းခိုင္က terminal or axillary spikes ျဖစ္ပါတယ္ ပန္းခိုင္တခုထဲမွာ လိင္မစုံေသာပန္းေလးေတြက ေနရာမတူဘဲရွိေနၾကတယ္၊ အဖိုပြင့္ေလးေတြက ထိပ္ျဖားဖက္မွာ ရွိေနၿပီး အမပြင့္ေလးေတြက ပန္းခိုင္ရဲ႕ ေအာက္ေျခပိုင္းမွာအစုစုနဲ႕ ေတြ႕နိုင္မွာပါ၊ ပန္းပြင့္ေလးေတြက အရမ္းေသးငယ္ၿပီး ပြင့္ခံ႐ြက္ရွိပါတယ္၊ အမပြင့္ေလးရဲ႕ ပြင့္ခံ႐ြက္က အဖိုပြင့္ထက္ႀကီးၿပီး အသီးတိုင္တည္ၿမဲပါတယ္၊ အဖို အမပြင့္ ၂ ခုစလုံးမွာ ပြင့္ဖတ္အုံ calyx သာ ရွိၿပီး ပြင့္ခ်ပ္ corolla မရွိပါဘူး၊ stamens ၈ ခုပါပါတယ္၊ အမပြင့္မွာရွိတဲ့ အေစ့အိမ္ ovary မွာ အခန္း ၃ခန္းပါၿပီး တခန္းမွာအေစ့ေလာင္း တေစ့စီသာပါပါတယ္ ၊ style ၃ ခုပါၿပီး ဝတ္မႈံခံ stigma ကေတာ့ အျဖဴေရာင္ filiform segments or fimbriate ပုံစံပါ၊ အသီးကေတာ့ အေစ့ ၃ ေစ့သာပါေသာ capsulesအမ်ိဳးအစားပါ၊

ျမန႔္မာ့ တိုင္းရင္းေဆးမွာေတာ့

အပင္သည္ ပၪၥငါးပါးလုံး အသုံးဝင္လွသည္၊

အ႐ြက္ကို အန္ေဆးအျဖစ္ အသုံးျပဳၾကတယ္၊ အဆုပ္ကို အကူအညီေပးပါတယ္၊အဆစ္ေရာင္ အဆုပ္အေအးပတ္ေသာေရာဂါ၊ အဖ်ား၊ ပန္းနာ၊ ေလႁပြန္ေခ်ာင္းပြျခင္း၊ေႁမြကိုက္ခံရျခင္း၊ အ႐ူးေရာဂါ၊ ဦးေဏွာက္ေရာဂါ၊ ပိုးေရာဂါတို႔မွာလည္း အသုံးျပဳၾကပါတယ္။

ေၾကာင္ရိုေသပင္ကို နိုင္ငံအမ်ားစုမွာ တိုင္းရင္းေဆးအျဖစ္သုံးၾကတယ္ ၊ Madagascar မွာ ႀကိတ္ေျခထားေသာ အပင္ကို အေရျပားေပၚမွာျဖစ္တတ္ေသာ skin parasites ကပ္ပါးမ်ား အတြက္ ကုသရာမွာသုံးတယ္၊

Mauritius မွာဆိုရင္ ႀကိတ္ေျခထားေသာ အ႐ြက္နဲ႕ ဆားကိုေရာၿပီး ဝဲနာ နဲ႕ အေရျပားေရာဂါေတြကိုကုတယ္။

Seychelles & Runion မွာ အျမစ္ျပဳတ္ရည္ ကို ပန္းနာရင္ၾကပ္ ေရာဂါအတြက္သုံးသလို အသဲႏွင့္ ေၾကာက္ကပ္ မ်ားသန႔္စင္ ေစဖို႔ သုံးတယ္၊

အျမစ္ျပဳတ္ရည္ကို သံေကာင္မ်ားႏွိမ္နင္းရန္ ႏွင့္ အစာအိမ္ ေရာဂါ ကိုက္ခဲမႈအတြက္သုံးၾကတယ္။

အ႐ြက္ကရေသာ အရည္ကို အန္ေစေသာ ေဆးအေနျဖင့္လည္းသုံးတယ္။

အ႐ြက္ျပဳတ္ရည္ကို ဝမ္းႏႈတ္ေဆး ႏွင့္ vermifuge အျဖစ္ Runion and Madagascar မွာအသုံးျပဳၾကတယ္၊

East Africa မွာဆိုရင္ အ႐ြက္ရေသာ အရည္ကို eye infections ေခၚသည္ မ်က္ေစ့ေရာဂါမ်ားမွာသုံးတယ္၊ အ႐ြက္ေထာင္းထားေသာ အမႈံ႕ကို maggot-infested wounds အတြက္သုံးတယ္၊

Pharmacopoeia of India မွာ ဒီအပင္ကို expectorant သလိပ္ေပ်ာ္ေဆး အျဖစ္ သုံးၿပီး ပန္းနာရင္ၾကပ္ ေရာဂါနဲ႕ နမိုးနီးယား ေရာဂါေတြကုသရာမွာ သုံးတယ္။

ျမန္မာ့ေဆးက်မ္းအလိုအရ အ႐ြက္ကိုအန္ေဆးအျဖစ္သုံးကအဆုတ္အကူညီေပး၏၊

အဆစ္ေရာင္ အဆုပ္အေအးပက္ အဖ်ား ၊ပန္းနာ၊ေလႁပြန္ေခ်ာင္းပူျခင္းစသည္နို႔သက္သာေစသည္၊

ကေလးသူငယ္နာ ခြၽဲက်ပ္ေရာဂါအတြက္တမာ႐ြက္ရည္ႏွင့္ ေရာစပ္တိုက္ပါက ဝမ္းသြားျခင္း၊ ေအာ့အန္ျခင္း၊ အဆုပ္ေရာင္ျခင္း၊မီးယပ္ေၾကာင့္ျဖစ္ေသာေရာဂါ၊ ေသြးတိုးေရာဂါတို႔ကိုေပ်ာက္၏။

အ႐ြက္ကိုႀကိတ္၍အနာေပၚအုံေပးပါက အနာမ်ားေပ်ာက္၏။

ၾကက္ဆူဆီႏွင့္ေရာ၍ အဆစ္အမ်က္ကိုက္ရာတြင္လိမ္းေပးေသာ္ေပ်ာက္ကင္းေစ၏၊

၎ အရည္ကို နားထဲသို႔ထည့္ေပးေသာ္နားျပည္ယိုျခင္းနားကိုက္ျခင္း၊နားေလထြက္ျခင္း၊နားအူျခင္းေပ်ာက္၏၊

အ႐ြက္ကို ငါးေႁမြထိုးေျခာက္ႏွင့္ေၾကာ္စားပါက ဝမ္းထဲတြင္အူအတက္ ေရာင္ေစေသာေရာဂါကိုကာကြယ္သည္။

ဦးေႏွာက္ေရာဂါႏွင့္ ဝမ္းမေကာင္းျခင္း၊ ဝမ္းပ်က္ေရာဂါျဖစ္ျခင္း ဝမ္ထဲ၌ရစ္၍နာျခင္းတို႔ကိုလည္းေပ်ာက္ကင္းေစသည္၊

အ႐ြက္ကိုျပဳတ္၍ သုတ္စားပါက အဆုတ္ေရာဂါဦးေႏွာက္ေရာဂါ နားအူ၊နားကိုက္ေရာဂါ၊ဗိုက္ေအာင့္ဗိုက္နာေရာဂါတို႔ကိုေပ်ာက္ေစသည္၊

အ႐ြက္ကို ပုဇြန္တုပ္ႏွင့္ေၾကာ္စားပါကႏြမ္လွ်ပင္ပန္းျခင္းေပ်ာက္သည္။

ေဆးဖက္ဝင္လွေသာ ေၾကာင္ရိုေသပင္ေလးေတြကို အခုလထဲမွာ ေနရာအႏွံ႕ ေတြ႕လို႔ေနပါတယ္၊ မိတ္ေဆြတို႔ဝန္းက်င္မွာရွိေနတတ္ပါတယ္၊

အပင္ငယ္ေသာ္လည္း ေဆးဝင္ပုံ က မ်ားျပားလွေသာအပင္ေလးပါ၊

ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္လွပါတယ္။

သက္နိုင္ဦး(မုံ႐ြာတကၠသိုလ္)

Leave a Reply

Your email address will not be published. Required fields are marked *