Menu Close

ကွမ်းချိုးချ‌ပေးပြီးရေဖျဉ်းကျ၊ကျောက်ကပ်သန့်ရှင်း‌စေတဲ့ ကျောက်ဖရုံသီး

ကွမ်းချိုးချ‌ပေးပြီးရေဖျဉ်းကျ၊ကျောက်ကပ်သန့်ရှင်း‌စေတဲ့ ကျောက်ဖရုံသီး

 

ကျောက်ဖရုံသီးသည် အပူအပုပ်ကိုနိုင်၏။လူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆီး၊ ဝမ်း၊ သွေး၊ လေ (ဓာတ် ၄ ပါး)ကို ထိန်းညှိပေး၏။

(၁)ဆီးကောင်းစေရန်

ကျောက်ဖရုံသီးဟင်းချိုကို သား ငါး မရောပဲ နေ့စဉ်သောက်ပေးပါ။ ဆီးကောင်း စေပါတယ်။

(၂)ကျောက်ကပ်ကြောင့် အောင့်နေသူများ

ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများကျောက်ဖရုံသီးကိုခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ ကပ်၍ စည်းထားပါ တဖြေးဖြေး သက်သာလာပါလိမ့်မည်။ ရေပူစမ်းနဲ့ နီးလျှင် တစ်ပတ် တစ်ကြိမ် ရေချိုးပါ။မနီးလျှင် ရေနွေးနဲ့ချိုးပြီး ချွေးအောင်းပါ။၃ လ အနည်းဆုံးထားပြီး ဆောင်ရွက်ပါက ကျောက်ကပ်ဆေးနေရသူပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရသည်။

(၃)ကျောက်ကပ် ကျန်းမာသန့်ရှင်းစေ အိမ်တွင်းနည်း

ကြက်သားပြုတ်ရည်ထဲကို ကျောက်ဖရုံသီး ၁စိတ်၂စိတ်ခန့်စိတ်၊ ထည့်ပြုတ်ပါ။ သောက်ခါနီး ဆားနည်းနည်း၊ တရုတ်နံနံ၊ ငရုပ်ကောင်းအနည်းငယ်၊ သံပုရာရည်ညှစ်ထည့်၊ ဟင်းရည်သောက်ပုဂံတစ်လုံးစာ မိမိတစ်ဦးတည်း ကုန်အောင်သောက်ရမည်။ ၃ ရက်တစ်ကြိမ်သောက်ပေးရင် ကောင်းပါတယ်။

(၄)ဆီးပိုးဝင်တဲ့ရောဂါ မဖြစ်အောင်

ကျောက်ဖရုံသီး၊အနီရောင်ရှိသော ဘယ်ရီသီး၊ ဗီတာမင်စီပါသော အစားအစာများ၊ ဆီးပိုးသတ်နိုင်သော အစွမ်းရှိ ရံဖန်ရံခါစားပေးပါ။

(၅)ဆီးကျောက်တည်

ဆီးကျောက်တည်ခြင်းအတွက် ကျောက်ဖရုံသီး အစိမ်းကို အရည်ဖျော်ပြီး(သတ္ထုရည် ပန်းကန်တစ်လုံးစာ)ထဲ သကြား ၁ ဇွန်း ခန့်ထည့် မနက်စောစောသောက်ပေးပါ။

(၆)တစ်ကိုယ်လုံး ဖောရောင်ခြင်း

ခြေလက်များ တစ်ကိုယ်လုံး ကျောက်ကပ်ကြောင့် ဖောရောင်နေလျှင် ကျောက်ဖရုံသီးကို အညှာထိပ်မှ ဖွင့်ပါ။အတွင်းအူတိုင်ထုတ်ပြီး သကြားအနည်းထည့်ပြီး ဖွင့်ထားအညှာထိပ် ပြန်ပိတ်။ နေပြ။ ပျော်ဝင်ရည်ကို ခပ်သောက်၊ ကုန်သွား နောက်ထပ် ပြန်လုပ် သောက်လို့ရ။

(၇)လည်ပင်းကြီး ရောဂါ

ကျောက်ဖရုံသီးအသားကို ခြစ်ယူ လက်ဖက်၊ ဆား အနည်းငယ်ရောနယ်၊ လည်ပင်းတဝိုက် အုံပြီး အဝတ်စည်းထားပါ။ရောဂါနုစဉ်ပျောက်ကင်း၏။ အဖုအကြိတ်၊ လေဖျဉ်း၊ သွေးဖျဉ်း၊ ရေဖျဉ်းတို့ကို သက်သာစေ၏။

(၈)ကွမ်းချိုးချခြင်း

ကွမ်းစားသူများ ကျောက်တည်ခြင်းဘေးမှ ကင်းဝေးရန် ကျောက်ဖရုံယို၊ ကျောက်ဖရုံဟင်း၊ ကျောက်ဖရုံညွန့်၊

ကျောက်ဖရုံသီးစိမ်းရည် သကြားနဲ့ ဖျော်ရည်လုပ်ပြီး အရည်ကို ရေစစ်နဲ့ စစ်ပြီးသောက်ပေးပါ။

(၉)ရေဖျဉ်းရောဂါ

ညအိပ်ရာဝင် ကျောက်ဖရုံသီး တလုံးကို ဘေးနား၌ ၃ ရက်ခန့် ထားအိပ်ခြင်းဖြင့် ပျောက်ကင်းသည်ဟု ဆိုသည်။

Credit-နီနီလေး

 

Zawgyi

 

ကြမ္းခ်ိဳးခ်‌ေပးၿပီးေရဖ်ဥ္းက်၊ေက်ာက္ကပ္သန့္ရွင္း‌ေစတဲ့ ေက်ာက္ဖ႐ုံသီး

 

ေက်ာက္ဖ႐ုံသီးသည္ အပူအပုပ္ကိုနိုင္၏။ လူ၏ ခႏၶာကိုယ္အတြင္းရွိ ဆီး၊ ဝမ္း၊ ေသြး၊ ေလ (ဓာတ္ ၄ ပါး)ကို ထိန္းညွိေပး၏။

 

shweu

 

(၁)ဆီးေကာင္းေစရန္

ေက်ာက္ဖ႐ုံသီးဟင္းခ်ိဳကို သား ငါး မေရာပဲ ေန႕စဥ္ေသာက္ေပးပါ။ ဆီးေကာင္း ေစပါတယ္။

(၂)ေက်ာက္ကပ္ေၾကာင့္ ေအာင့္ေနသူမ်ား

ေက်ာက္ကပ္ေၾကာင့္ အသည္းအသန္ေအာင့္ေနသူမ်ားေက်ာက္ဖ႐ုံသီးကိုခြဲ အူတိုင္ထုတ္ၿပီး ေက်ာက္ကပ္ေနရာသို႔ ကပ္၍ စည္းထားပါ တေျဖးေျဖး သက္သာလာပါလိမ့္မည္။ ေရပူစမ္းနဲ႕ နီးလွ်င္ တစ္ပတ္ တစ္ႀကိမ္ ေရခ်ိဳးပါ။ မနီးလွ်င္ ေရေႏြးနဲ႕ခ်ိဳးၿပီး ေခြၽးေအာင္းပါ။ ၃ လ အနည္းဆုံးထားၿပီး ေဆာင္႐ြက္ပါက ေက်ာက္ကပ္ေဆးေနရသူပင္ အႀကိမ္ေရ ေလ်ာ့လာသည္ကို ေတြ႕ရသည္။

(၃)ေက်ာက္ကပ္ က်န္းမာသန႔္ရွင္းေစ အိမ္တြင္းနည္း

ၾကက္သားျပဳတ္ရည္ထဲကို ေက်ာက္ဖ႐ုံသီး ၁စိတ္၂စိတ္ခန႔္စိတ္၊ ထည့္ျပဳတ္ပါ။ ေသာက္ခါနီး ဆားနည္းနည္း၊ တ႐ုတ္နံနံ၊ င႐ုပ္ေကာင္းအနည္းငယ္၊ သံပုရာရည္ညွစ္ထည့္၊ ဟင္းရည္ေသာက္ပုဂံတစ္လုံးစာ မိမိတစ္ဦးတည္း ကုန္ေအာင္ေသာက္ရမည္။ ၃ ရက္တစ္ႀကိမ္ေသာက္ေပးရင္ ေကာင္းပါတယ္။

(၄)ဆီးပိုးဝင္တဲ့ေရာဂါ မျဖစ္ေအာင္

ေက်ာက္ဖ႐ုံသီး၊ အနီေရာင္ရွိေသာ ဘယ္ရီသီး၊ ဗီတာမင္စီပါေသာ အစားအစာမ်ား၊ ဆီးပိုးသတ္နိုင္ေသာ အစြမ္းရွိ ရံဖန္ရံခါစားေပးပါ။

(၅)ဆီးေက်ာက္တည္

ဆီးေက်ာက္တည္ျခင္းအတြက္ ေက်ာက္ဖ႐ုံသီး အစိမ္းကို အရည္ေဖ်ာ္ၿပီး(သတၳဳရည္ ပန္းကန္တစ္လုံးစာ)ထဲ သၾကား ၁ ဇြန္း ခန႔္ထည့္ မနက္ေစာေစာေသာက္ေပးပါ။

(၆)တစ္ကိုယ္လုံး ေဖာေရာင္ျခင္း

ေျခလက္မ်ား တစ္ကိုယ္လုံး ေက်ာက္ကပ္ေၾကာင့္ ေဖာေရာင္ေနလွ်င္ ေက်ာက္ဖ႐ုံသီးကို အညွာထိပ္မွ ဖြင့္ပါ။ အတြင္းအူတိုင္ထုတ္ၿပီး သၾကားအနည္းထည့္ၿပီး ဖြင့္ထားအညွာထိပ္ ျပန္ပိတ္။ ေနျပ။ ေပ်ာ္ဝင္ရည္ကို ခပ္ေသာက္၊ ကုန္သြား ေနာက္ထပ္ ျပန္လုပ္ ေသာက္လို႔ရ။

(၇)လည္ပင္းႀကီး ေရာဂါ

ေက်ာက္ဖ႐ုံသီးအသားကို ျခစ္ယူ လက္ဖက္၊ ဆား အနည္းငယ္ေရာနယ္၊ လည္ပင္းတဝိုက္ အုံၿပီး အဝတ္စည္းထားပါ။ ေရာဂါႏုစဥ္ေပ်ာက္ကင္း၏။ အဖုအႀကိတ္၊ ေလဖ်ဥ္း၊ ေသြးဖ်ဥ္း၊ ေရဖ်ဥ္းတို႔ကို သက္သာေစ၏။

(၈)ကြမ္းခ်ိဳးခ်ျခင္း

ကြမ္းစားသူမ်ား ေက်ာက္တည္ျခင္းေဘးမွ ကင္းေဝးရန္ ေက်ာက္ဖ႐ုံယို၊ ေက်ာက္ဖ႐ုံဟင္း၊ ေက်ာက္ဖ႐ုံၫြန႔္၊ ေက်ာက္ဖ႐ုံသီးစိမ္းရည္ သၾကားနဲ႕ ေဖ်ာ္ရည္လုပ္ၿပီး အရည္ကို ေရစစ္နဲ႕ စစ္ၿပီးေသာက္ေပးပါ။

(၉)ေရဖ်ဥ္းေရာဂါ

ညအိပ္ရာဝင္ ေက်ာက္ဖ႐ုံသီး တလုံးကို ေဘးနား၌ ၃ ရက္ခန႔္ ထားအိပ္ျခင္းျဖင့္ ေပ်ာက္ကင္းသည္ဟု ဆိုသည္။

Credit-နီနီေလး

Leave a Reply

Your email address will not be published. Required fields are marked *