Menu Close

ကွမ်းသမားများအတွက် ဆင်နှာမောင်းပင်

ကွမ်းသမားများအတွက် ဆင်နှာမောင်းပင်

 

ဆေးကောင်းတလက် မျှဝေပါရစေ။ခုပုံမှာပြထားတဲ့ အပင်လေးက ဆင်နှာမောင်းပင်လေးပါ။

ခုခေတ် လူတော်တော်များများက ကွမ်းယာတွေကို

ဆေးရွက်ကြီး၊ 92၊ 45 ၊အိန္ဒိယမှလာသောကွမ်းစားဆေး အမျိုးမျိုးစားသုံးလာခြင်းကြောင့် ပါးစပ်အတွင်း ရေစီးကမ်းပြို၊ပါးစောင်နာတွေဖြစ်လာကြပါတယ်။

အဲ့ဒီလို ဖြစ်လာရင်၊ ဖြစ်ဖြစ်ခြင်းမှာဘဲ အဲဒီဆင်နှာမောင်းအပင်က ပွင့်တဲ့ ထိပ်က ဆင်နှာမောင်းနဲ့တူတဲ့ အပွင့်လေးကို ခူးပီး နေပူပူမှာလှန်းပီး ဒယ်အိုးနဲ့လှော်ပါ။ပြီးနောက် မှုန့်ညှက်နေအောင်ထောင်းပီး ပါးစပ်ထဲမှာ ကွမ်းစားလို့ဖြစ်တဲ့ ပါးပေါက်နာ၊ ရေစီးကမ်းပြိုဖြစ်သော သွားဖုံးနဲ့အနာဖြစ်နေတဲ့ နေရာကို တနေ့ ၄ကြိမ် ၅ ကြိမ် သိပ်ပေးပါ။

ကင်ဆာအဆင့်ထိမဖြစ်ဘဲ ပျောက်ကင်းသွားပါလိမ့်မယ်။

သွားနာသွားကိုက်ရင်လဲ မာလကာရွက်ပြုတ်ရည်ငုံပီး ထွေးလိုက်၊ ဒီဆေးမှုန့်လေးသိပ်လိုက်၊ လုပ်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။

Credit-စိုးစိုးစံ Via-Sai Min Thant

 

Zawgyi

 


 


 

shweu

 





Leave a Reply

Your email address will not be published. Required fields are marked *