Menu Close
ခါးနာဝေဒနာအတွက် အစွမ်းထက်ဆေး
ခါးနာဝေဒနာအတွက် အစွမ်းထက်ဆေး
ခါးနာဝေဒနာ ဖြစ်နေသော  နှစ်ရှည်လများ ခံစားနေရသူများအား ဤအစွမ်းထက် ဆေးနည်းလေးကို  ကုသိုလ်ပြု  လမ်းညွှန်ပါ၏။
– ဆင်တုံးမနွယ် အစို  နှစ်ကျပ်သား
– နှမ်းဆီစစ်စစ် တစ်ဆယ်သား
– သတ္တုအိုး တစ်လုံး
– ပုလင်း တစ်လုံး တို့ကိုယူပါ။
ဆင်တုံးမနွယ်ကို  ကွမ်းညှပ်နှင့် ပုလင်းအတွင်းသို့ ထည့်၍ ဝင်စေရန်  သေးငယ်စွာ ညှပ်ပါ။ ညှပ်ပြီးလျင် ပုလင်းထဲသို့ ထည့်ပါ။ နှမ်းဆီပါ ရောထည့်ပါ။
အိုးအတွင်း ရေကိုထည့်ပါ ။ ရေထည့်ထားသော အိုးထဲကို ပုလင်းထည့်၍ ရေဆူလာအောင် မီးဖြင့် ချက်ပါ။ ရေခမ်းလျင် ထပ်ထည့်ပါ။ ၃ နာရီခန့် ချက်ပြီးပါက ဆေးအဆီ ရပါလိမ့်မယ်။
ထိုအဆီကို  အအေးခံပြီး   ဗုဒ္ဓဂုဏ်တော်  ၃၇  ခေါက်ရွတ်ပြီး  ရတနာမြတ်သုံးပါးနှင့်  သင်ဆရာမြင်ဆရာနှင့်  ဆေးဆရာများအား ကန့်တော့ပူဇော်ပြီး  ခါးနာသည့်နေရာကို  စိမ့်ဝင်အောင်  မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာပါလိမ့်မည်။
အမှန်တကယ် ခံစားနေရပါက အမှန်တကယ်  လုပ်ကိုင်ဆောင်ရွက်ပါ။  ငါကဲ့သို့ ခါးနာသူရှိက သိပါစေ ပျောက်ပါစေ စေတနာဖြင့် ဤဆေးနည်းအား  သင်ကြားမျှဝေပါ။
ဘဝပေါင်းများစွာ  အနာရောဂါ  ကင်းစင်ပါလိမ့်မည်။
စေတနာသည်   မိမိ၏ တန်ခိုးရှင်ပင် ဖြစ်သည်။ အားလုံး ကျန်းမာရွှင်လမ်းကြပါစေ။
Credit : မူရင်းရေးသားသူ
Zawgyi
shweu
– သတ္တုအိုး တစ်လုံး
Leave a Reply
Your email address will not be published. Required fields are marked *