Menu Close

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက်စပါးလင် ရေနွေးကြမ်း

ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းမကြည်ခြင်းအတွက် (ဆေးဖက်ဝင်) စပါးလင် ရေနွေးကြမ်း

 

ဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးက ဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။

ဖြတ်ထားတဲ့အပေါ်ပိုင်းကိုရေသေချာဆေး ခေါက်တုတ်လေးစုပြီးချည်လိုက်ပါ။ ရေ နွေးပွက်ပွက်ဆူတဲ့ အိုးထဲကို ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။

ရေနွေးတစ်အိုးဆိုရင်စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။

လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကို မှုတ်ပြီးသောက် စပါးလင်နံ့ မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။ တော်ယုံ ခေါင်းမူး၊ ခေါင်းကိုက်၊ စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။

ကျွန်တော်တော့သိပ်ကြိုက်တယ်မကြာ ခဏ လုပ်သောက်ဖြစ်တယ်။အဲ့လိုပဲစပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။(မှတ်ချက် သွေးတိုးသမားများကတော့ ချင့်ချိန်သောက်ပါ)

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။

မောင်ဇေ

Sai Min Thant

 

Zawgyi

 

ေခါင္းမူး၊ ေခါင္းကိုက္၊ ေခါင္းမၾကည္ျခင္းအတြက္ (ေဆးဖက္ဝင္) စပါးလင္ ေရေႏြးၾကမ္း

 

shweu

 

ဟင္းခ်က္ရာမွာ ထည့္သုံးဖို႔ စပါးလင္ကို ေဈးက ဝယ္လာၿပီးေသာအခါ အေပၚပိုင္းကို ျဖတ္ၿပီး လႊင့္ျပစ္လိုက္တတ္ၾကတာအမ်ားစုပါ။ ေနာက္ဆို မလႊတ္ျပစ္ပဲ ဒီလိုေလးစမ္းၾကည့္ပါ။

ျဖတ္ထားတဲ့အေပၚပိုင္းကိုေရေသခ်ာေဆး ေခါက္တုတ္ေလးစုၿပီးခ်ည္လိုက္ပါ။ ေရ ေႏြးပြက္ပြက္ဆူတဲ့ အိုးထဲကို ပုံမွန္အတိုင္း လက္ဖက္ေျခာက္ခပ္ၿပီးရင္ ခ်ည္ထားတဲ့ စပါးလင္ကိုထည့္ပါ။

ေရေႏြးတစ္အိုးဆိုရင္စပါးလင္တစ္ေခ်ာင္းဆိုလုံေလာက္တယ္ ဒီထက္ပိုထည့္တာကို ႀကိဳက္လဲ ပိုထည့္ေပါ့။

လက္ဖက္ေျခာက္က်ၿပီဆိုရင္ ေရေႏြးပူပူေလးကို မႈတ္ၿပီးေသာက္ စပါးလင္နံ႕ ေမႊးေမႊးေလးနဲ႕ ခံတြင္းလဲ ရွင္းတယ္။ ေတာ္ယုံ ေခါင္းမူး၊ ေခါင္းကိုက္၊ စိတ္မၾကည္လင္တာေတြလဲ ေပ်ာက္တယ္။

ကြၽန္ေတာ္ေတာ့သိပ္ႀကိဳက္တယ္မၾကာ ခဏ လုပ္ေသာက္ျဖစ္တယ္။အဲ့လိုပဲစပါးလင္ေနရာမွာကြမ္း႐ြက္ေတြ ကြမ္းရိုးေတြကိုေသခ်ာေရေဆးၿပီး ခပ္ေသာက္ၾကည့္အဲ့ဒါေလးလဲ တစ္မ်ိဳးေသာက္ေကာင္းတယ္။(မွတ္ခ်က္ ေသြးတိုးသမားမ်ားကေတာ့ ခ်င့္ခ်ိန္ေသာက္ပါ)

အားလုံးပဲ က်န္းမာ႐ႊင္လန္းၾကပါေစ သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ားအားလုံး အားလုံးအား ေလးစားလွ်က္ပါ။

ေမာင္ေဇ

Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *