Menu Close

ခေါင်းလျော်ရည်ထဲဆားထည့်လျော်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ

ခေါင်းလျော်ရည်ထဲဆားထည့်လျော်ခြင်းဖြင့်ရရှိလာမည့်အကျိုး

 

ကျွန်တော်အားလုံး ဆားကို အိမ်က မီးဖိုချောင်ထဲမှာရနိုင်တဲ့ ပစ္စည်းအဖြစ် လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဆားမှာ ကျွန်တော်တို့တွေ မသိသေးတဲ့ အကျိုးကျေးဇူးတွေ များစွာရှိနေတာကိုတော့ လူသိနည်းပါတယ်။ ဒါကြောင့် ဆားကို ခေါင်းလျော်ရည်ထဲမှာ ထည့်လျော်တဲ့အခါ ရရှိလာမည့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

 

 

၁ – ဆံပင် ရှည် ဖို့အတွက်အားပေး

ပင်လယ်က ရတဲ့ဆားဟာ ဆံပင်ရှည်ဖို့အတွက်အရမ်းကောင်းမွန်ပါတယ်။ ဆံပင်ကျွတ်တာတွေ ခံစားနေရသူအတွက် ပင်လယ်ဆားနဲ့ခေါင်းလျော်ပါလို့အကြံပေးချင်ပါတယ်။

လွယ်ကူတဲ့နည်းလမ်းကတော့ ပုံမှန်ခေါင်းလျော်သလို ခေါင်းလျော်ပါ။ပြီးနောက် ဆားတစ်ဇွန်စာနဲ့ ဦးခေါင်းပေါ်မှာ ၁၀ မိနစ်ခန့် ပွတ်ပေးပါ။ ပြီးနောက် ရေဖြင့်ဆေးကြောပါ။ထို့ကဲ့သို့ တစ်ပတ်ကိုနှစ်ကြိမ် လုပ်ပါက တစ်လ အတွင်းမှာထူးခြားတဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၂ – ဗောက်ပြသာနာတွေ ကိုဖြေရှင်းပေး

ဗောက်ဆိုတာကတော့ ဆံပင်ပေါက်တဲ့အရေးပြားပေါ်က ဆဲလ်းသေတွေပဲဖြစ်ပါတယ်။

သွေးလည်ပတ်မူ မရှိလို့ လဲ ဗောက်တွေဖြစ်တတ်ပါတယ်။ ပင်လယ်ဆားမှာ သွေးလည်ပတ်မူကိုကောင်းစေတဲ့စွမ်းရည်ပိုင်ဆိုင်ပါတယ်။ ဆားဟာ ဆံသားပေါက်တဲ့ဦးခေါင်းကိုကျန်းမာစေရုံမျှမက ဗောက်တွေကိုလဲ ကင်းစေပါတယ်။

အသုံးပြုပုံကတော့ ဆံပင်တွေ တစ်ပိုင်းစီ ခွဲစည်းလိုက်ပါ။ဆားအနည်းငယ်ကို ဦးခေါင်းပေါ် ဖြူးလိုက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ ပွတ်ပေးပါ။ ပြီးနောက် ပုံမှန်ခေါင်းလျော်သလိုလျော်ချလိုက်ပါ။

Credit:မေတ္တာများစွာဖြင့် Chaw Lay Su

 

Zawgyi

ေခါင္းေလ်ာ္ရည္ထဲဆားထည့္ေလ်ာ္ျခင္းျဖင့္ရရွိလာမည့္အက်ိဳး

 

 

 

ကြၽန္ေတာ္အားလုံး ဆားကို အိမ္က မီးဖိုေခ်ာင္ထဲမွာရနိုင္တဲ့ ပစၥည္းအျဖစ္ လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္ ဆားမွာ ကြၽန္ေတာ္တို႔ေတြ မသိေသးတဲ့ အက်ိဳးေက်းဇူးေတြ မ်ားစြာရွိေနတာကိုေတာ့ လူသိနည္းပါတယ္။ ဒါေၾကာင့္ ဆားကို ေခါင္းေလ်ာ္ရည္ထဲမွာ ထည့္ေလ်ာ္တဲ့အခါ ရရွိလာမည့္အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁ – ဆံပင္ ရွည္ ဖို႔အတြက္အားေပး

ပင္လယ္က ရတဲ့ဆားဟာ ဆံပင္ရွည္ဖို႔အတြက္အရမ္းေကာင္းမြန္ပါတယ္။ ဆံပင္ကြၽတ္တာေတြ ခံစားေနရသူအတြက္ ပင္လယ္ဆားနဲ႕ေခါင္းေလ်ာ္ပါလို႔အႀကံေပးခ်င္ပါတယ္။

လြယ္ကူတဲ့နည္းလမ္းကေတာ့ ပုံမွန္ေခါင္းေလ်ာ္သလို ေခါင္းေလ်ာ္ပါ။ၿပီးေနာက္ ဆားတစ္ဇြန္စာနဲ႕ ဦးေခါင္းေပၚမွာ ၁၀ မိနစ္ခန႔္ ပြတ္ေပးပါ။ၿပီးေနာက္ ေရျဖင့္ေဆးေၾကာပါ။ထို႔ကဲ့သို႔ တစ္ပတ္ကိုႏွစ္ႀကိမ္ လုပ္ပါက တစ္လ အတြင္းမွာထူးျခားတဲ့ရလဒ္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

၂ – ေဗာက္ျပသာနာေတြ ကိုေျဖရွင္းေပး

ေဗာက္ဆိုတာကေတာ့ ဆံပင္ေပါက္တဲ့အေရးျပားေပၚက ဆဲလ္းေသေတြပဲျဖစ္ပါတယ္။

ေသြးလည္ပတ္မူ မရွိလို႔ လဲ ေဗာက္ေတြျဖစ္တတ္ပါတယ္။ ပင္လယ္ဆားမွာ ေသြးလည္ပတ္မူကိုေကာင္းေစတဲ့စြမ္းရည္ပိုင္ဆိုင္ပါတယ္။ ဆားဟာ ဆံသားေပါက္တဲ့ဦးေခါင္းကိုက်န္းမာေစ႐ုံမွ်မက ေဗာက္ေတြကိုလဲ ကင္းေစပါတယ္။

အသုံးျပဳပုံကေတာ့ ဆံပင္ေတြ တစ္ပိုင္းစီ ခြဲစည္းလိုက္ပါ။ဆားအနည္းငယ္ကို ဦးေခါင္းေပၚ ျဖဴးလိုက္ၿပီး ၁၀ မိနစ္ကေန ၁၅ မိနစ္ထိ ပြတ္ေပးပါ။ ၿပီးေနာက္ ပုံမွန္ေခါင္းေလ်ာ္သလိုေလ်ာ္ခ်လိဳက္ပါ။

Credit:ေမတၱာမ်ားစြာျဖင့္ Chaw Lay Su

Leave a Reply

Your email address will not be published. Required fields are marked *