Menu Close

ခြေခုံတွေမှာ ပေါက်လေ့ရှိတဲ့ နှင်းခူအစို ပျောက်သည့်ဆေးနည်းပါ

ခြေခုံတွေမှာ ပေါက်လေ့ရှိတဲ့ နှင်းခူ အစို  ပျောက်သည့်ဆေးနည်း ပါ

 

တလောက ခြေထောက်နှင်းခူ ဖြစ်နေတဲ့ ပုံတွေ ဖေ့ဘုတ်မှာ တွေ့ရလို့ ကျွန်မ ရေးလိုက်ရခြင်းပါ သူ့ကိုလဲ ကျံန်မသွားဆက်သွယ်ပါတယ် ဒါပေမယ့် msg မကြည့်တတ်လို့များလား ပြန်ဆက်သွယ်မလာပါဘူး ဒါနဲ့ ရေးသားလိုက်ရခြင်းပါ။ အများအတွက် ရေးသားတာဖြစ်လို့ လက်ဆင့်ကမ်း ကုသပေးနိုင်ပါတယ်ရှင့်

အောက်ပုံမှာ ပြထားတဲ့ အပင်က ကျွန်မတို့ဒေသ အခေါ် နွားကျောင်းသားမှင် ဆေးပင် လို့ ခေါ်ပါတယ် အပင်ကိုင်းအရိုးလေးတွေကို ချိုးရင် နို့ရည်လိုဖြူဖြူအရည်လေးတွေ ထွက်ပါတယ် အကိုင်းအရွက် တွေအားလုံး က မြေမှာ ကပ်နေပါတယ် အပေါ်မထောင်ပါ

အုတ်ကြားတွေ သဲမြေပွပွ တွေမှာ ပေါက်လေ့ရှိပြီး ပေါပေါများများ တွေ့ရတတ်ပါတယ်အဲ့ဒီအပင်ကို ပဉ်စ ငါးပါး ရေစင်စင်ဆေးအရိပ် ထဲမှာ အခြောက်ထားပါခြောက်ပြီး ကျွတ်ယွနေပြီဆိုရင် မြေအိုးလေးထဲ ထည့်ပြီး မီးဖိုအပူပေါ်တင်လှော်ပါ ပြာရတဲ့အထိ လုပ်ပါ။

အဲဒီပြာကို အုန်းဆီစစ်စစ်နဲ့ ပြစ်ပြစ်လေး ရောပြီး ကြက်တောင်မွေးလေးနဲ့  အနာပေါ် သုတ် လူးပေးပါ အနာဖေးကွာကျပြီး ခြောက်ကပ်သွားပြီး ကောင်းမွန်သွားပါလိမ့်မယ်ရှင်

(ဂန့်ဂလာ မဟုတ်ပါဘူးနော်)

credit:မူရင်း

 

Zawgyi

 



 

shweu

 






credit:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *