Menu Close

ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

 

 

ခြေလက်ထုံကျင်

ဆေးလိပ် အလွန်အကျွံသောက်သောကြောင့်ဟု အပြောခံရပြီး ကျွန်တော် ခြေလက်ထုံကျင်သော ရောဂါဖြစ်ခဲ့ပါသည်။

(ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင်(သို့) ဘားကြောပင်)

ကျွန်တော်သည် ခြေလက်ထုံကြင်သော ရောဂါ ဖြစ်ခဲ့ပါသည်။

နားလည်သောသူများက ဆေးလိပ်အလွန်အကျွံ သောက်သောကြောင့် သွေးကြောပိတ်ချင်သည်ဟု ပြောပါသည်။

ဆောင်းရာသီတွင် ပို၍ ဆိုးရွားပါသည်။ လိမ်းဆေးများ လိမ်းသော်လည်း မပျောက်ပါ။

အကြောတစ်ထောင်ရွက်ကို တစ်ခါစား တစ်ရွက် တစ်နေ့နှစ်ကြိမ် ဒီတိုင်း ဝါးစားသောအခါ အံ့သြစရာကောင်းအောင် ရက်ပိုင်းအတွင်း ပျောက်ကင်းသွားပါသည်။

ယခုဆိုလျှင် ၂ နှစ်ကျော်ခန့်ရှိပါပြီး။ ထပ်မဖြစ်တော့ပါ။ ထိုအရွက်ကို တစ်ကြိမ်ထဲတွင် များများစား၍ မရဟု တတ်ကျွမ်းသော ဆရာများကပြောပါသည်။ လူအပေါင်းတို့၏ အကျိုးကိုမျှော်ကိုး၍ တင်ပြလိုက်ပါသည်။

ပေါက်ရောက်ရာဒေသ

အလွန်အေး၍ မြင့်မားသော တောင်ပေါ် အရပ်ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာ၀အလျောက် ပေါက်ရောက်၏။

အပင်

မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ်မျိုး ဖြစ်သည်။

အရွက်

အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွား စိပ်ယောင်ယောင်ရှိ၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ အရွက်ရိုးတံ အရွက်ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်စေးကဲ့သို့ လည်းကောင်း၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင်ကလေးများ ဖြစ်ပေါ်လာသည်။

အပွင့်

ပွင့်ညှာတံလုံးပြီး အုန်းလက်တံခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့်ထိ သေးငယ်သော အပွင့်များ စီတန်းလျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏ ။

အသီး

အစေ့များ အလွန်သေးငယ်ပြီး ချွဲကပ်စေးထန်၏။

အသုံးဝင်ပုံ

အရွက်၊ ပဉ္စငါးပါး ၊ အမြစ်။

 

shweu

 

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏၊ ဆီးရွှင်စေ၏။ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း၊ ဝမ်းတွင်း၌ ရစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို ပျောက်ရန် အတွင်းဆေး၊ အပြင်ဆေးအဖြစ် သုံးနိုင်သည်။ အားတိုးဆေးအဖြစ်လည်း များစွာ အသုံးပြုရ၏။

အရွက်အသုံးပြုပုံ

၁။ ပျား၊ ပဆုပ်ပနီ၊ နဂျီ စသည့် အဆိပ်ရှိသည့် သတ္တဝါများ တုပ်ခြင်း၊ ကိုက်ခြင်းနှင့် အခြားအဆိပ်သင့်သော ရောဂါများအတွက် အရွက်အစိမ်းကို ညက်ညက်ကြိတ်၍ ကိုက်သော ဒဏ်ရာများ၌ လိမ်းပေးခြင်း၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏။ အနာများမှလည်းကောင်း၊ ထိခိုက်ရှနာသော ဒဏ်ရာများမှလည်းကောင်း၊ သွေးစိမ်းများ ယိုသောအခါ၌ အထက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် သွေးယိုစီးခြင်းကို ရပ်တန့်စေ၏။

၂။ အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။

၃။ ခံတွင်း၌ ပူလောင်ပေါက်ကွဲခြင်း၊ အပူဖု၊ အပူအိတ်များ ပေါက်ခြင်း၊ လျှာကွဲလျှာနာ ဖြစ်ခြင်း၊ သွားကိုက်သွားနာ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီးကမ်းပြိုဖြစ်ခြင်းများအတွက် အရွက်ပြုတ်ရည်ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။

၄။ အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည်ယို ရောဂါ ပျောက်၏။

၅။ ၎င်းကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျားရောဂါ အမြစ်ပြတ်၏။

၆။ အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံခြင်းဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။

၇။ အရွက်ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက်၏။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။

၈။ အရွက်ပြုတ်ရည်ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

ပဉ္စငါးပါးအသုံးပြုပုံ

၁။ ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။

၂။ အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။

အမြစ်အသုံးပြုပုံ

၁ ။ နာတာရှည်အဖျား၊ ရက်ခြားဖျား ရောဂါများအတွက် အရွက်နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်ပါသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ

Credit Kyaw Yimon ( HTD )

 

Zawgyi

 

ေျခလက္ထုံက်င္ကာ ေသြးေၾကာပိတ္ျခင္ျခင္းအတြက္ ေဆးနည္း

 

ေျခလက္ထုံက်င္

ေဆးလိပ္ အလြန္အကြၽံေသာက္ေသာေၾကာင့္ဟု အေျပာခံရၿပီး ကြၽန္ေတာ္ ေျခလက္ထုံက်င္ေသာ ေရာဂါျဖစ္ခဲ့ပါသည္။

(ေဆးေက်ာ္ႀကီး၊ အေၾကာတစ္ေထာင္ပင္(သို႔) ဘားေၾကာပင္)

ကြၽန္ေတာ္သည္ ေျခလက္ထုံၾကင္ေသာ ေရာဂါ ျဖစ္ခဲ့ပါသည္။ နားလည္ေသာသူမ်ားက ေဆးလိပ္အလြန္အကြၽံ ေသာက္ေသာေၾကာင့္ ေသြးေၾကာပိတ္ခ်င္သည္ဟု ေျပာပါသည္။ ေဆာင္းရာသီတြင္ ပို၍ ဆိုး႐ြားပါသည္။ လိမ္းေဆးမ်ား လိမ္းေသာ္လည္း မေပ်ာက္ပါ။

အေၾကာတစ္ေထာင္႐ြက္ကို တစ္ခါစား တစ္႐ြက္ တစ္ေန႕ႏွစ္ႀကိမ္ ဒီတိုင္း ဝါးစားေသာအခါ အံ့ၾသစရာေကာင္းေအာင္ ရက္ပိုင္းအတြင္း ေပ်ာက္ကင္းသြားပါသည္။

ယခုဆိုလွ်င္ ၂ ႏွစ္ေက်ာ္ခန႔္ရွိပါၿပီး။ ထပ္မျဖစ္ေတာ့ပါ။ ထိုအ႐ြက္ကို တစ္ႀကိမ္ထဲတြင္ မ်ားမ်ားစား၍ မရဟု တတ္ကြၽမ္းေသာ ဆရာမ်ားကေျပာပါသည္။ လူအေပါင္းတို႔၏ အက်ိဳးကိုေမွ်ာ္ကိုး၍ တင္ျပလိုက္ပါသည္။

 

shweu

 

ေပါက္ေရာက္ရာေဒသ

အလြန္ေအး၍ ျမင့္မားေသာ ေတာင္ေပၚ အရပ္ေဒသ၌သာ ေပါက္ေရာက္သည္။ ျပင္ဦးလြင္ႏွင့္ အနီးတစ္ဝိုက္ ေဒသမ်ားတြင္ ေတြ႕ရွိရသည္။ သဘာ၀အေလ်ာက္ ေပါက္ေရာက္၏။

အပင္

ေျမ၌ ကပ္ေပါက္သည့္ မိုးသက္ပင္ငယ္မ်ိဳး ျဖစ္သည္။

အ႐ြက္

အ႐ြက္မ်ား ႐ြက္ထိပ္ဝိုင္း သို႔မဟုတ္ အနည္းငယ္ ခြၽန္ၿပီး ႐ြက္ရင္း သြယ္သည္။ ႐ြက္ညွာရွည္သည္။ ႐ြက္နား ေခြးသြား စိပ္ေယာင္ေယာင္ရွိ၍ လွိုင္းတြန႔္ အနည္းငယ္ ရွိသည္။ အ႐ြက္ရိုးတံ အ႐ြက္ရင္းကို ခ်ိဳး၍ ဆြဲၾကည့္ေသာ္ ၾကက္ေပါင္ေစးကဲ့သို႔ လည္းေကာင္း၊ ခ်ည္မွ်င္ကေလးမ်ား ကဲ့သို႔ လည္းေကာင္း ေသးငယ္၍ ျဖဴေသာ အမွ်င္ကေလးမ်ား ျဖစ္ေပၚလာသည္။

အပြင့္

ပြင့္ညွာတံလုံးၿပီး အုန္းလက္တံခန႔္ ရွိသည္။ အလ်ား ၇-၈ လက္မထိ ရွည္သည္။ ပြင့္ညွာတံ ၏ ၃ ပုံ ၂ ပုံ ခန႔္ထိ ေသးငယ္ေသာ အပြင့္မ်ား စီတန္းလ်က္ ပြင့္သည္။ ပြင့္တံကိုင္း ၄-၇ ထိ ထြက္၏ ။

အသီး

အေစ့မ်ား အလြန္ေသးငယ္ၿပီး ခြၽဲကပ္ေစးထန္၏။

အသုံးဝင္ပုံ

အ႐ြက္၊ ပၪၥငါးပါး ၊ အျမစ္။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ အ႐ြက္သည္ ေအး၏၊ ဆီး႐ႊင္ေစ၏။ အပင္သည္ အဆစ္အဆက္ ေရာင္ရမ္း ကိုက္ခဲျခင္း၊ ဝမ္းတြင္း၌ ရစ္ျခင္း၊ နာက်င္ကိုက္ခဲျခင္းတို႔ကို ေပ်ာက္ရန္ အတြင္းေဆး၊ အျပင္ေဆးအျဖစ္ သုံးနိုင္သည္။ အားတိုးေဆးအျဖစ္လည္း မ်ားစြာ အသုံးျပဳရ၏။

အ႐ြက္အသုံးျပဳပုံ

၁။ ပ်ား၊ ပဆုပ္ပနီ၊ နဂ်ီ စသည့္ အဆိပ္ရွိသည့္ သတၱဝါမ်ား တုပ္ျခင္း၊ ကိုက္ျခင္းႏွင့္ အျခားအဆိပ္သင့္ေသာ ေရာဂါမ်ားအတြက္ အ႐ြက္အစိမ္းကို ညက္ညက္ႀကိတ္၍ ကိုက္ေသာ ဒဏ္ရာမ်ား၌ လိမ္းေပးျခင္း၊ အုံကပ္ေပးျခင္းျဖင့္ အဆိပ္မ်ား ျမန္စြာ ေျပေပ်ာက္၏။ အနာမ်ားမွလည္းေကာင္း၊ ထိခိုက္ရွနာေသာ ဒဏ္ရာမ်ားမွလည္းေကာင္း၊ ေသြးစိမ္းမ်ား ယိုေသာအခါ၌ အထက္ပါအတိုင္း ျပဳလုပ္ေပးျခင္းျဖင့္ ေသြးယိုစီးျခင္းကို ရပ္တန႔္ေစ၏။

၂။ အ႐ြက္ျပဳတ္၍ ဖန္ရည္ေဆးေပးပါက အနာမ်ား ျပည္ပုပ္ ေသြးပုပ္ စင္ၾကယ္၍ အသားႏု တက္လြယ္ေစ၏။

၃။ ခံတြင္း၌ ပူေလာင္ေပါက္ကြဲျခင္း၊ အပူဖု၊ အပူအိတ္မ်ား ေပါက္ျခင္း၊ လွ်ာကြဲလွ်ာနာ ျဖစ္ျခင္း၊ သြားကိုက္သြားနာ၊ သြားဖုံးေရာင္ျခင္း၊ သြားရင္းမွ ျပည္ေသြးမ်ား ယိုစီးျခင္း ၊ ေရစီးကမ္းၿပိဳျဖစ္ျခင္းမ်ားအတြက္ အ႐ြက္ျပဳတ္ရည္ကို ခပ္ေႏြးေႏြး ငုံေပးေသာ္ ေပ်ာက္၏။

၄။ အ႐ြက္ႀကိတ္ညွစ္ရည္ကို နားတြင္းသို႔ တစ္ေန႕ ၂ ႀကိမ္ ၃ ႀကိမ္ မွ် ခတ္ေပးေသာ္ နားကိုက္နားျပည္ယို ေရာဂါ ေပ်ာက္၏။

၅။ ၎ႀကိတ္ညွစ္ရည္ကို ရက္ရွည္စြဲ ေသာက္ေသာ္ ငွက္ဖ်ားေရာဂါ အျမစ္ျပတ္၏။

၆။ အ႐ြက္ကို က်က္က်က္ ျပဳတ္၍ တစ္ေန႕ ၂ ႀကိမ္ မွ် ၎ ျပဳတ္ရည္ အခိုး အေငြ႕ မွိုင္းခံျခင္းျဖင့္ မိန္းမမ်ား မီးယပ္ျဖဴ ဆင္းျခင္း ၊ က်ားမ မေ႐ြး ေညာင္းက်ျခင္း ၊ လိပ္ေခါင္း ေရာဂါ ျဖစ္ျခင္းႏွင့္ ေဖာေရာင္ျခင္း ေပ်ာက္၏။

၇။ အ႐ြက္ကို မီးကင္၍ တစ္ေန႕ ၂ ႀကိမ္မွ် ကပ္ေပးေသာ္ စူးေနေသာ ဆူးမ်ား အလိုအေလ်ာက္ ကြၽတ္ထြက္၏။ မက်က္နိုင္ေသာ အနာ မ်ားလည္း အျမန္က်က္၍ ေပ်ာက္လြယ္၏။

၈။ အ႐ြက္ျပဳတ္ရည္ကို သၾကားသင့္႐ုံ ထည့္ေသာက္ပါက ဆီးပူျခင္း၊ နီျခင္း ၊ ဆီးနည္းျခင္း ၊ မိတ္ထြက္ျခင္း ၊ အနာမီး အနာလွ်ံ အနာစက္ မ်ား ေပါက္ျခင္းႏွင့္ ဝမ္းတြင္း၌ အပူအားႀကီး ျခင္းမ်ား ေပ်ာက္၏။

ပၪၥငါးပါးအသုံးျပဳပုံ

၁။ ပၪၥငါးပါးကို ေရႏွင့္ က်ိဳ၍ မွန္မွန္ ေသာက္ေသာ္ ဆီးခ်ိဳ ေရာဂါ ေပ်ာက္၏။

၂။ အဆုတ္ေရာဂါ အတြက္ ပၪၥငါးပါး ႀကိတ္ညွစ္ ရည္ကို နံနက္ မွန္မွန္ ေသာက္ေသာ္ ေပ်ာက္၏။

အျမစ္အသုံးျပဳပုံ

၁ ။ နာတာရွည္အဖ်ား၊ ရက္ျခားဖ်ား ေရာဂါမ်ားအတြက္ အ႐ြက္ႏွင့္အျမစ္ကို ျပဳတ္ေသာက္ေသာ္ အဖ်ားေပ်ာက္ပါသည္။

ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

Credit Kyaw Yimon ( HTD )

Leave a Reply

Your email address will not be published. Required fields are marked *