Menu Close

ခြေလက်ထုံကျဉ်သူများသက်သာပျောက်ကင်းကြသည့်ဆေးနည်း

ကိုက်ခဲထုံကျဉ်ဖြစ်ခဲ့လျှင်

 

ခြေလက်ထုံကျဉ်သူများသက်သာပျောက်ကင်းကြသည်မှာ ကိုယ်တွေ့ရှိပါ၏။

မြန်မာ့ဆေးမြီးတိုများ စာအုပ်တွင် ရေးသားဖေါ်ပြထားသောဆေးနည်းတိုလည်းဖြစ်ပါသည်။

မိမိကိုယ်တိုင် စမ်းသပ်သောက်သုံးဖူးသလို မကြာခဏထုံကျဉ်ကိုက်ခဲသူများကိုလည်းဝေမျှပေးခဲ့ရာ ထုံကျဉ်ကိုက်ခဲခြင်းများသက်သာလျော့ပါးပျောက်ကင်းသည်ဟု   ဆိုပါ၍ လိုသူတို့သုံးနိုင်ရန် တင်ပြလိုက်ပါသည်။

(ဆေးသောက်ရန်အတွက်ဆေးအညွှန်းတွင် ဂုန်ညင်း(ခုံညင်း)မျှသောက်ကြည့်ရန်ညွှန်းသောကြောင့် မိမိကိုယ်တိုင်ဆေးရည်သောက်သုံးရာတွင် ဟင်းခပ်စတီး(၂)ဇွန်းစာ သောက်သုံးခဲ့ပါသည်)

 

shweu

 

ဆေးနည်း

(၁) တရုတ်စကားခေါက်   (၂၅)ကျပ်သား

(၂) ထန်းလျက် (၂၅)ကျပ်သား

(၃) မန်ကျည်းမှည့် (၂၅)ကျပ်သား

(၄) ဆား    (ဆီးဖြူသီးခန့်)

(၅) ရေ       (၃)ပုလင်း

ဖေါ်ပြပါ အမယ်(၅)မျိုးကို ရေ(၂)ပုလင်းစာ ကျန်သည်ထိကျိုပါ။

စတီးဇွန်း(၂)ဇွန်းမျှသောက်ပါ။

ဓာတ်(၃)ခါလောက် သွားတတ်ပြီး မကြောက်ရန် ဆေးညွှန်းထားပါသည်။

ဆေး(၂)ပုလင်းစာကုန်သည်နှင့်ပင်ကိုက်ခဲထုံကျဉ်ခြင်းများ အမှန်ပင်သက်သာပျောက်ကင်းပါ၍လိုအပ်သူဝေဒနာရှင်များ အသုံးပြုနိုင်ပါရန်မျှ ဝေလိုက်ပါသည်။

credit:မူရင်း

 

Zawgyi






 

shweu

 

ဆေးနည်း


(၂) ထန်းလျက် (၂၅)ကျပ်သား


(၄) ဆား    (ဆီးဖြူသီးခန့်)

(၅) ရေ       (၃)ပုလင်း





credit:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *