Menu Close

ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်သည့်ဟင်းနုနွယ်

ဟင်းနုနွယ်က ဂုတ်ကျီးပေါင်းကို ပျောက်ကင်းစေနိုင်

 

ကျီးပေါင်းအတွက် ဆေးကောင်း

ကျွန်တော့်ဘကြီး သူငယ်ချင်းက ခါးကျီးပေါင်း ဖြစ်နေတာ 201 5 ခုနှစ်ကပါ။ MRI ရိုက်တော့ ကျီးပေါင်းဖြစ်နေပြီ လူက ကောင်းကောင်း မထနိုင်တော့ပါ။ ဆရာတော် တစ်ပါးက ဆေးနည်း ပေးလှူသဖြင့် ယုံကြည်စွာ လုပ်ဆောင်ခဲ့ပြီး ( ၉ ) ရက်မြောက်မှာ ခါးနာ ခါးကိုက် ပျောက်ကင်း ချမ်းသာခဲ့သည်။

(2017) မှာ ဂုတ်ရိုးကျီးပေါင်းဖြစ်ပြန်လေပြီ။ ထိုအခါ MRI ရိုက်တော့ ဂုတ်အရိုးစစ် ကျီးပေါင်း ဖြစ်နေပြန်သည်။ လူက ခေါင်းမူး ဇက်က မလှည့်နိုင် အောက်ငုံ့စာ မကြည့်နိုင်ပါ။ ခါးကျီးပေါင်း ဆေးနည်းအတိုင်း လုပ်ဆောင်ခဲ့ရာ ( 1 0 ) ရက်ခန့် မှာပဲ သက်သာလာခဲ့သည်။

ထို့နောက် အားရင် အားသလို ဆေးနည်းအတိုင်း ပြုလုပ်ခဲ့ပါသည်။ 2018မှာ ဂုတ်အား MRI ပြန်ရိုက်ကြည့်ရာ ပထမ ( ဂုတ်စစ်ရိုး ) ကျီးပေါင်းမှာ လုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်ကို အံ့သြစွာ သိရှိခဲ့ရလေသည်။သူက အချိန်ရရင် ရသလို ဆေးနည်းကို လုပ်ခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်တော်သိရှိရသဖြင့် မေတ္တာတရားအပြည့်ဖြင့် ဆေးနည်းကောင်းတစ်ခုအား ပြန်လည်မျှဝေလိုက်ပါတယ်။

ဆေးနည်း

ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါးကို လက်တစ်ဆုပ်ရအောင် ထောင်းပါ။ ထမင်းလက်တစ်ဆုပ်ကို ညက်အောင်ထောင်းပါ။ထိုနှစ်မျိုးကို ရောမွေပြီး ကျီးပေါင်းဖြစ်သောနေရာအား အုံပေးပြီး အပေါ်မှ ပတ္တီးစသော်၎င်း ( အဝတ်စ / စွပ်ကျယ်စ ) ဖြင့် အုပ်ပါ။ စက္ကူတိပ်ဖြင့် ကပ်ထားပေးပါ။စည်းထားလည်း ရပါသည်။ အုပ်ပြီးချိန်တွင် မနက် ( ၁ ) နာရီ ညနေ ( ၁ ) နာရီ အုပ်ထားပေးပါ ။( အချိန်ပိုလည်းရပါသည်)

ဆေးနည်းက ဒါပဲခင်ဗျာ။ ခြေဖနောင့် အတက်ထွက်ခြင်းပါ ပြုလုပ်၍ ရကြောင်းနှင့် ယခုဆေးနည်းပေးသူ အားလုံးလည်း သက်သာပျောက်ကင်းကြကြောင်း ဝမ်းသာစွာ သိရှိရပါသည်။ကျီးပေါင်းအတွက် အမှန်တစ်ကယ် ကောင်းတဲ့ဆေး ဖြစ်ပါတယ်။ မိမိတို့အနီးအနားမှ ဝေဒနာရှင်များအား မျှဝေကုသိုလ်ယူပေးပါခင်ဗျာ။

အားလုံး အနာနှင့်ဆေးတွေ့ပြီး ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခများကို ထာဝရပိုင်ဆိုင်ကြပါစေ။

Credit-Original Uploader

 

Zawgyi

ဟင္းႏုႏြယ္က ဂုတ္က်ီးေပါင္းကို ေပ်ာက္ကင္းေစႏိုင္

 

က်ီးေပါင္းအတြက္ ေဆးေကာင္း

ကြၽန္ေတာ့္ဘႀကီး သူငယ္ခ်င္းက ခါးက်ီးေပါင္း ျဖစ္ေနတာ 201 5 ခုႏွစ္ကပါ။ MRI ႐ိုက္ေတာ့ က်ီးေပါင္းျဖစ္ေနၿပီ လူက ေကာင္းေကာင္း မထႏိုင္ေတာ့ပါ။ ဆရာေတာ္ တစ္ပါးက ေဆးနည္း ေပးလႉသျဖင့္ ယုံၾကည္စြာ လုပ္ေဆာင္ခဲ့ၿပီး ( ၉ ) ရက္ေျမာက္မွာ ခါးနာ ခါးကိုက္ ေပ်ာက္ကင္း ခ်မ္းသာခဲ့သည္။

(2017) မွာ ဂုတ္႐ိုးက်ီးေပါင္းျဖစ္ျပန္ေလၿပီ။ ထိုအခါ MRI ႐ိုက္ေတာ့ ဂုတ္အ႐ိုးစစ္ က်ီးေပါင္း ျဖစ္ေနျပန္သည္။ လူက ေခါင္းမူး ဇက္က မလွည့္ႏိုင္ ေအာက္ငုံ႔စာ မၾကည့္ႏိုင္ပါ။ ခါးက်ီးေပါင္း ေဆးနည္းအတိုင္း လုပ္ေဆာင္ခဲ့ရာ ( 1 0 ) ရက္ခန႔္ မွာပဲ သက္သာလာခဲ့သည္။

ထို႔ေနာက္ အားရင္ အားသလို ေဆးနည္းအတိုင္း ျပဳလုပ္ခဲ့ပါသည္။ 2018မွာ ဂုတ္အား MRI ျပန္႐ိုက္ၾကည့္ရာ ပထမ ( ဂုတ္စစ္႐ိုး ) က်ီးေပါင္းမွာ လုံးဝမရွိပဲ ေပ်ာက္ကင္းခဲ့သည္ကို အံ့ၾသစြာ သိရွိခဲ့ရေလသည္။သူက အခ်ိန္ရရင္ ရသလို ေဆးနည္းကို လုပ္ခဲ့ပါသည္။ ထိုအေၾကာင္းကို ကြၽန္ေတာ္သိရွိရသျဖင့္ ေမတၱာတရားအျပည့္ျဖင့္ ေဆးနည္းေကာင္းတစ္ခုအား ျပန္လည္မွ်ေဝလိုက္ပါတယ္။

ေဆးနည္း

ဟင္းႏုႏြယ္ဆူးေပါက္ပင္ ပၪၥငါးပါးကို လက္တစ္ဆုပ္ရေအာင္ ေထာင္းပါ။ ထမင္းလက္တစ္ဆုပ္ကို ညက္ေအာင္ေထာင္းပါ။ထိုႏွစ္မ်ိဳးကို ေရာေမြၿပီး က်ီးေပါင္းျဖစ္ေသာေနရာအား အုံေပးၿပီး အေပၚမွ ပတၱီးစေသာ္၎ ( အဝတ္စ / စြပ္က်ယ္စ ) ျဖင့္ အုပ္ပါ။ စကၠဴတိပ္ျဖင့္ ကပ္ထားေပးပါ။စည္းထားလည္း ရပါသည္။ အုပ္ၿပီးခ်ိန္တြင္ မနက္ ( ၁ ) နာရီ ညေန ( ၁ ) နာရီ အုပ္ထားေပးပါ ။( အခ်ိန္ပိုလည္းရပါသည္)

ေဆးနည္းက ဒါပဲခင္ဗ်ာ။ ေျခဖေနာင့္ အတက္ထြက္ျခင္းပါ ျပဳလုပ္၍ ရေၾကာင္းႏွင့္ ယခုေဆးနည္းေပးသူ အားလုံးလည္း သက္သာေပ်ာက္ကင္းၾကေၾကာင္း ဝမ္းသာစြာ သိရွိရပါသည္။က်ီးေပါင္းအတြက္ အမွန္တစ္ကယ္ ေကာင္းတဲ့ေဆး ျဖစ္ပါတယ္။ မိမိတို႔အနီးအနားမွ ေဝဒနာရွင္မ်ားအား မွ်ေဝကုသိုလ္ယူေပးပါခင္ဗ်ာ။

အားလုံး အနာႏွင့္ေဆးေတြ႕ၿပီး က်န္းမာျခင္းသုခ ခ်မ္းသာျခင္းသုခမ်ားကို ထာဝရပိုင္ဆိုင္ၾကပါေစ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *