Menu Close

ဂေါ်ရခါး အသီးနှင့် အညွှန့်တို့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂေါ်ရခါး အသီးနှင့် အညွှန့်တို့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 

ဂေါ်ရခါးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါတယ်။

၁။ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်များ ပါဝင်မှုမြင့်မားခြင်းကြောင့် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ဝမ်းကို မှန်စေပါတယ်။

၂။ဓါတ်တိုးဆန့်ကျင်ဓါတ်များပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအဝင် လူကို အို မင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။

၃။အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စိတ်ကျလွယ်ရောဂါ တို့ကိုလည်း တားဆီးပေးပါတယ်။

၄။ မဂ္ဂနီစီယမ်ဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ အမောကိုလည်း ခံနိုင်စေပါတယ်။

၅။ဖောလစ်ဓါတ်ပါဝင်မှုကြောင့် သွေးကိုလည်း သန့်စင်စေပြီး ကိုယ်ဝန်ဆောင်မိခင်များ စားသုံးလျှင် ကလေးမွေးသည့်အခါ နာကျင်မှုမရှိပဲ လွယ်ကူသက်သာစေပါတယ်။

၆။မဂ္ဂနိစ်ဓါတ်နှင့် ပရိုတင်းဓါတ်တို့ပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၇။ဇင့်ဓါတ်ပါဝင်မှုကြောင့် မျက်နှာပေါ်အဆီပြန်ခြင်း၊ ဝက်ခြံပေါက်ခြင်း စသသည့် အရေပြားဆိုင်ရာဂေါရာတို့ကိုလည်း တားဆီးပေးပါတယ်။

၈။ဂေါ်ရခါးသီးသာမကဂေါ်ရခါးညွန့်၊ဂေါ်ရခါးရွက်တို့ကိုလည်း မကြာခဏ ဟင်းချက်စားခြင်း၊ အခြောက်လန်းထား၍ရေနွေးခတ်သောက်ခြင်းဖြင့်သွေးတိုးရောဂါများတို တားဆီးပေးခြင်း၊ ကျောက်ကပ်ကိုအားကောင်းစေပြီးဆီးရွှင်ခြင်း၊

ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကို ရရှိစေပါသည်။

ငွေကုန်သက်သာပြီး အစာလည်း ဆေး ဆေးလည်းအစာဖြစ်စေမည့်ဂေါ်ရခါးသီးကို ဟင်းချက်စားခြင်းဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

 

shweu

 

ဂေါ်ရခါးညွန့်အကျိုးပြုပုံများ

အူလမ်းကြောင်းကိုရှင်းလင်းခြင်း

ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။ အညစ်အကျေးတွေကအစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။လူတွေရဲ့အူဟာအမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။

အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊အူမသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။

အူတွေကိုသန့်ရှင်းပေးတော့မှအဆိပ်တောက်ကင်းတဲ့သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။သွေးသန့်ရင်ရောဂါကင်းမယ်၊သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက်အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။

အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့အညွန့်အရွက်တွေမှာအမွှေးအမျှင်လေးတွေပါပါတယ်။အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင်စင်ကြယ်သွားပါတယ်။

အဲဒီအမွှေးအမျှင်ပါတဲ့အညွန့် အရွက်တွေကိုကြော်ပြီးစားပါ။

အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင်သုတ်သင်ပေးသွားပါလိမ့်မယ်။

အစာလမ်းကြောင်းတစ်ခုလုံးသန့်ရှင်းနေတော့အာဟာရကနေရတဲ့ရသရည်ကလည်းသန့်ရှင်းပြီးသွေးကလည်းသန့်တော့တာပေါ့၊အဲဒီ့အပြင်အူတွေထဲမှာအညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။

ကိုးကား(မြန်မာ့ဆေးဖက်ဝင်အပင်များမှကောက်နှုတ်ချက်)

 

Zawgyi

 

ေဂၚရခါး အသီးႏွင့္ အၫႊန႔္တို႔၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

 

ေဂၚရခါးသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ေဂၚရခါးသီးမွာ ပါဝင္တဲ့ ကစီဓါတ္၊ ဗီတာမင္စီ၊ ဗီတာမင္ဘီနဲ႕ အမိုင္နိုအက္ဆစ္ဓါတ္တို႔ဟာ လူသားတို႔း၏က်န္းမာေရးကို ေကာင္းစြာ အေထာက္အကူ ေပးနိုင္ပါတယ္။

 

 

၁။ေဂၚရခါးသီးမွာ အမွ်င္ဓါတ္မ်ား ပါဝင္မႈျမင့္မားျခင္းေၾကာင့္ အူႏွင့္သက္ဆိုင္ေသာ လမ္းေၾကာင္းမ်ားကို သန္မာေစၿပီး ဝမ္းကို မွန္ေစပါတယ္။

၂။ဓါတ္တိုးဆန႔္က်င္ဓါတ္မ်ားပါဝင္ျခင္းေၾကာင့္ ကင္ဆာေရာဂါအပါအဝင္ လူကို အို မင္းရင့္ေရာ္ေစတတ္ေသာအရာမ်ားကိုလည္း တားဆီးေပးပါတယ္။

၃။အရိုးပါးေရာဂါ၊ အယ္လ္ဇိုင္းမားေရာဂါ စိတ္က်လြယ္ေရာဂါ တို႔ကိုလည္း တားဆီးေပးပါတယ္။

၄။ မဂၢနီစီယမ္ဓါတ္ ပါဝင္ျခင္းေၾကာင့္ ခႏၶာကိုယ္၏ ႂကြက္သားမ်ားကို သန္မာေစၿပီး ခြန္အားကိုလည္း တိုးေစပါတယ္။ အေမာကိုလည္း ခံနိုင္ေစပါတယ္။

၅။ေဖာလစ္ဓါတ္ပါဝင္မႈေၾကာင့္ ေသြးကိုလည္း သန႔္စင္ေစၿပီး ကိုယ္ဝန္ေဆာင္မိခင္မ်ား စားသုံးလွ်င္ ကေလးေမြးသည့္အခါ နာက်င္မႈမရွိပဲ လြယ္ကူသက္သာေစပါတယ္။

၆။မဂၢနိစ္ဓါတ္ႏွင့္ ပရိုတင္းဓါတ္တို႔ပါဝင္မႈေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ အာဟာရကိုလည္း ျဖည့္စြမ္းေပးနိုင္ပါတယ္။

၇။ဇင့္ဓါတ္ပါဝင္မႈေၾကာင့္ မ်က္ႏွာေပၚအဆီျပန္ျခင္း၊ ဝက္ၿခံေပါက္ျခင္း စသသည့္ အေရျပားဆိုင္ရာေဂါရာတို႔ကိုလည္း တားဆီးေပးပါတယ္။

၈။ေဂၚရခါးသီးသာမကေဂၚရခါးၫြန႔္၊ေဂၚရခါး႐ြက္တို႔ကိုလည္း မၾကာခဏ ဟင္းခ်က္စားျခင္း၊ အေျခာက္လန္းထား၍ေရေႏြးခတ္ေသာက္ျခင္းျဖင့္ေသြးတိုးေရာဂါမ်ားတို တားဆီးေပးျခင္း၊ ေက်ာက္ကပ္ကိုအားေကာင္းေစၿပီးဆီး႐ႊင္ျခင္း၊ ဆီးေက်ာက္တည္ျခင္းကို တားဆီးျခင္း စသည့္ေကာင္းက်ိဳးမ်ားကို ရရွိေစပါသည္။

ေငြကုန္သက္သာၿပီး အစာလည္း ေဆး ေဆးလည္းအစာျဖစ္ေစမည့္ေဂၚရခါးသီးကို ဟင္းခ်က္စားျခင္းျဖင့္ က်န္းမာစြာ အသက္ရွည္နိုင္ၾကပါေစ။

 

 

ေဂၚရခါးၫြန႔္အက်ိဳးျပဳပုံမ်ား

အူလမ္းေၾကာင္းကိုရွင္းလင္းျခင္း

ကြၽန္ေတာ္တို႔ရဲ႕အူလမ္းေၾကာင္းဟာ အညစ္အေက်းေတြနဲ႕ျပည့္ေနေလ့ရွိပါတယ္။ အညစ္အေက်းေတြကအစဥ္အၿမဲရွိေနတတ္ေတာ့ အဲဒီ့အညစ္အေက်းေတြကေနျဖစ္လာတဲ့ ခ်ိဳးေတြလည္းအူနံရံေတြမွာကပ္ေနေလ့ရွိပါတယ္။လူေတြရဲ႕အူဟာအၿမဲတန္းသန႔္ေနဖို႔လိုအပ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေသြးဟာအူေတြကေနစျဖစ္တာမို႔လို႔ပါ။

အစားအေသာက္ေတြကေနရလာတဲ့ အာဟာရရည္ကို အူေတြကေနစုပ္ယူၿပီး ေသြးအျဖစ္ေျပာင္းလဲေပးတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္အူသန႔္ရင္ေသြးသန႔္မယ္၊အူမသန႔္ရင္ ေသြးမသန႔္ဘူးဆိုတာထင္ရွားပါတယ္။

အူေတြကိုသန႔္ရွင္းေပးေတာ့မွအဆိပ္ေတာက္ကင္းတဲ့ေသြးသန႔္ကိုရမွာပဲျဖစ္ပါတယ္။ ခႏၶာကိုယ္မွာကေသြးကအဓိကပဲ။ေသြးသန႔္ရင္ေရာဂါကင္းမယ္၊ေသြးညစ္ရင္ေရာဂါမ်ားမယ္။ေသြးသန႔္ဖို႔အတြက္အူသန႔္ေအာင္လုပ္ေပးရမွာပဲျဖစ္ပါတယ္။

အူေတြသန႔္ရွင္းေအာင္လုပ္ဖို႔ကလည္းမခက္ပါဘူး။စင္ထိုးၿပီးစိုက္ရတဲ့အၫြန႔္အ႐ြက္ေတြစားေပး႐ုံပါပဲ။ဘူးၫြန႔္၊ေဂၚရခါးၫြန႔္၊ေ႐ႊဖယုံၫြန႔္စတဲ့အၫြန႔္အ႐ြက္ေတြမွာအေမႊးအမွ်င္ေလးေတြပါပါတယ္။အဲဒီ့အ႐ြက္အၫြန႔္ေတြဟာ မ်က္ႏွာသုတ္ပဝါမွာပါတဲ့အေမႊးေလးေတြလိုပဲသုတ္လို႔ရွိရင္စင္ၾကယ္သြားပါတယ္။

အဲဒီအေမႊးအမွ်င္ပါတဲ့အၫြန႔္ အ႐ြက္ေတြကိုေၾကာ္ၿပီးစားပါ။အစာလမ္းေၾကာင္းတစ္ေလွ်ာက္က အညစ္အေက်းေတြကိုေျပာင္ေအာင္သုတ္သင္ေပးသြားပါလိမ့္မယ္။

အစာလမ္းေၾကာင္းတစ္ခုလုံးသန႔္ရွင္းေနေတာ့အာဟာရကေနရတဲ့ရသရည္ကလည္းသန႔္ရွင္းၿပီးေသြးကလည္းသန႔္ေတာ့တာေပါ့၊အဲဒီ့အျပင္အူေတြထဲမွာအညစ္အေက်းခ်ိဳးကပ္မႈေတြမ်ားလို႔ ဗိုက္ပူေနတဲ့သူေတြလည္း တျဖည္းျဖည့္နဲ႕ဗိုက္ခ်ပ္သြားပါလိမ့္မယ္။

ကိုးကား(ျမန္မာ့ေဆးဖက္ဝင္အပင္မ်ားမွေကာက္ႏႈတ္ခ်က္)

Leave a Reply

Your email address will not be published. Required fields are marked *