Menu Close

စပျစ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

စပျစ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 

1. အင်တီအောက်ဆီးဒင့် ကြွယ်ဝခြင်း

စပျစ်သီးမှာ resveratrol နဲ့ flavonoids အပါအဝင် အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပါတယ်။ စပျစ်သီးမှာ စပျစ်ဖျော်ရည်နဲ့ ဝိုင်ထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ပမာဏ တူညီစွာ ပါဝင်ရုံသာမက အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။

2. နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်

စပျစ်သီးမှာ ပါဝင်တဲ့ polyphenol ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးစီးဆင်းမှုနှင့် နှလုံးလုပ်ငန်းတွေ ကောင်းမွန်စေဖို့အတွက် အထောက်အကူ ပြုခြင်းအားဖြင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

3. ကိုယ်အလေးချိန် ကျစေတယ်

ကိုယ်အလေးချိန် ကျလိုပါက ကယ်လိုရီ ပါဝင်မှုနည်းတဲ့ စပျစ်သီးလိုမျိုး အစားအစာတွေ စားပေးပါ။ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးထားပါတယ်။

4. မျက်စိကို ကျန်းမာစေတယ်

စပျစ်သီး ပုံမှန်စားပေးခြင်းအားဖြင့် မြင်လွှာပျက်စီးခြင်းမှ ကာကွယ်ပေးပြီး မျက်လုံးကျန်းမာရေးအတွက် အရေးပါ,ပါတယ်။ မြင်လွှာတည်ဆောက်ပုံနဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေ စပျစ်သီးမှာ ပါဝင်ပါတယ်။

 

shweu

 

5. သွေးတိုးကျစေပါတယ်

သွေးတိုးရှိသူတွေအတွက် စပျစ်သီးစားဖို့ သင့်တော်ပါတယ်။ အစေ့မပါတဲ့ စပျစ်သီးအစိမ်းတစ်ခွက်မှာ ပိုတက်ဆီယမ် 175mg, စပျစ်သီးအနီမှာ 290mg နဲ့ စပျစ်သီးအနက်မှာ 200mg ပါဝင်ပါတယ်။

6. သွေးတွင်းသကြားဓာတ်နဲ့ ဆီးချို

စပျစ်သီးက ချိုပေမယ့် သွေးတွင်းသကြားဓာတ် မတက်စေဘဲ အင်ဆူလင်ပမာဏ တက်လာစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ စပျစ်သီး စားလို့ရပါတယ်။ အလွန်အကျွံမဖြစ်အောင်တော့ ဂရုပြုရမှာပေါ့။

7. အူမကြီးကို ကျန်းမာစေတယ်

လေ့လာမှုအရ စပျစ်သီးက ကင်ဆာရောဂါ ကြီးထွားစေတဲ့ မျိုးရိုးဗီဇအချို့ကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ စပျစ်သီးက အူမကြီး ကျန်းမာရေးအတွက် အရေးပါ,ပါတယ်။

credit:Dr. Mya Myo Myo Swe

 

 

Zawgyi

 

စပ်စ္သီး၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

1. အင္တီေအာက္ဆီးဒင့္ ႂကြယ္ဝျခင္း

စပ်စ္သီးမွာ resveratrol နဲ႕ flavonoids အပါအဝင္ အင္တီေအာက္ဆီးဒင့္ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ စပ်စ္သီးမွာ စပ်စ္ေဖ်ာ္ရည္နဲ႕ ဝိုင္ထဲမွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္ပမာဏ တူညီစြာ ပါဝင္႐ုံသာမက အမွ်င္ဓာတ္လည္း ပါဝင္ပါတယ္။

2. ႏွလုံးေရာဂါကို ကာကြယ္ေပးနိုင္စြမ္း ရွိတယ္

စပ်စ္သီးမွာ ပါဝင္တဲ့ polyphenol ဆိုတဲ့ ဓာတ္တစ္မ်ိဳးက ေသြးစီးဆင္းမႈႏွင့္ ႏွလုံးလုပ္ငန္းေတြ ေကာင္းမြန္ေစဖို႔အတြက္ အေထာက္အကူ ျပဳျခင္းအားျဖင့္ ႏွလုံးက်န္းမာေစၿပီး ႏွလုံးေရာဂါ ျဖစ္နိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

 

 

3. ကိုယ္အေလးခ်ိန္ က်ေစတယ္

ကိုယ္အေလးခ်ိန္ က်လိဳပါက ကယ္လိုရီ ပါဝင္မႈနည္းတဲ့ စပ်စ္သီးလိုမ်ိဳး အစားအစာေတြ စားေပးပါ။ ကယ္လိုရီနည္းနည္းနဲ႕ ဗိုက္ျပည့္ေစၿပီး ကိုယ္အေလးခ်ိန္ကို ထိန္းေပးထားပါတယ္။

4. မ်က္စိကို က်န္းမာေစတယ္

စပ်စ္သီး ပုံမွန္စားေပးျခင္းအားျဖင့္ ျမင္လႊာပ်က္စီးျခင္းမွ ကာကြယ္ေပးၿပီး မ်က္လုံးက်န္းမာေရးအတြက္ အေရးပါ,ပါတယ္။ ျမင္လႊာတည္ေဆာက္ပုံနဲ႕ လုပ္ငန္းေတြကို ကာကြယ္ေပးနိုင္တဲ့ဓာတ္ေတြ စပ်စ္သီးမွာ ပါဝင္ပါတယ္။

5. ေသြးတိုးက်ေစပါတယ္

ေသြးတိုးရွိသူေတြအတြက္ စပ်စ္သီးစားဖို႔ သင့္ေတာ္ပါတယ္။ အေစ့မပါတဲ့ စပ်စ္သီးအစိမ္းတစ္ခြက္မွာ ပိုတက္ဆီယမ္ 175mg, စပ်စ္သီးအနီမွာ 290mg နဲ႕ စပ်စ္သီးအနက္မွာ 200mg ပါဝင္ပါတယ္။

 

shweu

 

6. ေသြးတြင္းသၾကားဓာတ္နဲ႕ ဆီးခ်ိဳ

စပ်စ္သီးက ခ်ိဳေပမယ့္ ေသြးတြင္းသၾကားဓာတ္ မတက္ေစဘဲ အင္ဆူလင္ပမာဏ တက္လာေစပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြ စပ်စ္သီး စားလို႔ရပါတယ္။ အလြန္အကြၽံမျဖစ္ေအာင္ေတာ့ ဂ႐ုျပဳရမွာေပါ့။

7. အူမႀကီးကို က်န္းမာေစတယ္

ေလ့လာမႈအရ စပ်စ္သီးက ကင္ဆာေရာဂါ ႀကီးထြားေစတဲ့ မ်ိဳးရိုးဗီဇအခ်ိဳ႕ကို ဟန႔္တားနိုင္တယ္လို႔ ဆိုပါတယ္။ စပ်စ္သီးက အူမႀကီး က်န္းမာေရးအတြက္ အေရးပါ,ပါတယ္။

credit:Dr. Mya Myo Myo Swe

Leave a Reply

Your email address will not be published. Required fields are marked *