Menu Close

စိမ်းစားဥ နဲ့ကျန်းမာရေး

စိမ်းစားဥ နဲ့ကျန်းမာရေး

 

ယခုလိုချမ်းအေးသော ဆောင်းရာသီရောက်ပြီဆိုရင်ဖြင့်၊ တစ်နှစ်မှတခါသာ ပေါ်လေ့ရှိသည့်ရာသီစာစိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။

အဖြူရောင် ဟင်းသီးဟင်းရွက်နွယ်ဝင် စိမ်းစာဥတို့သည် အာလူးမျိုးနွယ်ဖြစ်ကြသော်လည်း၊သူ့ရဲ့ကြီးထွာမှုပုံစံသည် ပဲပင်နှင့် တူသောကြောင့် အချို့အရပ်ဒေသများတွင် “ ပဲစိမ်းစားဥ ” လို့ခေါ်ဆိုကြပါသည်။

မြန်မာပြည်အနှံ့အပြားတွင် ပေါက်လေ့ရှိပြီး၊ အထူး သဖြင့် ရှမ်းပြည်နယ်ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည်လည်းရွှမ်းပါသည်။ သဘာဝအရသာ အရသာချိုချိုလေးမို့၊ အခွံနွှာ၍သူ့ချည်းဘဲ သွားရည်စာအဖြစ်စားကြသလို၊ ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြပါသည်။

USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ၊

၁၀၀ ဂရမ်ရှိသော စိမ်းစားဥထဲတွင်၊ ရေဓာတ်ပေါကြွယ်ဝကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီဓာတ် ၈.၈၂ ဂရမ်၊ ပရိုတင်း ဝ.၇၂ ဂရမ်၊ သဘာဝအဆီဓာတ် ဝ.၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၄.၉ ဂရမ်၊ ဖောလိပ် ၁၂ µg၊ နီအာစင် ဝ.၂၀၀ မီလီဂရမ်၊ Pantothenic အက်ဆစ် ဝ.၁၃၅ မီလီဂရမ်၊ Pyridoxine ဝ.၀၄၂ မီလီဂရမ်၊ ရီဘိုဖလာဗင် ဝ.၀၂၉ မီလီဂရမ်၊ သီအာမင် ဝ.၀၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၁ IU၊ ဗီတာမင်စီ ၂၀.၂ မီလီဂရမ်၊ ဗီတာမင်အီး ဝ.၄၆ မီလီဂရမ်၊ ဗီတာမင်ကေ ဝ.၃ µg၊ ဆိုဒီယမ် ၄ မီလီဂရမ်၊ ပိုတက်စီယမ် ၁၅၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၂ မီလီဂရမ်၊ ကော့ပါး ဝ.၀၄၈ မီလီဂရမ်၊ သံဓာတ် ဝ.၆၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် ဝ.၆၀ မီလီဂရမ်၊ ဇင့် ဝ.၁၆ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၁၃ µg၊ စသည်ဖြင့် လူသားတို့ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်တို့ပါရှိကြပြီး၊ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံး၀ မပါရှိပါဘူး။

 

 

စိမ်းစားဥစားခြင်းအကျိုး

(1)စိမ်းစားဥထဲတွင်ပါရှိသော oligofructose inulin (ခေါ်) သဘာဝအချိုအရသာ ကစီဓာတ်သည်ပါရှိ၏။ ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

(2)ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေး ငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။

(3)စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။

(4)ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။

(5)စိမ်းစာဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ၊ ကျန်းမာသန်စွမ်းစေပါသည်။

(6)စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုးပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသောသူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ % ထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည်။

(7)ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေကြောင်း USDA မှအကြံပြုထားပါသည်။

(8) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။

(9) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကိုကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

(10) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။

 

 

သတိပြုရန်

(၁) စိမ်းစားဥ နှင့်နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။

(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။

(၃) စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လဲဘဲ၊ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့်ပါသည်။

(၄) ဘသဘာဝအရ မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။

မှတ်ချက်

သန့်ရှင်းလတ်ဆတ်သောစိမ်းစားဥ၏ အင်္ဂါရပ်များမှာ-

(က)လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေးလံနေ၏။

(ခ)အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပါမည်။

(ဂ) အခွံမခြောက်သင့်ပါ။

ထို့ကြောင့်အရွေးမမှားဘို့လိုပါသည်။သင်ကံကောင်းပါသည်။သဘာဝတရားကြီးက လူသားတို့ကျန်းမာရေးကို တဘက်တလမ်းမှကူးညီပံ့ပိုးပေးလျှက်ရှိရာ၊ ယခုလို အေးမြ သောဆောင်းရာသီတွင် ခန္ဓာကိုယ်တွင်းအပူအောင်းကာ၊လည်ချောင်းကွဲ အပူကန်ဖျားနားခြင်းကင်းဝေးအောင် ရေဓာတ်ကြွယ်ကာ ခန္ဓာကိုယ်တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတမျိုး၊ သွားရည်စာလိုတဖုံ စားသုံးကြစေလိုပါကြောင်း။

Credit- ဘာသာပြန်သူ-ပေါက်ပေါက်

ကိုးကား။ Yum bean’s Nutrient

Zawgyi

 

စိမ္းစားဥ နဲ႕က်န္းမာေရး

 

ယခုလိုခ်မ္းေအးေသာ ေဆာင္းရာသီေရာက္ၿပီဆိုရင္ျဖင့္၊ တစ္ႏွစ္မွတခါသာ ေပၚေလ့ရွိသည့္ရာသီစာစိမ္းစားဥေလးမ်ားကို စားသုံးနိုင္ပါၿပီ။

အျဖဴေရာင္ ဟင္းသီးဟင္း႐ြက္ႏြယ္ဝင္ စိမ္းစာဥတို႔သည္ အာလူးမ်ိဳးႏြယ္ျဖစ္ၾကေသာ္လည္း၊ သူ႕ရဲ႕ႀကီးထြာမႈပုံစံသည္ ပဲပင္ႏွင့္ တူေသာေၾကာင့္ အခ်ိဳ႕အရပ္ေဒသမ်ားတြင္ “ ပဲစိမ္းစားဥ ” လို႔ေခၚဆိုၾကပါသည္။

ျမန္မာျပည္အႏွံ႕အျပားတြင္ ေပါက္ေလ့ရွိၿပီး၊ အထူး သျဖင့္ ရွမ္းျပည္နယ္ထြက္ စိမ္းစားဥသည္ အ႐ြယ္အစားပိုႀကီးကာ အရည္လည္း႐ႊမ္းပါသည္။ သဘာဝအရသာ အရသာခ်ိဳခ်ိဳေလးမို႔၊ အခြံႏႊာ၍သူ႕ခ်ည္းဘဲ သြားရည္စာအျဖစ္စားၾကသလို၊ ပါးပါးလွီးကာ အစိမ္းေၾကာ္ ေၾကာ္စားေလ့ရွိၾကပါသည္။

USDA ၏ ဓာတ္ခြဲစမ္းသပ္မႈအရ၊

၁၀၀ ဂရမ္ရွိေသာ စိမ္းစားဥထဲတြင္၊ ေရဓာတ္ေပါႂကြယ္ဝကာ ခြန္အား ၃၈ ကယ္လိုရီ၊ ကစီဓာတ္ ၈.၈၂ ဂရမ္၊ ပရိုတင္း ဝ.၇၂ ဂရမ္၊ သဘာဝအဆီဓာတ္ ဝ.၁၉ ဂရမ္၊ ေခ်ဖ်က္လြယ္ေသာ အမွ်င္ဓာတ္ ၄.၉ ဂရမ္၊ ေဖာလိပ္ ၁၂ µg၊ နီအာစင္ ဝ.၂၀၀ မီလီဂရမ္၊ Pantothenic အက္ဆစ္ ဝ.၁၃၅ မီလီဂရမ္၊ Pyridoxine ဝ.၀၄၂ မီလီဂရမ္၊ ရီဘိုဖလာဗင္ ဝ.၀၂၉ မီလီဂရမ္၊ သီအာမင္ ဝ.၀၂၀ မီလီဂရမ္၊ ဗီတာမင္ေအ ၂၁ IU၊ ဗီတာမင္စီ ၂၀.၂ မီလီဂရမ္၊ ဗီတာမင္အီး ဝ.၄၆ မီလီဂရမ္၊ ဗီတာမင္ေက ဝ.၃ µg၊ ဆိုဒီယမ္ ၄ မီလီဂရမ္၊ ပိုတက္စီယမ္ ၁၅၀ မီလီဂရမ္၊ ကယ္လ္စီယမ္ ၁၂ မီလီဂရမ္၊ ေကာ့ပါး ဝ.၀၄၈ မီလီဂရမ္၊ သံဓာတ္ ဝ.၆၀ မီလီဂရမ္၊ မဂၢနီစီယမ္ ၁၂ မီလီဂရမ္၊ မဂၢနီးစ္ ဝ.၆၀ မီလီဂရမ္၊ ဇင့္ ဝ.၁၆ မီလီဂရမ္၊ ဘီတာကယ္ရိုတင္း ၁၃ µg၊ စသည္ျဖင့္ လူသားတို႔က်န္းမာေရးကို အက်ိဳးျပဳေစေသာ ဗီတာမင္ ႏွင့္သတၱဳဓာတ္တို႔ပါရွိၾကၿပီး၊ ေဘးဥပါသ္ျဖစ္ေစေသာ ကိုလက္စထေရာလုံး၀ မပါရွိပါဘူး။

 

 

စိမ္းစားဥစားျခင္းအက်ိဳး

(1)စိမ္းစားဥထဲတြင္ပါရွိေသာ oligofructose inulin (ေခၚ) သဘာဝအခ်ိဳအရသာ ကစီဓာတ္သည္ပါရွိ၏။ ထိုအခ်ိဳဓာတ္ပါရွိေသာ စိမ္းစားဥကို သင့္တင့္မွ်တေသာပမာဏ စားသုံးေပးျခင္းျဖင့္ ဆီးခ်ိဳ/ ေသြးခ်ိဳေရာဂါသည္မ်ားကို ေဘးဥပါသ္မျဖစ္ေစနိုင္ဘဲ အာသာေျပႏႈတ္ၿမိန္ေစပါသည္။

(2)ဗီတာမင္စီလုံေလာက္စြာပါရွိသျဖင့္ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးစေသာ ကူးစက္နာရာသီဖ်ားမ်ားအျပင္၊ အထူးသျဖင့္ ကေလး ငယ္မ်ား ပန္းနာရင္ၾကပ္ေရာဂါကို ေလ်ာ့ပါးသက္သာလာေစနိုင္ပါသည္။

(3)စိမ္းစားဥထဲတြင္ပါရွိေသာ ဗီတာမင္စီက ဓာတ္တိုးဆန႔္က်င္ပစၥည္းအျဖစ္အစြမ္းထက္ေစကာ၊ ခႏၶာကိုယ္ထဲရွိ အႏၲရာယ္ျဖစ္ေစ ေသာ ဖရီးရယ္ဒီကယ္လ္မ်ားကို တိုက္ထုတ္ေပးနိုင္ေသာေၾကာင့္ ကင္ဆာေရာဂါမွ ကာကြယ္ေပးပါသည္။

(4)ကယ္လိုရီလုံးဝမပါရွိေသာေၾကာင့္ စိမ္းစားဥကိုစားေပးျခင္းျဖင့္၊ ကိုလက္စထေရာပမာဏကိုမွ်တေစကာ၊ ႏွလုံးေရာဂါမ်ားအျပင္၊ ႏွလုံးေရာဂါႏွင့္စပ္လ်ဥ္းသည့္ ေသြးတိုးေရာဂါတို႔ကိုလဲ မျဖစ္ေစပါ။

(5)စိမ္းစာဥသည္ ခႏၶာကိုယ္ထဲရွိ ဆံခ်ည္မွ်င္ေသြးေၾကာမ်ားကို အလြယ္တကူ မပ်က္စီးေစဘဲ၊ က်န္းမာသန္စြမ္းေစပါသည္။

(6)စိမ္းစားဥထဲတြင္ Homocysteine (ေခၚ) အမိုင္နိုအက္ဆက္တစ္မ်ိဳးပါရွိသည့္အတြက္ စိမ္းစားဥပုံမွန္စားသုံးေသာသူမ်ားသည္ စိမ္းစားဥလုံးဝမစားေသာသူမ်ားထက္ ခႏၶာကိုယ္ဇီဝကမၼျဖစ္စဥ္ကို ၁၁ % ထိ တိုးတက္ေကာင္းမြန္ေစေၾကာင္း WHFoods မွ အတည္ျပဳထားပါသည္။

(7)ဗီတာမင္ႏွင့္သတၱဳဓာတ္မ်ားပါရွိသည့္ျပင္၊ ျပင္ပေရာဂါကူစက္ျခင္းမွ ကာကြယ္ေပးေသာ စိမ္းစားဥကိုစားေပးျခင္းျဖင့္ ကိုယ္ခံစြမ္း အားကို တိုးတက္ျမင့္မားေစေၾကာင္း USDA မွအႀကံျပဳထားပါသည္။

(8) စိမ္းစားဥထဲတြင္ ေရဓာတ္ ၈၆% မွ ၉၀% ထိ ႂကြယ္ဝစြာပါရွိေသာေၾကာင့္၊ ေရငတ္ေျပေစကာ၊ ခႏၶာကိုယ္တြင္း အပူရွိန္ကို ေလ်ာ့ပါးသက္သာေစနိုင္ပါသည္။ ဆီးလဲ ႐ႊင္ေစပါသည္။

(9) စိမ္းစားဥ၏ အလြန္ႂကြပ္ဆပ္ေသာအသားမ်ားက သြားမ်ားတြင္ အစြန္းအထင္းျဖစ္ေစေသာေမာ္လီက်ဴးမ်ားကိုေကာင္းစြာ ေခ်ဖ်က္ေပးသျဖင့္၊ သြားမ်ားျဖဴေဖြးသန႔္စင္ေစ႐ုံသာမက၊ သြားက်န္းမာေရးကို အေထာက္အကူျဖစ္ေစနိုင္ပါသည္။

(10) ကိုယ္တြင္းက်န္းမာေရးအတြက္သာမက၊ ခႏၶာကိုယ္အသားအေရကိုပါေကာင္းက်ိဳးျပဳေစနိုင္၏။ စိမ္းစာဥကိုပါးပါးလွီးၿပီး မ်က္ႏွာ အႏွံ႕ကပ္ပါ။ စိမ္းစားဥ၏ အေအးဓာတ္ေပ်ာက္သြားေသာအခါ မ်က္ႏွာမွခြာၿပီး၊ ေရင္စင္ေဆးေပး႐ုံမွ်ျဖင့္ မ်က္ႏွာေပၚရွိဆဲလ္ အေသမ်ားကို ဖယ္ရွားေပးၿပီး၊ ေခြၽးေပါက္မ်ားကိုပြင့္ေစကာ၊ အသားအေရ ၾကည္လင္သန႔္စင္လာပါလိမ့္မည္။

သတိျပဳရန္

(၁) စိမ္းစားဥ ႏွင့္နို႔/ေခ်ာကလက္/ခ်ိဳခ်ဥ္/သပြတ္သီး/ေရွာက္သီး တို႔ျဖင့္တြဲ၍မစားသင့္ပါ၊ ေအာ့အန္တတ္ပါသည္။

(၂) စိမ္းစားဥသည္ ေရခဲေခ်ာင္းႏွင့္မတည့္ပါ။ ရင္ၾကပ္ေစပါသည္။

(၃) စိမ္းစာဥထဲတြင္ ေက်ညက္လြယ္ေသာ အမွ်င္ဓာတ္ပါရွိေသာ္လဲဘဲ၊ လိုအပ္သည္ထက္ ပိုစားမိပါက၊ ေလပြေစနိုင္ေသာေၾကာင့္ ဝမ္းမီးညံ့သူမ်ားႏွင့္ သက္ႀကီး႐ြယ္အိုတို႔ မွ်တ႐ုံသာစားေပးသင့္ပါသည္။

(၄) ဘသဘာဝအရ ေျမႀကီးထဲတြင္ဥဥေသာ အသီးျဖစ္သျဖင့္၊ ကပ္ပါးပိုးမႊားမ်ားအႏၲရာယ္မွ ကင္းေဝးေစေအာင္ အခြံႏႊာ႐ုံသာမက၊ ေရစင္စင္ ေဆးၿပီးမွသာ စားသုံးသင့္ပါသည္။

မွတ္ခ်က္

သန႔္ရွင္းလတ္ဆတ္ေသာစိမ္းစားဥ၏ အဂၤါရပ္မ်ားမွာ-

(က)လက္ျဖင့္ကိုင္ျမႇောက္ၾကည့္ပါက ေလးလံေန၏။

(ခ)အသီး၏ အပင္ကိုင္းသည္စိမ္းစိုေနရပါမည္။

(ဂ) အခြံမေျခာက္သင့္ပါ။

ထို႔ေၾကာင့္အေ႐ြးမမွားဘို႔လိုပါသည္။သင္ကံေကာင္းပါသည္။သဘာဝတရားႀကီးက လူသားတို႔က်န္းမာေရးကို တဘက္တလမ္းမွကူးညီပံ့ပိုးေပးလွ်က္ရွိရာ၊ ယခုလို ေအးျမ ေသာေဆာင္းရာသီတြင္ ခႏၶာကိုယ္တြင္းအပူေအာင္းကာ၊လည္ေခ်ာင္းကြဲ အပူကန္ဖ်ားနားျခင္းကင္းေဝးေအာင္ ေရဓာတ္ႂကြယ္ကာ ခႏၶာကိုယ္တြင္းေအးျမေစေသာ စိမ္းစားဥကို ဟင္းလိုတမ်ိဳး၊ သြားရည္စာလိုတဖုံ စားသုံးၾကေစလိုပါေၾကာင္း။

Credit- ဘာသာျပန္သူ-ေပါက္ေပါက္

Leave a Reply

Your email address will not be published. Required fields are marked *