Menu Close

ဆီးချိုရောဂါရှင်များမကြာခနစားပေးသင့်တဲ့ကြက်ဟင်းခါးသီး

ဆီးချိုရောဂါရှင်များမကြာခနစားပေးသင့်တဲ့ကြက်ဟင်းခါးသီး

 

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

 

 

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃)ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄)စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

 

 

(၉) ဆိုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။

သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

credit:မြန်မာတိုင်းရင်းဆေး

 

Zawgyi

 

ဆီးခ်ိဳေရာဂါရွင္မ်ားမၾကာခနစားေပးသင့္တဲ့ၾကက္ဟင္းခါးသီး

 

အာဟာရတန္ဖိုး

ၾကက္ဟင္းခါးသီးမွာ ကယ္လိုရီပါ ဝင္မႈ အလြန္ေလ်ာ့နည္းပါတယ္။ ဒါေပမဲ့ တန္ဖိုးရွိတဲ့ အာဟာရဓာတ္ေတြ အမ်ား အျပား ပါဝင္ပါတယ္။ ဗီတာမင္ B1 ၊ B2 နဲ႕ B3၊ ဗီတာမင္ စီ၊ မဂၢနီဆီယမ္၊ ေဖာ လစ္အက္စစ္၊ ဇင့္(သြပ္)၊ ေဖာ့စ္ဖရပ္စ္၊ မဂၢနိစ္နဲ႕ အမွ်င္ဓာတ္တို႔ ေကာင္းစြာ ပါ ဝင္ေနပါတယ္။ သံဓာတ္ပါဝင္မႈ မ်ားၿပီး ဘီတာကယ္ရိုတင္းပါဝင္မႈဟာ ပန္းေဂၚဖီ စိမ္းထက္ ႏွစ္ဆ၊ ကယ္လ္စီယမ္ ပါဝင္ မႈက ဟင္းႏုနယ္႐ြက္ထက္ ႏွစ္ဆနဲ႕ ပို တက္စီယမ္ပါဝင္မႈက ငွက္ေပ်ာသီးထက္ ႏွစ္ဆ အသီးသီး ပါဝင္ေနပါတယ္။ၾကက္ ဟင္းခါးသီးမွာ ေသြးတြင္း သၾကားဓာတ္ ကို က်ေစတဲ့ အာနိသင္ရွိသလို Polypeptide P လို႔ေခၚတဲ့ အင္ဆူလင္လို ျဒပ္ ေပါင္းတစ္မ်ိဳးလည္း ပါဝင္တာေၾကာင့္ ဆီး ခ်ိဳေရာဂါရွိသူတခ်ိဳ႕အတြက္ ေကာင္းက်ိဳး ရွိေၾကာင္း ေလ့လာသူေတြက ဆိုပါတယ္။

က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

 

 

(၁) ေသြးျပႆနာမ်ား ၾကက္ဟင္းခါးသီးအရည္ဟာ ေသြး ဆိပ္သင့္တာေၾကာင့္ျဖစ္တဲ့ အနာနဲ႕ ယား ယံမႈေတြကို ကုသရာမွာ အလြန္အက်ိဳး ေက်းဇူးမ်ားပါတယ္။ လတ္ဆတ္တဲ့ ၾကက္ ဟင္းခါးသီးအရည္ကို သံပရာရည္နဲ႕ ေရာကာ အစာမရွိခ်ိန္ ျဖည္းျဖည္းခ်င္း ငုံၿပီး ေန႕စဥ္ေသာက္ေပးရင္ ၄-၆လ အၾကာမွာ သိသာတဲ့ တိုးတက္မႈကို ေတြ႕ရပါ တယ္။

(၂) ကာလဝမ္းးေရာဂါ ကာလဝမ္းေရာဂါ အေစာပိုင္းအ ဆင့္မွာ ႀကိတ္ေျခထားတဲ့ ၾကက္ဟင္းခါး ႐ြက္ လက္ဖက္စားဇြန္း ႏွစ္ဇြန္းနဲ႕ ၾကက္ သြန္နီအရည္ လက္ဖက္စားဇြန္း ႏွစ္ဇြန္း၊ သံပရာရည္ လက္ဖက္စားဇြန္း တစ္ဇြန္း တို႔ကို ဆတူေရာၿပီး ေန႕စဥ္ ေသာက္ေပး ပါ။

(၃) ဆီးးခ်ိဳေရာဂါ ၾကက္ဟင္းခါးသီးမွာ ပါတဲ့ အပင္ ထြက္အင္ဆူလင္ဟာ ဆီးနဲ႕ ေသြးထဲက သၾကားဓာတ္ကို ေလ်ာ့က်ေစတဲ့ အက်ိဳး ေက်းဇူး ရွိပါတယ္။ ၾကက္ဟင္းခါးသီးဟာ ေသြးတြင္း အင္ဆူ လင္အဆင့္ကို တိုးေစ တာမ်ိဳး မရွိဘဲ ဂလူးကို႔စ္ခံနိုင္ရည္ရွိမႈက ို သိသိသာသာ ေကာင္းမြန္ေစတာ ျဖစ္ပါ တယ္။

(၄) စြမ္းအင္ ၾကက္ဟင္းခါးသီး အရည္ကို ပုံမွန္ ေသာက္ေပးတာေၾကာင့္ စြမ္းအင္နဲ႕ သက္ လုံကို ေကာင္းမြန္ေစပါတယ္။ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေစပါတယ္။

(၅) မ်က္စိျပႆနာမ်ား ၾကက္ဟင္းခါးသီးမွာ ဘီတာကယ္ရို တင္းနဲ႕ တျခားအာနိသင္ေတြ ပါဝင္မႈ ျမင့္ မားတာေၾကာင့္ မ်က္စိျပႆနာေတြကို ကင္းေဝးေစၿပီး အျမင္အာ႐ုံကို တိုးတက္ ေကာင္း မြန္ေစပါတယ္။

(၆) အရက္နာက်ျခင္း ၾကက္ဟင္းခါးသီးအရည္ဟာ အ ရက္နာက်တဲ့ ေဝဒနာကို ကုသရာမွာ ေကာင္းက်ိဳး ရွိပါတယ္။ အရက္ေသာက္ တာေၾကာင့္ျဖစ္တဲ့ အသည္းေဝဒနာ ေတြကို ျပဳျပင္ေပးၿပီး အသည္းကို သန့္ စင္ေစပါတယ္။

(၇) ကိုယ္ခံစြမ္းအား ေကာင္းမြန္ျခင္း ၾကက္ဟင္းခါးသီးအရည္ဟာ ကိုယ္ ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေအာင္ တည္ေဆာက္ေပးၿပီး ခႏၶာကိုယ္ရဲ႕ ေရာဂါ တြန္းလွန္နိုင္စြမ္း ကို ေကာင္းမြန္ေစ ပါတယ္။

(၈) လိပ္ေခါင္း ၾကက္ဟင္းခါး႐ြက္ကရတဲ့ အရည္ လက္ဖက္စားဇြန္း သုံးဇြန္းကို ေထာပတ္၊ နို႔ တစ္ဖန္ခြက္နဲ႕ ေရာကာ နံနက္တိုင္း အစာမရွိခ်ိန္မွာ ေသာက္ေပးရင္ တစ္လအၾကာမွာ သက္သာသြား ပါလိမ့္မယ္။ လိပ္ေခါင္းက နာက်င္ေနရင္ ၾကက္ဟင္းခါးပင္ရဲ႕ အျမစ္ကို ေစးပ်စ္ေအာင္ ႀကိတ္ၿပီး လိပ္ေခါင္းေပၚမွာ အုပ္ေပးပါ။

(၉) ဆိုးရီးေယးစစ္အေရျပားအနာ ၾကက္ဟင္းခါး႐ြက္အရည္ကို ပုံမွန္ ေသာက္ေပးရင္ ဆိုးရီးေယးစစ္နဲ႕ တျခား ဖန္းဂပ္စ္မွိုစြဲတဲ့ အေရျပားအနာေတြကို သက္သာေစပါတယ္။

(၁၀) အသက္ရႉလမ္းေၾကာင္း ျပႆနာမ်ား လတ္ဆတ္တဲ့ ၾကက္ဟင္းခါးသီး အရည္ ႏွစ္ေအာင္စနဲ႕ ေရေရာထားတဲ့ ပ်ားရည္တစ္ခြက္ကို ေရာေသာက္ေပးရင္ ပန္းနာရင္က်ပ္၊ ေလႁပြန္ေရာင္တာ စတဲ့ အသက္ရႉလမ္းေၾကာင္း ေဝဒနာေတြကို သက္သာေစပါတယ္။

သတိျပဳရန္ ဆီးခ်ိဳကုသေဆးေသာက္ေနတဲ့ ဆီးခ်ိဳေရာဂါရွိသူေတြအေနနဲ႕ ၾကက္ဟင္းခါးအရည္ မေသာက္ခင္ ဆရာဝန္နဲ႕ တိုင္ပင္ပါ။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႕ ၾကက္ဟင္းခါးသီးကို အလြန္အမင္း စားေသာက္တာမ်ိဳး ေရွာင္သင့္ပါတယ္။

credit:ျမန္မာတိုင္းရင္းေဆး

Leave a Reply

Your email address will not be published. Required fields are marked *