Menu Close

ဆီးချိုရောဂါသမားတွေ ရွှေပဲသီးကို မဖြစ်မနေစားပေးသင့်တဲ့ အကြောင်းအရင်း (၃) ခု

ဆီးချိုရောဂါသမားတွေ ရွှေပဲသီးကို မဖြစ်မနေစားပေးသင့်တဲ့ အကြောင်းအရင်း (၃) ခုနှင့် ကိုယ်အလေးချိန် လျော့ချလိုသူများနဲ့ပါ အထူးသင့်တော်တဲ့ ရွှေပဲသီး အကြောင်း ဗဟုသုတများပါ။

 

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ အစားအသောက်နဲ့ပတ်သက်တဲ့အခါ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလှပြီး ဆီးချိုရောဂါ စတင် ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေဟာလည်း များပြားလွန်းလှပါတယ်။

အခုဖော်ပြပေးမှာကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်တော်တဲ့ အစားအစာတွေထဲကမှ ဆီးချိုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ရွှေပဲသီးအကြောင်းပဲ ဖြစ်ပါတယ်နော်

၁ ပရိုတင်းဓာတ် ကြွယ်ဝတယ်

ဆီးချိုသမားတွေဟာ ပုံမှန်လူတွေလောက် အသားစားလို့မရပါဘူး။အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တစ်ခု အပါအဝင်ပါ။ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

၂ ဆီးချိုကိုသာမက သွေးတိုးကိုပါ ထိန်းချုပ်ပေးတယ်

ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ပါတာကြောင့် သွေးတိုးကိုလည်း ကျစေပါတယ်။

၃ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။အအေးမိဝေဒနာနဲ့ တုပ်ကွေးတို့လို အသက်ရှူ လမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တာကို သိသိသာသာ လျော့ကျစေပါတယ်။

 

 

ရွှေပဲသီးမှာပါ တဲ့ ဗီတာမင်စီက အသားအရေ၊ ဆံပင်နဲ့ လက်သည်းခြေသည်းကို ကျန်းမာစေပါတယ်။ဒါ့အပြင် ရွှေပဲသီးမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် အများဆုံးပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးခြင်း၊ ကြွက်သားတွေကို ပိုသန်စွမ်း စေခြင်း ၊ ကိုယ်အလေးချိန် ပေါင်အပိုတွေကို လျော့ကျစေခြင်း၊ ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်း နဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ရွှေပဲသီးမှာ ဗီတာမင်ဘီအုပ်စု ပါတဲ့အတွက် ကာဗိုဟိုက်ဒရိတ်ကို စွမ်းအင်အဖြစ် ကူးပြောင်းပေးနိုင်လို့ ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်ပိုမိုရရှိစေပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ ရွှေပဲသီးဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်ရုံသာမက ဗီတာမင်နဲ့ သတ္တုဓာတ်အပြည့်အဝ ပါဝင်တဲ့အတွက် အစားရှောင်ရတဲ့ ဆီးချိုဝေဒနာရှင်တွေအတွက် အာဟာရဓာတ်လည်း ကောင်းစွာရရှိစေလို့ အသင့်လျော်ဆုံး အစားအစာတစ်မျိုးဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ဟင်းတွေထဲ ထည့်ချက်လေ့ရှိကြတဲ့ ရွှေပဲသီးကို မကြာခဏ စားဖြစ်ကြမှာပါ။ရွှေပဲသီးက အသီးအရွက်ကြော်ထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုပ်စားစား ၊ ဒီအတိုင်း ရေနွေးဖျောပြီး တို့စား စသဖြင့် အမျိုးမျိုး လုပ်စားနိုင်သလို ကျန်းမာရေးအကျိုး ကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ကိုယ်အလေးချိန် လျော့ချလိုသူများအတွက်ပါသင့်တော်ဆုံးရွှေပဲသီး ဗဟုသုတပါ

ရွှေပဲသီးက အထူးသဖြင့် တရုတ်အစားအစာတွေမှာ အများဆုံးတွေ့ရာကနေ အခုတော့ ကမ္ဘာ့အနှံ့ ဟင်းလျာတွေမှာပါ နေရာ ယူနေပါပြီ။ရွှေပဲသီးတတောင့်မှာ ပျှမ်းမျှ ပဲသီးစေ့ ၇ စေ့ပါပြီး အစိမ်းရော၊ အကျက်ပါ နှစ်မျိုးလုံး စားနိုင်ပါတယ်။ရွှေပဲသီးမှာ ဗီတာမင် အေ၊ စီ၊ သံဓာတ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့လစ်အက်စစ်နဲ့ အဆီဓာတ် အနည်းငယ် ပါဝင်ပါတယ်။

ရွှေပဲသီးဟာ ကယ်လိုရီဓာတ် အနည်းဆုံး အမျိုးအစားထဲမှာ ပါပြီး တတောင့်ကို ၁ ကယ်လိုရီတောင် မရှိဘူးလို့ သိရပါတယ်။

ရွှေပဲသီးတောင့်ကို စားသုံးခြင်းကြောင့် ကယ်လိုရီပမာဏ နည်းလို့ ကိုယ်အလေးချိန် လျော့ချင်သူတွေအတွက်လည်း သင့်တော်သလို၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို သက်သာစေပါတယ်။

ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အမျှင်ဓာတ်တွေက သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိ ပေးတာကြောင့် ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ် တားဆီးနိုင်ပါတယ်။အမျှင်ဓာတ်ဆိုတာ ကာဗွန်ဟိုက်ဒရိတ် အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်နဲ့ အင်ဆူလင်ပမာဏကို လိုအပ်သလို ထိန်းညှိပေးနိုင်ပါသေးတယ်။

အမျှင်ဓာတ်တွေရဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့ အစာချေစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ပြီး အစာအိမ်ရောင်တာမျိုး မဖြစ်အောင် တားဆီးပေးပါတယ်။ဒါ့အပြင် ပါဝင်တဲ့ သံဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်တွေက အရိုးအဆစ် သန်မာစေသလို အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်စီကလည်း ကိုယ်ခံအားစနစ် ကောင်းစေတဲ့ သွေးဖြူဥ ဆဲလ်တွေ တိုးပွားလာအောင် လှုံ့ဆော်ပေးလို့ ပြင်ပမှ အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ မဝင်ရောက်စေပါဘူး။အဲဒါတွေ အပြင် ကင်ဆာဆဲလ် မပျံ့နှံ့အောင်လည်း တားဆီးပေးပါတယ်။

ရွှေပဲသီးမှာပါတဲ့ ဗီတာမင် အေက အမြင်အာရုံ အားကောင်းစေပြီး ပိုတက်စီယမ်နဲ့ ဗီတာမင် စီကတော့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အမျှင်ဓာတ်က အစာကြေလွယ်ပြီး ကိုယ်အလေးချိန် လျော့ချနေသူတွေ အတွက်ဆို ကယ်လိုရီပမာဏ နည်းလို့ များများစားနိုင်ပြီးဝမ်းမချုပ်စေပါဘူး။

ရွှေပဲသီးကို အာဟာရဓာတ် အများဆုံး ရချင်တယ်ဆိုရင် ဆီနည်းနည်းနဲ့ကြော်စားပါ။အလွယ်တကူ ချက်ပြုတ်နိုင်သလို အရသာရှိတဲ့ ဟင်းတခွက်လည်း ဖြစ်ပါတယ်။ရွှေပဲသီးဟာ ဟင်းချက်တဲ့အခါ အမြန်နူးလွယ်လို့ အချိန်ယူချက် ပြုတ်စရာ မလိုဘဲ ရွှေပဲသီးကို ဒီအတိုင်း အစိမ်းစားလို့လည်း ရပါတယ်။

Credit-Original Uploader

 

Zawgyi

ဆီးခ်ိဳေရာဂါသမားေတြ ေ႐ႊပဲသီးကို မျဖစ္မေနစားေပးသင့္တဲ့ အေၾကာင္းအရင္း (၃) ခုႏွင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိဳသူမ်ားနဲ႕ပါ အထူးသင့္ေတာ္တဲ့ ေ႐ႊပဲသီး အေၾကာင္း ဗဟုသုတမ်ားပါ။

 

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြဟာ အစားအေသာက္နဲ႕ပတ္သက္တဲ့အခါ ေ႐ြးခ်ယ္စားသုံးဖို႔ အစားအစာ အမ်ိဳးအစား နည္းပါးလွၿပီး ဆီးခ်ိဳေရာဂါ စတင္ ျဖစ္ပြားခ်ိန္ကေနစလို႔ ေရွာင္ၾကဥ္ရတဲ့ အစားအစာေတြဟာလည္း မ်ားျပားလြန္းလွပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ ဆီးခ်ိဳေဝဒနာရွင္ေတြနဲ႕ သင့္ေတာ္တဲ့ အစားအစာေတြထဲကမွ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးနိုင္တဲ့အျပင္ တျခားေသာ က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ ေ႐ႊပဲသီးအေၾကာင္းပဲ ျဖစ္ပါတယ္ေနာ္

 

 

၁ ပရိုတင္းဓာတ္ ႂကြယ္ဝတယ္

ဆီးခ်ိဳသမားေတြဟာ ပုံမွန္လူေတြေလာက္ အသားစားလို႔မရပါဘူး။အသားစားသုံးမႈ နည္းပါးတဲ့ သူေတြကို အာဟာရပညာရွင္ေတြ အႀကံျပဳစားသုံးေစတဲ့ အစားအစာေတြထဲမွာ ေ႐ႊပဲသီးဟာ တစ္ခု အပါအဝင္ပါ။ပရိုတင္းဓာတ္ဟာ ဆီးခ်ိဳေဝဒနာရွင္ေတြ အတြက္ေရာ သာမန္လူေတြအတြက္ပါ အေရးႀကီးတဲ့ အာဟာရဓာတ္တမ်ိဳး ျဖစ္ပါတယ္။

၂ ဆီးခ်ိဳကိုသာမက ေသြးတိုးကိုပါ ထိန္းခ်ဳပ္ေပးတယ္

ေ႐ႊပဲသီးဟာ ကယ္လိုရီပါဝင္မႈ နည္းပါးၿပီး အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။ ေ႐ႊပဲသီးမွာ ပိုတက္ဆီယမ္ဓာတ္ ပါတာေၾကာင့္ ေသြးတိုးကိုလည္း က်ေစပါတယ္။

၃ ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတယ္

ဗီတာမင္စီဟာ အစားအစာေတြကေန သံဓာတ္စုပ္ယူမႈကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။အေအးမိေဝဒနာနဲ႕ တုပ္ေကြးတို႔လို အသက္ရႉ လမ္းေၾကာင္း အေပၚပိုင္း ကူးစက္ပိုးဝင္တာကို သိသိသာသာ ေလ်ာ့က်ေစပါတယ္။

ေ႐ႊပဲသီးမွာပါ တဲ့ ဗီတာမင္စီက အသားအေရ၊ ဆံပင္နဲ႕ လက္သည္းေျခသည္းကို က်န္းမာေစပါတယ္။ဒါ့အျပင္ ေ႐ႊပဲသီးမွာ အမွ်င္ဓာတ္နဲ႕ ပရိုတင္းဓာတ္ အမ်ားဆုံးပါဝင္တာေၾကာင့္ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးျခင္း၊ ႂကြက္သားေတြကို ပိုသန္စြမ္း ေစျခင္း ၊ ကိုယ္အေလးခ်ိန္ ေပါင္အပိုေတြကို ေလ်ာ့က်ေစျခင္း၊ ကိုယ္ခံအားစနစ္ကို အားေကာင္းေစျခင္း နဲ႕ ႏွလုံးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိေစနိုင္ပါတယ္။

ေ႐ႊပဲသီးမွာ ဗီတာမင္ဘီအုပ္စု ပါတဲ့အတြက္ ကာဗိုဟိုက္ဒရိတ္ကို စြမ္းအင္အျဖစ္ ကူးေျပာင္းေပးနိုင္လို႔ ခႏၶာကိုယ္တြင္းမွာ စြမ္းအင္ပိုမိုရရွိေစပါတယ္။

အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ေ႐ႊပဲသီးဟာ ေသြးတြင္းသၾကားဓာတ္ကို တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ေပးနိုင္႐ုံသာမက ဗီတာမင္နဲ႕ သတၱဳဓာတ္အျပည့္အဝ ပါဝင္တဲ့အတြက္ အစားေရွာင္ရတဲ့ ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္ အာဟာရဓာတ္လည္း ေကာင္းစြာရရွိေစလို႔ အသင့္ေလ်ာ္ဆုံး အစားအစာတစ္မ်ိဳးျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

ဟင္းေတြထဲ ထည့္ခ်က္ေလ့ရွိၾကတဲ့ ေ႐ႊပဲသီးကို မၾကာခဏ စားျဖစ္ၾကမွာပါ။ ေ႐ႊပဲသီးက အသီးအ႐ြက္ေၾကာ္ထဲပဲ ထည့္ထည့္၊ အသုပ္ပဲ သုပ္စားစား ၊ ဒီအတိုင္း ေရေႏြးေဖ်ာၿပီး တို႔စား စသျဖင့္ အမ်ိဳးမ်ိဳး လုပ္စားနိုင္သလို က်န္းမာေရးအက်ိဳး ေက်းဇူးေတြလည္း အမ်ားႀကီးရွိပါတယ္။

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိဳသူမ်ားအတြက္ပါသင့္ေတာ္ဆုံးေ႐ႊပဲသီး ဗဟုသုတပါ

ေ႐ႊပဲသီးက အထူးသျဖင့္ တ႐ုတ္အစားအစာေတြမွာ အမ်ားဆုံးေတြ႕ရာကေန အခုေတာ့ ကမာၻ႔အႏွံ႕ ဟင္းလ်ာေတြမွာပါ ေနရာ ယူေနပါၿပီ။ ေ႐ႊပဲသီးတေတာင့္မွာ ပွ်မ္းမွ် ပဲသီးေစ့ ၇ ေစ့ပါၿပီး အစိမ္းေရာ၊ အက်က္ပါ ႏွစ္မ်ိဳးလုံး စားနိုင္ပါတယ္။ ေ႐ႊပဲသီးမွာ ဗီတာမင္ ေအ၊ စီ၊ သံဓာတ္၊ ပိုတက္စီယမ္နဲ႕ အမွ်င္ဓာတ္၊ မဂၢနီဆီယမ္၊ ေဖာ့လစ္အက္စစ္နဲ႕ အဆီဓာတ္ အနည္းငယ္ ပါဝင္ပါတယ္။

ေ႐ႊပဲသီးဟာ ကယ္လိုရီဓာတ္ အနည္းဆုံး အမ်ိဳးအစားထဲမွာ ပါၿပီး တေတာင့္ကို ၁ ကယ္လိုရီေတာင္ မရွိဘူးလို႔ သိရပါတယ္။ ေ႐ႊပဲသီးေတာင့္ကို စားသုံးျခင္းေၾကာင့္ ကယ္လိုရီပမာဏ နည္းလို႔ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်င္သူေတြအတြက္လည္း သင့္ေတာ္သလို၊ ကင္ဆာေရာဂါ၊ ႏွလုံးေရာဂါနဲ႕ ဝမ္းခ်ဳပ္ျခင္းေတြကို သက္သာေစပါတယ္။

ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ အမွ်င္ဓာတ္ေတြက ေသြးတြင္း သၾကားဓာတ္ကိုလည္း ထိန္းညွိ ေပးတာေၾကာင့္ ဆီးခ်ိဳေရာဂါ မျဖစ္ေအာင္ ကာကြယ္ တားဆီးနိုင္ပါတယ္။ အမွ်င္ဓာတ္ဆိုတာ ကာဗြန္ဟိုက္ဒရိတ္ အမ်ိဳးအစားျဖစ္ၿပီး ဂလူးကို႔စ္နဲ႕ အင္ဆူလင္ပမာဏကို လိုအပ္သလို ထိန္းညွိေပးနိုင္ပါေသးတယ္။

အမွ်င္ဓာတ္ေတြရဲ႕ ေနာက္ထပ္ အက်ိဳးေက်းဇူးကေတာ့ အစာေခ်စနစ္ ေကာင္းမြန္ေအာင္ ေထာက္ပံ့ေပးနိုင္ၿပီး အစာအိမ္ေရာင္တာမ်ိဳး မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ဒါ့အျပင္ ပါဝင္တဲ့ သံဓာတ္၊ ပိုတက္စီယမ္နဲ႕ မဂၢနီဆီယမ္ သတၱဳဓာတ္ေတြက အရိုးအဆစ္ သန္မာေစသလို အရိုးပြေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

ဗီတာမင္စီကလည္း ကိုယ္ခံအားစနစ္ ေကာင္းေစတဲ့ ေသြးျဖဴဥ ဆဲလ္ေတြ တိုးပြားလာေအာင္ လႈံ႕ေဆာ္ေပးလို႔ ျပင္ပမွ အႏၲရာယ္ျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြ မဝင္ေရာက္ေစပါဘူး။အဲဒါေတြ အျပင္ ကင္ဆာဆဲလ္ မပ်ံ့ႏွံ႕ေအာင္လည္း တားဆီးေပးပါတယ္။

ေ႐ႊပဲသီးမွာပါတဲ့ ဗီတာမင္ ေအက အျမင္အာ႐ုံ အားေကာင္းေစၿပီး ပိုတက္စီယမ္နဲ႕ ဗီတာမင္ စီကေတာ့ ႏွလုံးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။အမွ်င္ဓာတ္က အစာေၾကလြယ္ၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေနသူေတြ အတြက္ဆို ကယ္လိုရီပမာဏ နည္းလို႔ မ်ားမ်ားစားနိုင္ၿပီးဝမ္းမခ်ဳပ္ေစပါဘူး။

ေ႐ႊပဲသီးကို အာဟာရဓာတ္ အမ်ားဆုံး ရခ်င္တယ္ဆိုရင္ ဆီနည္းနည္းနဲ႕ေၾကာ္စားပါ။အလြယ္တကူ ခ်က္ျပဳတ္နိုင္သလို အရသာရွိတဲ့ ဟင္းတခြက္လည္း ျဖစ္ပါတယ္။ေ႐ႊပဲသီးဟာ ဟင္းခ်က္တဲ့အခါ အျမန္ႏူးလြယ္လို႔ အခ်ိန္ယူခ်က္ ျပဳတ္စရာ မလိုဘဲ ေ႐ႊပဲသီးကို ဒီအတိုင္း အစိမ္းစားလို႔လည္း ရပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *