Menu Close

ဆီးချိုသမားနဲ့ သစ်တော်သီး

ဆီးချိုသမားနဲ့ သစ်တော်သီး

 

သစ်တော်သီးတွေဟာ ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုသမားတွေ အတွက်လည်း ပိုဆိုးမလာအောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သစ်တော်သီးဟာ အဝလွန်ရောဂါဖြစ်စေဖို့ ၃၅% အခွင့်အလမ်း နည်းစေတယ်လို့ ဆိုပါတယ်။

သစ်တော်သီးဟာ အဆီ ၊ ကိုလက်စထရော နဲ့ ဆိုဒီယမ်တို့ ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါဝင်နေတာဖြစ်ပါတယ်။

သစ်တော်သီးတွေဟာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဖိုက်ဘာ တွေရရှိဖို့လည်း အကောင်းဆုံး အရင်းအမြစ်တွေဖြစ်နေပါတယ်။သာမန်အရွယ်အစား သစ်တော်သီး တစ်လုံးဟာ နေ့စဉ်လိုအပ် တယ်ဆိုတဲ့ ဖိုက်ဘာ ၂၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ကယ်လိုရီ အားဖြင့် ၁၀၀ သာပါဝင်တယ်လို့ သိရတယ်။

သစ်တော်သီးဟာ အမျှင်ဓာတ်များတဲ့ အတွက် သွေးတွင်းက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး တစ်နေ့တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် သွေးဖိအားကိုလည်း ထိန်းပေးနိုင်ပါတယ်။ဒါ့အပြင် သစ်တော်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်ပါတယ်။အသည်းရောဂါ နှလုံးရောဂါ အတွက် ကောင်းမွန်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ခွန်အားကို ပေးပါတယ်။ အစာမကြေခြင်း အတွက် အထူးပင် ကောင်းမွန်စေနိုင်ပါတယ်။

အရည်ရွှမ်းပြီး ဗိုက်ကို ပြည့်စေနိုင်တာကြောင့် ဆီးချိုသမားတွေအသင့်တော်ဆုံး အသီး တမျိုးပဲ ဖြစ်ပါတယ်

credit:မူရင်း

 

 

Zawgyi

 




 

shweu

 






credit:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *