Menu Close

ဆီးချိုသမားများအတွက်ကျောက်ကပ်ကအဓိကပဲကတ္တီပါ(သို့မဟုတ်)ကျောက်ကပ်အားဖြည့်အစားအစာ

ဆီးချိုသမားများအတွက်ကျောက်ကပ်ကအဓိကပဲကတ္တီပါ(သို့မဟုတ်)ကျောက်ကပ်အားဖြည့်အစားအစာ

 

ကျောက်ကပ်သည်လူ့ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကာသွေထဲကအဆိပ်တွေကိုဖယ်ထုတ်ပေးပြီးဆီးလမ်းကြောင်းကနေစွန့်ပစ်တဲ့အလုပ်ကိုအမြဲလုပ်ပေးလေ့ရှိပါတယ်။

အကယ်၍အဆိပ်တွေများလာရင်တော့ကျောက်ကပ်မှာခံနိုင်ရည်စွမ်းမရှိတော့ဘဲတစ တစ စတင်ပျက်စီးလာပြီးနောက်ဆုံးမှာ ကျောက်ကပ်၏လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းလာကာကျောက်ကပ်ပျက်စီးသွားတာကိုလေ့လာတွေ့ရှိရပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့အကြောင်းရင်းကိုလေ့လာကြည့်မယ်ဆိုရင် ယနေ့ ကမ္ဘာကြီးမှာကျွန်မတို့စားသောက်နေတဲ့အစားအသောက်တွေထဲ ဓါတုဆိုးဆေးတွေပါဝင်နေခြင်း၊
စိုက်ပျိုးရေးအတွက်အသုံးပြုနေကြသောပိုးသတ်ဆေးများနှင့်အသီးအရွက်အားဆေးများကိုလိုတာထက်ပိုအသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။

ကျောက်ကပ်ကိုထိခိုက်စေသောအဆိပ်အတောက်တွေအများကြီးသုံးစွဲနေတဲ့အတွက်လူကြီး၊လူငယ်၊လူရွယ်မရွေးကျောက်ကပ်ထိခိုက်နေကြရပါတယ်။

ကျောက်ကပ်လုံးဝခံနိုင်ရည်ရှိအောင်ကျောက်ကပ်ဆဲလ်အသစ်အတွက်တည်ဆောက်ပြီးပြုပြင်တဲ့နည်းလမ်းသစ်တစ်ခုကိုမေတ္တာဖြင့်မျှဝေပေးခြင်ပါတယ်။

ကျောက်ကပ် ပျက်စီးခြင်းမျိုးအထိမဖြစ်ရလေအောင် ဘာလုပ်ရမလဲ

ဥပမာ လေမုန်တိုင်းဒဏ်ကိုခံနိုင်အောင်ခိုင်ခံ့တဲ့တိုက်အိမ်ကောင်းကောင်းတစ်ခုဆောက်ထားဖို့လိုအပ်သလိုအဆိပ်တွေရဲ့ဒဏ်ကိုခံနိုင်အောင်လည်းမိမိရဲ့ကျောက်ကပ်ကိုတည်ဆောက်ထားဖို့လိုပါတယ်။

ကျောက်ကပ်ဆိုတာအသွ​ေးအသားတစ်ခုဖြစ်ပြီးဆဲလ်တွေစုပေါင်းပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။အသွေးသားတွေအားလုံးရဲ့ ရင်းမြစ်ကအာဟာရကလာတာဖြစ်ပါတယ်။

ဒါကြောင့်ကျောက်ကပ်ဆဲလ်တွေကိုတည်ဆောက်ပေးမယ့်အာဟာရဓါတ် လိုအပ်ပါတယ်။ကျောက်ကပ်အတွက်အဓိကအားဖြည့်ပေမဲ့အစားအစာကတော့ပဲကတ္တီပါဖြစ်ပြီး
ပဲကတ္တီပါကိုသေချာလေ့လာကြည့်ပါကကျောက်ကပ်နဲ့ပုံစံတူတာကိုတွေ့ရှိရပါတယ်။

ပဲကတ္တီပါမှာပါတဲ့အခါးဓာတ်လေးကအလွန်အဖိုးတန်တဲ့အင်ဇိုင်းတစ်ခုဖြစ်ပြီးအဲဒီအင်ဇိုင်းဟာကျောက်ကပ်ရဲ့ဆဲလ်တွေကိုအသစ်တည်ဆောက်ပေးနိုင်တဲ့အမိုင်နိုအက်စစ်ပရိုတင်းတွေဖြစ်ပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ကျောက်ကပ်အစိတ်အပိုင်းတွေကိုဆဲလ်အသစ်တွေနဲ့ပြုပြင်ဖာထေးပြီးကျောက်ကပ်ကိုပကတိအကောင်းအတိုင်းဖြစ်သွားအောင်လုပ်ပေးနိုင်ပါတယ်။

ပဲကတ္တီပါမှာဗီတာမင်အီးတွေအများကြီးပါဝင်ပြီးသွေးကိုသန့်စင်ရာမှာအာနိသင် ပိုမိုထက်မြက်တဲ့အတွက်ပဲကတ္တီပါကိုကျောက်ကပ်အတွက်အကောင်းဆုံးအာဟာရလို့ပြောနိုင်ပါတယ်။

 

လေးစားစွာဖြင့်မူရင်းရေးသားသူကိုCreditပေးပါတယ်

 

Zawgyi

 





 

 










 


Leave a Reply

Your email address will not be published. Required fields are marked *