Menu Close

ဆီးချိုသမားများအတွက် သစ်တော်သီး

ဆီးချိုသမားများအတွက် သစ်တော်သီး

 

Food Research International ရဲ့ လေ့လာတွေ့ရှိချက်အရ သစ်တော်သီးတွေဟာ ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုသမားတွေအတွက်လည်း ပိုဆိုးမလာအောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သစ်တော်သီးဟာ အဝလွန်ရောဂါဖြစ်စေဖို့ ၃၅% အခွင့်အလမ်း နည်းစေတယ်လို့ ဆိုပါတယ် သစ်တော်သီးဟာ အဆီ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါဝင်နေတာဖြစ်ပါတယ်။

သစ်တော်သီးတွေဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဖိုက်ဘာတွေရရှိဖို့လည်း အကောင်းဆုံး အရင်းအမြစ်တွေ ဖြစ်နေပါတယ်။

သာမန်အရွယ်အစား သစ်တော်သီး တစ်လုံးဟာ နေ့စဉ်လိုအပ် တယ်ဆိုတဲ့ ဖိုက်ဘာ ၂၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ကယ်လိုရီအားဖြင့် ၁၀၀ သာ ပါဝင်နေတယ်လို့ သိရပါတယ်။

သစ်တော်သီးဟာ အမျှင်ဓာတ်များတဲ့အတွက် သွေးတွင်းက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး တစ်နေ့တစ်လုံး ပုံမှန် စားပေးခြင်းဖြင့် သွေးဖိအားကိုလည်း ထိန်းပေးနိုင်ပါတယ်။

ဒါ့အပြင် သစ်တော်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်ပါတယ်။

အသည်းရောဂါ နှလုံးရောဂါ အတွက် ကောင်းမွန်ပါတယ်။ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ခွန်အားကို ပေးပါတယ်။ အစာမကြေခြင်း အတွက် အထူးပင် ကောင်းမွန်စေနိုင်ပါတယ်။ အရည်ရွှမ်းပြီး ဗိုက်ကို ပြည့်စေနိုင်တာကြောင့် ဆီးချိုသမားတွေ အတွက် သင့်တော်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

ပျှော်ရွှင်ကျန်းမာကြပါစေ

Source: The Fruit Company

 

Zawgyi

 

ဆီးခ်ိဳသမားမ်ားအတြက္ သစ္ေတာ္သီး

Food Research International ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ သစ္ေတာ္သီးေတြဟာ ဆီးခ်ိဳျဖစ္ပြားမႈကို ကာကြယ္ေပးနိုင္ၿပီး ဆီးခ်ိဳသမားေတြအတြက္လည္း ပိုဆိုးမလာေအာင္ တားဆီးေပးနိုင္တယ္လို႔ ဆိုပါတယ္။

 

 

ဒါ့အျပင္ သစ္ေတာ္သီးဟာ အဝလြန္ေရာဂါျဖစ္ေစဖို႔ ၃၅% အခြင့္အလမ္း နည္းေစတယ္လို႔ ဆိုပါတယ္ သစ္ေတာ္သီးဟာ အဆီ ကိုလက္စထေရာနဲ႕ ဆိုဒီယမ္တို႔ကင္းစင္ၿပီး ပိုတက္ဆီယမ္လည္း ၁၉၀ မီလီဂရမ္သာ ပါဝင္ေနတာျဖစ္ပါတယ္။

သစ္ေတာ္သီးေတြဟာ ဗီတာမင္စီ ႂကြယ္ဝစြာပါဝင္တဲ့အျပင္ ဖိုက္ဘာေတြရရွိဖို႔လည္း အေကာင္းဆုံး အရင္းအျမစ္ေတြ ျဖစ္ေနပါတယ္။

သာမန္အ႐ြယ္အစား သစ္ေတာ္သီး တစ္လုံးဟာ ေန႕စဥ္လိုအပ္ တယ္ဆိုတဲ့ ဖိုက္ဘာ ၂၄ ရာခိုင္ႏႈန္း ပါဝင္ၿပီးေတာ့ ကယ္လိုရီအားျဖင့္ ၁၀၀ သာ ပါဝင္ေနတယ္လို႔ သိရပါတယ္။

သစ္ေတာ္သီးဟာ အမွ်င္ဓာတ္မ်ားတဲ့အတြက္ ေသြးတြင္းက သၾကားဓာတ္ကို ေလွ်ာ့ခ်ေပးနိုင္ၿပီး တစ္ေန႕တစ္လုံး ပုံမွန္ စားေပးျခင္းျဖင့္ ေသြးဖိအားကိုလည္း ထိန္းေပးနိုင္ပါတယ္။

ဒါ့အျပင္ သစ္ေတာ္သီးဟာ ကိုလက္စေရာဓာတ္မ်ားကို ေလ်ာ့က်ေပးနိုင္ပါတယ္။

အသည္းေရာဂါ ႏွလုံးေရာဂါ အတြက္ ေကာင္းမြန္ပါတယ္။ကင္ဆာေရာဂါကို ကာကြယ္ေပးနိုင္ပါတယ္။ ခႏၶာကိုယ္အတြက္ ခြန္အားကို ေပးပါတယ္။ အစာမေၾကျခင္း အတြက္ အထူးပင္ ေကာင္းမြန္ေစနိုင္ပါတယ္။ အရည္႐ႊမ္းၿပီး ဗိုက္ကို ျပည့္ေစနိုင္တာေၾကာင့္ ဆီးခ်ိဳသမားေတြ အတြက္ သင့္ေတာ္တဲ့ အသီးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ေပွ်ာ္႐ႊင္က်န္းမာၾကပါေစ

Source: The Fruit Company

Leave a Reply

Your email address will not be published. Required fields are marked *