Menu Close

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို လက်တွေ့ပျောက်ကင်းစေတဲ့ဆေးနည်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို လက်တွေ့ပျောက်ကင်းစေတဲ့ဆေးနည်း

 

လူ့ခန္ဓာကိုယ်ရှိအင်္ဂါများတွင်ကျောက် တည် သည့်ရောဂါမှာ ကမ္ဘာဦး အစကပင် ရှိသည့် ရောဂါဟု ဆိုနိုင်သည်။

အီဂျစ်နိုင်ငံ၌ တွေ့ရှိရသည့် မံမီရုပ် အလောင်းအတွင်းတွင် ကျောက်တည်မှုကိုတွေ့ရသည်ဟု ဆို သည်။

ကျောက်တည်ခြင်းသည် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်းတို့တွင် ဖြစ်ပွားလေ့ရှိသည်။

ဆီးလမ်းကြောင်းတွင် ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်တို့ ပါရှိသည်။ ကျောက် တည်ခြင်းသည်ဆီးလမ်းကြောင်း မည်သည့်နေရာတွင် မဆို ဖြစ်နိုင်သည်။

ဆီးကျောက် တည်ခြင်းသည် ယခင်က အမျိုးသားများတွင်အဖြစ်များခဲ့သော် လည်း ယခုအခါ အမျိုးသမီးများတွင်လည်း အဖြစ်များလာသည်ကို တွေ့ရသည်ဟု သိရသည်

အကြောင်းရင်း ဆီးတွင်း၌ ကျောက်ဖြစ်စေသည့်ဓာတ်များ၊ ဥပမာ ကယ်လ်စီယမ်ဓာတ် အလွန်အမင်း ပါရှိခြင်းကြောင့် ကျောက်တည်နိုင်သည်။

ဆီးလမ်းကြောင်း ကျဉ်းခြင်း၊ ပိတ်ခြင်းတို့ကြောင့် ဆီးအသွားနှေးပြီး အနည်ထိုင်ကာ ကျောက်တည်တတ်သည်။

ဆီးလမ်း ကြောင်းအတွင်း ရောဂါပိုးဝင်ရောက်ခြင်းသည် ဆီးကျောက်တည်ရန်အားပေးနေ သည်။

ကလေးများ ဆီးအိမ်ရောင်သည့်အခါ ဆီးကျောက် တည်နိုင်သည်။ကယ်လ်စီယမ် ခေါ် ထုံးဓာတ်အများအပြားပါသည့် အစား အသောက်များကို ကာလကြာရှည်စွာ အမြဲစားသောက်သူတို့တွင်ဆီးကျောက်တည်တတ်သည်။

ဆီးကျိတ် (Prostate gland) ကြီးနေသော သက်ကြီးရွယ်အို အမျိုးသားများတွင် ဆီးအိမ်ကျောက်တည်ခြင်းများပြားသည်။

ဂေါက် (gout) ခေါ် ဒူလာ ရောဂါ ဖြစ်သူတို့တွင် ယူရစ် အက်ဆစ်ဓာတ် များပြားပြီး ကျောက်တည်သည်။ချွေးထွက်များပြီး ဆီးနည်းသူများတွင်လည်းဆီးကျောက် တည်တတ်သည်။

လေ့လာမှုတခုက ဝသူများတွင်ဆီးကျောက်တည်မှုပိုလာနိုင်သည်ဟု ဆိုသည်ရောဂါလက္ခဏာ ဆီးလမ်းကြောင်းတွင် ကျောက်တည်သည့်အခါ ခါးနာခြင်း ဖြစ်လေ့ရှိသည်။

ပြင်းထန်စွာခါးနာပါကပျို့အန်တတ်သည် ဆီးပူ၍ဆီးသွားသည့်အခါသွေးပါတတ် သည်။လူနာသည်ချမ်းတုန် ၍ဖျားနိုင်သည်ရောဂါလက္ခဏာများသည် ကျောက်တည်သည့် နေရာပေါ်တွင် မူတည်၍ ပေါ်ပေါက်လာသည်

ကျောက်ကပ်တွင် ကျောက်တည်ပါက ခါးနာခြင်း၊ ခါးအောင့် ခြင်း ဖြစ်၍ ဖျားလာနိုင်သည်။ ဆီး မကြာခဏ သွားပြီး ဆီးပူခြင်း ဆီးထဲတွင် သွေးပါခြင်းတို့ ဖြစ်နိုင် သည်။

ဆီးအိမ်တွင် ကျောက်တည်လျှင် ဆီးသွားရာ၌ ခက်ခဲနိုင်သည်။

ဆီးပြွန်အတွင်း၌ ကျောက်တည်သည့်အခါ ခါးတွင်းမှ ထိုးအောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။

နာကျင်မှုသည် ပြတ်တောင်းပြတ်တောင်း ဖြစ်ကာ မကြာခဏ ပြန်နာနိုင်သည်။နောက်ဆက်တွဲ ရောဂါများ ကျောက်သည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ကာလကြာရှည်လျှင် ကျောက်ကပ် ထိခိုက် ပျက်စီးနိုင်သည်။

 

 

ထို့အပြင် ဆီးလမ်းကြောင်းတွင်လည်း ရောဂါပိုးများ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။ ကျောက်ကပ် မပျက်စီးသည့်တိုင် ကျောက်ကပ် ရောင်ရမ်းနိုင်သည်။

ရောဂါရှာဖွေခြင်း ဆီးကျောက် တည်ခြင်း ရှိ-မရှိကို ဆီးစစ်ခြင်း၊ ရိုးရိုး ဓာတ်မှန်ရိုက်ခြင်း။ ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း၊ ပိုက်ထည့်၍ ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။

ထို့အပြင် ဆီးအိမ်တွင်းကြည့် ကိရိယာဖြင့် ကြည့်ခြင်း (cystoscopy) ဖြင့်လည်း ဆီးကျောက် ရှိ-မရှိ သိနိုင်သည်။

ကုသနည်း ဆီးကြောင်း တွင် ကျောက် တည် သည်ဟု ဆရာ ဝန် မှတ် ချက် ပြု လျှင်ငွေ မကုန် ။လွယ်ကူစွာ ကုသနည်းကြက် သွန် နီ ကြီး ကြီး တ လုံး အား။

ခေါင်း နည်း နည်း ဖြတ်။ အခွန် ပါး ခွါ။ ဓါး ဖြင့်မပြုတ် ထွက် သွား အောင်။လေး စိတ် စိတ်။

ဖန်ခွက်ဖြင့် ရေ ( ၂ ) နာ ရီ ခန့် စိမ်။ ထိုစိမ် ရေ ကို တရက် သုံး ကြိမ်( ၃ )ရက် သောက် ပါ။တခါစိမ်ပြီး တိုင်း ကြက်သွန်အသစ် လဲ ရ မည်။ဆေးပြန်စစ်ကြည့်ပါ။

သေး လျှင်ပျောက် သွား မည်။ကြီး လျှင် ပါး သွား မည်။ဘယ် လောက် သောက် သောက် အန္တရာယ်မရှိ ပါ။

ကာကွယ်ရေး ရေများများ သောက်ခြင်းက ဆီးကျောက်တည်စ အချိန်တွင် သက်သာပျောက်ကင်းစေနိုင်သည်။

ထုံးဓာတ်ပါသည့်ရေနှင့် အစားအစာများကို ကာလကြာရှည်စွာ နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ချွေးအထွက် မလွန်စေရန်လည်း သတိပြုသင့်ပါသည်။

Credit Original Writer

Zawgyi

 

ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္ျခင္းကို လက္ေတြ႕ေပ်ာက္ကင္းေစတဲ့ေဆးနည္း
လူ႕ခႏၶာကိုယ္ရွိအဂၤါမ်ားတြင္ေက်ာက္ တည္ သည့္ေရာဂါမွာ ကမာၻဦး အစကပင္ ရွိသည့္ ေရာဂါဟု ဆိုနိုင္သည္။ အီဂ်စ္နိုင္ငံ၌ ေတြ႕ရွိရသည့္ မံမီ႐ုပ္ အေလာင္းအတြင္းတြင္ ေက်ာက္တည္မႈကိုေတြ႕ရသည္ဟု ဆို သည္။

ေက်ာက္တည္ျခင္းသည္ သည္းေျခအိတ္ႏွင့္ ဆီးလမ္းေၾကာင္းတို႔တြင္ ျဖစ္ပြားေလ့ရွိသည္။

ဆီးလမ္းေၾကာင္းတြင္ ေက်ာက္ကပ္၊ ဆီးႁပြန္ႏွင့္ ဆီးအိမ္တို႔ ပါရွိသည္။ ေက်ာက္ တည္ျခင္းသည္ဆီးလမ္းေၾကာင္း မည္သည့္ေနရာတြင္ မဆို ျဖစ္နိုင္သည္။

ဆီးေက်ာက္ တည္ျခင္းသည္ ယခင္က အမ်ိဳးသားမ်ားတြင္အျဖစ္မ်ားခဲ့ေသာ္ လည္း ယခုအခါ အမ်ိဳးသမီးမ်ားတြင္လည္း အျဖစ္မ်ားလာသည္ကို ေတြ႕ရသည္ဟု သိရသည္

အေၾကာင္းရင္း ဆီးတြင္း၌ ေက်ာက္ျဖစ္ေစသည့္ဓာတ္မ်ား၊ ဥပမာ ကယ္လ္စီယမ္ဓာတ္ အလြန္အမင္း ပါရွိျခင္းေၾကာင့္ ေက်ာက္တည္နိုင္သည္။

ဆီးလမ္းေၾကာင္း က်ဥ္းျခင္း၊ ပိတ္ျခင္းတို႔ေၾကာင့္ ဆီးအသြားေႏွးၿပီး အနည္ထိုင္ကာ ေက်ာက္တည္တတ္သည္။

ဆီးလမ္း ေၾကာင္းအတြင္း ေရာဂါပိုးဝင္ေရာက္ျခင္းသည္ ဆီးေက်ာက္တည္ရန္အားေပးေန သည္။

ကေလးမ်ား ဆီးအိမ္ေရာင္သည့္အခါ ဆီးေက်ာက္ တည္နိုင္သည္။ကယ္လ္စီယမ္ ေခၚ ထုံးဓာတ္အမ်ားအျပားပါသည့္ အစား အေသာက္မ်ားကို ကာလၾကာရွည္စြာ အၿမဲစားေသာက္သူတို႔တြင္ဆီးေက်ာက္တည္တတ္သည္။

ဆီးက်ိတ္ (Prostate gland) ႀကီးေနေသာ သက္ႀကီး႐ြယ္အို အမ်ိဳးသားမ်ားတြင္ ဆီးအိမ္ေက်ာက္တည္ျခင္းမ်ားျပားသည္။

ေဂါက္ (gout) ေခၚ ဒူလာ ေရာဂါ ျဖစ္သူတို႔တြင္ ယူရစ္ အက္ဆစ္ဓာတ္ မ်ားျပားၿပီး ေက်ာက္တည္သည္။ေခြၽးထြက္မ်ားၿပီး ဆီးနည္းသူမ်ားတြင္လည္းဆီးေက်ာက္ တည္တတ္သည္။

ေလ့လာမႈတခုက ဝသူမ်ားတြင္ဆီးေက်ာက္တည္မႈပိုလာနိုင္သည္ဟု ဆိုသည္ေရာဂါလကၡဏာ ဆီးလမ္းေၾကာင္းတြင္ ေက်ာက္တည္သည့္အခါ ခါးနာျခင္း ျဖစ္ေလ့ရွိသည္။

ျပင္းထန္စြာခါးနာပါကပ်ိဳ႕အန္တတ္သည္ ဆီးပူ၍ဆီးသြားသည့္အခါေသြးပါတတ္ သည္။လူနာသည္ခ်မ္းတုန္ ၍ဖ်ားနိုင္သည္ေရာဂါလကၡဏာမ်ားသည္ ေက်ာက္တည္သည့္ ေနရာေပၚတြင္ မူတည္၍ ေပၚေပါက္လာသည္

ေက်ာက္ကပ္တြင္ ေက်ာက္တည္ပါက ခါးနာျခင္း၊ ခါးေအာင့္ ျခင္း ျဖစ္၍ ဖ်ားလာနိုင္သည္။ ဆီး မၾကာခဏ သြားၿပီး ဆီးပူျခင္း ဆီးထဲတြင္ ေသြးပါျခင္းတို႔ ျဖစ္နိုင္ သည္။

 

 

ဆီးအိမ္တြင္ ေက်ာက္တည္လွ်င္ ဆီးသြားရာ၌ ခက္ခဲနိုင္သည္။ဆီးႁပြန္အတြင္း၌ ေက်ာက္တည္သည့္အခါ ခါးတြင္းမွ ထိုးေအာင့္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဆီးတြင္ ေသြးပါျခင္းတို႔ ျဖစ္နိုင္သည္။

နာက်င္မႈသည္ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္ကာ မၾကာခဏ ျပန္နာနိုင္သည္။ေနာက္ဆက္တြဲ ေရာဂါမ်ား ေက်ာက္သည္ ဆီးလမ္းေၾကာင္းကို ပိတ္ဆို႔ေစနိုင္ၿပီး ကာလၾကာရွည္လွ်င္ ေက်ာက္ကပ္ ထိခိုက္ ပ်က္စီးနိုင္သည္။

ထို႔အျပင္ ဆီးလမ္းေၾကာင္းတြင္လည္း ေရာဂါပိုးမ်ား လြယ္ကူစြာ ဝင္ေရာက္နိုင္သည္။ ေက်ာက္ကပ္ မပ်က္စီးသည့္တိုင္ ေက်ာက္ကပ္ ေရာင္ရမ္းနိုင္သည္။

ေရာဂါရွာေဖြျခင္း ဆီးေက်ာက္ တည္ျခင္း ရွိ-မရွိကို ဆီးစစ္ျခင္း၊ ရိုးရိုး ဓာတ္မွန္ရိုက္ျခင္း။ ေဆးသြင္း၍ ဓာတ္မွန္ရိုက္ျခင္း၊ ပိုက္ထည့္၍ ဓာတ္မွန္ရိုက္ျခင္းတို႔ျဖင့္ ေရာဂါရွာေဖြနိုင္သည္။

ထို႔အျပင္ ဆီးအိမ္တြင္းၾကည့္ ကိရိယာျဖင့္ ၾကည့္ျခင္း (cystoscopy) ျဖင့္လည္း ဆီးေက်ာက္ ရွိ-မရွိ သိနိုင္သည္။

ကုသနည္း ဆီးေၾကာင္း တြင္ ေက်ာက္ တည္ သည္ဟု ဆရာ ဝန္ မွတ္ ခ်က္ ျပဳ လွ်င္ေငြ မကုန္ ။လြယ္ကူစြာ ကုသနည္းၾကက္ သြန္ နီ ႀကီး ႀကီး တ လုံး အား။

ေခါင္း နည္း နည္း ျဖတ္။ အခြန္ ပါး ခြါ။ ဓါး ျဖင့္မျပဳတ္ ထြက္ သြား ေအာင္။ေလး စိတ္ စိတ္။

ဖန္ခြက္ျဖင့္ ေရ ( ၂ ) နာ ရီ ခန႔္ စိမ္။ ထိုစိမ္ ေရ ကို တရက္ သုံး ႀကိမ္( ၃ )ရက္ ေသာက္ ပါ။တခါစိမ္ၿပီး တိုင္း ၾကက္သြန္အသစ္ လဲ ရ မည္။ေဆးျပန္စစ္ၾကည့္ပါ။

ေသး လွ်င္ေပ်ာက္ သြား မည္။ ႀကီး လွ်င္ ပါး သြား မည္။ဘယ္ ေလာက္ ေသာက္ ေသာက္ အႏၲရာယ္မရွိ ပါ။

ကာကြယ္ေရး ေရမ်ားမ်ား ေသာက္ျခင္းက ဆီးေက်ာက္တည္စ အခ်ိန္တြင္ သက္သာေပ်ာက္ကင္းေစနိုင္သည္။

ထုံးဓာတ္ပါသည့္ေရႏွင့္ အစားအစာမ်ားကို ကာလၾကာရွည္စြာ ေန႕စဥ္စားသုံးျခင္းမွ ေရွာင္ၾကဥ္သင့္ပါသည္။ေခြၽးအထြက္ မလြန္ေစရန္လည္း သတိျပဳသင့္ပါသည္။

Credit Original Writer

Leave a Reply

Your email address will not be published. Required fields are marked *