Menu Close

ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး

ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး

 

ခရီးကပန်း လမ်းကကြမ်းရသည့်ထဲ သွားရသည်က ခြေလျင်ခရီး တကယ်မနီးလှပါ။ လမ်းဖောက်လုပ်ရေး တာဝန်ဖြင့် ကလေးဝမှ မော်လိုက်မရောက်ခင် ပလူဇဝရွာအထိဖြစ်သည်။

နေကလည်း ပူသည်မို့ ထင်သလောက် ခရီးမတွင်ပေ။

ခက်သည်က အလုပ်သမားခေါင်းဆောင် ကွမ်းစားမောင်ဦး ဆီးသွားမရ အောင့်လှသည်ဟုဆို၍ ထမ်းစင်ဖြင့် ပါအောင်ခေါ်ရပြန်သည်။

သို့ဖြင့် ညနေ(၃)နာရီကျော်မှ နတ်မော်ကယ်ရွာသို့ရောက်ရကာ ဘုန်းတော်ကြီးကျောင်းတွင် နားကြသည်။ ဆရာတော်က ဆီးအောင့်၍ အော်ဟစ် ညည်းညူနေသော မောင်ဦးကိုတွေ့၍ ဆီးအောင့်ပြီး ဆီးသွားမရကြောင်း သိရသောအခါ – ဒါများဒကာရယ် ဘုန်းကြီးကုပေးပါမယ်ဆို၍ စေတီပုံခရုခွံ (၃/၄)ခုအား ချင်းတွင်းမြစ်နံဘေး သောင်စပ်တွင် သွားရောက်ရှာဖွေစေပြီး မီးဖုတ်စေပါသည်။

ထို့နောက် သန့်စင်သောဆုံတွင် အမှုန့်ဖြစ်အောင် ထောင်းပြီး စေတီခရုမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်းစားကို ရေထည့်ထားသောကြွေရေနွေးပန်းကန်လုံးလေးထဲသို့ ထည့်ပြီး သံပုရာသီး တစ်စိတ်ကို ညှစ်၍ အနည်ထိုင်စေရန် (၁၀)မိနစ်မျှ စောင့်ဆိုင်းစေကာ အပေါ်ရေကြည်ကို မောင်ဦးအားတိုက်၏။ထိုပြင် စေတီခရုမှုန့်နှင့် သံပုရာရည်ကို ကျောက်ပျဉ်တွင် သွေးစေ၍ မောင်ဦး၏ ဆီးစပ်ကို လိမ်းလူးစေပါသည်။

 

အံ့သြဖွယ်ကောင်းသည်က နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်ခြင်း၊ လိမ်းခြင်း ပြုပေးလိုက်ရာ နောက်တစ်နေ့ နံနက်တွင် မောင်ဦး ဆီးများ အားပါးတရသွားကာ ဆီးအတွင်း ကျောက်မှုန့်ကျောက်စများ ပါသွားခြင်း ဖြစ်တော့သည်။

လမ်းအလုပ်သမားအဖွဲ့များလည်း အလုပ်သမားခေါင်းဆောင် မောင်ဦး ကျန်းမာရေး ကောင်းမွန်သွားပြီ ဖြစ်၍ နတ်မော်ကယ်ရွာလေးမှ ပလူဇဝဆီသို့ ခရီးဆက်နိုင်ကြပါတော့သည်။နတ်မော်ကယ်ရွာ ဆရာတော်ပေးသော ဆီးသွားကျောက်ကြေစေသော စေတီပုံခရုခွံအကြောင်း လက်လှမ်းမီသမျှ မိတ်ဆွေများကိုလက်ဆင့်ကမ်းမျှဝေပေးရာ ဆီးအောင့်ကျောက်တည် သောဝေဒနာရှင်များ သက်သာပျောက်ကင်းသည်ဆိုပါ၍ လိုသူတို့သုံးနိုင်ပါရန် တင်ပြရေးသားလိုက်ပါသည်။

 

 

ဆေးနည်း – (၁) စေတီခရုခွံလေးများကိုကို မီးဖုတ်ပြီးထောင်းရန်(အမှုန့်ညက်ညက်လေးရရှိအောင် အဝတ်စဖြင့် စစ်နိုင်ပါက ပိုကောင်းပါသည်)။ ထိုခရုခွံအား နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်မှုရှိပါသည်။

(၂) သံပုရာသီး – အထက်တင်ပြပါ အတိုင်း ခရုခွံမှုန့်နှင့် သံပုရာရောစပ်သောက်ခြင်း၊ ခရုခွံမှုန့်နှင့် သံပုရာရည်ရောစပ်၍ ဆီးစပ်တွင်လူးပေးခြင်းဖြစ်ပါသည်။ တောနေပြည်သူတို့ဆီးအောင့်ကျောက်တည်ဝေဒနာ ခံစားရပြီး ဆေးရုံဆေးခန်းပြသရန် ခက်ခဲသူတို့ အတွက် ရည်စူးမိပါ၏။ ဆေးနည်းပေးသော နတ်မော်ကယ်ဆရာတော်ကြီးအား ဦးခိုက်လျက်…။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Zawgyi

 

ဆီးေအာင့္၊ ဆီးေက်ာက္တည္ျခင္မ်ားးအတြက္ ခ႐ုခြံ ႏွင့္ သံပုရာသီး

 

ခရီးကပန္း လမ္းကၾကမ္းရသည့္ထဲ သြားရသည္က ေျခလ်င္ခရီး တကယ္မနီးလွပါ။ လမ္းေဖာက္လုပ္ေရး တာဝန္ျဖင့္ ကေလးဝမွ ေမာ္လိုက္မေရာက္ခင္ ပလူဇဝ႐ြာအထိျဖစ္သည္။ ေနကလည္း ပူသည္မို႔ ထင္သေလာက္ ခရီးမတြင္ေပ။ ခက္သည္က အလုပ္သမားေခါင္းေဆာင္ ကြမ္းစားေမာင္ဦး ဆီးသြားမရ ေအာင့္လွသည္ဟုဆို၍ ထမ္းစင္ျဖင့္ ပါေအာင္ေခၚရျပန္သည္။

သို႔ျဖင့္ ညေန(၃)နာရီေက်ာ္မွ နတ္ေမာ္ကယ္႐ြာသို႔ေရာက္ရကာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ နားၾကသည္။ ဆရာေတာ္က ဆီးေအာင့္၍ ေအာ္ဟစ္ ညည္းၫူေနေသာ ေမာင္ဦးကိုေတြ႕၍ ဆီးေအာင့္ၿပီး ဆီးသြားမရေၾကာင္း သိရေသာအခါ – ဒါမ်ားဒကာရယ္ ဘုန္းႀကီးကုေပးပါမယ္ဆို၍ ေစတီပုံခ႐ုခြံ (၃/၄)ခုအား ခ်င္းတြင္းျမစ္နံေဘး ေသာင္စပ္တြင္ သြားေရာက္ရွာေဖြေစၿပီး မီးဖုတ္ေစပါသည္။

ထို႔ေနာက္ သန႔္စင္ေသာဆုံတြင္ အမႈန႔္ျဖစ္ေအာင္ ေထာင္းၿပီး ေစတီခ႐ုမႈန႔္ လက္ဖက္စားဇြန္း(၁)ဇြန္းစားကို ေရထည့္ထားေသာေႂကြေရေႏြးပန္းကန္လုံးေလးထဲသို႔ ထည့္ၿပီး သံပုရာသီး တစ္စိတ္ကို ညွစ္၍ အနည္ထိုင္ေစရန္ (၁၀)မိနစ္မွ် ေစာင့္ဆိုင္းေစကာ အေပၚေရၾကည္ကို ေမာင္ဦးအားတိုက္၏။ ထိုျပင္ ေစတီခ႐ုမႈန႔္ႏွင့္ သံပုရာရည္ကို ေက်ာက္ပ်ဥ္တြင္ ေသြးေစ၍ ေမာင္ဦး၏ ဆီးစပ္ကို လိမ္းလူးေစပါသည္။

အံ့ၾသဖြယ္ေကာင္းသည္က နံနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ ေသာက္ျခင္း၊ လိမ္းျခင္း ျပဳေပးလိုက္ရာ ေနာက္တစ္ေန႕ နံနက္တြင္ ေမာင္ဦး ဆီးမ်ား အားပါးတရသြားကာ ဆီးအတြင္း ေက်ာက္မႈန႔္ေက်ာက္စမ်ား ပါသြားျခင္း ျဖစ္ေတာ့သည္။လမ္းအလုပ္သမားအဖြဲ႕မ်ားလည္း အလုပ္သမားေခါင္းေဆာင္ ေမာင္ဦး က်န္းမာေရး ေကာင္းမြန္သြားၿပီ ျဖစ္၍ နတ္ေမာ္ကယ္႐ြာေလးမွ ပလူဇဝဆီသို႔ ခရီးဆက္နိုင္ၾကပါေတာ့သည္။နတ္ေမာ္ကယ္႐ြာ ဆရာေတာ္ေပးေသာ ဆီးသြားေက်ာက္ေၾကေစေသာ ေစတီပုံခ႐ုခြံအေၾကာင္း လက္လွမ္းမီသမွ် မိတ္ေဆြမ်ားကိုလက္ဆင့္ကမ္းမွ်ေဝေပးရာ ဆီးေအာင့္ေက်ာက္တည္ ေသာေဝဒနာရွင္မ်ား သက္သာေပ်ာက္ကင္းသည္ဆိုပါ၍ လိုသူတို႔သုံးနိုင္ပါရန္ တင္ျပေရးသားလိုက္ပါသည္။

 

 

ေဆးနည္း – (၁) ေစတီခ႐ုခြံေလးမ်ားကို

ကို မီးဖုတ္ၿပီးေထာင္းရန္(အမႈန႔္ညက္ညက္ေလးရရွိေအာင္ အဝတ္စျဖင့္ စစ္နိုင္ပါက ပိုေကာင္းပါသည္)။ ထိုခ႐ုခြံအား ေနရာေဒသအလိုက္ အမ်ိဳးမ်ိဳး ေခၚေဝၚမႈရွိပါသည္။(၂) သံပုရာသီး – အထက္တင္ျပပါ အတိုင္း ခ႐ုခြံမႈန႔္ႏွင့္ သံပုရာေရာစပ္ေသာက္ျခင္း၊ ခ႐ုခြံမႈန႔္ႏွင့္ သံပုရာရည္ေရာစပ္၍ ဆီးစပ္တြင္လူးေပးျခင္းျဖစ္ပါသည္။

ေတာေနျပည္သူတို႔ဆီးေအာင့္ေက်ာက္တည္ေဝဒနာ ခံစားရၿပီး ေဆး႐ုံေဆးခန္းျပသရန္ ခက္ခဲသူတို႔ အတြက္ ရည္စူးမိပါ၏။ ေဆးနည္းေပးေသာ နတ္ေမာ္ကယ္ဆရာေတာ္ႀကီးအား ဦးခိုက္လ်က္…။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *