Menu Close

ဆေးစွမ်းထက်မြက်ဒန်ကျွဲရွက်

သိသူဖော်စားမသိသူကျော်သွားဆေးစွမ်းထက်မြက် ဒန့်ကျွဲရွက်

အိပ်မပျော်ဘူးလားနှလုံးသည်းခြေအားနည်းနေလားစိတ်မငြိမ်ဖြစ်နေလားစားမဝင်ဘူးလား

ငွေကုန်ခံမနေပါနဲ့လမ်းဘေးသမားတော်နဲ့တွေ့လိုက်ပါ။လမ်းဘေးသမားတော်ဟူသည်ကား လမ်းဘေးမှ အညတြဘဝနဲ့ မလှမပနေထိူင်နေရသူ ”ဒန့်ကျွဲပင်” သာဖြစ်ပါသည်။

အရိုးခံဆိုပေမယ့် အမျိုးမှန်၍ အဖိုးတန်လှပါသည်။ ဒန့်ကျွဲပင်ဟာ အိပ်ပျော်စေသောသတ္တိသည်းခြေပျက်ရောဂါသွေးပျက်ထိတ်လန့်တတ်သောရောဂါ။

မသတီ (ရွံတတ်သောရောဂါ)

နှလုံးအားနည်းရောဂါ တို့ကို သူတစ်မျိုးတည်း ပျောက်ကင်းစေန်ုင်လောက်အောင် ဂုဏ်သတ္တိထူးသော ဆေးကောင်းကြီးတစ်လက်ဖြစ်ပါသည်။ ဆေးမြီးတိုမဟုတ်ပါ မြစ်ချင်းပြီးဆေးပါ။

ဒန့်ကျွဲရွက်က်ိုပြုတ်ပြီး လက်သုတ်သုပ်စားကြသည်။တို့စရာအဖြစ်စားကြသည်။

မိုးကျ လဖက်ဟူ၍ပင် တင်စားခေါ်ဝေါ်ကြသည်။ အလွန်အရသာရှိသော အပင်ဖြစ်ပါသည်။

မြန်မာ့မြေမှာကြီး မြန်မာ့မြေမှာမွေးမြန်မာ့ပထဝီဝင်အနေအထားအရကြီးပြင်းလာကြတဲ့ မြန်မာတွေအတွက်မြန်မာပြည်က သစ်ဥသစ်ဖု ဆေးမြစ်တွေကသာအထိရောက်ဆုံး အထောက်အကူအပြုဆုံးအကောင်းဆုံးဖြစ်ပါသည်။

ဒန့်ကျွဲပင်နဲ့ပါတ်သက်၍ ”ဒန့်ကျွဲပင် ပုခက်လွှဲ”ဟူသောစကားပုံကိူလူတိုင်းကြားဖူးကြပေမည်။

ဒီ အပင်ရဲ့ အမည်ဟာမြန်မာတိုင်းနဲ့ မစိမ်းသော ရင်းနီးပြီးသားပင်ဖြစ်ပါသည်။

ကဲ ပြောနေကြာပါတယ် ဆေးအသုံးပြုပုံလေး ဆက်ကြပါစိူ့။

 

shweu

 

၁။ အိပ်မပျော်ပါက

ဒန့်ကျွဲရွက်ကို  ၃ခွက်တစ်ခွက်တင်က်ျို၍ သကြားခပ်၍သောက်ပါ။ဒိုဘာလာသကြား နှင့်သောက်ပါက ပိုကောင်းပါသည်။

(ရေနွေးကြမ်းပန်းကန်တစ်လုံးသောက်ပါ)

၂။ သွေးလေခြောက်ခြားခြင်း

၃။စိတ်မကြည်လင်ခြင်း

၄။အားနည်းခြင်း

၅။နှလုံးခုန် ရင်တုန်မောပန်းခြင်း

၆။ဆီးဝမ်းမညီညွတ်ခြင်း

၇။နှလုံးမခိုင် ရွံရှာတတ်ခြင်း

တို့ကို အထက်ပါနည်းအတိုင်း သုံးခွက်တစ်ခွက်တင်ကျိုလျှက် သကြားခပ်သောက်ပါ။

သုံးခါလောက် သောက်လိုက်လျှင် သိသာထူးခြားပါလိမ့်မည်။

စာတွေ့မဟုတ် လက်တွေ့ဖြစ်ပါသည်။

အစာလည်းဆေး ဆေးလည်းအစာဆိုသလို အပန်းမကြီးပါက တစ်ပါတ်လျှင် ၂ရက်မျှတို့စရာအဖြစ်စားကြပါလို့ ကျွန်တော့် မိဘတွေကို တိုက်တွန်းပါရစေ။

အားလုံးကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ကြပါစေ။

credit:ဆရာကျော်လင်းအောင်

မေတ္တာ ဖြင့် အရှင်ဒိဗ္ဗ

 

Zawgyi

 

သိသူေဖာ္စားမသိသူေက်ာ္သြားေဆးစြမ္းထက္ျမက္ ဒန့္ကြၽဲ႐ြက္

 

အိပ္မေပ်ာ္ဘူးလားႏွလုံးသည္းေျခအားနည္းေနလားစိတ္မၿငိမ္ျဖစ္ေနလားစားမဝင္ဘူးလား

ေငြကုန္ခံမေနပါနဲ႕လမ္းေဘးသမားေတာ္နဲ႕ေတြ႕လိုက္ပါ။လမ္းေဘးသမားေတာ္ဟူသည္ကား လမ္းေဘးမွ အညၾတဘဝနဲ႕ မလွမပေနထိူင္ေနရသူ ”ဒန့္ကြၽဲပင္” သာျဖစ္ပါသည္။

အရိုးခံဆိုေပမယ့္ အမ်ိဳးမွန္၍ အဖိုးတန္လွပါသည္။ ဒန့္ကြၽဲပင္ဟာ အိပ္ေပ်ာ္ေစေသာသတၱိသည္းေျခပ်က္ေရာဂါေသြးပ်က္ထိတ္လန့္တတ္ေသာေရာဂါ။

 

shweu

 

မသတီ (႐ြံတတ္ေသာေရာဂါ)

ႏွလုံးအားနည္းေရာဂါ တို႔ကို သူတစ္မ်ိဳးတည္း ေပ်ာက္ကင္းေစန္ုင္ေလာက္ေအာင္ ဂုဏ္သတၱိထူးေသာ ေဆးေကာင္းႀကီးတစ္လက္ျဖစ္ပါသည္။ ေဆးၿမီးတိုမဟုတ္ပါ ျမစ္ခ်င္းၿပီးေဆးပါ။

ဒန့္ကြၽဲ႐ြက္က္ိုျပဳတ္ၿပီး လက္သုတ္သုပ္စားၾကသည္။တို႔စရာအျဖစ္စားၾကသည္။

မိုးက် လဖက္ဟူ၍ပင္ တင္စားေခၚေဝၚၾကသည္။ အလြန္အရသာရွိေသာ အပင္ျဖစ္ပါသည္။

ျမန္မာ့ေျမမွာႀကီး ျမန္မာ့ေျမမွာေမြးျမန္မာ့ပထဝီဝင္အေနအထားအရႀကီးျပင္းလာၾကတဲ့ ျမန္မာေတြအတြက္ျမန္မာျပည္က သစ္ဥသစ္ဖု ေဆးျမစ္ေတြကသာအထိေရာက္ဆုံး အေထာက္အကူအျပဳဆုံးအေကာင္းဆုံးျဖစ္ပါသည္။

ဒန့္ကြၽဲပင္နဲ႕ပါတ္သက္၍ ”ဒန့္ကြၽဲပင္ ပုခက္လႊဲ”ဟူေသာစကားပုံကိူလူတိုင္းၾကားဖူးၾကေပမည္။

ဒီ အပင္ရဲ႕ အမည္ဟာျမန္မာတိုင္းနဲ႕ မစိမ္းေသာ ရင္းနီးၿပီးသားပင္ျဖစ္ပါသည္။

ကဲ ေျပာေနၾကာပါတယ္ ေဆးအသုံးျပဳပုံေလး ဆက္ၾကပါစိူ႕။

၁။ အိပ္မေပ်ာ္ပါက

ဒန့္ကြၽဲ႐ြက္ကို  ၃ခြက္တစ္ခြက္တင္က္်ိဳ၍ သၾကားခပ္၍ေသာက္ပါ။ဒိုဘာလာသၾကား ႏွင့္ေသာက္ပါက ပိုေကာင္းပါသည္။

(ေရေႏြးၾကမ္းပန္းကန္တစ္လုံးေသာက္ပါ)

၂။ ေသြးေလေျခာက္ျခားျခင္း

၃။စိတ္မၾကည္လင္ျခင္း

၄။အားနည္းျခင္း

၅။ႏွလုံးခုန္ ရင္တုန္ေမာပန္းျခင္း

၆။ဆီးဝမ္းမညီၫြတ္ျခင္း

၇။ႏွလုံးမခိုင္ ႐ြံရွာတတ္ျခင္း

တို႔ကို အထက္ပါနည္းအတိုင္း သုံးခြက္တစ္ခြက္တင္က်ိဳလွ်က္ သၾကားခပ္ေသာက္ပါ။

သုံးခါေလာက္ ေသာက္လိုက္လွ်င္ သိသာထူးျခားပါလိမ့္မည္။

စာေတြ႕မဟုတ္ လက္ေတြ႕ျဖစ္ပါသည္။

အစာလည္းေဆး ေဆးလည္းအစာဆိုသလို အပန္းမႀကီးပါက တစ္ပါတ္လွ်င္ ၂ရက္မွ်
တို႔စရာအျဖစ္စားၾကပါလို႔ ကြၽန္ေတာ့္ မိဘေတြကို တိုက္တြန္းပါရေစ။

အားလုံးက်န္းမာ ခ်မ္းသာစြာ သာသနာျပဳနိုင္ၾကပါေစ။

credit:ဆရာေက်ာ္လင္းေအာင္

ေမတၱာ ျဖင့္ အရွင္ဒိဗၺ

Leave a Reply

Your email address will not be published. Required fields are marked *