Menu Close

“ဆေးဖက်ဝင် တမာရွက်”

“ဆေးဖက်ဝင် တမာရွက်”

 

တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။တမာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ပါတယ်။

အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့ ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့

ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။

 

 

(၁)ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊တမာရွက်ကို ကျိုပြီး ရလာ တဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

(၂)ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ်အရေပြား ယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင် ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုး မွှားတွေကို ကင်းစင်စေပါတယ်။

(၃)ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာ ဆီကိုလိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အ နာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါ တယ်။

(၄)အရေပြားအနာတွေအတွက် ဆေး စွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ် တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံး ပြုပေးပါ။

(၅)မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေး ပါ။

အရေပြားကို အနာအမြန်ကျက်စေ ပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ဆံပင်သား ကျန်းမာစေပါတယ်

တခြားဆံပင်လိမ်းဆီအစား ဆံပင် မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထ တာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေ ကို သက်သာလျော့ပါးစေပါတယ်။

(၇)ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ် ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈)အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။

(၉)သန်ကောင်တွေကို ကင်းစင်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အ စွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀)သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။တမာရွက်ဟာ သွေး ထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေပါတယ်။

(၁၁)သွေးတွင်း သကြားဓာတ်ကို ထိန်း ပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ပါ။

(၁၂)ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ် ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

Credit-Original Uploader

 

Zawgyi

“ေဆးဖက္ဝင္ တမာ႐ြက္”

 

တမာ႐ြက္ မွာ ေဆးဖက္ ဝင္ အာနိသင္ ေတြရွိ တယ္ဆိုတာ လူအ မ်ားစုက သတိျပဳ မိၾက ပါတယ္။တမာ႐ြက္တင္မက တမာေခါက္ေတြ ကို အိႏၵိယမွာ အလြန္ထင္ရွားတဲ့ ေဆးဖက္ဝင္ပစၥည္းအျဖစ္ အသုံးျပဳခဲ့ပါတယ္။

အခုအခါ တစ္ကမာၻ လုံးမွာပါ တမာပင္ရဲ႕ ေဆးဖက္ဝင္ အစြမ္းေတြကို သိနားလည္ၿပီး အသုံးျပဳေနၾကၿပီျဖစ္ပါတယ္။ဒါေပ မဲ့ တမာ႐ြက္ကို မ်ားမ်ားစားရင္ အေၾကာတက္တယ္လို႔ ေရွးလူႀကီးေတြက ဆိုၾက တာေၾကာင့္ အသင့္အတင့္သာ စားေပးသင့္ပါတယ္။

 

 

(၁)ပိုးသတ္အာနိသင္ရွိပါတယ္

တမာ႐ြက္မွာ ဘက္တီးရီးယား၊ ကပ္ ပါးေကာင္၊ ဖန္းဂပ္စ္မွို၊ ပရိုတိုဇြနဲ႕ ဗိုင္း ရပ္စ္ေတြကို ဆန႔္က်င္နိုင္တဲ့ ပိုးသတ္အာ နိသင္ေတြ ရွိပါတယ္။ဒါေၾကာင့္ အနာ ေပါက္ေနခ်ိန္မွာ တမာ႐ြက္ကို ျပဳတ္ၿပီး တို႔စားတာ၊တမာ႐ြက္ကို က်ိဳၿပီး ရလာ တဲ့ ေရနဲ႕ အနာကို ဖန္ရည္ေဆးတာေတြ ျပဳလုပ္ၾကတာျဖစ္ပါတယ္။

(၂)ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ့ ပိုးမႊား ေတြကို ေသေစနိုင္ပါတယ္

သင့္ခႏၶာကိုယ္အေရျပား ယားယံ ေနရင္ တမာ႐ြက္ျပဳတ္ရည္နဲ႕ ေရခ်ိဳးလိုက္ ပါ။တမာ႐ြက္ရဲ႕ ေဆးဖက္ဝင္အာနိသင္ ေၾကာင့္ ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ့ ပိုး မႊားေတြကို ကင္းစင္ေစပါတယ္။

(၃)ျပတ္ရွရာနဲ႕ အနာေတြကို အျမန္ သက္သာေစပါတယ္

သင့္အေရျပားမွာ ျပတ္ရွရာ ဒါမွမ ဟုတ္ အနာေတြ ျဖစ္ေပၚေနရင္ တမာ ဆီကိုလိမ္းေပးနိုင္ပါတယ္။ဒဏ္ရာနဲ႕ အ နာေတြမွာ ကပ္ၿငိေနတဲ့ ပိုးမႊားမွန္သမွ် တြန္းလွန္ေပးၿပီး အနာက်က္ျမန္ေစပါ တယ္။

(၄)အေရျပားအနာေတြအတြက္ ေဆး စြမ္းေကာင္းပါ

ႏွင္းခူ၊ ဝက္ၿခံ၊ အေရျပားဓာတ္မ တည့္တာ၊ အေရျပားမွာ အနီကြက္ေပၚ တာ၊ အေရျပားမွာ ယားနာေပါက္တာ စတဲ့ အေရျပားေဝဒနာအားလုံး အျမန္ သက္သာေစဖို႔ တမာဆီ ဒါမွမဟုတ္ တမာ ႐ြက္နဲ႕ လုပ္ထားတဲ့ ေပါင္ဒါမႈန႔္ကို အသုံး ျပဳေပးပါ။

(၅)မီးေလာင္ဒဏ္ရာကို အျမန္သက္ သာေစပါတယ္

မီးေလာင္တာေၾကာင့္ ျဖစ္လာတဲ့ ဒဏ္ရာေတြကို ကုသရာမွာ တမာ႐ြက္ ထည့္က်ိဳထားတဲ့ တမာေရကို လိမ္းေပး ပါ။အေရျပားကို အနာအျမန္က်က္ေစ ၿပီး ပိုးမဝင္ေအာင္နဲ႕ ဓာတ္မတည့္မႈမျဖစ္ ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

(၆)ဆံပင္သား က်န္းမာေစပါတယ္

တျခားဆံပင္လိမ္းဆီအစား ဆံပင္ မွာ တမာဆီကို လိမ္းေပးရင္ ဆံပင္မျဖဴ ေအာင္ ကာကြယ္ေပးနိုင္ၿပီး ေဗာက္ထ တာ၊ သန္းရွိတာနဲ႕ ဆံပင္ကြၽတ္တာေတြ ကို သက္သာေလ်ာ့ပါးေစပါတယ္။

(၇)ႂကြက္သားနဲ႕ အဆစ္ေတြ နာက်င္မႈ ကို သက္သာေစပါတယ္

တမာဆီကို နာက်င္ေနတဲ့ ႂကြက္ သားနဲ႕ အဆစ္ေနရာေတြမွာ လိမ္းၿပီး ႏွိပ္ ေပးရင္ ရိုးဆစ္ေရာင္ရမ္းနာ၊ ေဂါက္အ ဆစ္ေရာင္နာ၊ ခါးနာတာစတဲ့ နာက်င္မႈ ေဝဒနာေတြကို သက္သာေစနိုင္ပါတယ္။

(၈)အစာေျခစနစ္ကို ေကာင္းမြန္ေစ ပါတယ္

တမာ႐ြက္ကို ျပဳတ္ၿပီး စားေပးရင္ အရသာခံအာ႐ုံ မေကာင္းတာကို သက္ သာေစၿပီး ဝမ္းခ်ဳပ္တာနဲ႕ အစာမေၾက တာကို သက္သာေစပါတယ္။ရင္ပူမႈမ ျဖစ္ေအာင္လည္း ကာကြယ္ေပးနိုင္ပါ တယ္။

(၉)သန္ေကာင္ေတြကို ကင္းစင္ေစပါတယ္

တမာ႐ြက္ကို ျပဳတ္ၿပီး စားတာက သန္ေကာင္ေတြကို ကင္းစင္ေစပါတယ္။ အေၾကာင္းကေတာ့ တမာ႐ြက္မွာ သန္ ေကာင္ေတြကို တြန္းလွန္ေပးနိုင္တဲ့ အ စြမ္းရွိၿပီး အူလမ္းေၾကာင္းရဲ႕ လုပ္ငန္း ေဆာင္တာေတြကို က်န္းမာေစလို႔ပါ။

(၁၀)ေသြးသန႔္စင္ေစပါတယ္

တမာ႐ြက္ကို ပုံမွန္စားေပးရင္ ေသြး သန႔္စင္ေစပါတယ္။

တမာ႐ြက္ဟာ ေသြး ထဲက အညစ္အေၾကးေတြကို ဖယ္ရွား ေပးတာေၾကာင့္ ခႏၶာကိုယ္မွာ ေရာဂါ ကင္းေစပါတယ္။

(၁၁)ေသြးတြင္း သၾကားဓာတ္ကို ထိန္း ေပးနိုင္ပါတယ္

တမာ႐ြက္ကို ဆီးခ်ိဳေသြးခ်ိဳေရာဂါ ရွိသူေတြအတြက္ ထိေရာက္တဲ့ ေဆးတစ္ လက္လို႔ ဆိုၾကပါတယ္။အေၾကာင္းက ေတာ့ တမာ႐ြက္ဟာ ေသြးတြင္းသၾကား ဓာတ္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းေပးနိုင္လို႔ပါ။

(၁၂)ခုခံစြမ္းအားစနစ္ကို ေကာင္းမြန္ ေစပါတယ္

တမာ႐ြက္ကို စားေပးရင္ ခႏၶာကိုယ္ ရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို သန္စြမ္း ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ကို အားနည္း ေစတဲ့ ျပင္ပေရာဂါေတြကိုလည္း အတိုင္း အတာတစ္ခုအထိ တြန္းလွန္ေပးနိုင္စြမ္း ရွိပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *