Menu Close

ဆေးဖက်ဝင် တရုတ်စကားပန်း

ဆေးဖက်ဝင် တရုတ်စကားပန်း

 

ကြွက်နို့ သက်သာစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကြွက်နို့တွေသက်သာစေဖို့အတွက်ဆိုရင် တရုတ်စကားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အရွက်ကို ချိုးလိုက်ရင် ထွက်လာတဲ့ အစေးကို ယူပြီး ကြွက်နို့ပေါ်မှာ လိမ်းလိုက်ရုံပါ။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို အစေး မထိမိစေဖို့တော့ သတိထားရပါမယ်။

သွားကိုက်သွားနာ သက်သာစေတယ်

သွားမှာ အပေါက်တွေဖြစ်ပြီး အစာဝင်တိုင်းနာနေမယ်ဆိုရင်တော့ တရုတ်စကားပင် အရွက်ကနေထွက်တဲ့ အစေးကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး သွားအပေါက်ရှိတဲ့နေရာမှာ ကပ်ထားပေးလိုက်ရုံပါ။

ဆီးချို သက်သာစေတယ်

ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့ ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။

အစာကြေစေနိုင်တယ်

အစာမကြေတာနဲ့ လေပွတာမျိုး အစာခြေစနစ် ပြဿနာရှိသူတွေအနေနဲ့ တရုတ်စကားပန်း ကို အသုံးပြုပေးလို့ ရပါတယ်။

ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပန်းကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတယ်

အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ ရလာတဲ့အရည်ကို ရောင်ရမ်းနေတဲ့ နေရာမှာ ဂွမ်းစသန့်သန့်လေးနဲ့ ဆွတ်ပေးရုံပါ။

အနာကို သက်သာစေနိုင်တယ်

ထိခိုက်တာကြောင့် အနာတွေဖြစ်တဲ့အခါ တရုတ်စကားပင် ရဲ့ အရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ တရုတ်စကားပင် အရွက်ကို လက်သည်းလေးနဲ့ဆိတ်လို့ အုန်းဆီလေးလူးလိုက်ပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးရုံပါ။ ပုံမှန်လေး လုပ်ပေးရင် အနာသက်သာမှာပါ။

အရေပြားပြဿနာ ကင်းစေတယ်

အရေပြား ပြဿနာ အမျိုးမျိုးအတွက် တရုတ်စကားပန်းအရွက်၊ အခေါက်ပြုတ်ရည်တို့နဲ့ ရေချိုးပေးရုံပါ။

ခြေဖနောင့်ကွဲတာကို သက်သာစေတယ်

ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ဆိုရင် ဖနောင့်ကွဲတဲ့နေရာတွေကို တရုတ်စကားအရွက်ပြုတ်ရည်နဲ့ သန့်စင်ဆေးကြောပေးလို့ရပါတယ်။

တရုတ်စကားပန်းမှာ alkaloids၊ tannins၊ flavonoids နဲ့ triterpenoids တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အတိုင်းအချင့်နဲ့ သုံးဖို့တော့ လိုပါမယ်။

တရုတ်စံကားပန်းပင် မှရသည့် နို့ရည်နှင့်တူသောအစေးကို ရူမက်တစ်ဇင် ရောဂါပျောက်ဆေးအဖြစ် အသုံးပြုနိုင်သည့်အပြင် စန္ဒကူးဆီ၊ ပရုတ်တို့နှင့် ပေါင်း၍ ယားနာပျောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။

တရုတ်စံကားပန်းပင်အခေါက်ကို နိုင်ငံအသီးသီးတွင်

အဖျားဖြတ်ဆေး၊ အနာပျောက်ဆေးနှင့် ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုလေ့ရှိသည်။

အရွက်ကို မီးကင်ပြီးလျှင် ဖောရောင်နေသောနေရာတွင် အုံပေးပါက ဖောရောင်ခြင်း ပျောက်ကင်းနိုင်သည်ဟု ဆို၏။

အဖူးကို ကွမ်းရွက် နှင့်ရော၍ အဖျားဖြတ်ဆေးအဖြစ်လည်း အသုံးပြုတတ်ကြသည်။

မြန်မာဆေးကျမ်းများ အလိုအရ တရုတ်စံကားသည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ဆီး ၊ ဝမ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ဝမ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။

တရုတ်စံကားပင်၏ အခေါက်နှင့် အကိုင်းမှ ထွက်သော နို့နှစ် ရောင်အစေးကို ဝမ်းနုတ်ဆေး အဖြစ်သုံးသည်။

တရုတ်စံကားပင်မှ ထွက်သော နို့နှစ် ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ ၊ ဝမ်းဗိုက်ထိုးအောင့်ရောဂါကို ပျောက်ကင်း စေ၏။

တရုတ်စံကားရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။

Ref :hellosayarwom

အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

 

Zawgyi

ေဆးဖက္ဝင္ တ႐ုတ္စကားပန္း

 

 

ႂကြက္နို႔ သက္သာေစနိုင္တယ္

ခႏၶာကိုယ္မွာ ရွိေနတဲ့ ႂကြက္နို႔ေတြသက္သာေစဖို႔အတြက္ဆိုရင္ တ႐ုတ္စကား႐ြက္ကို အသုံးျပဳေပးလို႔ရပါတယ္။ အ႐ြက္ကို ခ်ိဳးလိုက္ရင္ ထြက္လာတဲ့ အေစးကို ယူၿပီး ႂကြက္နို႔ေပၚမွာ လိမ္းလိုက္႐ုံပါ။ ခႏၶာကိုယ္ရဲ႕ အျခားေနရာေတြကို အေစး မထိမိေစဖို႔ေတာ့ သတိထားရပါမယ္။

သြားကိုက္သြားနာ သက္သာေစတယ္

သြားမွာ အေပါက္ေတြျဖစ္ၿပီး အစာဝင္တိုင္းနာေနမယ္ဆိုရင္ေတာ့ တ႐ုတ္စကားပင္ အ႐ြက္ကေနထြက္တဲ့ အေစးကို ဂြမ္းစသန႔္သန႔္ေလးနဲ႕ ယူၿပီး သြားအေပါက္ရွိတဲ့ေနရာမွာ ကပ္ထားေပးလိုက္႐ုံပါ။

ဆီးခ်ိဳ သက္သာေစတယ္

ဆီးခ်ိဳေၾကာင့္ အနာမက်က္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ သန႔္စင္တဲ့ တ႐ုတ္စကားပန္း အပြင့္ အေခါက္တို႔ကို ျပဳတ္လို႔ ရလာတဲ့ အရည္ကို ဂြမ္းစနဲ႕ယူၿပီး အနာကို ေဆးေၾကာပါ။

အစာေၾကေစနိုင္တယ္

အစာမေၾကတာနဲ႕ ေလပြတာမ်ိဳး အစာေျခစနစ္ ျပႆနာရွိသူေတြအေနနဲ႕ တ႐ုတ္စကားပန္း ကို အသုံးျပဳေပးလို႔ ရပါတယ္။ေရစင္ေအာင္ေဆးထားတဲ့ တ႐ုတ္စကားပန္းကို ေရေႏြးဆူဆူထဲထည့္ျပဳတ္ၿပီး ေသာက္ေပးတာက အစာေျခစနစ္ကို က်န္းမာေစနိုင္ပါတယ္။

ေရာင္ရမ္းမႈကို သက္သာေစတယ္

အင္းဆက္ကိုက္တာ၊ ထိခိုက္မိတာေၾကာင့္ အေရျပားမွာ နာက်င္ေရာင္ရမ္းမႈေတြ ျဖစ္တဲ့အခါမွာလည္း တ႐ုတ္စကားပန္းကို အသုံးျပဳလို႔ရပါတယ္။ တ႐ုတ္စကားပန္းကို ေရစင္ေအာင္ေဆးလို႔ ျပဳတ္ပါ။ ရလာတဲ့အရည္ကို ေရာင္ရမ္းေနတဲ့ ေနရာမွာ ဂြမ္းစသန႔္သန႔္ေလးနဲ႕ ဆြတ္ေပး႐ုံပါ။

အနာကို သက္သာေစနိုင္တယ္

ထိခိုက္တာေၾကာင့္ အနာေတြျဖစ္တဲ့အခါ တ႐ုတ္စကားပင္ ရဲ႕ အ႐ြက္ကို အသုံးျပဳေပးလို႔ရပါတယ္။ ေရစင္ေအာင္ေဆးထားတဲ့ တ႐ုတ္စကားပင္ အ႐ြက္ကို လက္သည္းေလးနဲ႕ဆိတ္လို႔ အုန္းဆီေလးလူးလိုက္ပါ။ ၿပီးရင္ အနာေပၚကို ကပ္ထားေပး႐ုံပါ။ ပုံမွန္ေလး လုပ္ေပးရင္ အနာသက္သာမွာပါ။

အေရျပားျပႆနာ ကင္းေစတယ္

အေရျပား ျပႆနာ အမ်ိဳးမ်ိဳးအတြက္ တ႐ုတ္စကားပန္းအ႐ြက္၊ အေခါက္ျပဳတ္ရည္တို႔နဲ႕ ေရခ်ိဳးေပး႐ုံပါ။

ေျခဖေနာင့္ကြဲတာကို သက္သာေစတယ္

ေျခဖေနာင့္ကြဲတာကို သက္သာေစဖို႔ဆိုရင္ ဖေနာင့္ကြဲတဲ့ေနရာေတြကို တ႐ုတ္စကားအ႐ြက္ျပဳတ္ရည္နဲ႕ သန့္စင္ေဆးေၾကာေပးလို႔ရပါတယ္။

တ႐ုတ္စကားပန္းမွာ alkaloids၊ tannins၊ flavonoids နဲ႕ triterpenoids တို႔ပါဝင္တာေၾကာင့္ ဘက္တီးရီးယားေတြကို အထိေရာက္ဆုံး တိုက္ဖ်က္ေပးနိုင္ပါတယ္။ တန္ေဆး လြန္ေဘးဆိုတဲ့အတိုင္း အတိုင္းအခ်င့္နဲ႕ သုံးဖို႔ေတာ့ လိုပါမယ္။

တ႐ုတ္စံကားပန္းပင္ မွရသည့္ နို႔ရည္ႏွင့္တူေသာအေစးကို ႐ူမက္တစ္ဇင္ ေရာဂါေပ်ာက္ေဆးအျဖစ္ အသုံးျပဳနိုင္သည့္အျပင္ စႏၵကူးဆီ၊ ပ႐ုတ္တို႔ႏွင့္ ေပါင္း၍ ယားနာေပ်ာက္ေဆးအျဖစ္လည္း အသုံးျပဳနိုင္သည္။

တ႐ုတ္စံကားပန္းပင္အေခါက္ကို နိုင္ငံအသီးသီးတြင္ အဖ်ားျဖတ္ေဆး၊ အနာေပ်ာက္ေဆးႏွင့္ ဝမ္းႏုတ္ေဆးအျဖစ္ အသုံးျပဳေလ့ရွိသည္။

အ႐ြက္ကို မီးကင္ၿပီးလွ်င္ ေဖာေရာင္ေနေသာေနရာတြင္ အုံေပးပါက ေဖာေရာင္ျခင္း ေပ်ာက္ကင္းနိုင္သည္ဟု ဆို၏။

အဖူးကို ကြမ္း႐ြက္ ႏွင့္ေရာ၍ အဖ်ားျဖတ္ေဆးအျဖစ္လည္း အသုံးျပဳတတ္ၾကသည္။

ျမန္မာေဆးက်မ္းမ်ား အလိုအရ တ႐ုတ္စံကားသည္ စပ္၊ ခါး ၊ ဖန္ေသာ အရသာ ရွိ၍ ပူေသာ သတၱိ ရွိ၏။ ဆီး ၊ ဝမ္း ကို ႐ႊင္ ေစသည္။ သလိပ္ ေလကို ေၾကေစသည္။ ႏူနာ ၊ အနာေပါက္ ၊ ဝမ္းဗိုက္ ေရာဂါ တို႔ကို ေပ်ာက္ကင္း ေစနိုင္သည္။

တ႐ုတ္စံကားပင္၏ အေခါက္ႏွင့္ အကိုင္းမွ ထြက္ေသာ နို႔ႏွစ္ ေရာင္အေစးကို ဝမ္းႏုတ္ေဆး အျဖစ္သုံးသည္။

တ႐ုတ္စံကားပင္မွ ထြက္ေသာ နို႔ႏွစ္ ေရာင္အေစးသည္ ဝမ္းဗိုက္ေရာင္ေရာဂါ ၊ ဝမ္းဗိုက္ထိုးေအာင့္ေရာဂါကို ေပ်ာက္ကင္း ေစ၏။

တ႐ုတ္စံကား႐ြက္ကို စားျခင္း ျဖင့္ လည္းေကာင္း ၊ အပြင့္ ကို ျပဳတ္တို႔ ျခင္းျဖင့္ လည္းေကာင္း ၊ မန္က်ည္းရည္ႏွင့္ ျပဳတ္၍ သနပ္လက္သုပ္ လုပ္စားျခင္းျဖင့္ လည္းေကာင္း ဆီးဝမ္းကို ႐ႊင္ေစ၍ သလိပ္ေလကို ေၾကေစသည္။

Ref :hellosayarwom

အရွင္နာဂသိန္ ပုံျပေဆးအဘိဓာန္

credit:မူရင္းေရးသားသူကို ေလးစားစြာျဖင့္

Leave a Reply

Your email address will not be published. Required fields are marked *