Menu Close

ဆေးဖက်ဝင် ရေဝါးရွက်

ဆေးဖက်ဝင် ရေဝါးရွက်

 

ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ဆီးချိုရောဂါက အချိန်ကြာလာတဲ့အခါ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ် ထိခိုက်တာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဆီးချိုရှိသူတွေ အနေနဲ့ ရေဝါးရွက်ကို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့နဲ့ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက် အဆီအနှစ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။

သွေးတိုးရောဂါ

ရေဝါးရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးပေါင်ကို ထိန်းညှိပေးတာပါ။ သွေးတိုးတာကို သက်သာစေဖို့အတွက် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်က သွေးပေါင်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေအတွက် သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။

ရေဝါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာစေတယ်

မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံ နဲ့ ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်

အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။

အရောင်ကျစေနိုင်တယ်

ရေဝါးရွက်က အဆစ်တွေ ရောင်တာ၊ အရေပြား ရောင်တာ၊ ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ရေဝါးရွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

ရေဝါးရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

Credit: hellosayarwom

 

ေဆးဖက္ဝင္ ေရဝါး႐ြက္

 

ဆီးခ်ိဳေရာဂါက ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစတဲ့ က်န္းမာေရး ျပႆနာ တစ္ခုပါ။ဆီးခ်ိဳေရာဂါက အခ်ိန္ၾကာလာတဲ့အခါ အသက္အႏၲရာယ္ကို ထိခိုက္ေစႏိုင္သလို ေက်ာက္ကပ္ ထိခိုက္တာ အပါအဝင္ ျပင္းထန္တဲ့ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ဒါေၾကာင့္ ဆီးခ်ိဳရွိသူေတြအေနနဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

ဆီးခ်ိဳရွိသူေတြ အေနနဲ႔ ေရဝါး႐ြက္ကို ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိဖို႔နဲ႔ ဆီးခ်ိဳေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြကို ကာကြယ္ဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။ ေရဝါး႐ြက္ အဆီအႏွစ္ေတြက ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစႏိုင္ပါတယ္။

ေသြးတိုးေရာဂါ

ေရဝါး႐ြက္ရဲ႕ ေနာက္ထပ္ က်န္းမာေရး အာနိသင္ တစ္ခုကေတာ့ ေသြးေပါင္ကို ထိန္းညႇိေပးတာပါ။ ေသြးတိုးတာကို သက္သာေစဖို႔အတြက္ ေရဝါး႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။ ေရဝါး႐ြက္က ေသြးေပါင္ကို ထိန္းညႇိေပးႏိုင္တာေၾကာင့္ ေသြးတိုးရွိသူေတြအတြက္ သဘာဝ ေဆးဖက္ဝင္ အပင္တစ္မ်ိဳးပါ။

ေရဝါး႐ြက္က ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးသလို ေသြးေပါင္ခ်ိန္ကိုလည္း ထိန္းညႇိေပးႏိုင္ပါတယ္။

အသားအေရ က်န္းမာေစတယ္

မ်က္ႏွာေပၚက အမည္းစက္ေတြ၊ ဝက္ၿခံ နဲ႔ ဆားဝက္ၿခံေတြ သက္သာေစဖို႔ဆိုရင္ ေရဝါး႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။ ေရဝါး႐ြက္ကို ႀကိတ္ၿပီး မ်က္ႏွာေပၚက ဝက္ၿခံေတြမွာ အသုံးျပဳေပးလို႔ ရပါတယ္။

အေရျပား ျပႆနာ ကင္းေစတယ္

အေရျပားမွာ ျဖစ္တတ္တဲ့ ေပြး၊ ဝဲ၊ ညႇင္းတို႔လိုမ်ိဳး အေရျပားျပႆနာေတြ ကင္းေစဖို႔နဲ႔ သက္သာေစဖို႔ဆိုရင္လည္း ေရဝါး႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။ အရျပားျပႆနာ အမ်ိဳးမ်ိဳးကို သက္သာေစဖို႔အတြက္ အသုံးျပဳေပးလို႔ရတဲ့ သဘာဝ အပင္တစ္မ်ိဳးပါ။

အေရာင္က်ေစႏိုင္တယ္

ေရဝါး႐ြက္က အဆစ္ေတြ ေရာင္တာ၊ အေရျပား ေရာင္တာ၊ ဝက္ၿခံေၾကာင့္ အေရျပားေတြကို ေရာင္ရမ္းတာကို သက္သာေစဖို႔အတြက္လည္း ေရဝါး႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။

ေဘးထြက္ဆိုးက်ိဳး

ေရဝါး႐ြက္က ေဘးထြက္ဆိုးက်ိဳး ႀကီးႀကီးမားမား မရွိပါဘူး။ တန္ေဆး လြန္ေဘး ဆိုသလို အမ်ားႀကီး စားမိရင္ ေသြးေပါင္က်တာ၊ ေသြးတြင္းသၾကားဓာတ္ က်ဆင္းတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

သတိထားရမယ့္ အခ်က္ေတြ

ဆီးခ်ိဳရွိသူေတြအေနနဲ႔ေတာ့ ဆီးခ်ိဳေဆးနဲ႔ အတူ တြဲေသာက္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေသြးတြင္းသၾကားဓာတ္ အလြန္အကြၽံ က်ဆင္းသြားႏိုင္လို႔ပါ။

ေသြးတိုးရွိသူေတြအေနနဲ႔ေတာ့ ေသြးက်ေဆးနဲ႔ အတူ တြဲေသာက္တာမ်ိဳး မလုပ္သင့္ပါဘူး။ေသြးေပါင္က်ဆင္းတာမ်ိဳး ျဖစ္ေစႏိုင္တာေၾကာင့္ပါ။

အစာဓာတ္မတည့္မႈ ျဖစ္ေစႏိုင္တာေၾကာင့္ ဓာတ္မတည့္မႈ ခံစားဖူးသူေတြအေနနဲ႔ သတိထားဖို႔ လိုပါမယ္။

ေရဝါး႐ြက္နဲ႔ ပတ္သက္ၿပီး ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ဆက္လက္ေလ့လာဖို႔ လိုပါေသးတယ္။သဘာဝေဆးဖက္ဝင္ဆိုေပမယ့္ ဓာတုေဗဒနည္းအရ သန္႔စင္ထားျခင္း မရွိရင္ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ ျဖစ္ႏိုင္တာကို သိထားရန္ လိုအပ္ပါတယ္။

Credit: hellosayarwom

Leave a Reply

Your email address will not be published. Required fields are marked *