Menu Close

ဆေးဖက်၀င်ရှောက်ဘီလူး

ဆေးဖက်၀င်ရှောက်ဘီလူး

 

ရှောက်နုသီး ၊ရှောက်ပုပ်သီး၊ ရှောက်ဘီလူးသီး တောရှောက်ခါးသီး  အကြောင်းလေးပါ နော်

ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့် ဆေးဖက်ဝင်တာတော့အမှန်ပါ။အရုပ်ဆိုးတယ်ဆိုတဲ့ ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ

 

 

ရှောက်ဘီလူးသီးဆိုတာ

သံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။

အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။

ရှောက်ဘီလူးသီးကနေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ

ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်း ခြမ်းပြီး သွားတွေ၊ သွားဖုံး တွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။

သွေးသန့်စေနိုင်တယ်

သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။ သွေးထဲမှာရှိတဲ့ pathogens တွေကိုဖယ်ရှားပေးပြီး သွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။

အင်းဆက်တွေကိုနှိမ်နှင်းနိုင်တယ်

အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့် ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်း ရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။

အသားအရေအတွက် ကောင်းကျိုးပြုတယ်

ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းတေါနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်နေတာကြောင့် ဆဲလ်တွေကို ပြုပြင်ပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။

နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ်

အရိုးအဆစ်နာကျင်ရောင်ရမ်းမှု၊ ဂေါက်ရောဂါအပါအဝင် အရိုးအဆစ်ရောင်ရမ်းနာကျင်မှုတွေအတွက် အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။စိတ်ဖိစီးမှုများတဲ့ အခါ ရှောက်ဘီလူးသီးကို ရှုပေးပါ။ စိတ်ပူပန်မှုသက်သာစေဖို့အတွက်လည်း ရှောက်ဘီလူးသီးကို ရှုပေးလို့ရပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပြီး ဗောက်မထအောင်ကာကွယ်ပေးနိုင်ပါတယ်။ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။

Crd to original uploader

 

Zawgyi

ေဆးဖက္၀င္ေရွာက္ဘီလူး

 

ေရွာက္ႏုသီး ၊ေရွာက္ပုပ္သီး၊ ေရွာက္ဘီလူးသီး ေတာေရွာက္ခါးသီး  အေၾကာင္းေလးပါ ေနာ္

ေရွာက္ဘီလူးက ၾကည့္လိုက္ရင္ အခြံမွာ အဖုအထစ္ေတြနဲ႕ ၾကည့္ရဆိုးေပမယ့္ ေဆးဖက္ဝင္တာေတာ့အမွန္ပါ။အ႐ုပ္ဆိုးတယ္ဆိုတဲ့ ေရွာက္ဘီလူးသီးေလးက ဘယ္လိုေဆးဖက္ဝင္တာလဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဆက္ၾကည့္လိုက္ၾကမယ္ေလ

 

 

ေရွာက္ဘီလူးသီးဆိုတာ

သံပုရာသီးအ႐ြယ္အစားေလာက္ပဲရွိၿပီး အခြံကေတာ့ သံပုရာသီးလို လုံးေခ်ာေလးမဟုတ္ဘဲ ဖုေတြ ထစ္ေတြနဲ႕ေပါ့။ အခ်ဥ္အရသာရွိၿပီး အတြင္းကေတာ့ သံပုရာသီးနဲ႕ ခပ္ဆင္ဆင္ပါ။ အခြံကိုလည္း ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္သုံးလို႔ရပါတယ္။ အထူးသျဖင့္ ထိုင္းအစားအစာေတြထဲမာ ထည့္သုံးၾကတာမ်ားပါတယ္။ ျမန္မာလူမ်ိဳးေတြ ခံတြင္းေတြ႕ၾကတဲ့ တုန္ယမ္းဟင္းရည္ထဲမွာ အေမႊးအႀကိဳင္အတြက္ ေရွာက္ဘီလူးသီး အခြံကို ထည့္သုံးၾကပါတယ္။

ေရွာက္ဘီလူးသီးကေနရရွိမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြက ဘာေတြမ်ားလဲ

ေရွာက္ဘီလူးသီး စားသုံးမႈက အခုလိုက်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရရွိေစနိုင္ပါတယ္။

ခံတြင္းက်န္းမာေစနိုင္တယ္

အသီးကို စားေပးရင္ျဖစ္ျဖစ္ ထက္ျခမ္း ျခမ္းၿပီး သြားေတြ၊ သြားဖုံး ေတြေပၚမွာ ပြတ္တိုက္ေပးရင္ျဖစ္ျဖစ္ ခံတြင္းကို က်န္းမာေစၿပီး သြားဖုံးနဲ႕ သြားေတြမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားေတြကို အထိေရာက္ဆုံးတိုက္ဖ်က္ေပးနိုင္ပါတယ္။ သြားတိုက္ေဆးနဲ႕အတူေရာၿပီးေတာ့လည္း သုံးေပးလို႔ရပါတယ္။

ေသြးသန႔္ေစနိုင္တယ္

ေသြးနဲ႕ပတ္သက္တဲ့ေရာဂါေတြ။နာတာရွည္ေသြးေရာဂါေတြခံစားေနရတဲ့ သူေတြနဲ႕အထူးသင့္ေတာ္ပါတယ္။ ေသြးထဲမွာရွိတဲ့ pathogens ေတြကိုဖယ္ရွားေပးၿပီး ေသြးသန႔္ေစနိုင္ပါတယ္။ အသည္းနဲ႕ ခႏၶာကိုယ္တြင္းထဲက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးနိုင္ပါတယ္။

အစာေျခစနစ္က်န္းမာေစနိုင္တယ္

ေရွာက္ဘီလူးသီးမွာပါတဲ့ ျဒပ္ေပါင္းေတြကနာက်င္ေရာင္ရမ္းမႈကို ေလ်ာ့က်ေစၿပီး အစာေျခစနစ္ကို က်န္းမာေစနိုင္ပါတယ္။ဝမ္းခ်ဳပ္တာ၊ အစာမေၾကတာ၊ အစာအိမ္အနာျဖစ္တာ၊ အူမႀကီးကင္ဆာ လိပ္ေခါင္းေရာဂါရွိသူေတြနဲ႕ သင့္ေတာ္ပါတယ္။

အင္းဆက္ေတြကိုႏွိမ္ႏွင္းနိုင္တယ္

အင္းဆက္ေတြကို ႏွိမ္ႏွင္းေပးနိုင္တ့ အာနိသင္ရွိၿပီး အင္းဆက္ေတြေၾကာင့္ ျဖစ္တဲ့ေရာဂါေတြကိုကာကြယ္ေပးနိုင္ပါတယ္။ အေရျပားမွာ အင္းဆက္ကိုက္ခံရတာေတြအတြက္လည္း ေရွာက္ဘီလူးသီးကို သုံးေပးလို႔ရပါတယ္။

အသားအေရအတြက္ ေကာင္းက်ိဳးျပဳတယ္

ေရွာက္ဘီလူးသီးအရည္ကို အလွကုန္ပစၥည္းေတါနဲ႕ တြဲသုံးေပးတာက အသားအေရကို ၾကည္လင္လွပေစနိုင္ပါတယ္။ဓာတ္တိုးဆန႔္က်င္ ပစၥည္းပါဝင္ေနတာေၾကာင့္ ဆဲလ္ေတြကို ျပဳျပင္ေပးၿပီး ညစ္ညမ္းမႈေတြေၾကာင့္ ထိခိုက္နိုင္ေျခကိုေလွ်ာ့ခ်ေပးပါတယ္။ အေရျပားကို က်န္းမာလွပေစမယ့္ သဘာဝေဆးတစ္မ်ိဳးပါ။

နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစနိုင္တယ္

အရိုးအဆစ္နာက်င္ေရာင္ရမ္းမႈ၊ ေဂါက္ေရာဂါအပါအဝင္ အရိုးအဆစ္ေရာင္ရမ္းနာက်င္မႈေတြအတြက္ အထိေရာက္ဆုံးသက္သာေစနိုင္မွာပါ။ေခါင္းကိုက္တာ၊ ေခါင္းတစ္ျခမ္းကိုက္တာေတြကိုပါ သက္သာေစနိုင္ပါတယ္။

စိတ္ဖိစီးမႈကို သက္သာေစနိုင္တယ္

စိတ္ဖိစီးမႈနဲ႕ အာ႐ုံေၾကာျပႆနာအမ်ိဳးမ်ိဳးအတြက္လည္း ေရွာက္ဘီလူးသီးက အစြမ္းထက္ပါတယ္။စိတ္ဖိစီးမႈမ်ားတဲ့ အခါ ေရွာက္ဘီလူးသီးကို ရႈေပးပါ။ စိတ္ပူပန္မႈသက္သာေစဖို႔အတြက္လည္း ေရွာက္ဘီလူးသီးကို ရႈေပးလို႔ရပါတယ္။

ကိုယ္ခံအားေကာင္းေစနိုင္တယ္

ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးနိုင္ၿပီး ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတာေၾကာင့္ ကိုယ္ခံအားစနစ္ကို တိုးတက္ေစနိုင္ပါတယ္။အသားအေရကေနစလို႔ ကိုယ္တြင္း အဂၤါေတြအထိ က်န္းမာေစနိုင္ပါတယ္။

ဆံသားက်န္းမာေစနိုင္တယ္

ေရွာက္ဘီလူးသီးရဲ႕ အရည္ကေရာ အ႐ြက္ကပါ ဆံသားနဲ႕ ဦးေရျပားကို က်န္းမာေစနိုင္ပါတယ္။ဦးေရျပားကို အစိုဓာတ္ ထိန္းေပးနိုင္ၿပီး ေဗာက္မထေအာင္ကာကြယ္ေပးနိုင္ပါတယ္။ဆံသားကို အေရာင္ေတာက္ေစနိုင္ၿပီး လွပေနေစမွာပါ။

Crd to original uploader

Leave a Reply

Your email address will not be published. Required fields are marked *