Menu Close

ဆေးဖက်၀င် ထိကရုံး

ဆေးဖက်၀င် ထိကရုံးပင် အကြောင်း

 

သိမှတ်ဖွယ်ရာ အဖြာဖြာ

ထိကရုံးပင်များဟာ ဆူးဖြူမျိုးရင်း၀င်ဖြစ် ဖြစ်ပါတယ်။

(အပင်၏ ပုံသဏ္ဌာန်) အပင်ပျော့ငယ်မျိုး ဖြစ်ပါတယ်။ အရိုင်းပေါက်ပင်ဖြစ်၍ ဆူးများပါရှိကြပါတယ်။ အခက်အလက် များပေါ်တွင် အမွှေးကြမ်းများ ပါရှိနေကြပြီး ရိုးတံမှာ အနီရောင် ဖြစ်ပါတယ်။

(အရွက်၏ပုံသဏ္ဌာန်)    ရှားရွက်ကဲ့သို့ သေးငယ်ပါတယ်။ ခါငှက်မွှေး ရွက်ပေါင်းဖြစ်၍ ၎င်းအရွက်များကို ထိမိပါက အိပ်နေသကဲ့သို့ တွန့်ရှုံ့ကပ်သွားပြီးသောအံ့ဖွယ် အပင်တစ်မျိုး ဖြစ်ပါတယ်။

ရွက်ညှာ မရှိသလောက် ဖြစ်ပါတယ်။

ရွက်မြွှာများမှာ ကျဉ်းမြောင်း၍ ရှည်မျောမျောပုံဖြစ်ပြီး ရွက်ပြားကာ ပြောင်ချောလို့နေပါတယ်။ (အပွင့်၏ ပုံသဏ္ဌာန်) အပွင့်သေး၍ ပန်းရောင် ဖြစ်ပါတယ်။

ပန်းခိုင်မှာ ထီးတည်း ထွက်လေ့ရှိပြီး၊ ၎င်းပန်းခိုင်ထိပ်တွင် ပန်းပွင့်လေးများက ဘောလုံး သဏ္ဌာန်စုပြုံ ပွင့်ကြပါတယ်။

နန်းလုံးကြိုင် ပန်းပွင့်နှင့် ဆင်တူပါတယ်။

ဝါခေါင်၊  တော်သလင်းလများတွင် ပန်းပွင့်လေ့ ရှိပါတယ်။

(အသီး၏ ပုံသဏ္ဌာန်) လက်မ၀က် (၁/၂ လက်မ) ခန့်ရှည်၍ ပြားပါတယ်။ အပေါ်ဘက်သို့အနည်းငယ်ကွေးပါတယ်။ အသီးထဲတွင် အစေ့ ၃ – ၄ စေ့ ပါရှိကြပါတယ်။

တန်ဆောင်မုန်း၊ နတ်တော်လ များတွင် အသီးသီးလေ့ရှိပါတယ်။

ထိကရုံးပင်နှင့် ကျန်းမာရေး

 

shweu

 

ထိကရုံးဟု ဆိုရာတွင် ကုန်းထိကရုံးနှင့် ရေထိကရုံးဟူ၍ နှစ်မျိုးရှိပါတယ်။ ကုန်းထိကရုံးကို ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပါတယ်။

ထိကရုံးပင်များဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ

သဘာ၀အလျောက် ပေါက်ရောက်လေ့ရှိပြီး၊ အရွက်၊ အမြစ်၊ ပဉ္စငါးပါးလုံး ဆေးဖက်၀င်ပါတယ်။

မြန်မာ့ ဆေးကျမ်းများ အလိုအရ ကုန်းထိကရုံးသည် ခါး-ဖန်သော အရသာရှိ၏။ အေးသောသတ္တိရှိ၏။

သလိပ်သည်းခြေတို့ကို ငြိမ်းစေ၏ဟု ဖော်ပြထားပါတယ်။

အရွက်၏ အသုံး၀င်ပုံ

အရွက်ကို ကြိတ်၍ ဆီးခုံပေါ်အုံပေးပါက ဆီးလွန်၊ ဆီးများခြင်း ရောဂါကို ပျောက်စေပါတယ်။ လိပ်ခေါင်း ရောဂါအတွက် ထိကရုံးပင်အရွက်ကို နွားနို့နှင့် ကြိုသောက်ပါ။

လတ်ဆတ်သော ထိကရုံး အရွက်နုနုများကို သန့်စင်စေရန် ဆေးကြော၍ ငါးမြွေထိုးခြောက်နှင့် ကြော်စားပေးခြင်း အားဖြင့် အင်္ဂါဇာတ်များ အောင့်ခြင်း၊ ကိုက်ခဲခြင်း၊ တုတ်ကောင်ရှိသောရောဂါ၊ ဒူလာသွေး ၀မ်းရောဂါတို့ကို ပျောက်ကင်း သက်သာစေပါတယ်။

လတ်လတ်သော အရွက်များကို ရေနှင့် သန့်စင်စွာဆေးကြောပြီးနောက် အခြောက်လှန်းကာ အမှုန့်ပြုလုပ်၍ လေ့လုံအောင် ပုလင်းနှင့်ထည့်ထားပါ။

အသုံးပြုလိုသောအခါတွင် ကျွဲနို့နှင့်ဖြစ်စေ၊ နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ၊ နို့တစ်ခွက်ကို အပူပေးကာ လက်ဖက်ခြောက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထည့်ပြီး သောက်ပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ဤဆေးလက်ဖက်ရည်ကို ဝေဒနာရှင်များအနေဖြင့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးရပါ့မယ်။ ခန္ဓာကိုယ်ယားယံခြင်း၊ ဝဲရောဂါနှင့် နူနာရောဂါဖြစ်ခါစများ အတွက်ကိုလည်း လတ်ဆတ်ပြီး ရေနှင့်သန့်စင်ထားသော ထိကရုံးရွက်ကို ကန့်မှုန့်အနည်းငယ်မျှ ရောစပ်၍ လိမ်းဆေးအဖြစ် ဖော်စပ်ကာ လိမ်းပေးနိုင်ပါတယ်။

အရွက်နှင့်ပင်စည်တို့ကို သကြားနှင့် ပြုတ်သောက်ပေးပါက ဆီးရောဂါများကို ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင် ဆီးအောင့်ခြင်း၊ ဆီးပုပ်ခြင်း၊ ဆီးအနီသွေးကျခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးနီဥ နည်းပါးခြင်း၊ အင်္ဂါဇာတ်တွင် အနာအဆာဖြစ်ခြင်း တို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

အသားဝါရောဂါ  ဖျားနာခြင်းအတွက် ထိကရုံးပင်၏ အရွက်လတ်လတ်ဆတ်ဆတ်ကို ကြိတ်ချေ၍ ဖျော်ရည်အဖြစ် သောက်ပေးပါ။

ခုနစ်ရက် အတွင်းမှာပင် အဖျားသိသိသာသာ ကျသွားပြီး၊ ရက်သတ္တ နှစ်ပတ်အတွင်းမှာပင် အသားဝါ ရောဂါလုံး၀ ပျောက်ကင်းသွားပါလိမ့်မယ်။

အဆုတ်တီဘီနာ ရောဂါအတွက်ကိုလည်း ထိကရုံးအရွက်ကို ကြိတ်ချေ၍ ရလာသော ဖျော်ရည် ၄၀ မီလီဂရမ်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။ အစာမကျေခြင်း (သို့) မကြာခဏ လေချဉ်တက်ခြင်းအတွက် ကိုတော့အရွက်ဖျော်ရည် ၃၀ မီလီဂရမ် သောက်ပေးနိုင်ပါတယ်။

 

 

အမြစ်၏ အသုံး၀င်ပုံ

အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာအမျိုးမျိုးမှ အမြစ်များ ထွက်လာစေပါတယ်။

အမြစ်ကိုပြုတ်၍ တစ်နေ့သုံးကြိမ် တိတိ သောက်သုံးပါက ဆီးအိမ်၌တည်သော ကျောက်ကို ကွဲကျစေပြီး ဆီးကောင်းစေပါတယ်။

လိပ်ခေါင်းရောဂါအတွက် ထိကရုံးပင် အမြစ်ကို သွေး၍ လိမ်းပေးပါ။

(သို့) အပင်၏အမြစ်ကို အခြောက်ခံ အမှုန့်ကြိတ်၍ ၎င်းဆေးမှုန့် လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာ ပမာဏကို နွားနို့ဖြင့်သောက်ပါ။

ဤနည်းအတိုင်း တစ်နေ့ သုံးကြိမ်သောက်ပါ။ အအေးမိ၍ ချောင်းဆိုးခြင်းအတွက် အပင်၏အမြစ်ကို လက်တစ်ဆစ်ခန့် ဖြတ်တောက်ပြီးနောက် လည်ပင်းတွင် လက်ကိုင်ပုဝါဖြင့် ချည်နှောင်ပတ်ထားပေးခြင်းဖြင့် ချောင်းဆိုးခြင်းဝေဒနာကို ပျောက်ကင်းနိုင်ပါတယ်။

သွေး၀မ်း သွားခြင်းအတွက် အပင်၏ အမြစ်မှုန့်ကို ရေဖြင့်သောက်ပါ။ (သို့) သန့်စင်ဆေးကြောထားသော အပင်၏အမြစ်ကိုသောက်ရေဖန်ခွက်ထဲမှာ စိမ်၍ ၎င်းဆေးရည်ကို သောက်ပေးပါ။

(အမြစ်ကို ဝါးစားရန် မလိုအပ်ပေ) အမျိုးသမီးများ ရင်သားပျော့အိတွဲကျခြင်း အတွက် ထိကရုံးပင်၏ အမြစ်(အစို)ကို ချယ်ရီသီးပင်၏ အမြစ်(အစို) ဖြင့် ဆတူရော ကျိတ်၍ရလာသောအနှစ်ကို ရင်သားပေါ်သို့ တစ်နေ့ တစ်ကြိမ် လိမ်းကျံပေးပါ။

ဤနည်းအတိုင်း ရက်သတ္တပတ်ခန့် လိမ်းကျံပေးခြင်းဖြင့် ရင်သားများ သိသိသာသာ တင်းရင်း လာပါလိမ့်မယ်။

ဆီးချိုရောဂါသည်များ အတွက် သတင်းကောင်းလေးပါ။

အပင်၏အမြစ်ကို ပြုတ်၍ ရလာသော ဆေးရည် ၁၀၀ မီလီလီတာကို နေ့စဉ်သောက် သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ သကြားပမာဏ မျှတသွားစေပါလိမ့်မယ်။

ပဉ္စငါးပါး အသုံး၀င်ပုံ

ထိကရုံး တစ်ပင်လုံး အမြစ်ပါမကျန် ပဉ္စငါးပါးကို ကြိတ်၍ ရေနှင့်ဖျော်လူးပါက ခန္ဓာကိုယ် ဖောရောင်ခြင်းကို ကျစေပါတယ်။ ရောင်အမ်းသော အနာအမျိုးမျိုး အတွက် ထိကရုံးပဉ္စငါးပါးကို ကြိတ်၍ရလာသော အရည်ဖြင့် ၎င်းင်းအနာပေါ်သို့ သုတ်လိမ်းပေးခြင်းဖြင့်သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ပဉ္စငါးပါးကို ကျို၍ သကြားနှင့်သောက်ပါက သွေးအန်၊ သွေးကျ၊ ၀မ်းသက်ရောဂါတို့ကို ပျောက်ကင်းစေပါတယ်။ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ်လည်း ဤနည်းအတိုင်း ဖော်စပ် အသုံးပြုနိုင်ပါတယ်။

ဆီးရောဂါသည်များအတွက် သတင်းကောင်းလေးပါ။ ထိကရုံးတစ်ပင်လုံးကို ထန်းလျက်နှင့်ပြုတ်ပြီး ဆေးရည်ကို လူကြီးဆေးတစ်ခွက်စာ ပမာဏအတွက်  ဟင်းစားဇွန်းဖြင့့် တစ်ဇွန်းတိတိကို တစ်နေ့ နှစ်ကြိမ် တိုက်ကျွေးပေးပါ။

နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ကျွေးပေးခြင်းဖြင့် ဆီးအောင့်ခြင်း၊ ဆီးဝါခြင်း၊ ဆီးနီခြင်းတို့ကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ သည်းခြေဖောက်ပြန်ခြင်းကြောင့် ရူးတတ်သောရောဂါ၊ စိတ်ရောဂါအဖြစ် ငိုလိုက်၊ ရယ်လိုက် ဖြစ်တတ်သော ရောဂါများကိုလည်း ဤနည်းအတိုင်း ကုသနိုင်ပါတယ်။

ပေါက်ပေါက်

မြန်မာတောင်သူကြီးများ ဂျာနယ်

ကျန်းမားရေးနှင့်ဆိုင်သော ဗဟုသုတ ဆောင်းပါး မျိုးစုံကို နေ့စဉ်အခမဲ့ ဖတ်ရှုနိုင်ပါပြီ။

 

Zawgyi

 

ေဆးဖက္၀င္ ထိက႐ုံးပင္ အေၾကာင္း

 

သိမွတ္ဖြယ္ရာ အျဖာျဖာ

ထိက႐ုံးပင္မ်ားဟာ ဆူးျဖဴမ်ိဳးရင္း၀င္ျဖစ္ ျဖစ္ပါတယ္။ (အပင္၏ ပုံသဏၭာန္) အပင္ေပ်ာ့ငယ္မ်ိဳး ျဖစ္ပါတယ္။ အရိုင္းေပါက္ပင္ျဖစ္၍ ဆူးမ်ားပါရွိၾကပါတယ္။ အခက္အလက္ မ်ားေပၚတြင္ အေမႊးၾကမ္းမ်ား ပါရွိေနၾကၿပီး ရိုးတံမွာ အနီေရာင္ ျဖစ္ပါတယ္။

(အ႐ြက္၏ပုံသဏၭာန္)    ရွား႐ြက္ကဲ့သို႔ ေသးငယ္ပါတယ္။ ခါငွက္ေမႊး ႐ြက္ေပါင္းျဖစ္၍ ၎အ႐ြက္မ်ားကို ထိမိပါက အိပ္ေနသကဲ့သို႔ တြန့္ရႈံ႕ကပ္သြားၿပီးေသာအံ့ဖြယ္ အပင္တစ္မ်ိဳး ျဖစ္ပါတယ္။

႐ြက္ညွာ မရွိသေလာက္ ျဖစ္ပါတယ္။ ႐ြက္ႁမႊာမ်ားမွာ က်ဥ္းေျမာင္း၍ ရွည္ေမ်ာေမ်ာပုံျဖစ္ၿပီး ႐ြက္ျပားကာ ေျပာင္ေခ်ာလို႔ေနပါတယ္။ (အပြင့္၏ ပုံသဏၭာန္) အပြင့္ေသး၍ ပန္းေရာင္ ျဖစ္ပါတယ္။

ပန္းခိုင္မွာ ထီးတည္း ထြက္ေလ့ရွိၿပီး၊ ၎ပန္းခိုင္ထိပ္တြင္ ပန္းပြင့္ေလးမ်ားက ေဘာလုံး သဏၭာန္စုၿပဳံ ပြင့္ၾကပါတယ္။ နန္းလုံးႀကိဳင္ ပန္းပြင့္ႏွင့္ ဆင္တူပါတယ္။  ဝါေခါင္၊  ေတာ္သလင္းလမ်ားတြင္ ပန္းပြင့္ေလ့ ရွိပါတယ္။

(အသီး၏ ပုံသဏၭာန္) လက္မ၀က္ (၁/၂ လက္မ) ခန့္ရွည္၍ ျပားပါတယ္။ အေပၚဘက္သို႔အနည္းငယ္ေကြးပါတယ္။ အသီးထဲတြင္ အေစ့ ၃ – ၄ ေစ့ ပါရွိၾကပါတယ္။

တန္ေဆာင္မုန္း၊ နတ္ေတာ္လ မ်ားတြင္ အသီးသီးေလ့ရွိပါတယ္။

ထိက႐ုံးပင္ႏွင့္ က်န္းမာေရး

ထိက႐ုံးဟု ဆိုရာတြင္ ကုန္းထိက႐ုံးႏွင့္ ေရထိက႐ုံးဟူ၍ ႏွစ္မ်ိဳးရွိပါတယ္။ ကုန္းထိက႐ုံးကို ေဆးဝါးေဖာ္စပ္ရာတြင္ အသုံးျပဳေလ့ရွိပါတယ္။

ထိက႐ုံးပင္မ်ားဟာ ျမန္မာနိုင္ငံ အႏွံ႕အျပားမွာ သဘာ၀အေလ်ာက္ ေပါက္ေရာက္ေလ့ရွိၿပီး၊ အ႐ြက္၊ အျမစ္၊ ပၪၥငါးပါးလုံး ေဆးဖက္၀င္ပါတယ္။

ျမန္မာ့ ေဆးက်မ္းမ်ား အလိုအရ ကုန္းထိက႐ုံးသည္ ခါး-ဖန္ေသာ အရသာရွိ၏။ ေအးေသာသတၱိရွိ၏။ သလိပ္သည္းေျခတို႔ကို ၿငိမ္းေစ၏ဟု ေဖာ္ျပထားပါတယ္။

 

 

အ႐ြက္၏ အသုံး၀င္ပုံ

အ႐ြက္ကို ႀကိတ္၍ ဆီးခုံေပၚအုံေပးပါက ဆီးလြန္၊ ဆီးမ်ားျခင္း ေရာဂါကို ေပ်ာက္ေစပါတယ္။ လိပ္ေခါင္း ေရာဂါအတြက္ ထိက႐ုံးပင္အ႐ြက္ကို ႏြားနို႔ႏွင့္ ႀကိဳေသာက္ပါ။

လတ္ဆတ္ေသာ ထိက႐ုံး အ႐ြက္ႏုႏုမ်ားကို သန့္စင္ေစရန္ ေဆးေၾကာ၍ ငါးေႁမြထိုးေျခာက္ႏွင့္ ေၾကာ္စားေပးျခင္း အားျဖင့္ အဂၤါဇာတ္မ်ား ေအာင့္ျခင္း၊ ကိုက္ခဲျခင္း၊ တုတ္ေကာင္ရွိေသာေရာဂါ၊ ဒူလာေသြး ၀မ္းေရာဂါတို႔ကို ေပ်ာက္ကင္း သက္သာေစပါတယ္။

လတ္လတ္ေသာ အ႐ြက္မ်ားကို ေရႏွင့္ သန့္စင္စြာေဆးေၾကာၿပီးေနာက္ အေျခာက္လွန္းကာ အမႈန့္ျပဳလုပ္၍ ေလ့လုံေအာင္ ပုလင္းႏွင့္ထည့္ထားပါ။

အသုံးျပဳလိုေသာအခါတြင္ ကြၽဲနို႔ႏွင့္ျဖစ္ေစ၊ ႏြားနို႔ႏွင့္ျဖစ္ေစ၊ ဆိတ္နို႔ႏွင့္ျဖစ္ေစ၊ နို႔တစ္ခြက္ကို အပူေပးကာ လက္ဖက္ေျခာက္မႈန့္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ထည့္ၿပီး ေသာက္ေပးျခင္းျဖင့္ လိပ္ေခါင္းေရာဂါ၊ ျမင္းသရိုက္ ေရာဂါမ်ားကို သက္သာ ေပ်ာက္ကင္းေစနိုင္ပါတယ္။

ဤေဆးလက္ဖက္ရည္ကို ေဝဒနာရွင္မ်ားအေနျဖင့္ နံနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေသာက္ေပးရပါ့မယ္။ ခႏၶာကိုယ္ယားယံျခင္း၊ ဝဲေရာဂါႏွင့္ ႏူနာေရာဂါျဖစ္ခါစမ်ား အတြက္ကိုလည္း လတ္ဆတ္ၿပီး ေရႏွင့္သန့္စင္ထားေသာ ထိက႐ုံး႐ြက္ကို ကန့္မႈန့္အနည္းငယ္မွ် ေရာစပ္၍ လိမ္းေဆးအျဖစ္ ေဖာ္စပ္ကာ လိမ္းေပးနိုင္ပါတယ္။

အ႐ြက္ႏွင့္ပင္စည္တို႔ကို သၾကားႏွင့္ ျပဳတ္ေသာက္ေပးပါက ဆီးေရာဂါမ်ားကို ကာကြယ္နိုင္ပါတယ္။ ဒါ့ျပင္ ဆီးေအာင့္ျခင္း၊ ဆီးပုပ္ျခင္း၊ ဆီးအနီေသြးက်ျခင္း၊ ႏွာေခါင္းေသြးလွ်ံျခင္း၊ ေသြးနီဥ နည္းပါးျခင္း၊ အဂၤါဇာတ္တြင္ အနာအဆာျဖစ္ျခင္း တို႔ကို ေပ်ာက္ကင္းေစနိုင္ပါတယ္။

အသားဝါေရာဂါ  ဖ်ားနာျခင္းအတြက္ ထိက႐ုံးပင္၏ အ႐ြက္လတ္လတ္ဆတ္ဆတ္ကို ႀကိတ္ေခ်၍ ေဖ်ာ္ရည္အျဖစ္ ေသာက္ေပးပါ။

ခုနစ္ရက္ အတြင္းမွာပင္ အဖ်ားသိသိသာသာ က်သြားၿပီး၊ ရက္သတၱ ႏွစ္ပတ္အတြင္းမွာပင္ အသားဝါ ေရာဂါလုံး၀ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

အဆုတ္တီဘီနာ ေရာဂါအတြက္ကိုလည္း ထိက႐ုံးအ႐ြက္ကို ႀကိတ္ေခ်၍ ရလာေသာ ေဖ်ာ္ရည္ ၄၀ မီလီဂရမ္ကို တစ္ေန႕တစ္ခြက္ေသာက္သုံးေပးျခင္းျဖင့္ သက္သာ ေပ်ာက္ကင္းေစပါတယ္။ အစာမေက်ျခင္း (သို႔) မၾကာခဏ ေလခ်ဥ္တက္ျခင္းအတြက္ ကိုေတာ့အ႐ြက္ေဖ်ာ္ရည္ ၃၀ မီလီဂရမ္ ေသာက္ေပးနိုင္ပါတယ္။

အျမစ္၏ အသုံး၀င္ပုံ

အျမစ္ကိုေသြး၍ လိမ္းေပးျခင္းျဖင့္ အနာအမ်ိဳးမ်ိဳးမွ အျမစ္မ်ား ထြက္လာေစပါတယ္။

အျမစ္ကိုျပဳတ္၍ တစ္ေန႕သုံးႀကိမ္ တိတိ ေသာက္သုံးပါက ဆီးအိမ္၌တည္ေသာ ေက်ာက္ကို ကြဲက်ေစၿပီး ဆီးေကာင္းေစပါတယ္။

လိပ္ေခါင္းေရာဂါအတြက္ ထိက႐ုံးပင္ အျမစ္ကို ေသြး၍ လိမ္းေပးပါ။

 

shweu

 

(သို႔) အပင္၏အျမစ္ကို အေျခာက္ခံ အမႈန့္ႀကိတ္၍ ၎ေဆးမႈန့္ လက္ဖက္ရည္ ဇြန္းတစ္ဇြန္းစာ ပမာဏကို ႏြားနို႔ျဖင့္ေသာက္ပါ။

ဤနည္းအတိုင္း တစ္ေန႕ သုံးႀကိမ္ေသာက္ပါ။ အေအးမိ၍ ေခ်ာင္းဆိုးျခင္းအတြက္ အပင္၏အျမစ္ကို လက္တစ္ဆစ္ခန့္ ျဖတ္ေတာက္ၿပီးေနာက္ လည္ပင္းတြင္ လက္ကိုင္ပုဝါျဖင့္ ခ်ည္ေႏွာင္ပတ္ထားေပးျခင္းျဖင့္ ေခ်ာင္းဆိုးျခင္းေဝဒနာကို ေပ်ာက္ကင္းနိုင္ပါတယ္။

ေသြး၀မ္း သြားျခင္းအတြက္ အပင္၏ အျမစ္မႈန့္ကို ေရျဖင့္ေသာက္ပါ။ (သို႔) သန့္စင္ေဆးေၾကာထားေသာ အပင္၏အျမစ္ကိုေသာက္ေရဖန္ခြက္ထဲမွာ စိမ္၍ ၎ေဆးရည္ကို ေသာက္ေပးပါ။

(အျမစ္ကို ဝါးစားရန္ မလိုအပ္ေပ) အမ်ိဳးသမီးမ်ား ရင္သားေပ်ာ့အိတြဲက်ျခင္း အတြက္ ထိက႐ုံးပင္၏ အျမစ္(အစို)ကို ခ်ယ္ရီသီးပင္၏ အျမစ္(အစို) ျဖင့္ ဆတူေရာ က်ိတ္၍ရလာေသာအႏွစ္ကို ရင္သားေပၚသို႔ တစ္ေန႕ တစ္ႀကိမ္ လိမ္းက်ံေပးပါ။

ဤနည္းအတိုင္း ရက္သတၱပတ္ခန့္ လိမ္းက်ံေပးျခင္းျဖင့္ ရင္သားမ်ား သိသိသာသာ တင္းရင္း လာပါလိမ့္မယ္။ ဆီးခ်ိဳေရာဂါသည္မ်ား အတြက္ သတင္းေကာင္းေလးပါ။ အပင္၏အျမစ္ကို ျပဳတ္၍ ရလာေသာ ေဆးရည္ ၁၀၀ မီလီလီတာကို ေန႕စဥ္ေသာက္ သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲရွိ သၾကားပမာဏ မွ်တသြားေစပါလိမ့္မယ္။

ပၪၥငါးပါး အသုံး၀င္ပုံ

ထိက႐ုံး တစ္ပင္လုံး အျမစ္ပါမက်န္ ပၪၥငါးပါးကို ႀကိတ္၍ ေရႏွင့္ေဖ်ာ္လူးပါက ခႏၶာကိုယ္ ေဖာေရာင္ျခင္းကို က်ေစပါတယ္။ ေရာင္အမ္းေသာ အနာအမ်ိဳးမ်ိဳး အတြက္ ထိက႐ုံးပၪၥငါးပါးကို ႀကိတ္၍ရလာေသာ အရည္ျဖင့္ ၎င္းအနာေပၚသို႔ သုတ္လိမ္းေပးျခင္းျဖင့္သက္သာ ေပ်ာက္ကင္းနိုင္ပါတယ္။

ပၪၥငါးပါးကို က်ိဳ၍ သၾကားႏွင့္ေသာက္ပါက ေသြးအန္၊ ေသြးက်၊ ၀မ္းသက္ေရာဂါတို႔ကို ေပ်ာက္ကင္းေစပါတယ္။ ပန္းနာ ကာကြယ္ေဆး၊ အားတိုးေဆး အျဖစ္လည္း ဤနည္းအတိုင္း ေဖာ္စပ္ အသုံးျပဳနိုင္ပါတယ္။

ဆီးေရာဂါသည္မ်ားအတြက္ သတင္းေကာင္းေလးပါ။

ထိက႐ုံးတစ္ပင္လုံးကို ထန္းလ်က္ႏွင့္ျပဳတ္ၿပီး ေဆးရည္ကို လူႀကီးေဆးတစ္ခြက္စာ ပမာဏအတြက္  ဟင္းစားဇြန္းျဖင့့္ တစ္ဇြန္းတိတိကို တစ္ေန႕ ႏွစ္ႀကိမ္ တိုက္ေကြၽးေပးပါ။

နံနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ တိုက္ေကြၽးေပးျခင္းျဖင့္ ဆီးေအာင့္ျခင္း၊ ဆီးဝါျခင္း၊ ဆီးနီျခင္းတို႔ကို သက္သာေပ်ာက္ကင္း ေစနိုင္ပါတယ္။ သည္းေျခေဖာက္ျပန္ျခင္းေၾကာင့္ ႐ူးတတ္ေသာေရာဂါ၊ စိတ္ေရာဂါအျဖစ္ ငိုလိုက္၊ ရယ္လိုက္ ျဖစ္တတ္ေသာ ေရာဂါမ်ားကိုလည္း ဤနည္းအတိုင္း ကုသနိုင္ပါတယ္။

ေပါက္ေပါက္

ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္

က်န္းမားေရးႏွင့္ဆိုင္ေသာ ဗဟုသုတ ေဆာင္းပါး မ်ိဳးစုံကို ေန႕စဥ္အခမဲ့ ဖတ္ရႈနိုင္ပါၿပီ။

Leave a Reply

Your email address will not be published. Required fields are marked *