Menu Close

ဆေးဘက်ဝင် မြင်းခွာရွက်အကြောင်း သိကောင်းစရာ

ဆေးဘက်ဝင် မြင်းခွာရွက်အကြောင်း သိကောင်းစရာ

 

မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။မြင်းခွါပင်ဟာ အပင်ငယ်လေးဖြစ်တယ်။မြေကြီးမှာကပ်ပြီး ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။

မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။တဆောင်းလုံး၊ တမိုးလုံးမှာ မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။သူ့အပွင့်လေးက ဖြူဖြူလေး၊သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။

မျိုးသုံးမျိုး— မြင်းခွါပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။

ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းပေါင်ကလေးတွေလုပ်ပြီး စိုက်ကြ၊ မြေသြဇာကျွေးကြတော့ သန်လိုက်တဲ့ဖြစ်ခြင်း။ အဲဒီလိုစိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြင်းခွါပင်ကလေးတွေကို နုတ်ယူပြီး နှီးနှင့်စည်းကာ ရောင်းချကြတယ်။ဘယ်ဈေးမှာဖြစ်ဖြစ် ကုန်စိမ်းသည်တွေထံမှာ ဝယ်လို့ရတယ်။ အလွယ်တကူ စားသုံးနိုင်တယ်။

မြင်းခွာပင်ကလေးများဟာ မျိုးသုံးမျိုး ရှိတယ်။

ပထမမျိုးက—အရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။

ဒုတိယမျိုးကတော့—မြင်းခွါရွက်အဖြူမျိုးပဲ၊အဲဒီမြင်းခွါပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။ ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။

တတိယမျိုးကတော့—အနီမျိုးပဲ။သူ့အရိုးမှာ အနီရောင်သန်းနေတယ်။ အဖြူမျိုးထက် အနီမျိုးက ပိုပြီးအစွမ်းထက်မြက်တယ်။

တနည်းအားဖြင့်—ဆေးဝါးအာနိသင် ပိုပြီးပြည့်ဝတယ်။

မြင်းခွါပင်ဟာ သေးလည်းသေး၊ တွေ့ဖူး မြင်ဖူးနေကြလို့ အထင်အမြင်သေးကြတယ်။အထင်အမြင်မသေးလိုက်ပါနဲ့။ အစွမ်းအလွန်ထက်တဲ့ ဆေးပင်ကလေးပါ။

ဒါပေမဲ့ လူအများက သူ့ကို အထင်မကြီးဘူး။ ငွေများများပေးပြီး ဝယ်သောက်ရတဲ့ဆေးကိုမှ အထင်ကြီးကြတယ်။

အလွယ်တကူ ကိုယ့်နိုင်ငံမှာရှိတဲ့ မြင်းခွါပင်ကို အထင်သေးကြတယ်။မြင်းခွါပင်ကလေးကို စားသုံးခြင်းဖြင့် လူကို ကောင်းသောအကျိုးကျေးဇူးသာပြုတယ်။

တိုင်းတပါးဆေးလို ဘေးထွက်ဆိုးကျိုး မပေးဘူး။ အဲဒီလို သစ္စာရှိရှိ၊ တာဝန်သိသိ အကျိုးကျေးဇူးပြုတဲ့ မြင်းခွါပင်ကလေးပါ။

 

 

ဆေးအသုံးဝင်လှတယ်။မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ပြီးတော့ နေ့စဉ်မှန်မှန်မြင်းခွါရွက်ကိုစားပေးခြင်းဖြင့် အမောအပန်းခံနိုင်တယ်။

သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။

အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။ ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပဝါလိုပါလို့ တင်စားချင်တယ်။

 

 

ဆီးရောဂါအမျိုးမျိုးအတွက်

(၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။ ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊ နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။ သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။

သက်လုံကောင်းအောင်

(၂) မြင်းခွါပင် ပဉ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောာင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလတိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။

မျက်စဉ်း

(၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခါွရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်တယ်။

သွေးစုနာနှင့် အနာစိမ်း

(၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကိုတွေ့ရမယ်။

အဆစ်များ ကိုက်ခဲလျှင်

(၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။

ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း

(၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။

မှတ်ဉာဏ်နှင့် အားတိုးဆေး

(၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။

ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။အထက်ပါ မြင်းခွါပင်ကလေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ အလွယ်တကူပြုလုပ်နိုင်သော နည်းနာများသာ ဖြစ်ပါတယ်။ခက်ခက်ခဲခဲများ မပါပါ။ နေ့စဉ် မြင်တွေ့နေရတဲ့ မြင်းခွါပင်ကလေးကို အထင်တော့ မသေးလိုက်ပါနဲ့။ အနောက်တိုင်းဆေးသုတေသန ပညာရှင်များက အောက်ပါအတိုင်း ဓာတ်ခွဲစမ်းသပ်ချက်များကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။

Credit-Original Uploader

 

Zawgyi

 

ေဆးဘက္ဝင္ ျမင္းခြာ႐ြက္အေၾကာင္း သိေကာင္းစရာ

 

ျမင္းခြါပင္ဆိုလွ်င္ ျမန္မာလူမ်ိဳးတိုင္း သိၾကပါတယ္။ ျမင္းခြါပင္ဟာ အပင္ငယ္ေလးျဖစ္တယ္။ေျမႀကီးမွာကပ္ၿပီး ေပါက္ပြားတယ္။ အဆစ္ကေလးေတြက အျမစ္မ်ားထြက္လာတယ္။အဲဒီအဆစ္ကေလးမ်ားက အၫြန႔္ႏွာေမာင္း ထြက္လာၿပီး မ်ိဳးဆက္မ်ားကို ပြားေလ့ရွိတယ္။သူ႕အ႐ြက္ကေလးဟာ ျမင္းသတၱဝါရဲ႕ခြါနဲ႕တူလို႔ သူ႕ကို ျမင္းခြါပင္ လို႔ေခၚျခင္းျဖစ္တယ္။

 

 

ျမင္းခြါပင္ေလးမ်ားဟာ ေရစပ္စပ္ရွိတဲ့ေနရာမွာ ပိုၿပီးေပါက္ပြားတယ္။တေဆာင္းလုံး၊ တမိုးလုံးမွာ ျမင္းခြါပင္ကေလးမ်ားဟာ ျမန္မာျပည္အႏွံ႕မွာ အေလ့က်ေပါက္တယ္။ ျမန္မာျပည္ဟာ စြတ္စိုထိုင္းမွိုင္းတဲ့ ရာသီဥတုရွိတယ္။ ဒီလိုရာသီဥတုမ်ိဳးရွိတဲ့ ေရ,ေျမမွာ ျမင္းခြါပင္ေလးဟာ သိပ္ႀကိဳက္တာေပါ့။သူ႕အပြင့္ေလးက ျဖဴျဖဴေလး၊သူ႕အသီးငယ္ထဲက အေစ့က အျပား အလ်ားလိုက္ ေသးငယ္တဲ့အျမႇောင္း ကိုးျမႇောင္းပါတယ္။

မ်ိဳးသုံးမ်ိဳး— ျမင္းခြါပင္ကေလးေတြဟာ အမ်ားအားျဖင့္ အေလ့က်ေပါက္ေလ့ရွိတယ္။

ဒါေပမဲ့ စိုက္ပ်ိဳးေရးသမားမ်ားက ေျမာင္းေပါင္ကေလးေတြလုပ္ၿပီး စိုက္ၾက၊ ေျမၾသဇာေကြၽးၾကေတာ့ သန္လိုက္တဲ့ျဖစ္ျခင္း။ အဲဒီလိုစိုက္ပ်ိဳးေရးက ထုတ္လုပ္တဲ့ ျမင္းခြါပင္ကေလးေတြကို ႏုတ္ယူၿပီး ႏွီးႏွင့္စည္းကာ ေရာင္းခ်ၾကတယ္။ ဘယ္ေဈးမွာျဖစ္ျဖစ္ ကုန္စိမ္းသည္ေတြထံမွာ ဝယ္လို႔ရတယ္။ အလြယ္တကူ စားသုံးနိုင္တယ္။

ျမင္းခြာပင္ကေလးမ်ားဟာ မ်ိဳးသုံးမ်ိဳး ရွိတယ္။

ပထမမ်ိဳးက—အရိုင္းမ်ိဳး၊ အဲဒီအရိုင္းမ်ိဳးရဲ႕အ႐ြက္ေတြက စုတ္ဖြားဖြားႏွင့္၊ သူ႕ကို လူေတြက မစားသုံးၾကပါဘူး။

ဒုတိယမ်ိဳးကေတာ့—ျမင္းခြါ႐ြက္အျဖဴမ်ိဳးပဲ၊ အဲဒီျမင္းခြါပင္ရဲ႕ အရိုးေလးေတြဟာ ျဖဴေနတယ္။ ဒါေၾကာင့္ သူ႕ကို အျဖဴမ်ိဳးလို႔ ေခၚျခင္းျဖစ္တယ္။

တတိယမ်ိဳးကေတာ့—အနီမ်ိဳးပဲ။ သူ႕အရိုးမွာ အနီေရာင္သန္းေနတယ္။ အျဖဴမ်ိဳးထက္ အနီမ်ိဳးက ပိုၿပီးအစြမ္းထက္ျမက္တယ္။

တနည္းအားျဖင့္—ေဆးဝါးအာနိသင္ ပိုၿပီးျပည့္ဝတယ္။

ျမင္းခြါပင္ဟာ ေသးလည္းေသး၊ ေတြ႕ဖူး ျမင္ဖူးေနၾကလို႔ အထင္အျမင္ေသးၾကတယ္။ အထင္အျမင္မေသးလိုက္ပါနဲ႕။ အစြမ္းအလြန္ထက္တဲ့ ေဆးပင္ကေလးပါ။

ဒါေပမဲ့ လူအမ်ားက သူ႕ကို အထင္မႀကီးဘူး။ ေငြမ်ားမ်ားေပးၿပီး ဝယ္ေသာက္ရတဲ့ေဆးကိုမွ အထင္ႀကီးၾကတယ္။ အလြယ္တကူ ကိုယ့္နိုင္ငံမွာရွိတဲ့ ျမင္းခြါပင္ကို အထင္ေသးၾကတယ္။ ျမင္းခြါပင္ကေလးကို စားသုံးျခင္းျဖင့္ လူကို ေကာင္းေသာအက်ိဳးေက်းဇူးသာျပဳတယ္။ တိုင္းတပါးေဆးလို ေဘးထြက္ဆိုးက်ိဳး မေပးဘူး။ အဲဒီလို သစၥာရွိရွိ၊ တာဝန္သိသိ အက်ိဳးေက်းဇူးျပဳတဲ့ ျမင္းခြါပင္ကေလးပါ။

ေဆးအသုံးဝင္လွတယ္။ ျမင္းခြါပင္ဟာ ဆီးကို အထူး႐ႊင္တယ္။ ၿပီးေတာ့ လူ႕ခြန္အားကိုလည္း တိုးပြားေစတယ္။ ၿပီးေတာ့ ေန႕စဥ္မွန္မွန္ျမင္းခြါ႐ြက္ကိုစားေပးျခင္းျဖင့္ အေမာအပန္းခံနိုင္တယ္။

သက္လုံေကာင္းတယ္၊ ၿပီးေတာ့ ျမင္းခြါ႐ြက္ကို မွန္မွန္စားေပးျခင္းေၾကာင့္ ေသြးတိုးေရာဂါ၊ အဆုတ္ေရာဂါ၊ ေခ်ာင္းဆိုးေရာဂါေတြကို သက္သာေပ်ာက္ကင္းေစတယ္။ ေနာက္ ေရငတ္ေရာဂါကို ေပ်ာက္ၿပီး အပူကိုၿငိမ္းေစတယ္။

အသက္ကို ရွည္ေစတယ္။ ဦးေႏွာက္ကို ၾကည္လင္ေစတယ္။ မွတ္ဉာဏ္ေကာင္းလာေစတယ္။ ျဖဴေနတဲ့ဆံပင္ကို ျမင္းခြါ႐ြက္ကို ေန႕စဥ္ဆက္ၿပီးစားေပးျခင္းျဖင့္ ပိတုန္းေရာင္ေကသာလို ျပန္လည္နက္ေမွာင္လာေစတယ္။ ဒါေၾကာင့္ ျမင္းခြါပင္ကေလးဟာ အေနစုတ္ေပမယ့္ ေ႐ႊထုပ္တဲ့ ျမပဝါလိုပါလို႔ တင္စားခ်င္တယ္။

 

 

ဆီးေရာဂါအမ်ိဳးမ်ိဳးအတြက္

(၁) ဆီးနည္း၊ ဆီးက်င္၊ ဆီးေအာင့္ေရာဂါမ်ာအးတြက္ ျမင္းခြါပင္ သုံးေလးစည္းကို ေရစင္ေအာင္ေဆးၿပီး သန႔္ျပန႔္တဲ့ ေက်ာက္ဆုံႏွင့္ေထာင္းၿပီး အရည္ညွစ္ယူပါ။ အဲဒီအ႐ြက္စိမ္းညွစ္ေရကို ေရွးက သတၳဳရည္လို႔ ေခၚတယ္။ အဲဒီ႐ြက္စိမ္းရည္ထဲကို သၾကားသင့္႐ုံထည့္ၿပီး လူႀကီး လက္ဖက္ရည္အၾကမ္း တပုဂံကို ည-မနက္ တိုက္ေပးရတယ္။ ကေလးႀကီးဆိုလွ်င္ လက္ဖက္ရည္အၾကမ္းပုဂံ တဝက္၊ နို႔စို႔ကေလးဆိုရင္ လက္ဖက္ရည္ဇြန္း တဇြန္း တိုက္ရမယ္။ သတိထားရမွာက လူႀကီးေတြမွာ ေသြးခ်ိဳ၊ ဆီးခ်ိဳရွိေနရင္ သၾကားမထည့္ရဘူး။ ဒီအတိုင္းပႈ တိုက္ရမယ္။

သက္လုံေကာင္းေအာင္

(၂) ျမင္းခြါပင္ ပၪၥငါးပါးကို သန႔္စင္ၿပီး ညက္ေအာင္ေထာာင္းကာ အရည္ညွစ္ယူၿပီး ပ်ားရည္အနည္းငယ္ျဖင့္ ေရာစပ္ကာ လက္ဖက္ရည္အၾကမ္းပုဂံတလုံးကို ေန႕စဥ္မွီဝဲသြားမယ္ဆိုရင္ အေမာအပန္းေျပေစၿပီး အားခြန္ဗလတိုးမယ္။ အေမာအပန္းကို ခံနိုင္ၿပီး သက္လုံေကာင္းတယ္။

မ်က္စဥ္း

(၃) မ်က္စိနာ၊ မ်က္ရည္ယို၊ မ်က္စိက်ိန္းစပ္ေသာ ေရာဂါျဖစ္လွ်င္ ျမင္းခါြ႐ြက္ ႐ြက္စိမ္းရည္ကို အရည္ၾကည္ စစ္ယူၿပီး အဲဒီအရည္ၾကည္ကို ဝါဂြမ္းစႏွင့္တို႔ၿပီး ည-မနက္ မ်က္စဥ္းခတ္ေပးလွ်င္ သက္သာေပ်ာက္ကင္းေစနိုင္တယ္။

ေသြးစုနာႏွင့္ အနာစိမ္း

(၄) ေသြးစုနာႏွင့္ အနာစိမ္းမ်ား လူ႕ခႏၶာကိုယ္မွာ ေပါက္လာရင္ ျမင္းခြါ႐ြက္ႏွင့္ စပါးလင္ ဆတူေရာႀကိတ္ကာ အုံေပးထားရမယ္။ပတ္တီးစည္းလို႔ရရင္လည္း ပတ္တီးစည္းထားေပါ့။ အဲဒီလို ပတ္တီးစည္းေပး၊ အုံေပးထားရင္ ေသြးစုနာႏွင့္ အနာစိမ္းမ်ား အေပ်ာက္ျမန္ၿပီး အနာရဲ႕အျမစ္ပါ ကြၽတ္ထြက္သြားတာကိုေတြ႕ရမယ္။

အဆစ္မ်ား ကိုက္ခဲလွ်င္

(၅) ျမင္းခြါပင္ကေလးမ်ားကို ေရႏွင့္သန႔္ၿပီး အရည္ညွစ္ယူပါ။ ၿပီးလွ်င္ ေရနံဆီႏွင့္ ဆတူေရာရတယ္။ ၿပီး အဆစ္အျမစ္ ကိုက္ခဲျခင္း၊ အေၾကာတက္ျခင္း စသည့္ေနရာေတြမွာ နာနာပြတ္လိမ္းေပးပါ။ (မနက္တႀကိမ္၊ ညတႀကိမ္) အဲဒီလိုျပဳလုပ္ေပးရင္ အဆစ္အျမစ္ကိုက္ခဲျခင္းႏွင့္ အေၾကာတက္ျခင္းတို႔မွ သက္သာေပ်ာက္ကင္း ပါတယ္။

ဆီပူေလာင္ျခင္း ေရေႏြးပူေလာင္ျခင္း

(၆) အမွတ္တမဲ့ ေရေႏြးပူေလာင္ျခင္း၊ ဆီပူေလာင္ျခင္းျဖစ္လွ်င္ ခ်က္ခ်င္း ျမင္းခြါ႐ြက္ကို ထုေထာင္းၿပီး အရည္ညွစ္ယူကာ သၾကားျဖင့္ ေရာစပ္ၿပီး ဒဏ္ရာကို ဝါဂြမ္းျဖင့္ မၾကာခဏလိမ္းေပးရမယ္။ အဖုေပါက္ျခင္း၊ ပူေလာင္ျခင္း ေဝဒနာမွ သက္သာေပ်ာက္ကင္းသြားမည္ ျဖစ္ပါတယ္။

မွတ္ဉာဏ္ႏွင့္ အားတိုးေဆး

(၇) ျမင္းခြါ႐ြက္စိမ္းရည္ တက်ပ္ခြဲသားႏွင့္ သၾကား တက်ပ္သားတို႔ကို ႏြားနို႔စစ္စစ္ ပူပူျဖင့္ ေန႕စဥ္ မွန္မွန္ ေသာက္ေပးသြားပါက ကာမအားကို တိုးပြားေစၿပီး မွတ္ဉာဏ္ေကာင္းလာမယ္။ ဉာဏ္ပညာလည္း ထက္ျမက္ေစပါတယ္။

အထက္ပါ ျမင္းခြါပင္ကေလးနဲ႕ပတ္သက္ၿပီး တင္ျပခ်က္မ်ားဟာ အလြယ္တကူျပဳလုပ္နိုင္ေသာ နည္းနာမ်ားသာ ျဖစ္ပါတယ္။ခက္ခက္ခဲခဲမ်ား မပါပါ။ ေန႕စဥ္ ျမင္ေတြ႕ေနရတဲ့ ျမင္းခြါပင္ကေလးကို အထင္ေတာ့ မေသးလိုက္ပါနဲ႕။ အေနာက္တိုင္းေဆးသုေတသန ပညာရွင္မ်ားက ေအာက္ပါအတိုင္း ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားကိုပါ ပူးတြဲတင္ျပလိုက္ပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *