Menu Close
ဆံပင်ကျွတ်သူများအတွက် ရှားဇောင်းလက်ပတ် အသုံးပြုနည်း
ဆံပင်ကျွတ်သူများအတွက် ရှားဇောင်းလက်ပတ် အသုံးပြုနည်း
ဆံံပင်ကျွတ်တာ ဆံံပင်မသန်တာတွေအတွက် ဒီလောက်ထိ ကောင်းလိမ့်မယ်လို့မထင်ခဲ့မိတာပါ။ကိုယ့်ကိုယ်ကို သဘောအကျဆုံးက ဆံပင်ပဲ။fbကနေပဲ ဆေးနည်းတစ်ခု စမ်းလုပ်ကြည့်တာ(၂,၃) ကြိမ် လိမ်းကြည့်တာနဲ့သိသာလာတယ်။
ဆံပင်နှစ်ခွဖြစ်တာ, ဆံပင်တွေကျွတ်တာ, ဆံပင်မသန်တာတွေ, ခေါင်းကအမာရွတ်က ဆံပင်ပြန်မပေါက်တာ ဆံပင်ပြန်ပေါက်ပြီး နက်မှောင်သန်စွမ်းအရှည်မြန်လာတာ ကိုယ်တွေ့အသုံးပြုနေတဲ့ ဆေးနည်းလေးကို ချစ်သော`fri´တွေကို မျှဝေပေးချင်ပါတယ်။
ပထမဦးစွာရှားစောင်းလက်ပတ်၂ချပ်၃ချပ်လောက်ရှာပြီး ဘေးအစွန်းနှစ်ဘက်လှီးဖြတ်ပြီး အနေတော် အတုံလေး တုံးထားပါ။
အုန်းဆီစစ်စစ်(၁၀)သားကို မီးဖိုပေါ်တင် အပူပေးပြီး စောစောကတုံးထားတဲ့ ရှားစောင်းလက်ပတ်တုံးတွေ ထည့်ပြီးမွှေ(ကြော်)၊ ရှားစောင်းလက်ပတ် ခပ်ဝါဝါအရောင်သို့ ပြောင်းလာပြီဆိုရင် ဇကာနဲ့စစ်၊ဆီပဲယူထားပါ။ကြက်သွန်ဥနီ အနေတော်(၂)လုံးကိုထောင်း (သို့) Belender နဲ့ကြိတ်ပြီး ရေစစ်အသေး(သို့) ပိတ်ဖြူစနဲ့ အရည်ညှစ်ချကာ ခုနက အအေးခံထားတဲ့ဆီထဲ ကြက်သွန်ဥနီအရည် လောင်းထည့်ပါ။
ရေမချိုးခင် ဦးရေပြားကို နှိပ်နှယ်ရင်း ခပ်ရွှဲရွှဲလိမ်းပေးပါ။
shweu
မိနစ်(၂၀)လောက် ခဏထားပြီး ခေါင်းလျှော်ချလိုက်ပါ။ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံပင်က ဆံသားပျော့အိအိ အရသာလေးကိုက ထူးခြားနေပါလိမ့်မယ်။
(၂)ခါ(၃)ခါလုပ်ကြည့်ရုံနဲ့ ဆံပင်ထူထူသိပ်သိပ် ပြန်ဖြစ်လာပြီး ဆံပင်ကျွတ်တာ, နှစ်ခွဖြစ်တာ, ထိပ်ပြောင်တာ, ဆံပင်ဖြူနေရာကပြန်မည်း(မဲ)လာတာတွေ သိသာလာပါတယ်။
စမ်းပြီးလုပ်ကြည့်ပါနော်အရမ်းကောင်းတာSabai Phyu ကိုယ်တွေ့ လက်တွေ့မလို့ ချစ်မိတ်ဆွေများကို ပြန်လည်မျှဝေပေးလိုက်တာပါ။
အော် အုန်းဆီ(၁၀)သားကို ကြက်သွန်ဥနီ(၂)လုံးပဲနော်။ဆီနဲ့ကြက်သွန်ဥနီ ဆတူမရောလိုက်နဲ့၊ အရည်များသွားရင်အနံ့စွဲပြီး ရေသပ်သပ်ဆီသပ်သပ်ဖြစ်သွားတာကြောင့် အကောင်းဆုံး စမ်းသပ်ရောစပ်ပြီးမှ သတိပေးရတာပါရှင်
အစဉ်ချစ်ခင်လေးစားစွာဖြင့်
Credit-Sabai Phyu
Zawg
shweu
Credit-Sabai Phyu
Leave a Reply
Your email address will not be published. Required fields are marked *