Menu Close
ဆံပင်ကျွတ် ဆံပင်ပါးတာရပ်ပြီး ဆံပင်အုံထူစေမယ့် ကြက်ဥအစွမ်း
ဆံပင်ကျွတ် ဆံပင်ပါးတာရပ်ပြီး ဆံပင်အုံထူစေမယ့် ကြက်ဥအစွမ်း
ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေရသူတွေ ရှိတယ်ဆိုရင်တော့ ပိုက်ဆံလည်း အများကြီး ကုန် စရာ မလိုတဲ့ နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဆံပင်တွေကျွတ်၊ ဆံပင်ပါးလာတာတွေကိုတော့ ကြက်ဥလေးကို သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ သဘာဝနည်းလမ်းကိုတော့ ပုံမှန် သုံးပေးပါ။တစ်လ၊ နှစ်လအတွင်းမှာပဲ ရလဒ်ကောင်းကို ခံစားရမှာပါ။ အရမ်းကို လွယ်ပါတယ်။
ကြက်ဥမှာတော့ ဆံပင်အတွက် အာဟာရဖြစ်စေတဲ့ပရိုတင်းနဲ့ အာဟာရ ဓါတ်တွေ အများကြီး ပါရှိပါတယ်။
ဆံပင်ကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံပင်ရှည်တာကိုလည်း မြန်စေပါတယ်။ ကြက်ဥမှာပါတဲ့ အာဟာရဓါတ်တွေက ဦးရေပြားနဲ့ ဆံပင် အမြစ်တွေအတွက် အရမ်းကောင်းပါတယ်။
ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ၊ ဆံပင်ရှည် မြန်ချင်တာ၊ ဆံပင်နဲ့ ပတ်သက်တာတွေ အတွက် ကြက်ဥကို သုံးလို့ရပါတယ်။
ကြက်ဥနဲ့ သံလွင်ဆီ
ကြက်ဥကို သူတစ်ခုတည်းပဲ သုံးရင်လည်း ရပါတယ်။ ဒါပေမယ့် ပိုပြီး ထိရောက်အောင်လို့ အဆင်ပြေတယ်ဆိုရင်တော့ သံလွင်ဆီနဲ့ တွဲသုံးပေးပါ။နည်းက အရမ်းလွယ်ပါတယ်။
ကြက်ဥကို အနှစ်ဖယ်ပြီး အကာရည်တွေကို ယူလိုက်ပါ။
ပုံမှန်ဆံပင်ဆိုရင်တော့ ကြက်ဥ (၁)လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ပန်းကန်လုံး(အဆင်ပြေတယ့် ခွက်တခုခုလည်း သုံးနိုင်)ထဲ ရောမွှေပါ။ ကိုယ်က ဆံပင်ရှည်တယ်၊ အုံထူတယ်ဆိုရင်တော့ ကြက်ဥနဲ့ သံလွင်ဆီ ပမာဏကို တိုးသုံးပါ။
ခုနက ပြောတဲ့အတိုင်း ရောပြီးရင်တော့ ဆံပင်ကို သုတ်လိမ်းပေးပါ။ဆံပင်အပေါ် ယံထက် ဦး ရေပြားနားကို သေချာနှံ့အောင် လိမ်းပေးပါ။မိနစ် (၂၀) လောက် ထားပေးပါ။ပြီးရင်တော့ ရေနဲ့ ဆေးချပြီး ခေါင်းလျှော်ရည် အပျော့စားလေးနဲ့ ခေါင်းလျှော်ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် လုပ်ပေးပါ။
ကြက်ဥနဲ့ အုန်းဆီ
အပေါ်က နည်းအတိုင်းပါပဲ။ ကြက်ဥ (၁)လုံး၊ အုန်းဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကိုပန်းကန်လုံးထဲ ထည့်မွှေပါ။မိနစ် (၂၀) လောက် ဆံပင်ကို လိမ်းထားပေးပါ။ပြီးရင်တော့ ရေနဲ့ ဆေးချပြီး ခေါင်းလျှော်ရည် အပျော့ စားလေးနဲ့ ခေါင်းလျှော် ပေးပါ။တစ်ပတ်ကို နှစ်ကြိမ် လုပ် ပေးပါ။ တခြားအရာတွေအနေနဲ့ အုန်းဆီနဲ့ သံလွင်ဆီရဲ့ နေရာမှာလည်း ငှက်ပျောသီးနဲ့ ရှားစောင်းလက်ပတ်တို့ကို အစားထိုးသုံးလို့ ရပါတယ်။လှပတဲ့ ဆံကေသာတွေ ပိုင်ဆိုင်နိုင်ပါစေနော်။
Credit-AUNTYMAY
Zawgyi
shweu
ကြက်ဥနဲ့ သံလွင်ဆီ
ကြက်ဥနဲ့ အုန်းဆီ
Credit-AUNTYMAY
Leave a Reply
Your email address will not be published. Required fields are marked *