Menu Close

ဆံပင်ဖြူတွေကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီးအစွမ်

ဆံပင်ဖြူတွေကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီးအစွမ်း

 

ဆံပင်ဖြူကိုဆိုးဆေးမသုံးပဲပြန်မနက်နိုင်ဟုထင်ကြသည်။

ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၎င်း။ကြော်ချက်အဖြစ်၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၎င်းတစ်နည်း နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။

ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီးစဉ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံးသိမ်းဆည်းထားနိုင်သည် ။

အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟုရှေးလူကြီးများပြောသည်။လေအားကောင်းစေသည်။ နားလေထွက်ခြင်း။နားပင်းခြင်း။အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါသည်။

 

shweu

 

(သွေးတိုးရှိသူများကတော့ သတိထားစား၊သွေးကျဆေးသောက်ပါ)

ဆေးကျမ်းများမှ(အဆို)

၁။ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။

၂။ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏။အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်၏။

၃။ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်၏။

၄။ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။

၅။ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေနိင်ပါသည်။

 

 

သွေးတိုးနှင့်တည့်မတည့်မေးသူများအတွက်

၁။အပူသွေးတိုး နှင့်

၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။

အလွယ်ပြောရလျှင် လူပိန်၊မဲများသည် အပူသွေးတိုးရှိတတ်သည်။သွက်လက်သည်။

ဒေါသကြီးသည်လူဖြူ၊ဝ၊စို၊အသားအရေအေးသူများ၊ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။ အအေးသွေးတိုးသည် ဆီးချိုနှင့်တွဲဖြစ်တတ်သည်။

သွေးတိုးသည်လေတိုးဟုလည်းယူဆသဖြင့်(အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ အခါးအရသာရှိသောအစာမှန်သမျှသွေးတိုးနိုင်သည်။ကြောင်လျှာသီးသည်ပူခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။

မသင့်သော်လည်းဆေးဘက်ဝင်အဖြစ်အနည်းငယ် သင့်ရုံစားနိုင်ပါသည်။ မသင်္ကာလျှင်ဆေးကြိုသောက်ထားပါ။

စာရေးသူကိုယ်တိုင်သွေးတိုးရှိပါသည်။ကြောင်လျှာပွင့်သုပ်စားပြီးခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။

အအေးသွေးတိုးနှင့်ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့်တည့်ပါသည်။ အခါးအရသာ ဖြစ်၍ဆီးချိုသွေးချိုသမားဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။

ကံ၊စိတ်၊ဥတု၊အာဟာရ မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။

credit:မူရင်း

 

Zawgyi

 

ဆံပင္ျဖဴေတြကို တစ္ခါျပန္နက္ေစမယ့္ ေၾကာင္လွ်ာသီးအစြမ္း

 

ဆံပင္ျဖဴကိုဆိုးေဆးမသုံးပဲျပန္မနက္နိုင္ဟုထင္ၾကသည္။ေၾကာင္လွ်ာသီးကို ေပၚေသာရာသီတြင္ႏွစ္လခန႔္ ေန႕စဥ္ျပဳပ္၍အတို႔အျမႇုပ္လုပ္၍၎။ေၾကာ္ခ်က္အျဖစ္၎။မီးဖုတ္ၿပီးၾကက္ဥႏွင့္ေရာေၾကာ္၍၎တစ္နည္း နည္းျဖင့္ ေန႕စဥ္စားသုံးေပးလွ်င္ဆံပင္ျဖဴမ်ားျပန္နက္လာေစနိုင္သည္။

ေၾကာင္လွ်ာပြင့္ေျခာက္မ်ားကိုေပါေသာရာသီတြင္ ဝယ္ယူစုေဆာင္းၿပီးစဉ့္အိုးငယ္တြင္သိပ္၍ တစ္ႏွစ္လုံးသိမ္းဆည္းထားနိုင္သည္ ။

အပြင့္ကိုေရေႏြးေဖ်ာ၍သုပ္စားလွ်င္ေလဆက္ေစသည္ဟုေရွးလူႀကီးမ်ားေျပာသည္။ေလအားေကာင္းေစသည္။ နားေလထြက္ျခင္း။နားပင္းျခင္း။အသက္ႀကီး၍နားေလးျခင္းမ်ားအတြက္ေကာင္းပါသည္။

(ေသြးတိုးရွိသူမ်ားကေတာ့ သတိထားစား၊ေသြးက်ေဆးေသာက္ပါ)

 

 

ေဆးက်မ္းမ်ားမွ(အဆို)

၁။ေၾကာင္လွ်ာသီးကိုၾကက္သားႏွင့္ခ်က္စားပါကပန္း နာ(ရင္ၾကပ္)ေရာဂါေပ်ာက္သည္။

၂။ငါးရံ႕ျဖင့္ခ်က္စားပါက ကာလဝမ္းေရာဂါေပ်ာက္၏။အားကိုျဖစ္ေစၿပီးအစာမေၾကဝမ္းပ်က္ေပ်ာက္၏။

၃။ပုဇြန္ျဖင့္ခ်က္စားပါကႏွလုံးေလရိုက္ေရာဂါ။ ႏွလုံး တုန္ရင္တုန္ေရာဂါေပ်ာက္၏။

၄။ငါးသေလာက္ျဖင့္ခ်က္စားပါကအေဖာေရာဂါက်ေစ ၍ႏွလုံးေရာဂါကိုသက္သာေစသည္။

၅။ငါးေႁမြတိုးႏွင့္ခ်က္စားကဒူလာေသြးဝမ္း။မီးယပ္ေသြးဝမ္း။ျမင္းသရိုက္(လိပ္ေခါင္း) ေရာဂါတို႔ေပ်ာက္ကင္းေစနိင္ပါသည္။

ေသြးတိုးႏွင့္တည့္မတည့္ေမးသူမ်ားအတြက္

၁။အပူေသြးတိုး ႏွင့္

၂။အေအးေသြးတိုး ဟုႏွစ္မ်ိဳးရွိသည္။

အလြယ္ေျပာရလွ်င္ လူပိန္၊မဲမ်ားသည္ အပူေသြးတိုးရွိတတ္သည္။သြက္လက္သည္။

ေဒါသႀကီးသည္လူျဖဴ၊ဝ၊စို၊အသားအေရေအးသူမ်ား၊ဇိမ္ခံသူမ်ားတြင္ အေအးေသြးတိုးရွိတတ္သည္။ အေအးေသြးတိုးသည္ ဆီးခ်ိဳႏွင့္တြဲျဖစ္တတ္သည္။

ေသြးတိုးသည္ေလတိုးဟုလည္းယူဆသျဖင့္(အခါးဟူသမွ်၊ေလဓာတ္ႂကြ) အယူအဆအရ အခါးအရသာရွိေသာအစာမွန္သမွ်ေသြးတိုးနိုင္သည္။ေၾကာင္လွ်ာသီးသည္ပူခါး ျဖစ္သျဖင့္ အပူေသြးတိုးရွိသူမ်ားမသင့္ပါ။

မသင့္ေသာ္လည္းေဆးဘက္ဝင္အျဖစ္အနည္းငယ္ သင့္႐ုံစားနိုင္ပါသည္။ မသကၤာလွ်င္ေဆးႀကိဳေသာက္ထားပါ။

စာေရးသူကိုယ္တိုင္ေသြးတိုးရွိပါသည္။ေၾကာင္လွ်ာပြင့္သုပ္စားၿပီးေခါင္းမၾကည္လွ်င္ ေရွာက္ရည္ႏွင့္ပ်ားရည္ ေဖ်ာ္ေသာက္ပါသည္။

အေအးေသြးတိုးႏွင့္ဆီးခ်ိဳရွိသူမ်ားမွာ ေၾကာင္လွ်ာႏွင့္တည့္ပါသည္။ အခါးအရသာ ျဖစ္၍ဆီးခ်ိဳေသြးခ်ိဳသမားဓာတ္စာေပးသည္ကို ေတြ႕ဖူးပါသည္။

ကံ၊စိတ္၊ဥတု၊အာဟာရ မွ်တစြာေနထိုင္ စားေသာက္ က်င့္ႀကံ၍ က်န္းမာခ်မ္းသာ ၾကပါေစ။

credit:မူရင္း

Leave a Reply

Your email address will not be published. Required fields are marked *